Channel Myanmar

Family

Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone 7.6
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone

2001
4K HEVC
The Karate Kid (1984) 7.3
The Karate Kid (1984)   '' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Karate Kid (1984)

Iris Warriors (2022) 6.1
Iris Warriors (2022) Iris Warriors (2022) ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ ...
movie

Iris Warriors (2022)

2022
Harry Potter 20th Anniversary: Return to Hogwarts (2022) 8.6
Harry Potter 20th Anniversary: Return to Hogwarts (2022) Harry Potter 20th Anniversary: Return to Hogwarts (2022)=========================================IMDb Rating - 8.6/10၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson ...
movie

Harry Potter 20th Anniversary: Return to Hogwarts (2022)

2022
A Little Red Flower ( 2020 ) 6.6
A Little Red Flower ( 2020 ) ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ  Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie

A Little Red Flower ( 2020 )

How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie

How the Grinch Stole Christmas (2000)

2000
Encanto ( 2021 ) 7.6
Encanto ( 2021 ) Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ  File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX
movie

Encanto ( 2021 )

2021
4K HEVC Web-DL
Being the Ricardos (2021) 6.8
Being the Ricardos (2021) အာရွန်ဆော့ကင်း ရိုက်ကူးပြီး မင်းသမီးကြီး နီကိုးကဒ်မန်း သရုပ်ဆောင်ထားတဲ့ အော်စကာ ဆန်ကာတင်ရုပ်ရှင်တစ်ခု ထွက်လာပါပြီ။ ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူတူ တွဲဖက်သရုပ်ဆောင်ပြီးဝက်ဝက်ကွဲအောင်မြင်နေပါတယ်။Sit-com တို့ရဲ့အစလို့တောင်ပြောလို့ရတဲ့ ဒီဇာတ်လမ်းတွဲကို အဖြူအမည်းခေတ်မှာပဲဘယ်လိုဖန်းတီးကြလဲ၊ဘယ်လိုသရုပ်ဆောင်ကြလဲဘယ်လိုရိုက်ကူးကြလဲဆိုတာ ကိုပြသထားပါတယ်။ဒါပေမယ့်လဲ Lucy နဲ့Desi တို့ဟာ ဟောလိဝုဒ် ရဲ့အကျော်ကြားဆုံးဇနီးမောင်နှံအဖြစ်ကနေ အိမ်ထောင်ရေးပြသနာတွေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲမှုတွေ ကြောင့် သူတို့ရဲ့လူနေမှုဘဝခြိမ်းခြောက်ခံနေရပါပြီ။ထိုခေတ်က အမေရိက လိုနိုင်ငံမှာလဲ ရိုးရိုးပြည်သူတွေဟာ ကွန်မြူနစ်လို့ သံသယဖြစ်ခံရတာနဲ့ ဘဝပျက်သွားနိုင်တာကိုပြထားပါတယ်။ တီ‌ဗီဇာတ်လမ်းတွဲတွေရဲ့သမိုင်းတလျှောက်အကျော်ကြားဆုံးထဲမှာပါတဲ့ မင်းသမီးကြီး Lucy Ballရဲ့ ဘဝကိုရိုက်ထားတာဖြစ်ပြီး Oscar ဆုရသရုပ်ဆောင်တွေဖြစ်တဲ့ Nicole Kidman Javier Bardem နဲ့ J.K Simmons တို့အစုံအလင်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့အတိတ်ကဟောလိဝုဒ်ဆီကိုပြန်လည်ခံစားနိုင်ပါတယ်။ File size…(2.1 GB) ...
movie

Being the Ricardos (2021)

