Channel Myanmar

Fantasy

Qimen Flying Armor ( 2023 ) 5.6
Qimen Flying Armor ( 2023 ) အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့-ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Qimen Flying Armor ( 2023 )

I Am Not an Easy Man (2018) 6.3
I Am Not an Easy Man (2018) I Am Not an Easy Man (2018) ====================== IMDb Rating - 6.3/10အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွား မလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေ ကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့ လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွား တယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှု ရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.61 GB) / (689 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Romance Translator......Khant ...
movie

I Am Not an Easy Man (2018)

2018
Aquamarine (2006) 5.4
Aquamarine (2006) Aquamarine (2006) ==============ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ...
movie

Aquamarine (2006)

2006
Copacul Dorințelor: Amintiri din Copilărie (2022) 7.8
Copacul Dorințelor: Amintiri din Copilărie (2022)  The Wishing Tree လို့အမည်ရတဲ့ရိုမေးနီးယန်းစိတ်ကူးယဥ်ဇာတ်ကားဖြစ်ပြီး IMDb 7.8/10 အထိရရှိထားပါတယ် Hospice ဆိုတဲ့ဆေးကုသရေးစင်တာကရောဂါသည်ကလေးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ ကုလို့မရတော့တဲ့ကင်ဆာဝေဒနာရှင်လေးမာယာဟာအဖိုးနဲ့အတူနေပြီးဆုံးသွားတဲ့အမေဖြစ်သူကိုအမြဲတွေ့ချင်နေခဲ့တာပါ တစ်နေ့တော့မာယာဟာ Hospice ဆိုတဲ့ဆေးကုသရေးစင်တာကိုရောက်သွားရာကနေ ဆုတောင်းပြည့်သစ်ပင်မှာဆုတစ်ခုတောင်းခဲ့ပါတော့တယ် အဲဒီဆုတောင်းပြည့်သစ်ပင်ကမှော်သစ်ပင်ဖြစ်ပြီး ဆုတောင်းလိုက်တဲ့သူကိုပုံပြင်တစ်ခုထဲခေါ်သွားပြီး တာဝန်တွေအောင်မြင်မှဆန္ဒကိုဖြည့်ဆည်းပေးမှာပါ မာယာတစ်ယောက်ပုံပြင်ကမ္ဘာထဲမှာသူ့ရဲ့တာဝန်တွေကိုဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲ သူ့ရဲ့ဆုတောင်းကရောပြည့်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် နူးနူးညံ့ညံ့နဲ့ခံစားရစေတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့လက်မလွှတ်သင့်ပါဘူး File size…(1.3 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Copacul Dorințelor: Amintiri din Copilărie (2022)

The First Myth: Daji ( 2021 ) 5.8
The First Myth: Daji ( 2021 ) ရှေး‌ဟောင်းမှော်ဆန်ဖွယ်ဒဏ္ဍာရီကားကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ခုတင်ဆက်ချင်ပါတယ် တစ်ခါကအရမ်းတင့်တယ်လှပတဲ့မြေခွေးမျိုးနွယ်က ဘုရင်မတစ်ယောက်ရှိတယ်။ကံမကောင်းစွာနဲ့ မေရှန်တောင်ကမိစ္ဆာခုနှစ်ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယွမ်ဟုန်ကဖမ်းဆီးသွားတယ်။အဲ့အချိန်မှာ ကျန်းကျီယာကမိစ္ဆာတွေကိုလိုက်နှိမ်နင်းရင်း မတော်တဆနဲ့မြေခွေးဘုရင်မကိုကယ်တင်ခဲ့ပေမယ့် သူ့အမြီးတစ်ချောင်းကိုဖြတ်ပစ်ခဲ့ရာမှဘာတွေဆက်ဖြစ်ခဲ့သလဲ။နွီဝါးမယ်တော်ရဲ့ညွန်ပြမှုဖြင့် ကျိကျိုးမြို့ရဲ့မြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သူတာကျီပေါ်လူဝင်စားလိုက်တဲ့အခါ..... ရှန်မင်းဆက်ဘုရင်ဖြစ်တဲ့ကျုံးမင်းကြီးက ကျိကျိုးမြို့ကိုလာတိုက်ခိုက်ရင်းနဲ့ မင်းသမီးတာကျီကိုဖမ်းဆီးလိုက်တယ်။သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့ပြန်သွားကြတဲ့အချိန်မှာ တိုင်းပြည်ကတည်မြဲမလား၊ပဋိပက္ခဖြစ်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

