Channel Myanmar

Drama

Restart After Come Back Home (2020) 7.2
Restart After Come Back Home (2020) Restart After Come Back Home (2020) ============================ IMDb Rating - 7.2/10LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေ တတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက် တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေ တတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei) နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့ တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ် ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီး လာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူ တွေဖြစ်လာတဲ့အခါ...Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ...
movie

Restart After Come Back Home (2020)

2020
Puppy Love (2012) 6.1
Puppy Love (2012)  IMDb - 6.1/10ဇာတ်လမ်းအညွှန်း single mother မီဂန်နိုလန်ဟာ သူ့ရဲ့ ၁၀နှစ်အရွယ်သမီးလေးကိတ်လင်းနဲ့အတူ မြို့အသစ် အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။အိမ်အသစ်မှာ ကိတ်လင်းအတွက် သူငယ်ချင်းအသစ်တွေရမယ်လို့မျှော်လင့်ထားပေမယ့်လည်း တကယ်တော့ ကိတ်လင်းဟာအိမ်နီးချင်းရဲ့ခွေးလေးနဲ့သာ ဆော့ကစားနေရပါတယ်။ စိတ်မကောင်းဖြစ်မိတဲ့ မီဂန်က သူ့သမီးအတွက် ခွေးလေးမွေးစားဖို့ စိတ်ကူးလိုက်ပါတယ်။ အဲ့ဒီမှာ သူတို့က ခွေးထိန်းသိမ်းရေးစခန်းက ခွေးလေးကိုမွေးလိုက်ကြပါတယ်။ ဒီခွေးလေးက ရိုးရိုးလမ်းဘေးခွေးလေးမဟုတ်ပါဘူး။ဒီခွေးလေးရဲ့နာမည်က ဂျိတ်… သူ့သခင်က ဘေ့စ်ဘောအားကစားသမားဘန်ဖူလာပါ။ ဘန်က ဘေ့စ်ဘောသွားကစားနေတုန်း ဂျိတ်ကို အိမ်မှာထားခဲ့ပေမယ့် ဂျိတ်က ဘန်နောက်ကိုလိုက်လာရင်း လမ်းမှာလမ်းပျောက်သွားတာပါ။ ဒါ့ကြောင့် ဘန်ဟာ သူ့ခွေးလေးကို လိုက်ရှာနေတယ်။ဒီလိုနဲ့ ဘန်နဲ့ မီလန်တို့ သားသမီးနှစ်ယောက်နဲ့ ဆုံတွေ့သွားကြပြီးဇာတ်လမ်းလေးတစ်ခု ပေါ်လာပါတော့တယ်။ ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.55GB / 745MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie

Puppy Love (2012)

The Front Runner (2018) 6.1
The Front Runner (2018)  Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie

The Front Runner (2018)

As They Made Us (2022)
As They Made Us (2022) As They Made Us (2022)~ Rotten Tomatoes - 81% ~မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ ...
movie

As They Made Us (2022)

2022
Anything for Her (2008) 7.9
Anything for Her (2008)   ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့်ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime DramaThrillaကားလေးဖြစ်ပါတယ်... ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစုဘဝလေးကို နေထိုင်နေကြသူတွေပါ...။တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကိုဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့...လီဆာမကျူးလွန်တဲ့လူသတ်မှု။ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း...။ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကအနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင်ဘယ်လိုနေမလဲ... ဘယ်လိုခံစားရမလဲ... ဘာတွေပြန်ကြိုးစားပေးမလဲ...။ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကိုထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်...လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်းဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီးဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။  File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama ...
movie

Anything for Her (2008)

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

Warhorse One (2023)
Warhorse One (2023)  အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကို‌ကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်း‌ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ File size…(2.3 GB)/(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Warhorse One (2023)

