Channel Myanmar
Fancy
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ File Size : (950 ...
7.1
IMDB: 7.1/10 124,723 votes
movie
The Time Traveler’s Wife (2009)
2009
Magic to Win (2011) 4.8
Magic to Win (2011)   ထူးခြားဆန်းပြားမှုတွေနဲ့ ကမ္ဘာကြီးထဲက ကိုယ်စီ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူသားတွေရဲ့စိတ်ဓာတ်နဲ့ဘဝနေထိုင်မှုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဘော်လီဘောအရှုံးကြောင့်စိတ်ညစ်နေတဲ့ ချန်မေစီတစ်ယောက် အမှတ်မထင် သူ့ရဲ့ဆရာ ပါမောက္ခကန်နဲ့တိုက်မိပီး သဘာဝလွန်မှော်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပါတယ် မှော်စွမ်းအားကို သူ့ရဲ့နေထိုင်မှုအတွက် လူငယ်ပီပီရမ်းသမ်းအသုံးချနေခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ မီးမှော်ဆရာရဲ့ မှော်အစွမ်းလုယူမှုကြောင့် မှော်အစွမ်းဆုံးရှုံးပီး ဝိညာဉ်ဘဝနဲ့ လေလွင့်နေတဲ့ မြေမှော်ဆရာလေး လင်းဖုန်းနဲ့အမှတ်မထင်တွေ့ဆုံရင်း မှော်ပညာလောကကအရှုပ်ထုပ်တွေအကြား ပါဝင်ခဲ့ရပြန်ပါတယ် အချစ်ဟာသလေးနဲ့ ထူးခြားမှုလေးတွေကို မြင်တွေ့နိုင်မှာပါ တစ်ဖက်မှာလည်း အတိတ်မှာ မိသားစုကိုဆုံးရှုံးခဲ့ရလို့ အတိတ်ကိုပြန်ရချင်ပီး ရုန်းမထွက်နိုင်တဲ့ မီးမှော်ဆရာလေးက မှော်တံခါးပေါက်ကိုဖွင့်ဖို့ မှော်ပညာရှင်တွေဆီကအစွမ်းတွေလိုက်စုပ်ရင်း သော့ချက်ကိုရှာဖွေနေခဲ့ပါတယ် ကဲ လင်းဖုန်းရဲ့ဝိညာဉ်ဘဝကို မေစီကယ်တင်နိုင်ပါ့မလား မီးမှော်ဆရာရဲ့လက်ထဲကနေရော ပြေးလို့လွတ်ကြမလား လောကမှာ ဘယ်လိုအချိန်တွေကပုံရိပ်တွေဖြစ်ပီး ဘယ်လိုအချိန်တွေကို တန်ဖိုးထားသင့်ပါသလဲ လူသားတစ်ယောက်အနေနဲ့ဖြစ်တည်လာရင် ကိုယ်ပိုင်အစွမ်းမရှိပါစေ လောကကြီးအတွက် အကျိုးပြုလုပ်ငန်းလေးတွေကို လုပ်က်ုင်ပီး လောကကြီးကို ကျေးဇူးဆပ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဟာသလေးရောပီး တင်ဆက်ထားတဲ့ကားကောင်းတစ်ကားပါ ပင်ပန်းထားသမျှတွေ အဝေးကိုခေတ္တလွှင့်ပစ်ဖို့ Magic To ...
4.8
IMDB: 4.8/10 276 votes
movie
Magic to Win (2011)
2011
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
6.6
IMDB: 6.6/10 95,622 votes
movie
Crimson Peak (2015)
2015
Wonderful Nightmare (2015) 6.9
Wonderful Nightmare (2015) ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။ တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေ အားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့ ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ... ဇာတ်လမ်းလေးကတော့... • ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။ အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့ လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။ မိသားစုဘ၀ကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ် တစ်ကိုယ်တည်း အပျိုကြီးဘ၀ပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။ တကယ်လည်းအောင်မြင်တဲ့ဘ၀ ထူထောင်နိုင်ခဲ့ပါတယ်... ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်း မုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့..• တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီ ဘ၀မကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ ...