The First Myth: Daji ( 2021 )

Painted Heart: Twin Tribulations ( 2023 ) 5.9
Painted Heart: Twin Tribulations ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ နတ်ဘုရားနဲ့ကြာပန်းလေးရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ စစ်နတ်ဘုရားရွှမ်ထျန်းရဲ့ပေါ့ဆမှုကြောင့် မကောင်းဆိုးဝါးဘုရင်ကမိစ္ဆာကြာပန်းကို လုယူဖို့ကြိုးစားရင်းလူ့ပြည်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။စစ်နတ်ဘုရားနဲ့မကောင်းဆိုဝါးဘုရင်တို့ တိုက်ခိုက်ကြရင် သူချစ်မြတ်နိုးတဲ့ကြာပန်း စတေးသွားခဲ့တာပေါ့။နတ်ဘုရားတို့မည်သည် ကာမဂုဏ်တွေရှောင်ကြဉ်ရတယ်ဆိုပေမဲ့ စစ်နတ်ဘုရားကမရှောင်ကြဉ်မိတာကြောင့် မိုးနတ်မင်းသိသွားပြီးလူ့ပြည်ကိုစေလွှတ်ကာ မကောင်းဆိုးဝါးမိစ္ဆာတွေ အပြီးတိုင်ရှင်းလင်းတဲ့နေ့မှနတ်ပြည်ကိုပြန်လာဖို့ အမိန့်ပေးခဲ့တယ်။ဒီလိုနဲ့ကြာပန်းလေးက ချီအာနဲ့ယောင်အာဆိုပြီး နှစ်ကိုယ်ခွဲထွက်တာလူသားအဖြစ်ပြောင်းလဲဖို့ ကျင့်ကြံရင်းနဲ့ ယောင်အာကအောင်မြင်ပြီးလူ့ပြည်ကိုဆင်းကာ မကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဆီးခဲ့တယ်။အဲ့အချိန်မှာပဲ ငယ်ရွယ်ပြီးလက်ရုံးရည်ပြည့်ဝတဲ့ ဝမ်ထျန်းရှန်းစစ်သူကြီးကလည်း မကောင်းဆိုးဝါးမိစ္ဆာတွေကို လိုက်လံရှင်းလင်းရင်း ယောင်အာနဲ့အမှတ်တမဲ့တွေ့ဆုံခဲ့တာပေါ့။ အမှတ်တမဲ့ကနေတစ်ဘဝစာဆိုတဲ့အတိုင်း နှစ်ဦးသား တဖြည်းဖြည်းဘယ်လိုသံယောဇဉ်တွေတွယ်လာကြလဲ။ ဘယ်လိုမျိုးမကောင်းဆိုးဝါးမိစ္ဆာတွေကို ဖမ်းကြမလဲ။မကောင်းဆိုးဝါးဘုရင်ကကော ဘယ်ရောက်သွားတာလဲဆိုတာကိုတော့.......... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Painted Heart: Twin Tribulations ( 2023 )

Kuntilanak 3 (2022)
Kuntilanak 3 (2022) Kuntilanak 3 (2022)Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။ Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။ ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။ အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့ အင်ဒိုနီးရှားသူလေးဒင်ဒါ‌ကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။ အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့ ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့် မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်း အိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။ ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့....ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း ...
movie

Kuntilanak 3 (2022)

2022
The Smurfs (2011) 5.4
The Smurfs (2011)  IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie

The Smurfs (2011)

Haunter (2013) 5.9
Haunter (2013) CMပရိတ်ကြီးကို ဒီတခါ Coralineနဲ့Before I fall တို့လိုမျိုးHorror Thriller ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးပါရစေ။လီဆာ ဂျွန်ဆန်ရဲ့ ‌နေ့ရက်တွေက ထူးဆန်းနေတယ်။ သူတို့ပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း နေ့ရက်တိုင်းက သူမရဲ့အသက် ၁၆နှစ်မပြည့်ခင်တရက်ကိုပဲ အမြဲသံသရာလည်နေသလို အပြင်ထွက်သွားလို့လည်းမရဘူး။ မိုးလင်းရင် မောင်ဖြစ်သူကလှမ်းနှိုး အ၀တ်လျှော်ဖို့လုပ် မနက်စာ ပန်ကိတ်တွေစား ညဘက်ဆို တီဗီကဇာတ်လမ်းကို တမိသားစုလုံးကြည့်ကြ ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။ ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။ တနေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယားဆိုတဲ့ ကောင်မလေးတယောက်ရဲ့အသံကို ကြားမိလာတာကနေ သူမရဲ့ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာပါတော့တယ်။ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ။ ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုးဆက်စပ်နေတာလဲ။ သူနဲ့သူ့မိသားစုကိုဘာတွေဖြစ်ပျက်ခဲ့တာလဲ။ အိုလီဗီးယားနဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့ လူကြီးတယောက်ကရောဘယ်သူလဲ။ အိုလီဗီးယားပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။ ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့ ဒီအိမ်ကြီးထဲကရော လီဆာတို့မိသားစု နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.40 GB /  610 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Horror Subtitle…. ...
movie