Mixtape (2021) 6.5
Mixtape (2021) Mixtape (2021)ဒီကာလထဲ မိသားစုနဲ့အတူ စိတ်အပန်းပြေအောင်ကြည့်လို့ရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက လက်ရှိအခြေအနေတွေခဏဘေးဖယ်ထားလိုက်ရင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကို ပြန်ရောက်သွားသလိုခံစားရမယ်ဆိုတာသေချာပါတယ်...ဇာတ်လမ်းအရ ဘဲ့ဗာလီမူဒီ ဆိုတဲ့ ကလေးမလေးဟာ ငယ်ငယ်တည်းက မိဘတွေဆုံးပါးသွားလို့ အဖွားဖြစ်သူနဲ့ နှစ်ယောက်တည်းအတူနေရတာပေါ့...မူဒီလေးရဲ့ စိတ်ထဲမှာ သူ့ရဲ့မိဘနှစ်ပါးအကြောင်းပဲ အမြဲတွေးနေပြီး သူ့မိဘတွေက ဘယ်လိုလဲဆိုတာကို သိချင်နေခဲ့တယ်တစ်နေ့ သူ့မိဘတွေထားခဲ့တဲ့ တိပ်ခွေလေးတစ်ခုကို တွေ့ပြီး ဒါဟာ သူ့မိဘတွေအကြောင်းကို သိနိုင်မယ့် လမ်းစတစ်ခုလို့ ထင်ခဲ့တယ်...ဒီလိုနဲ့ တိပ်ခွေထဲမှာ ပါတဲ့သီချင်းတွေကနေတဆင့် သူ့မိဘတွေအကြောင်းကို လိုက်ရှာပါတော့တယ်... မူဒီလေးတစ်ယောက် သူ့မိဘတွေအကြောင်းကို သိလာရမှာလား? ဘယ်လိုအခက်အခဲတွေရောကြုံတွေ့လာရမှာလဲ? ဆိုတာတွေကို ကြည့်ရှုခံစားကြည့်ကြပါဦး1999-2000 ခုနှစ်ဝန်းကျင်ကို အခြေခံထားတာဖြစ်လို့ ငယ်ဘဝကို တမ်းတနေသူတွေအတွက် လွမ်းစရာအငွေ့အသက်တွေ တသီတတန်းပါပဲ... နောက်ပြီး အဲ့ခေတ်ကာလရဲ့ ရောခ့်သီချင်းတွေကိုလည်း မရိုးနိုင်အောင် နားဆင်ကြရဦးမှာပါ မိသားစု၊သူငယ်ချင်းတွေရဲ့ ပျော်စရာမေတ္တာတွေနဲ့ဖုံးလွှမ်းထားတဲ့ဒီရုပ်ရှင်ကားလေးနဲ့အတူ တစ်ခဏတာဖြစ်ဖြစ် စိတ်အပန်းပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မူဒီလေးနဲ့အတူ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကို ပြန်သွားလိုက်ကြပါဦးစို့အညွှန်း နဲ့ ဘာသာပြန်ကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.39GB ...
movie

Mixtape (2021)

2021
Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010
The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005
A Dog Named Palma (2021) 7
A Dog Named Palma (2021) ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ်။ခွေးလေးလိုပဲ ဘဝတူ မိခင်ဆံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေ ဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီးသူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကိုဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်းဆိုဗီယက် ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါး လေးခြယ်မှုန်း ပြထားပါတယ် ။တိချစ်သူတွေကော family ကားလေး‌တွေ သဘောကျတဲ့သူတွေပါ ပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။  File size…(2 GB) / (1 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:50:00 Genre...Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

A Dog Named Palma (2021)

A Loud House Christmas (2021) 5.0
A Loud House Christmas (2021) A Loud House Christmas (2021)=======================ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေးLincoln တို့ပဲဖြစ်ပါတယ်။ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ...
movie

A Loud House Christmas (2021)

