Channel Myanmar

Drama

[18+]Kinbaku Flower(2016)
[18+]Kinbaku Flower(2016) [18+]Kinbaku Flower(2016)************************** လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်းခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီးပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျမှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင်အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီးလိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက်ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ ...
movie

[18+]Kinbaku Flower(2016)

Metamorphosis (2022)
Metamorphosis (2022)  ဒီဇာတ်ကားက ၂၀၂၂ ခုနှစ်​ကထွက်ရှိခဲ့တဲ့​ Horror/Drama အမျိုး​အစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အိမ်​ထောင်​ရေးပြိုကွဲလုနီးနီးဖြစ်နေတဲ့​ ဇနီး​မောင်နှံ​နှစ်ယောက်​ဟာ​ အိမ်​ထောင်​ရေးကိုရှေ့ဆက်နိုင်ဖို့ နှစ်ဦးအကြားနားလည်မှုယူဖို့အတွက် လူသူ​မနီးတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ​ အတူအပန်းဖြေဖို့ရောက်လာခဲ့ကြပါတယ်။ လူသူ​မရှိသလောက်နည်းတဲ့ ကျွန်းပေါ်မှာနေကြရင်းနဲ့ ခင်ပွန်း​ဖြစ်သူ​ရဲ့​စိတ်ကျန်းမာရေးက တစ်နေ့တခြား ဆိုးဝါးဖောက်ပြန်လာ​ပြီး​ လူသားကိုပါစားတဲ့အထိဖြစ်လာတဲ့အခြေအနေကို ဇနီး​ဖြစ်သူ​ အလစ်ဆာ​တစ်ယောက်​ရင်​ဆိုင်ရပါတော့တယ်။ ဒီကြားထဲ ကျွန်း​ပေါ်​မှာ​ မသင်္ကာစရာမုဆိုးနှစ်ယောက်လည်းရှိနေတဲ့အတွက် ဒီအခြေအနေတွေကနေ အလစ်ဆာတစ်ယောက်​ လွတ်မြောက်​နိုင်​ပါ့​မလား​ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.13 GB)/(504 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim 
movie

Metamorphosis (2022)

[18+] Litsoneras (2023) 6.3
[18+] Litsoneras (2023) Litsoneras (2023)Azi Acosta လိုပဲအချိန်တိုအတွင်းအောင်မြင်လာပြီး ရှေ့တန်းရောက်လာပြီး Lovely Ladies Dormitory နဲ့ ပွဲဦးထွက်ခဲ့တဲ့ Yen Durano လေးရဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။အယ်လ်ရီယာ (Yen Durano) ကအထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ဝက်ကင်ဆိုင် ဖွင့်ထားတဲ့ဖခင်နဲ့အတူနေပါတယ်။ သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် မိဘနှစ်ပါးကွဲခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ပြန်ရောက်လာပါတယ်။ အမေဖြစ်သူနဲ့အတူ ရှေ့ဆင့်နောက်ဆင့် သူ့ဘဝထဲကိုရောက်လာသူကတော့ သူတို့ဆိုင်ကဝန်ထမ်းအသစ်ဖြစ်တဲ့ Jonas ဆိုတဲ့သက်တူရွယ်တူနီးပါး ကောင်လေးတစ်ယောက်ပါ။အချစ်ကိုစူးစမ်းတတ်စ အပျိုဖြန်းလေး အယ်လ်ရီယာက ဂျိုးနာ့စ်ကိုစိတ်ဝင်စားသလို ဂျိုးနာစ့်ကတော့ အသက်ကြီးပြီး မပျက်စီးသေးတဲ့ သူ့မိခင်ဖြစ်သူကိုသာ တွင်းဟောင်းဆယ်လိုဟန်ရှိပါတယ်။ ဒီလိုဆိုရင် သူ့အမေဘက်ကရော...?အခုနောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲ အတော်မိုက်တဲ့အထဲမှာပါပါတယ်။ မင်းသမီးတွေရဲ့ အလှအပတွေတင်မကဘဲ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ လှည့်ကွက်တွေပါ မိုက်တဲ့ကားဖြစ်တဲ့အတွက် လက်မလွတ်သင့်ပါကြောင်း။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 825MB Quality - ...
movie

[18+] Litsoneras (2023)

2023
[18+] The Cook, the Thief, His Wife & Her Lover (1989) 7.5
[18+] The Cook, the Thief, His Wife & Her Lover (1989) The Cook, the Thief, His Wife & Her Lover (1989)~ IMDb - 7.5/10, Rotten Tomatoes - 86% ~" 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ "ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The ...
movie

[18+] The Cook, the Thief, His Wife & Her Lover (1989)

1989
Bel Ami (2012) 5.4
Bel Ami (2012) Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie

Bel Ami (2012)

2012
Last Summer (2021) 6.3
Last Summer (2021) Last Summer (or) Geçen Yaz (2021) =============== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းက ဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီ အားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက် တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရ တွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံ ခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့ 16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံက ရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်း Daniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.67 GB) / (753 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator......Thetti Tun Encoder..........Zin Phyo Aung 
movie

Last Summer (2021)

