Channel Myanmar

Fantasy

A Not So Merry Christmas (2022) 4.8
A Not So Merry Christmas (2022) A Not So Merry Christmas (2022) ========================ဒီကားလေးက သမာရိုးကျ ခရစ်စမတ်ကားတွေကနေ မထွက်ဘူးဆိုပေမယ့် တင်ဆက်ပုံလေးကရင်ထဲကို ထိ သွားစေတယ့် ခရစ်စမတ်ကားလေးတစ်ကားပါ။ rating သိပ်မများပေမယ့် ကျွန်တော့်အမြင်မှာတော့ underrated ဖြစ်နေတဲ့ ကားလေးတစ်ကားလို့ ဆိုချင်တယ်။ကိုယ်တွေနေ့စဥ်ဘဝကို သတိလက်လွတ်ဖြတ်သန်းနေထိုင် နေမိတာတွေကို ဆင်ခြင်တတ်လာစေမယ့် ကားလေးတစ် ကား၊ ကိုယ့်ဘေးနားက ကိုယ်ချစ်ရတဲ့ လူတွေ၊ ကိုယ့်ကို ချစ် တဲ့လူတွေကို တန်ဖိုးထား မြတ်နိုးဖို့ သတိပေးနိုင်တဲ့ ကား ကောင်းလေးတစ်ကားပါဗျာ။ heart-warmingတော်တော်လေး ဖြစ်စေပါတယ်။ အချိန်ရရင် ကိုယ့်ဘေးနားက ချစ်ရသူတွေနဲ့ အတူကြည့်ကိုကြည့်သင့်တဲ့ ကြည်နူးစရာဇာတ်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(2.0 GB) / (796 MB) / (481 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Paul Encoder..........SWM
movie

A Not So Merry Christmas (2022)

2022
TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate’s Cove (2022) TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie

TimeCrafters: The Treasure of Pirate’s Cove (2022)

2022
Churuli (2021) 7.1
Churuli (2021) IMdb Rating (7.1)ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ...
movie

Churuli (2021)

White Dragon Horse ( 2022 ) 5.9
White Dragon Horse ( 2022 ) ငယ်ငယ်လေးတုန်းက စွန်းဝူခုန်းရဲ့ အနောက်ဘက်ဆီသို့ ခရီးသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလေးကို ကြားဖူးတယ်မလား? ဒါပေမဲ့ အဲ့ဒီ အနောက်ဘက် အနောက်ပင်လယ်ဆီက ဒဏ္ဍာရီလေးတစ်ပုဒ်ကိုတော့ သိကြမယ်မထင်ပါဘူး ။အနောက်ပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်စုတွေဟာဆိုရင် ကောင်းကင်ဘုံ တရားရုံးတော်ကို ခစားတဲ့အနေနဲ့ အနောက်ပင်လယ်ပြင်ကြီးကို စောင့်ကြပ်ကြရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေဟာဆိုရင် နဂါးတွေကို သူတို့လက်ခုတ်ထဲက ရေလိုသဘောထားပြီး စားသောက်ဖွယ်အနေနဲ့ မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသုံးကြပါတယ် ။အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်သူ အောင်လျဲ့ဟာ ဒီအရာနဲ့ပတ်သတ်ပြီး စိတ်ထဲမှာ လုံးဝကို အခဲမကျေခဲ့ပါဘူး။ အဲဒါကြောင့် နဂါးမျိုးနွယ်စွမ်းအားတွေ ပြန်လည်ဖွဲ့စည်းပြီး နဂါးအသားစားသုံးတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ အောင်လျဲ့တစ်ယောက် သူနဲ့လက်ဆက်ရန် စီစဥ်ထားတဲ့ မင်းသမီးလေး ပိပေါ်ထန်နဲ့ တွေ့ဆုံကာ မြင်မြင်ချင်းချစ်မိသွားပြီး မောက်မာခဲ့တဲ့ နှလုံးသားလေးက အရည်ပျော်ကျသွားရပါတယ် ။ ဒါပေမဲ့လို့ သူချစ်ရတဲ့ ချစ်သူကို ခေါင်းကိုးလုံး မိစ္ဆာဘုရင်က လုယူသွားခဲ့တဲ့အခါမှာတော့...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏အချစ်အတွက်နဲ့ ဒီခေါင်းကိုးလုံး မိစ္ဆာကြီးကို ချေမှုန်းနိုင်ပါ့မလား ❏ သတ်ဖြတ်ချင်းခံနေရတဲ့ သူ့ရဲ့မျိုးနွယ်စုတွေကိုရောသူကယ်တင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာမို့ အခုပဲကြည့်ရှုရအောင်လားရှင် [ Reviewed By Chit ...
movie