2021
A Castle for Christmas (2021) 6
A Castle for Christmas (2021) Netflix ရဲ့ခရစ်စမတ်ရာသီစာ Romance ကားလေးထွက်လာပြန်ပါပြီအမ်မာဂေးဝတ္ထုနဲ့ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုတွေရခဲ့တဲ့ စာရေးဆရာမ ဆိုဖီဘရောင်းဟာသူမရဲ့နောက်ဆုံးစာအုပ်မှာ ပရိတ်သတ်အကြိုက်ဆုံးဇာတ်ကောင်ကို ပေးသေလိုက်တာကြောင့်လူတွေဒေါသထွက်ပြီး ဝေဖန်ဆန္ဒပြမှုများစွာနဲ့ကြုံလာရပါတယ်လူတွေကလည်း သူ့ရဲ့အောင်မြင်မှုတွေအဆုံးသတ်ပြီလို့ ဝေဖန်နေကြပါပြီ...ဒီစိတ်ရှုပ်စရာကိစ္စတွေကနေ ဝေးရာကိုသွားဖို့အတွက် ဆိုဖီဘရောင်းဟာသူအဖေရဲ့ဇာတိဖြစ်တဲ့ စကော့တလန်ကို ခရစ်မတ်တစ်ရာသီစာနားနေဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့အဖေ ငယ်ငယ်ကပြောနေကြ ဒမ်ဘာရဲတိုက်ကြီးကိုလည်း အရောက်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်သူရောက်သွားတဲ့ ရဲတိုက်မှာ နောက်ဆုံးမျိုုးဆက် မိုင်းစ်ဒမ်ဘာ ဆိုတဲ့ရဲတိုက်အပိုင်မြို့စားတစ်ယောက်နေထိုင်နေပြီးတကယ့်ကိုဂွစာတစ်ယောက်ပါ သူဟာ ဒီလူဆီကနေ ရဲတိုက်ကိုဝယ်ပြီး သူ့ရဲ့ကျရှုံးမှုကိုအဖတ်ဆယ်ဖို့ဝတ္ထုအသစ်ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်မထင်မှတ်ထားပဲ မတည့်အတူနေ လူတစ်ယောက်နဲ့မှ ချစ်ကြိုက်မိသွားတဲ့အခါမှာ....(ဘာသာပြန်နဲ့ အညွှန်းရေးကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:38:00 Genre...Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie

A Castle for Christmas (2021)

A Boy Called Christmas (2021) 6.9
A Boy Called Christmas (2021) A Boy Called Christmas (2021)IMDb - 6.8/10ခရစ္စမတ်ချိန်ခါကိုရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားတွေ အစီအရီထွက်နေကြပါ၊ အခုတင်ဆက်ပေးမှာက Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ Christmasရုပ်ရှင်ပဲ ဖြစ်ပါတယ်Cast အပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michael Huisman လို ထိပ်သီးသရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို Netflixထွက် ဇာတ်လမ်းဖြစ်တာကြောင့် Budget နဲ့ Effectပိုင်း၊ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ် ရဲ့အနှစ်သာရကိုပေါ်စေပါတယ် ဆန်တာကလော့စ် လို့ ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီးထွက်ဖူးပါတယ်၊ ဒါကတော့ ခရစ္စမတ်ဘိုးဘိုးကြီး စမဖြစ်ခင်ဘဝက ခရစ္စမတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့ ခရစ္စမတ်ဘိုးဘိုး ဘယ်လိုဖြစ်လာလဲဆိုတာကို ပုံပြင်သဖွယ်ရိုက်ကူးထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်၊ မိသားစုနဲ့အတူ ပိတ်ရက်မှာ တူတူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Adventure, Drama, Family Quality….WEB-DL 1080p and ...
movie

A Boy Called Christmas (2021)

2021
8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)