Archaeology of Love(2022)
Archaeology of Love(2022) Archaeology of Love (2022)******************************ယောင်းရှီးနဲ့ အင်းရှစ်ဟာ တွေ့ဆုံပြီး ရှစ်နာရီအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပါတယ်။​အင်းရှစ်က ယောင်းရှီးကို လွတ်လပ်မှုရှိတဲ့လူလို့ တထစ်ချယုံပြီး​ ဘယ်လိုအခြေအနေမျိုးမှာမဆိုအတူရှိ​နေပေးဖို့ ကတိတစ်ခု ​တောင်းခံခဲ့တယ်။အချိန်​တွေကြာလာတာနဲ့အမျှ အင်းရှစ်ရဲ့ ​ယောင်းရှီးနဲ့ပတ်သတ်တဲ့ စွဲလမ်းမှုက ဆိုးဝါးလာခဲ့ပြီး​သူတို့ရဲ့ ၈နှစ်တာ ရှုပ်​ထွေး​နေတဲ့ ဆက်ဆံ​ရေးကြားမှာ ယောင်းရှီးတစ်ယောက်အင်းရှစ်ကို ​ပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားနိုင်မလား...။ဒါမှမဟုတ် လွတ်​မြောက်အောင်ကြိုးစားပြီး သူ့ရဲ့အချစ်သစ်ကိုပဲ စတင်မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်...။File size : 2.65GB/ 980MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 2h 48m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff
movie

Archaeology of Love(2022)

Gym Class (2022) 5.9
Gym Class (2022) Gym Class (2022)ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ... ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ... ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 660MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H ...
movie

Gym Class (2022)

2022
(18+)Revenge Porn: PAIN OF LOVE (2019)
(18+)Revenge Porn: PAIN OF LOVE (2019) နာမည်လေးက ရီ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံ သူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ် ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ်ကိုကိုမှ ကိုကိုဖြစ်နေတာ တနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ် သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှ မီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလား ဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကို ကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့ တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…500MB Quality…720p Format…mp4 Duration….1h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+)Revenge Porn: PAIN OF LOVE (2019)

2019
Against the Sun (2014) 6.5
Against the Sun (2014)  ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသန်းရင်း ပျောက်ဆုံးသွားကြတဲ့လေယာဥ်တွေ၊ သင်္ဘောတွဆိုတာ ဒုနဲ့ဒေးပါ။ပျောက်ဆုံးရာကနေ အသက်ရှင်လျက်ပြန်လာနိုင်သူကအနည်းအကျဥ်းပဲရှိပါတယ်...။ ဒီဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပျံရင်း ရေပေါ် ထိုးဆင်းခဲ့ရတဲ့ အမေရိကန်စစ်သားသုံးဦးရဲ့ဖြစ်ရပ်မှန်လေးပါ။ရေတပ်လေယာဥ်မှူး Harold Dixon၊ ဗုံးကြဲသမား Tony Pastula နဲ့ရေဒီယိုသမား Gene Aldrich တို့သုံးဦးအကြောင်းပါ။တစ်ကားလုံး သူတို့သုံးဦးနဲ့ပဲ ဇာတ်အိမ်ဖော်ရိုက်ကူးထားပါတယ်...။သူတို့ရဲ့လေယာဥ်ဟာ ကင်းထောက်တာဝန်တစ်ခုနဲ့ ကင်းလှည့်နေတုန်း မိခင်သင်္ဘောနဲ့ ရေဒီယိုမမိဖြစ်ကာ အဆက်အသွယ်ပြတ်သွားပါတယ်...။ရေဒီယိုမမိတော့ တည်နေရာမသိတော့ဘူး...။ဆက်လက်ပျံသန်းရင်းနဲ့ ဆီကုန်ပြီး ပျက်ကျမယ့် အခြေအနေရောက်နေပါပြီ...။မတတ်သာတဲ့အဆုံး လေယာဥ်မှူး Harold Dixonဟာ ရေပြင်ပေါ်မှာအရေးပေါ်ဆင်းပြီး လာကယ့်မယ့် အစီအစဥ်ကိုပဲ စောင့်နေရပါတယ်...။တစ်ရက်ပြီးတစ်ရက်သာကြာသွားတယ် ကယ်ဆယ်မယ့်လေယာဥ်လည်းမလာ...၊တစ်နေ့ တစ်နေ့ အပြောကျယ်တဲ့ ပင်လယ်ကြီးကိုသာထိုင်ကြည့်ရင်း...ရန်သူနဲ့အရင်တွေ့သမား သေမင်းနဲ့အရင်တွေ့မလား ဖြစ်နေပါပြီ...ဒီလို ဖောင်တစ်စီးနဲ့ လူသုံးယောက်..လှော်တက်၊စားစရာ၊ရေဘာတစ်ခုမှမရှိဘဲ သမုဒ္ဒရာထဲမှာ မိုင်တစ်ထောင်ကျော်ဖြတ်ခဲ့ကြပုံကိုအမှန်အတိုင်းမြင်တွေ့ရမယ့် survivalဆန်ဆန် Biography movieလေးဖြစ်ပါတယ်...။ File size…2.26GB / 1.18GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 40m Genre ...
movie