White Dragon Horse ( 2022 )

The Secret Life of Walter Mitty (2013) 7.3
The Secret Life of Walter Mitty (2013) [Unicode]The Secret Life of Walter Mitty (2013)အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ...
movie

The Secret Life of Walter Mitty (2013)

Were the World Mine (2008) 6.8
Were the World Mine (2008) Were the World Mine (2008) ===================== IMDb Rating - 6.8/10ရိုမီယိုနဲ့ဂျူးလီးယက်တို့ရဲ့ပဲ့ကိုင်ရှင်ကြီး ဝီလျံရှိတ်စပီးယားရေးတဲ့ "A Midsummer Night's Dream" ကိုသိကြမယ်ထင်ပါတယ်။ အဲ့ဒီပြဇာတ်ကို ထည့်ရိုက်ထားတာမို့လို့ ဒီဇာတ်ကားကိုကြည့်ဖို့ဆို အဲ့ဇာတ်ကြောင်း နားလည်ထားရင်ပိုအဆင်ပြေမှာပါ။ ဇာတ်လမ်း ကတော့နည်းနည်းတစ်မျိုးပဲဗျ။ ပေးချင်တဲ့မက်ဆေ့ဂ်ျကို မြင်အောင် ကြည့်တတ်ရင်တော့ သိပ်မဆိုးပါဘူးပဲပြောရမှာပေါ့လေ။တင်မသီက ယောက်ျားလေးသီးသန့်ကျောင်းမှာတက်နေတဲ့ ကျောင်း သားတစ်ယောက်။ နောက်ပြီးတော့ သူကဂေးပေါ့။ အဲ့ခေတ်တုန်းက LGBT တွေကိုလက်မခံတဲ့သူ ခပ်များများဆိုတော့ ကျောင်းမှာအနှိမ်ခံ လေးပေါ့။ သူ့ Crush ကလည်း အဖြောင့်ကြီးဖြစ်နေပြန်ပါတယ်။ တစ် နေ့ကျ သူတို့ကျောင်းမှာ ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်"A Midsummer Night's Dream" ကိုကပြရမှာမို့ နတ်သူငယ် ပက်ခ်(ရော်ဘင်ဂွတ်ဖဲလိုး) နေရာကနေ သရုပ်ဆောင်ရမယ့် တင်မသီတစ်ယောက် ပြဇာတ်စာသား ကျက်နေရင်း စတန့်ထွင်လိုက်ရာကနေ အဲ့ပြဇာတ်ထဲက အစွမ်းရှိတဲ့ ခရမ်းရောင်ပန်းပွင့်ကို ရသွားပါတယ်။ဒီတော့ အဲ့ခရမ်းရောင်ပန်းပွင့်က ဘာအစွမ်းရှိတာလဲ။ အဲ့ပန်းရဲ့အစွမ်းနဲ့ တင်မသီ ဘာတွေလုပ်မိမလဲ။ နောက်ဆုံး အလွဲတွေကနေ ဘယ်လိုဇာတ် သိမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(18+မဟုတ်ပေမယ့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တဲ့ ဇာတ်ဝင်ခန်း တွေပါပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Were the World Mine (2008)

2008
The Female General Fan Lihua ( 2022 ) 5.9
The Female General Fan Lihua ( 2022 ) ဒီဇာတ်လမ်းလေးကတော့ ရှေးခေတ်သူရဲကောင်းဖန်လိဟွားဟာ ဓားပြတွေနဲ့တိုက်ခိုက်ရာမှာ အထင်ကရကျော်ကြားတဲ့ အတွေ့အကြုံအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဖန်လိဟွားက ဓားပြတွေကိုသုတ်သင်ရှင်းလင်းချင်တာကြောင့် သန်မာတဲ့ ရွှယ်တင်းရှန်နဲ့တွေ့ဆုံခဲ့ပြီး ရွှယ်တင်းရှန်းကိုလည်း မြင်မြင်ချင်းမှာပဲချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှယ်တင်းရှန်ကတော့ သူမကို လက်နက်ချပြီးသူမရဲ့ နယ်ပယ်ကိုပဲပြန်သွားစေချင်ခဲ့ပါတယ်။သူတို့နှစ်ယောက်က အခက်အခဲတွေ ရည်ရွယ်ချက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးပြီး ဓားပြတွေကို အတူတူနှိမ်နှင်းဖို့လုပ်ဆောင်ခဲ့ကြတယ် ဒီလိုနဲ့အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္ပာကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် [ Reviewed By Ou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Female General Fan Lihua ( 2022 )