The Princess Switch 3: Romancing the Star(2021) 6.5
The Princess Switch 3: Romancing the Star(2021) The Princess Switch 3: Romancing the Star(2021) အညွှန်း**************************************************** The Princess Switchရဲ့ တတိယမြောက်ကားလာပါပြီ။အရှေ့က 1နှင့်2လည်း CMမှာတင်ထားပါတယ်။ဒီဇင်ဘာလမှာထွက်လာတာနဲ့အညီ ခရစ်စမတ်ကိုအခြေခံဇာတ်အိမ်တည်ထားပါတယ်။ စတေစီနဲ့ မင်းသမီးမာဂရတ်တို့နှစ်ဦးဟာ Montenaroမှာ ခရစ်စမတ်အကြိုညပွဲကိုဦးစီးပြီးစီစဉ်ကြပါတယ်။မြင့်မားခမ်းနားပြီးမီးရောင်တွေနဲ့လင်းလက်လှပနေတဲ့ ခရစ်စမတ်သစ်ပင်ကြီးရဲ့ထိပ်မှာတော့Vaticanပြတိုက်မှာသိမ်းဆည်းပြသထားတဲ့ တန်ဖိုးကြီးရှေးဟောင်းအမွေအနှစ်တွေထဲကတစ်ခုဖြစ်တဲ့ငြိမ်းချမ်းရေးကြယ်ကို တပ်ပြီးအလှဆင်ဖို့စီစဉ်ထားတာပေါ့။ပွဲကိုဖြစ်မြောက်အောင်စီစဉ်နေတုန်းမှာပဲ အဓိကအရေးပါလှတဲ့ ငြိမ်းချမ်းရေးကြယ်ဟာအကျင့်ပျက်စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုးယူခြင်းကိုခံလိုက်ရပါတယ်။ငွေကြေးအတွက်ခိုးယူတာမဟုတ်ပဲ တန်ဖိုးကြီးပစ္စည်းတွေစုဆောင်းတတ်တဲ့သူဖြစ်လို့ ခိုးယူခဲ့တာကြောင့်ရဲတိုင်လိုက်ရင် ကြယ်ကြီးလုံးဝပျောက်သွားမှာဖြစ်တဲ့အတွက်သူခိုးဆီကပြန်ခိုးဖို့ပဲ ကြံစည်ရပါတော့တယ်။ ဒါကြောင့် ဒုတိယမြောက်ကားမှာလူမှုအကျိုးပြုပြစ်ဒဏ်ကျသွားတဲ့ ဖီအိုနာနှင့် သူ့ရဲ့ငယ်ပေါင်းလည်းဖြစ်၊အဆက်ဟောင်းလည်းဖြစ်တဲ့ပီတာတို့နှစ်ဦးကဦးဆောင်ကာ လူတိုင်းပါဝင်ပြီးခရစ်စမတ်အကြိုညမတိုင်ခင် ကြယ်ကိုပြန်ရဖို့ ကြိုးစားပါတော့တယ်...ဒီကားမှာတော့ ဖီအိုနာကိုအသားပေးပြီးပွဲထုတ်လာတဲ့အတွက်သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ အချေစတိုင်လေးတွေကို ပိုမိုရှူစားရပါလိမ့်မယ်။   File Size :(1.8GB)(995 MB) and (336MB) Quality : NF Web-Dl10805.1ch, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by ...
movie

The Princess Switch 3: Romancing the Star(2021)

Race to Witch Mountain (2009) 5.7
Race to Witch Mountain (2009) Race To Witch Mountain (2009)ကိုယ်နေထိုင်ရာဂြိုလ်ကြီးက ပျက်ဆီးသေဆုံးတော့မယ်ဆိုတော့ စကြာဝဠာကို ခြေဆန့်ခရီးထွက်ပြီး အိမ်အသစ်ရှာကြမယ့် ဂြိုလ်သားများ ကမ္ဘာမြေပေါ်ကို တည့်တည့်ကြီး ရောက်လာပါတော့တယ်တစ်ချို့က ကမ္ဘာပေါ်က ဇီဝရုပ်တွေကိုလေ့လာပြီး မိမိတို့ဂြိုလ်ကို ပြန်အသက်သွင်းဖို့ ကြံစည်ကြတဲ့ သိပ္ပံပညာရှင်ဂြိုလ်သားတွေရှိသလို လက်နက်အားကိုး ကမ္ဘာကိုသိမ်းပြီး ကျူးကျော်နေထိုင်မယ့် စစ်သားဂြိုလ်သားတွေလည်းရှိတာပေါ့။အဲဒီကြားထဲကမှာ မိမိတို့ဂြိုလ်ကိုပဲ ကယ်တင်ချင်တဲ့ ဂြိုလ်သား ကလေးအရွယ် နှစ်ယောက်ဟာ ကမ္ဘာပေါ်က သူတို့မိဘတွေ လုပ်လက်စ စမ်းသပ်မှုတွေကို လာယူမှာပါ။ အဲဒီစမ်းသပ်မှုက သူတို့ဂြိုလ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တာကို ခေါင်းဆောင်တွေကို ပြန်ပြလို့ ကမ္ဘာမြေကို ဒုက္ခမပေးမယ့်လမ်းကို ရွေးချင်သူတွေပါ။သူတို့ရဲ့ ကမ္ဘာမြေခရီးမှာ ရာဇဝတ်မှုတွေနဲ့ ကြီးပြင်းလာပြီးမှ ရိုးရိုးသားသား အငှားယာဉ်မောင်းစားနေတဲ့ ကျွန်တော့်အကြိုက်ဆုံးမင်းသား Dwayne Johnson ရယ်၊ နက္ခတ္တရူပဗေဒပညာရှင် ဒေါက်တာမမရယ်တို့နဲ့ ပေါင်းမိပြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်ကြမယ်ဆိုတာ ကြည့်ရှုရပါမယ်။Fantasy ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Walt Disney ...
movie