Haunter (2013)

2013
Forbidden Zone ( 2023 ) 5.8
Forbidden Zone ( 2023 ) ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့ အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ် ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကို စွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ်ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင် ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့ အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ်စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားက အဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့် သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူ ဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ်ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလို လူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လား တိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကို လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

Forbidden Zone ( 2023 )

Epic Tails (2023) 5.9
Epic Tails (2023) Epic Tails (2023)Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။IMDb ...
movie

Epic Tails (2023)

2023
They Came Back (2004) 5.8
They Came Back (2004) They Came Back (2004)~ IMDb - 5.8/10, Rotten Tomatoes - 78% ~ကိုယ်ချစ်ရတဲ့သူတွေ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့နေရာကို ထွက်သွားပြီးမှ ရုတ်တရက်ပြန်လာရင် ဘယ်လိုဖြစ်မလဲ...ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာနဲ့အဝှမ်း အရင် ၁၀ နှစ်အတွင်းက သေပြီးသားလူတွေက ရုတ်တရက်ကြီး လမ်းတွေပေါ်မှာ အကောင်းပကတိအတိုင်း ပြန်ရောက်လာတာကို တွေ့လိုက်ကြရပါတယ်။သေပြီလို့ လက်ခံထားကြတဲ့လူတွေက ပြန်ရောက်လာတော့ လူမှုရေးမှာရော၊ အလုပ်တွေမှာပါ ကသီလင်တဖြစ်ကုန်ကြတာပေါ့။ အလုပ်နေရာကို ပြန်ပေးရမလား၊ ပင်စင်တွေကို ပြန်ပေးရမလား၊ ကိုယ့်ဘဝထဲက လုံးဝထွက်သွားပါပြီလို့ စိတ်ပိုင်းဖြတ်ပြီးမှ ပြန်ရောက်လာတဲ့သူတွေကို အရင်လို ဘာမှမဖြစ်သလိုပဲ လက်ခံလိုက်ရမလားပေါ့။ဒီဇာတ်ကားလေးက ကြောက်စရာမကောင်းပေမဲ့ ကျောချမ်းစရာတော့ကောင်းပါတယ်။ ပြန်ရောက်လာတဲ့သူတွေက ပုံမှန်မဟုတ်ကြဘူးလေ။ ပြန်ရောက်လာတာကိုက ပုံမှန်မှမဟုတ်တာကိုး။ Fantasy, Drama လို့ပြောလို့ရတာပေါ့။ နာမည်တူ Series တစ်ခုရဲ့ Spin-off လို့လည်းပြောလို့ရပါတယ်။ ကားကောင်းတွေထွက်တာများလေ့ရှိတဲ့ ပြင်သစ်တွေရဲ့ထုံးစံအတိုင်း ကြည့်ရတာ ...
movie

They Came Back (2004)

2004
The SpongeBob Movie: Sponge Out of Water (2015) 6.0
The SpongeBob Movie: Sponge Out of Water (2015)  SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Family, Adventure, Comedy, Fantasy, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The SpongeBob Movie: Sponge Out of Water (2015)

One Million Years B.C. (1966) 5.7
One Million Years B.C. (1966)  လွန်ခဲ့တဲ့နှစ်တစ်သန်းက ကမ္ဘာဦးလူသားတွေရဲ့ဘဝကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးကတော့ 20ရာစုမှာဆွဲဆောင်မှုအရှိဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ စွယ်စုံရမင်းသမီး Jo Raquel Welch ဖြစ်ပြီး ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့အပြင် သူ့ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တာဆိုရင်လည်းမမှားပါဘူး Shawshank Redemption ကပိုစတာထဲမှာ ဒီဇာတ်ကားထဲကပုံကိုထည့်ထားတာပါ ရိုးရိုးကျောက်ခေတ်လူသားအကြောင်းချည်းမဟုတ်ဘဲ ဒရမ်မာပုံစံလေးနဲ့ဇာတ်လမ်းတွေပါထည့်ပြီးရိုက်ထားတဲ့အပြင် ကျောက်ခေတ်လူသားဖြစ်နေတာတောင် ဆွဲဆောင်မှုရှိပြီးလှပနေတဲ့ Jo Raquel Welch ကိုမြင်တွေ့ရမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုပါပဲFile size…(1.7 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Adventure, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