Birth (2004) 6.5
Birth (2004) Birth (2004)***************Db 6.2 / Rotten Tomatoes 39%မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့်ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှကဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်းသူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရောသားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလားတကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်းသရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ်ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ်ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ...
movie

Birth (2004)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

The Flu (2013) 6.7
The Flu (2013) [Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie

The Flu (2013)

2013
Witch Hunt (2021) 4.7
Witch Hunt (2021) Witch Hunt (2021) ===============စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p ...
movie

Witch Hunt (2021)

2021
Haul Out the Holly (2022) 6.2
Haul Out the Holly (2022)  Mean Girls က Gretchen ကိုအားလုံးရင်းနှီးကြမှာပါ။ ဒီကားကတော့ Gretchen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lacey Chabert ရဲ့ ခရစ္စမတ်ဇာတ်ကားသစ်လေးပါ။ ရည်းစားနဲ့ပြတ်သွားတဲ့ အမ်မလီက သူ့ရည်းစားမောင်းချလို့ နေစရာရှာမရဖြစ်နေတဲ့အချိန် မိဘတွေရှိတဲ့ အဲဗားဂရင်းလိန်းက အိမ်ကိုပြန်လာခဲ့ပါတယ်။ တကယ်က အမ်မလီကအိမ်ကို ပြန်မလာချင်ပါဘူး။ ဘာလို့ဆို အမ်မလီငယ်ငယ်ကတည်းက အဲဗားဂရင်းလိန်းမှာ ခရစ္စမတ်အချိန်ဆိုရင် အိမ်တွေအလှဆင်ကြ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်ကြနဲ့ အနားမနေရတာက အစဉ်အလာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့်အသည်းကွဲလာတဲ့ အမ်မလီက ခရစ္စမတ်မှာ အနားယူချင်တဲ့အတွက် သူ့မိဘတွေကို ဒီအလုပ်တွေမလုပ်ခိုင်းရဘူးလို့ ကတိပေးခိုင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ သူ့အမေတို့က ဖလော်ရီဒါကို ခရီးထွက်သွားပြီး သူ့ကိုတစ်ယောက်တည်း ထားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဗားဂရင်းလိန်းအိမ်ရှင်များအသင်းရဲ့ ဥက္ကဋ္ဌအသစ်စက်စက်လေးက အမ်မလီ့ကို သူမလုပ်ချင်တဲ့ ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်တာတွေကို လုပ်ခိုင်းတဲ့အခါမှာ သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်လာမလဲ။ အမ်မလီကရော ဒီကိစ္စတွေကို အလုပ်တွေရှုပ် အရှုပ်‌တွေလုပ်နေတယ်လို့ ဆက်မြင်ဦးမှာလား ဆိုတာကို ...
movie

Haul Out the Holly (2022)

Naruto Shippuden the Movie: Blood Prison(2011) 7.2
Naruto Shippuden the Movie: Blood Prison(2011) Naruto shippuden movie 5 : blood prison ================================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်ကနာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece,bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းကကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up,this is my way of ninja, Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီးshippudenလူငယ်ဘဝက​တော့ ၇ကားအထိထွက်ခဲ့ပါတယ်။ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ပဥ္စမကားဖြစ်ပြီးIMDb 7.1/10 My anime list 7.4/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့လူမိုက်ကြီးNarutoဟာ Raikageကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့အမှုနဲ့ ရွာ​ပေါင်းစုံက အဆိုးဆုံးအမိုက်ဆုံးနင်ဂျာ​တွေကိုဖမ်းဆီးထားတဲ့​ထောင်ကို​ရောက်သွားပါ​တော့တယ်။ ဒါ​ပေမဲ့ အဲ့ဒီ​ထောင်မှာ ​ထောင်သား​တွေအပြင်လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိ​နေတဲ့အခါမှာ​တော့ အဲ့ဒီလျှို့ဝှက်ချက်Naruto လည်းပတ်သတ်မိတဲ့အ​ခြေအ​နေဖြစ်လာပါ​တော့တယ်။ Talkie no jutsu ကိုတဖက်ကမ်းခန်ကျွမ်းကျင်တဲ့ Narutoဟာ ​ထောင်မှူး​တွေကိုနားချပြီး​ထောင်ထဲကပြန်ထွက်နိုင်မလား​တော့ ကိုယ်တိုင်ကြည့်ရှုကြပါ.... File size…1.13GB / 576MB Quality…1080p  / 720p Format…mp4 Duration….1h 48m Genre ..... Animation , Action , ...
movie