Race to Witch Mountain (2009)

2009
Mr. Magorium’s Wonder Emporium(2007) 7.0
Mr. Magorium’s Wonder Emporium(2007) Mr. Magorium's Wonder Emporium(2007) အညွှန်း*********************************************မမNatalieရဲ့ တစ်ခါကအလှတရားလေးကို ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ မမက မှော်ဝင်နေတဲ့ကစားစရာအရုပ်တွေရောင်းတဲ့မစ္စတာမဂေါ်ရီယမ်မှော်အရုပ်ဆိုင်ကြီးမှာ Family typeအနေနဲ့ မန်နေဂျာရော cashierရောဝင်လုပ်နေတဲ့ဂီတပါရမီပါတဲ့သူပါ။ အသက်20ကျော်တဲ့သူတော်တော်များများဖြစ်သလိုပဲ ....ငယ်ငယ်ကတော့ ထူးချွန်သယောင်ယောင်ရှိပေမယ့် အရွယ်နည်းနည်းရောက်လာတော့ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်ရင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပါလျော့နည်းလာပါတယ်။အဲ့လိုနဲ့ မမအလုပ်ကထွက်ပြီး ဂီတလမ်းကြောင်းပေါ်လျှောက်မယ်လို့ကြံတုန်းမှာမှော်အရုပ်ဆိုင်ပိုင်ရှင်လူထူးဆန်းအဖိုးကြီးက မမကို သူထွက်သွားတော့မှာဖြစ်တဲ့အတွက်ဆိုင်ကိုအပိုင်ပေးပြီးဦးစီးခိုင်းတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ File Size :(1.77GB) (883 MB) and (330 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:33:00 Genre : Comedy ,Fantasy  ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie

Mr. Magorium’s Wonder Emporium(2007)

Christmas Thieves (2021) 5.1
Christmas Thieves (2021) Christmas Thieves (2021)=====================ကဲ ခရစ်စမတ်ကာလကို နီးကပ်စပြုလာပြီဆိုတော့ ခရစ်စမတ်အငွေ့အသက်လေးတွေ ဖုံးလွှမ်းနေတဲ့ Christmas Thieves ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဖရန့် နဲ့ ဗင့်စ်တို့ကတော့ စိတ်တူကိုယ်တူ ခိုးလည်း အတူတူ ခိုးတဲ့သူငယ်ချင်းတွေပါ သူတို့နှစ်​ယောက်ဟာ ခိုးမှုကြောင့် ဖမ်းခံနေရပေမဲ့လည်းဆက်ခိုးနေတုန်းပါပဲ ခရစ္စမတ်အကြိုနေ့မှာတောင် ခိုးတဲ့ ဒီသူခိုးနှစ်ကောင်က အချက်ပေးသံမြည်လာတဲ့အတွက်ကြောင့် ရဲလက်က ထွက်ပြေးရင်းနဲ့၈နှစ်အရွယ်လီယမ်နဲ့၄နှစ်အရွယ် အိုလီဗီယာတို့အိမ်ကို ရောက်သွားပါတယ် ဖြစ်ချင်တော့ အိုလီဗီယာတို့အမေက ရဲအရာရှိဖြစ်ပြီး ငတက်​ပြားနှစ်ယောက်ကိုဖမ်းဖို့အတွက် သူတို့ကို ကလေးထိန်းခေါ်ပေးပြီးထားခဲ့တာပါ။ အ​ပြင်မှာသူတို့ကိုဖမ်းချင်တဲ့ရဲတွေလက်က လွှတ်ဖို့အတွက် ဖရန့်နဲ့ဗင့်စ်တို့ နှစ်ယောက်လည်းကလေးထိန်းလိုမျိုးဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဖရန့် နဲ့ ဗင့်စ်တို့နှစ်ယောက် ရဲလက်က လွတ်အောင်ပြေးနိုင်မှာလား မြုပ်ကွက်လေးတခုလည်းပါပြီးတော့ စိတ်ဝင်စားစရာကောင်းတာမို့လို့ ပရိသတ်အားလုံး မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, ...
movie

Christmas Thieves (2021)

2021