Channel Myanmar

Documentary

Pencils Vs Pixels (2023) 6.7
Pencils Vs Pixels (2023) Pencils Vs Pixels (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခု​ခေတ် ကြည့်ရှု​နေရတဲ့ ကာတွန်းကား​တွေဖြစ်​ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်း​တွေရဲ့​နောက်ကွယ်က လူ​တွေအ​ကြောင်း​ကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။ဒီ Documentary ​လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်​​ပေါ်လာလဲက​နေစပြီး ဒီ​ဘက်ခေတ်ကာတွန်းတွေရဲ့ အရည်​အ​သွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာ​တွေကို ​​​အလုံးစုံသိသွား​စေရုံတင်မကဘဲ နည်းပညာ​​တွေမတိုးတက်​သေး ကာတွန်းကိုလက်နဲ့သာ​ရေးပြီး ထုတ်လုပ်ရတဲ့​ခေတ်မှာ ကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ ငယ်ငယ်က​ခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီး​တွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီ​နောက်ကွယ်ကလူ​တွေရဲ့ကြိုးစားမှု​တွေကိုသိရှိရပါလိမ့်မယ်။အဲဒီလိုကနေ ​နောက်ပိုင်း​ခေတ် ကွန်ပြူ​တာဖန်တီးမှု​တွေဝင်​ရောက်လာတဲ့အခါ ကာတွန်း​လောကကြီး​ပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်း​တွေ ထွက်လာ​တော့ လက်​ရေးနှစ်ဖက်မြင်(2D) ကာတွန်း​လောကလူ​တွေ ဘယ်​​လောက်​တောင်ရုန်းကန်ခဲ့ရလဲ... ​ခေတ်ကြီးက​ရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လို​ပြန်ပြောင်း​ရွှေ့သွားလဲ... ဆိုတာ​တွေကို ကာတွန်း​လောကရဲ့ အ​တောက်ပဆုံး အချိန်​တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie

Pencils Vs Pixels (2023)

2023
Unknown: Cave of Bones (2023)
Unknown: Cave of Bones (2023) Cave Of Bones ( 2023 ) ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ်ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ဒီ Documentary film မှာဆိုရင်တော့ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerကတောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူကကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့အဲဒီ သင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ် ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့ အမူအကျင့်တွေကိုအသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကိုအနည်းငယ် တီးမိခေါက်မိဖြစ်သွားစေမှာပါစိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့Documentary filmကို CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…  2.9 GB /  1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

Unknown: Cave of Bones (2023)

2023
Unknown: The Lost Pyramid (2023) 6.7
Unknown: The Lost Pyramid (2023) Unknown: The Lost Pyramid (2023) IMDb - 6.7 2023 ခုနှစ်အတွက် Netflix ထုတ် History Documentaryရုပ်ရှင်အသစ်စက်စက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အီဂျစ်နိုင်ငံ၊ ဆီခါရာဒေသမှာ ရှိနေတဲ့ သဲကန္တာရကတော့အီဂျစ်ရှေးဟောင်းသုတေသနညာရှင်တွေအတွက် မျက်စိကျစရာနေရာတစ်ခုပါ။အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဟောင်းတစ်ဖြစ်လဲကမ္ဘာကျော် ဂန္တဝင် ရှေး/သု ပညာရှင်ကြီးတစ်‌ယောက်ဖြစ်တဲ့ဒေါက်တာ ဇာဟီ ဟာဝါ့စ် ကတော့ ဆီခါရာဒေသရဲ့ ကန္တာရထဲမှာသူအနှစ်နှစ် အလလ မက်ခဲ့ရတဲ့အိပ်မက်ထဲက ဟူနီဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ပိရမစ်ကြီးကို ရှာဖွေတူးဖော်နေပါတယ်။တစ်ချိန်ထဲမှာပဲ သူ့တပည့်လည်းဖြစ် ပြိုင်ဘက်လို့လည်း ပြောလို့ရတဲ့ကမ္ဘာကျော် ရှေး/သု ပညာရှင် ဒေါက်တာ မိုစတာဖာ ဝါဇီရီကရှေးဟောင်းသင်္ချိုင်းမြေမှာရှိနေပြီး ဖောက်ထွင်းမခံရသေးတဲ့ဂူသင်္ချိုင်းတွေကို လိုက်လံတူးဖော်နေပါတယ်။တစ်နှစ်မှာ အချိန် (၉) လပဲတူးလို့ရပြီး ရာသီဥတုကြောင့် (၃) လတိတိ တူးလို့မရပဲနားထားရတဲ့သဲကန္တာရအခြေအနေမျိုးမှာ ကမ္ဘာကျော် ရှေး/သု ပညာရှင်ကြီးနှစ်ယောက်၊ ဘယ်သူကသမိုင်းတွင်မဲ့ ရှာဖွေတွေ့ရှိမှုကြီးကို အရင်ဖော်ထုတ်ပြနိုင်မလဲဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ 2022 ခုနှစ်ကမှ အသစ်ထပ်မံ တွေ့ရှိထားတဲ့ မံမီရုပ်အလောင်းတွေနဲ့ဝါဇီရီ ကျူစာလိပ်အကြောင်းတွေပါ ပါဝင်တဲ့အပြင် ...
movie