One Million Years B.C. (1966)

League of Gods: The Fall of Sheng ( 2023 ) 6
League of Gods: The Fall of Sheng ( 2023 ) League of god Zhou Destructionရဲ့အဆက် ဒုတိယပိုင်းလေးတင်ဆက်ပေးလိုက်ပါတယ်ပထမအတွဲကဒီစာသာလေးကိုနိပ့်ပြီးဒေါင်းလိုက်ပါဒီအပိုင်းမှာတော့ မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

League of Gods: The Fall of Sheng ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Miraculous: Ladybug & Cat Noir, The Movie (2023) 6.2
Miraculous: Ladybug & Cat Noir, The Movie (2023) Miraculous : Ladybug & Cat Noir, The Movie (2023)ပေါ့ပေါ့ပါးပါး superhero ကာတွန်းလေးတွေကြိုက်တဲ့လူတိုင်းသိကြတဲ့ ပြင်သစ်ဂျပန် ဖက်စပ်လက်ရာလေးဖြစ်တဲ့ Miraculous seriesကြီးရဲ့ movie version ထွက်ရှိလို့လာပါပြီ။ ကလေးကြိုက်ကာတွန်းပီပီ အခွီလေးတွေလည်းပါ အစွမ်းတွေသုံးပြီးချတဲ့ ဝူးရှူးဝါးရှားလေးတွေလည်းပါမှာဆိုတော့ ပိတ်ရက်မှာအပျင်းပြေကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။မယ်ရီနက်ဆိုတဲ့ကောင်မလေးဟာ warming familyကလာတဲ့ အချစ်ခံကောင်မလေးတစ်ယောက် ဒါပေမဲ့ နမော်နမဲ့နဲ့ အမြဲဗရုတ်သုတ်ခရှုပ်ပွနေတတ်တဲ့ ပြဿနာအိုးမလေးဆိုရင်လည်း မမှားပါဘူး။ ပြဿနာနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတဲ့ မယ်ရီနက်ကို ပေါင်းရဲတဲ့သူငယ်ချင်းကလည်းမရှိတော့ teenage issueပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းမရှိ အနိုင်ကျင့်ချင်သူတွေ အပုပ်ချချင်သူတွေလည်း ဒုနဲ့ဒေးပေါ့။မယ်ရီနက်နဲ့ဆန့်ကျင်ဘက်ကမ္ဘာမှာတော့ အေဒရီယန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါသတဲ့။ အေဒရီယန်ဟာ ဥစ္စာပေါ ရုပ်ချောဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ စော်ကြည်ဘဲလေးပေါ့။ ဒါပေမဲ့ အနေအထိုင်အသွားအလာအကုန်ဆင်ခြင်ပြီးနေရတဲ့ဘဝမှာ ရှင်သန်နေရတဲ့ အပြင် မိဘမေတ္တာငတ်မွတ်နေရတဲ့ ပြီးပြည့်စုံတယ်ထင်ရတဲ့ ဒီလူသားလေးရဲ့ကွက်လပ်ကို ဘယ်သူမှမမြင်ပါဘူး။ အမေဖြစ်သူဆုံးသွားပြီးထဲက အလုပ်ကိုပဲမြင်တော့တဲ့အဖေကြောင့် အေးစက်နေတဲ့ သူဟာလည်း တစ်မျိုးတစ်ဖုံ အထီးကျန်နေပါတော့တယ်။ဒီလိုနဲ့ ...
movie

Miraculous: Ladybug & Cat Noir, The Movie (2023)

2023
The Little Mermaid (2023) 7.2
The Little Mermaid (2023) The Little Mermaid (2023)ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Little Mermaid (2023)

2023
4K HEVC
The Haunting (1999) 5
The Haunting (1999) The Haunting (1999)Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ဇာတ်လမ်းကတော့ ...
movie

The Haunting (1999)

1999
Somewhere in Time (1980) 7.2
Somewhere in Time (1980) Somewhere in Time (1980)~ IMDb rating - 7.2/10 ~အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့...1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို ...
movie

Somewhere in Time (1980)

1980