2021
My Art Teacher ( 2023 ) 5.9
My Art Teacher ( 2023 ) ဘာမှမသိနားမလည်တဲ့ အရိုင်းဆန်တဲ့ ပန်းချီပါရမီရှင်လေးကို အလယ်တန်းကျောင်းက အနုပညာဆရာကနေပြီး ပျိုးထောင်ပေးတဲ့ ကျောင်းသားကားလေး တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၀ကျော် ကျေးလက်မှာအနုပညာမဖွံ့ဖြိုးသေးတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပန်းချီကလွဲပြီးကျန်တဲ့စာတွေသင်ဖို့စိတ်မဝင်စားပါဘူး။သိပ္ပံ၊ဝိဇ္ဇာဘာသာတွဲကိုသာအလေးထားတဲ့ ရွာကျောင်းလေးမှာ သူဟာသင်းကွဲတစ်ယောက်ဖြစ်နေတော့တာပေါ့။ ဆရာတိုင်းကသူ့ကိုအော့ကြောလန်ပြီး ပြဿနာကောင်လို့ သဘောထားကြတဲ့အချိန်မှာ မြို့ကနေ အနုပညာဆရာတစ်ယောက်ရောက်လာပါတယ်။အနုပညာကိုအလေးထားရကောင်းမှန်းမသိတဲ့ ရွာကျောင်းလေးမှာ အနုပညာဆရာလုပ်ရတာလဲ မလွယ်လှဘူး။ ပန်းချီပါရမီရှိတဲ့ကျောင်းသားလေးကို အနုပညာကျောင်းကိုပို့နိုင်ဖို့အတွက် ကြိုးစားကြပုံကို အားတက်စရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

My Art Teacher ( 2023 )

Delta (2022) 5.6
Delta (2022) ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Delta (2022)

Our Idiot Brother (2011) 6.4
Our Idiot Brother (2011)  ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Our Idiot Brother (2011)

Love You Ram (2022) 8.4
Love You Ram (2022) Love You Ram ( 2023 ) =====================IMDb 8.4/10‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.9GB/ 924MB Quality…1080p WEB DL /720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry~  Moon~ V ~ Zwe Yan
movie

Love You Ram (2022)

2023
Thousand and One Lies (1001 Nunakal) (2022) 7.8
Thousand and One Lies (1001 Nunakal) (2022) 1001 Nunakal (2022) IMDb-8.0/10ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni
movie

Thousand and One Lies (1001 Nunakal) (2022)

2022
The House Among the Cactuses/ La Casa Entre Los Cactus (2022) 5.7
The House Among the Cactuses/ La Casa Entre Los Cactus (2022) september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်...တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး File size…(1.2 GB)/(688 MB) Quality….Webrip 1080p ...
movie

The House Among the Cactuses/ La Casa Entre Los Cactus (2022)

A Man (2022) 7
A Man (2022) A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie

A Man (2022)

2022
1920: Horrors of the Heart (2023)
1920: Horrors of the Heart (2023) 1920: Horrors of the Heart (2023)ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်။ ဟုတ်ပါတယ် အခုတစ်ဖန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 1920ဆိုတဲ့ခုနှစ်နဲ့စတဲ့ သရဲကားတွေထဲကမှ လက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့သဘောတရားခြင်းတူပေမဲ့ ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကိုဆောင်ပါတယ်။ အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့မရှာဘဲ အမုန်းတရားနဲ့ရှာနေရင်တော့ မဆုံးနိုင်တဲ့ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ကောင်မလေးတစ်ယောက် အသက်၂၁နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။ သူ့အဖေသေဆုံးရတဲ့အကြောင်းအရင်းက သူ့ကိုငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့ အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့...အမုန်းတရားတွေ ပေါက်ဖွားလာပြီး ဖခင်ဖြစ်သူရဲ့ ဆိုးဝါးတဲ့လက်စားချေလိုစိတ်ရှိတဲ့ ဝိညာဉ်နဲ့အတူ နောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ အမေဖြစ်သူတို့မိသားစုကိုဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီဆုံးဖြတ်ချက်နဲ့အတူ ပျော်ရွှင်နေတဲ့မိသားစုလေးရှိရာအိမ်လေးဆီကို ဖခင်ရဲ့ ဝိညာဉ်ဆိုးနဲ့အတူရောက်လာတဲ့အခါမှာတော့....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Cherry~Moon~Yunniတို့ပဲဖြစ်ပါတယ်) File size…1.54GB / 640MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~V~Cherry~Moon~Yunni
movie

1920: Horrors of the Heart (2023)

2023
The Adults (2023) 5.9
The Adults (2023) The Adults (2023)~ Rotten Tomatoes - 71% ~လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ...
movie

The Adults (2023)

2023
Suspect X (2008) 7.4
Suspect X (2008) Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie

Suspect X (2008)

2008
Aurora: A Love Story (2023) 5.5
Aurora: A Love Story (2023)  ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေတရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင်၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ”အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြားမိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီးလှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကိုလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာမကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါးပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကိုသိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကိုပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။  File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Aurora: A Love Story (2023)