Unknown: The Lost Pyramid (2023)

2023
Ronnie O’Sullivan: The Edge of Everything (2023) 7.8
Ronnie O’Sullivan: The Edge of Everything (2023) Ronnie O'Sullivan: The Edge of Everything (2023)~ IMDb rating - 7.8/10 ~ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင်သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ "ရွန်နီ အို ဆာလီဗန်" ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ...
movie

Ronnie O’Sullivan: The Edge of Everything (2023)

2023
Schumacher (2021) 7.4
Schumacher (2021) Schumacher (2021) ============== IMDb Rating - 7.4/10" Michael Schumacher " ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver's Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။Ferrari နဲ့အတူတူ ...
movie

Schumacher (2021)

2021
Cyberbunker: The Criminal Underworld (2023) 6.5
Cyberbunker: The Criminal Underworld (2023) ဒီ Documentaryဟာ အင်တာနက်​ခေတ်ဦးကာလက​​နေ စလို့ဒီဘက်​​​ခေတ်အထိ နည်းပညာရပ်ဝန်းမှာ အ​တော်လူသိများတဲ့Cyberbunkerလို့​ ခေါ်တဲ့ Server hostတစ်ခုအ​ကြောင်းပါ။သူတို့ရဲ့serverကို သုံးစွဲသူ​တွေ အ​တော်​လေးများခဲ့သလို အဲဒီဆာဗာ​တွေကို သုံးစွဲတဲ့ရည်ရွယ်ချက်​တွေကလည်း မျိုးစုံပါပဲ။ ဒီHosting serviceကို တည်​ထောင်ခဲ့သူက နယ်သာလန်သားဟာမန်းဇန့်တ် ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကြီးကို ဂျာမဏီနိုင်ငံမှာရှိတဲ့ ထရာဘန်ထရာဘာ့ခ်မြို့​လေးက World War2လက်ကျန်ဘန်ကာ​ကြီးတစ်ခုထဲမှာ ဖွင့်ထားတာဖြစ်လို့ Cyber- Bunkerရယ်လို့ခေါ်တာပါ။ သူတို့ရဲ့ဆာဗာ​တွေကို လွတ်လွတ်လပ်လပ်သုံးခွင့်​​ပေးထားတယ်ဆို​ပေမယ့် လွပ်လပ်မှုရဲ့​ နောက်ကွယ်မှာကပ်ပါလာတဲ့ ဒုစရိုက်မှု​ မှောင်ခိုလုပ်​ငန်းတွေ ရှိ​နေတာကို ရိပ်စားမိတဲ့ အာဏာပိုင်​တွေကအဲဒီဆာဗာ​တွေနဲ့ ဒေတာ​တွေကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်းCyberbunkerရဲ့​နောက်ကွယ်က လျှို့ဝှက်ချက်​တွေကို ​ဖော်ထုတ်မိသွားပါ​​တော့တယ်။ File size…  1.4 GB /  629 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Cyberbunker: The Criminal Underworld (2023)

2023
Monster Inside: America’s Most Extreme Haunted House (2023) 5.5
Monster Inside: America’s Most Extreme Haunted House (2023)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင်အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။Monster Inside America's Most Extreme Haunted House ဆိုတဲ့နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်းဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကိုလာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖိုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်းဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှသူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြားရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ်သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေအများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ်အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့်လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင်ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေအထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 ...
movie

Monster Inside: America’s Most Extreme Haunted House (2023)

Pay or Die (2023) 7.4
Pay or Die (2023) Pay or Die (2023)"ပိုက်ဆံပေးမလား သေမလား"အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ "Pay or Die" ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Pay or Die (2023)

Higuita: The Way of the Scorpion (2023) 6.6

Higuita: The Way of the Scorpion (2023)

Sly (2023) 7.1
Sly (2023) Sly (2023)~ IMDb - 7.1/10, Rotten Tomatoes - 77% ~စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။" ငါ့မှာ နောင်တတွေရှိလား... အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ "ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ ...
movie

Sly (2023)

2023
Sound of the Police (2023) 5.6
Sound of the Police (2023) Sound of the Police (2023) ===================2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်း ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက "Black Lives Matter" လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့ လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက် မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့် မသွားခဲ့ပါဘူး။ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊ လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါ လူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentary ရုပ်ရှင်ပါ။ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်း‌တွေအပေါ် အမေရိကန်ရဲ တွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက် မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်း ကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထား ပါတယ်။လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါ တယ်။ အမေရိကန်မှာ လူမည်း‌တွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန် နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေ ခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with ...
movie