Against the Sun (2014)

SEE HEAR LOVE (2023) 6.5
SEE HEAR LOVE (2023) See Hear Love (2023)ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | ...
movie

SEE HEAR LOVE (2023)

2023
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Flamin’ Hot (2023) 6.9
Flamin’ Hot (2023) Flamin' Hot (2023)Imdb - 6.9 Rotten Tomatoes - 69 %မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | ...
movie

Flamin’ Hot (2023)

2023
Solar Flower (2023)
Solar Flower (2023) Solar Flower (2023)“နေမထွက်တဲ့ ကမ္ဘာမှာဆိုရင်တောင် ကျွန်တော့်ဘဝမှာ သိမ်းထားချင်မိတဲ့ အိပ်မက်တစ်ခုရှိတယ်”သိပ်မကြာခင်ကမှ ထောင်ကလွတ်လာပြီး လူမိုက်ခေါင်းဆောင်နမ်ဂယူရဲ့လက်အောက်မှာ မိုတယ်အလုပ်ကို ကြိုးစားသင်ယူရင်း ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ ဆွန်းယော့ဟာ နေမထွက်တဲ့ကမ္ဘာက ပန်းလေးတစ်ပွင့်လိုပါပဲဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ တစ်ဦးတည်းသော ညီမလေးအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေခဲ့ပေမဲ့ တစ်ဖက်မှာ သူကိုယ်တိုင်သတိမထားမိတဲ့ ရင်နင့်စရာအမှန်တရားတစ်ခု ရှိနေပါတယ်အဲဒီလိုနဲ့ အနှိပ်စက်ခံ အဖိနှိပ်ခံရင်း ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ဆွန်းယော့တစ်ယောက် ဆွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်ဆွန်းယော့ရဲ့ဘဝတစ်ဆစ်ချိုးဟာ ပိုကောင်းတဲ့အရာတွေနဲ့စောင့်ကြိုနေမလား ဒါမှမဟုတ် မှောင်မိုက်နေပြီးသားဘဝကို ပိုပြီးကံဆိုးမိုးမှောင်ကျစေမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 501 MB | 247MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle ...
movie

Solar Flower (2023)

Oliver Twist (2005) 6.8
Oliver Twist (2005)  ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံးပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေးတစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကိုရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုးလူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။  File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Oliver Twist (2005)

Game of Deceit (2023) 5.8
Game of Deceit (2023) ဒီဇာတ်လမ်းလေးဟာ "ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်"ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ....File size…(1.5 GB)/(760 MB)/(440 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone 
movie

Game of Deceit (2023)

Takkar (2023) 8.1
Takkar (2023) Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie

Takkar (2023)

2023
Hold Me Tight (2021) 6.8
Hold Me Tight (2021) Hold Me Tight (2021) ================ IMDb Rating - 6.8/10လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.5 ...
movie

Hold Me Tight (2021)

2021
The Ambush (2021) 6.3
The Ambush (2021) Original Title: Al Kameen Genre – Action, Drama, War IMDB – 6.3/10 စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက်အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီးအထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီးParkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီးTaken တို့ John Travolta ရဲ့ From Paris with love တို့လိုAction အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာPierre Morel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ်ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကိုစစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါအဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရပါတယ်။ ...
movie

The Ambush (2021)

4K HEVC