6.9
IMDB: 6.9/10 183 votes
movie
Wonderful Nightmare (2015)
2015
Bakit hindi ka crush ng crush mo? (2013) 6.7
Bakit hindi ka crush ng crush mo? (2013) "Bakit hindi ka crush ng crush mo? " ဇာတ်ကားဟာ ပုံမှန်မြန်မာဇာတ်ကားတွေလိုပဲ ချစ်ကြိုက်ကွဲညား ရိုက်ကူးထားတယ် ဆိုပေမယ့် IMDb ratting မှာ 6.6 အထိရရှိထားတဲ့ ဖိလစ်ပိုင်ကားပဲဖြစ်ပါတယ်... ဖိလစ်ပိုင်ကားတကားအနေနဲ့ ဘာလို့ Rating အဲ့လောက်ထိရထားတာလဲဆိုတာကတော့ ဇာတ်ကားကိုကြည့်မိရင်နားလည်သွားပါလိမ့်မယ်...ဇာတ်ကားနာမည်က အင်္ဂလိပ်လိုဆိုရင် Why your crush won't crush you back? လို့အဓိပ္ပာယ်ရပါတယ် Fancy Drama ဇာတ်ကားဆိုပေမယ့် သူပေးချင်တဲ့ Massage ကို ထိထိရောက်ရောက်ပေးနိုင်အောင်ရိုက်ကူးထားပါတယ် အချစ်စစ်ဆိုတာက လုပ်ယူလို့ရနိုင်လား လုပ်မယူပဲနဲ့ ရင်ဘတ်ရဲ့တနေရာရာမှာရှိနေလားဆိုတာ crush ဖြစ်နေကြတဲ့သူတွေအတွက်လည်း ရိုက်ကူးထားပုံပေါ်ပါတယ်....:P ချစ်သူနှစ်ဦးကြား လိင်ဆက်ဆံခြင်းကိစ္စဟာ ချစ်ကြိုက်ခင်မှာဖြစ်သင့်လား ဒါမှမဟုတ်ချစ်သူဘ၀မှာ အချစ်ကြည့်သက်သက်သီးသန့်ခံစားကြပြီ အိမ်ထောင်ပြုပြီးမှသာ လိင်ဆက်ဆံသင်ကြလားဆိုတဲ့ အခုခေတ်လူငယ်တွေမမှားသင့်တဲ့အမှားတွေကို မြင်သာအောင်ရိုက်ပြထားပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကျရှုံးလုလုဆဲဆဲဖြစ်နေတဲ့ တေးစီးရီးထုတ်လုပ်ရေးကုမ္ပဏီကို အဖိုးရဲ့ညွှန်ကြားချက်ကြောင့် အယ်လစ်တယောက် မဖြစ်မနေကိုင်တွယ်ရမယ့်အရေးနဲ့ကြုံလာပါတော့တယ် ကုမဏ္ဏီရဲ့ကိုပြန်လည်ထူထောင်နိုင်ဖို့ စရိတ်လျော့ဖို့ ၀န်ထမ်းတွေကိုမဖြစ်မနေထုတ်ရတော့မယ့်အချိန်မှာ တကယ့်အချစ်စစ်အချစ်မှန်ကိုသာယုံကြည်တဲ့ ဆန်ဒီနဲ့ ကုမ္ပဏီမှာဆုံတွေ့ကြပါတော့တယ် ဆန်ဒီကလည်း ယောက်ျားလေးတွေထားထားသွားလို့ စိတ်ညစ်နေရတဲ့အချိန် အယ်လစ်ကလည်း ခိုင်းစေချက်ကြောင့် မဖြစ်မနေကျဉ်းထဲကြပ်ထဲရောက်နေတဲ့အချိန် မှာတော့ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ "Why your crush ...
6.7
IMDB: 6.7/10 178 votes
movie
Bakit hindi ka crush ng crush mo? (2013)
2013
The Three Musketeers (2011) 5.7
5.7
IMDB: 5.7/10 201,124 votes
movie
Wanted (2008) 6.7
Wanted (2008) Wanted (2008) IMDb - 6.7/10______Rotten 71%  ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ... ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ် ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင် အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ်ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ...
6.7
IMDB: 6.7/10 353,019 votes
movie
Wanted (2008)
Step Up All In (2014) 6.0
Step Up All In (2014) Step Up All In (2014) Steup Up လို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ ဘာဇာတ်ကားလည်းဆိုတာ သိကြမှာပါ။ ဇတ်လမ်းအနေနဲ့ကတော့ အကမှာအောင်မြင်ပြီး ဆုတံဆိပ်ရရှိချင်နေတဲ့ Sean ဟာ သူ့နဂိုအဖွဲ့ကလူတွေနဲ့ကွဲသွားပြီးတော့ သူ့သူငယ်ချင်း Moose ဆီကို ရောက်ရှိနေပါတယ်။ ထိုအတော်အတွင်း Last VEGAS မှာ The Vortex ကပြုလုပ်တဲ့ အကပြိုင်ပွဲတစ်ခုရှိပြီး အနိုင်ရရှိတဲ့အဖွဲ့ဟာ ၃ နှစ်စာချုပ်နဲ့ MTV စသည့်တွေမှာ ပါဝင်ဖော်ျဖြေရမှာဖြစ်ပါတယ်။Moose ရဲ့အဖိုးအဖွားတွေဟာ အကသင်တန်းတစ်ခုဖွင့်ထားပြီး Moose ကတော့ နဂိုတုန်းက ကခဲ့ပေမယ့်အခုတော့ တခြားအလုပ်လုပ်ကိုင်နေကာ မကဖြစ်တာလည်း ကြာသွားပါပြီ။ Sean ဟာ Moose ကို ပြန်ကဖို့တိုက်တွန်းပြီး အဖွဲ့တစ်ခုဖွဲ့ပြီး သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ အကအဖွဲ့ထဲကို ၀င်ရောက်လာသူကတော့ ANDIE ဖြစ်ပြီး Moose ရဲ့ သူငယ်ချင်းပါ။ ထို့အတူ ...
6.0
IMDB: 6.0/10 votes
movie
Step Up All In (2014)