Sound of the Police (2023)

2023
Race to the Summit (2023) 6.7
Race to the Summit (2023) Race to the Summit (2023) ==================== IMDb Rating - 6.7/10CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက် ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီ ဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ် ရှင်ပါ။အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွား ခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်း ကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ် များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေ ကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Race to the Summit (2023)

2023
The Devil on Trial (2023) 5.6
The Devil on Trial (2023) The Devil on Trial (2023)မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ...
movie

The Devil on Trial (2023)

2023
Haunted Buffalo (2023)
Haunted Buffalo (2023)  ဒါကတော့ အမေရိကန် သရဲဖမ်းအဖွဲ့တစ်ခုရဲ့ ၄၅မိနစ်ကြာ reality-tv show တစ်ခုပါ။အမေရိကန် သရဲဖမ်းအဖွဲ့တစ်ခုဟာ နယူးယောက်မြို့မှာတည်ရှိတဲ့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ Buffalo သမိုင်း၀င်ပြတိုက်မှာ သဘာ၀လွန်ကိစ္စရပ်တွေကို စူးစမ်းလေ့လာဖို့ရောက်ရှိလာပါတယ်။ဒီအစီအစဉ်ထဲမှာတော့ ဝိညာန်တွေ၊ တစ္ဆေတွေ အစရှိသဖြင့် သာမန်လူမျက်လုံးနဲ့ မမြင်နိုင်တဲ့အရာတွေကို စူးစမ်းလေ့လာဖို့အတွက် သရဲဖမ်းတဲ့အဖွဲ့တွေ အသုံးပြုလေ့ရှိကြတဲ့ တိုင်းတာရေးပစ္စည်းကိရိယာတွေအကြောင်းကိုလည်း လေ့လာသိရှိနိုင်ပါမယ်။Reality-TV ဖြစ်တာကြောင့် သဘာ၀လွန်ဖြစ်ရပ်မှန်တွေကို လက်တွေ့ဆန်ဆန်ကြည့်ရှုလိုသူတွေအတွက်တော့ ၄၅မိနစ်စာအချိန်က ပေးရကျိုးနပ်ပါလိမ့်မယ်လို့ ညွှန်းဆိုပေးလိုက်ရင်းနဲ့ပဲ... File size…(834 GB)/(417 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:42:00 Genre...Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Haunted Buffalo (2023)

The Saint of Second Chances (2023) 7.6
The Saint of Second Chances (2023) The Saint of Second Chances (2023) ========================== IMDb Rating - 7.6/10Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ...
movie

The Saint of Second Chances (2023)

Kelce (2023) 8.4
Kelce (2023) Kelce (2023) ========== IMDb Rating - 8.4/10ဒီဇာတ်လမ်းကတော့ အမေရိကန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ ဂျေဆန်ကယ်လ်စီရဲ့အကြောင်းကိုမှတ်တမ်းတင်ရိုက်ကူး ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဂျေဆန်ဟာSuper Bowl ချန်ပီယံ။ First- team All Pro ၅ ကြိမ်။ Pro Bowl ၆ ကြိမ်ရရှိထားပြီး လက်ရှိမှာ Philadelphia Eagles အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။ညီဖြစ်သူကလည်း သူနဲ့အတူဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါ တယ်၊၊ ဂျေဆန်တို့ညီအစ်ကိုဟာ ငယ်စဉ်ကတည်းက အားကစားကိုရူးသွပ်ကြ သူတွေဖြစ်ပြီး အမေရိကန်ဘောလုံးကစားနည်းအပြင် အခြားအားကစားတွေပါ ကစားခဲ့ကြပါတယ်။ လောကခံရဲ့အနိမ့်အမြင့်တွေကြားထဲကနေ အထက်တန်း ကျောင်းသားဘဝမှာ ဘောလုံးအားကစားသမားကိုရွေးချယ်ပြီး ပရော်ဖက်ရှင် ကစားသမားဘဝအထိရောက်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရပြီး အောင်မြင်မှု တွေ ဆွတ်ခူးခဲ့ရလဲဆိုတာစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.23 GB) / (823 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 43Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Sport Translator......Tin Myo Lwin Encoder..........SWM
movie

Kelce (2023)

2023
This Hits Home (2023) 7.4
This Hits Home (2023) This Hits Home (2023)=================ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1 GB) / (371 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary Translator......Khant Sett Naing Encoder..........SWM
movie

This Hits Home (2023)

2023
Lang Lang Plays Disney (2023) 7.2
Lang Lang Plays Disney (2023) Lang Lang Plays Disney (2023) ======================= IMDb Rating - 7.2/10ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံ တီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င် တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်း အပြင် သူ‌ဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ် ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်)File Size..........(1.2 GB) / (478 MB) Quality............WEB-DL 1080p / 720p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Music Translator......Khant Zar Ni Oo Encoder..........SWM
movie

Lang Lang Plays Disney (2023)

2023