Naruto Shippuden the Movie: Blood Prison(2011)

The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Ditto (2022) 8.2
Ditto (2022) Ditto (2022)လက်ရှိကြောင့်ပဲ အတိတ်ကပြောင်းလဲသွားတာလား၊ အတိတ်ကြောင့်ပဲ လက်ရှိဖြစ်လာသလား"အချိန်တွေကို ကျော်လွန်ပြီး အချိန်ခရီးသွားတယ်ဆိုတာကို စိတ်ကူးယဉ်ဖူးတဲ့သူတွေအတွက်ကတော့ တကယ်ကို စိတ်ကူးယဉ်လို့ကောင်းမယ့် လွမ်းဆွတ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Ditto ကို ပြန်ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒါရိုက်တာတွေရဲ့ ပုံဖော်မှုမှာတော့ တစ်ခုနဲ့တစ်ခုမတူအောင် ပြသွားတာတွေကို ခံစားရမှာပါစကားပြောစက်ကနေစခဲ့တဲ့ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ်က ဂင်ယုံး နဲ့ ၂၀၂၂ ခုနှစ်မှာရှိနေတဲ့ ကျောင်းသူမူနီးတို့က အချင်းချင်းဆက်သွယ်ကြရင်း ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပါတော့တယ်စကားပြောစက်ကနေပဲ သူငယ်ချင်းဖြစ်လာတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးအချစ်ရာတွေ အိပ်မက်အကြောင်းတွေ တိုင်ပင်ကြရင်းနဲ့ အတိတ်ဆိုတာကို ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သိလာတဲ့အခါမှာတော့ ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါပြီ...Cast တွေအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသား၊ အကုန်လုံးကလည်း မျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy, Romance Quality…. 1080p | 720p | 480p File size… ...
movie

Ditto (2022)

2022
The Ash Lad: In the Hall of the Mountain King(2017) 6.5
The Ash Lad: In the Hall of the Mountain King(2017) The Ash Lad: In the Hall of the Mountain King(2017)==========================================တိုင်းပြည်ရဲ့မင်းသမီးလေးဟာ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်ခင်အိမ်ထောင်မပြုရင် တောင်ဘုရင်ကြီးရဲ့ ဖမ်းဆီးကျွန်ပြုခြင်းကိုခံရမယ်ဆိုတဲ့ ဒဏ္ဏာရီပုံပြင်တစ်ပုဒ်လက်မထပ်ချင်လို့နန်းတော်က ထွက်ပြေးသွားတဲ့ မင်းသမီးလေးခရစ်စတင်း ညီအစ်ကိုသုံးယောက်ထဲမှာ ဘာလုပ်လုပ်အသုံးမကျဘဲ အိမ်ကိုပါပြာကျအောင်လုပ်ခဲ့မိတဲ့ဆင်းရဲသားလယ်သမားလေး အက်စပန်မင်းသမီးလေးကိုကယ်တင်ပြီး ဘုရင်ကြီးပေးတဲ့ဆုလာဘ်တွေနဲ့အိမ်ပြန်ဆောက်ဖို့ စိတ်ကူးထားတဲ့ အက်စပန်နဲ့သူ့အစ်ကိုတို့ဘီလူးကြီးရှိရာ တောတွင်းကိုသွားကြတဲ့အခါမှာတော့အက်စပန်တို့တောထဲမှာ ဘာတွေကိုတွေ့ကြုံရင်ဆိုင်ရမလဲမင်းသမီးလေးခရစ်စတင်းကရော ဘယ်ပျောက်သွားတာလဲဘီလူးကြီးကရော တကယ်ရှိတာလားဒဏ္ဏာရီပုံပြင်တွေကရော အမှန်ပဲလားဆိုတာ စိတ်ဝင်စားရင်ဖိုဖွယ် ကြည့်ရှုရမယ့် adventure/fantasyဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်.....File size…1.44GB / 739MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 44m Genre ..... Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

The Ash Lad: In the Hall of the Mountain King(2017)

Troll Hunter (2010) 6.9
Troll Hunter (2010)  IMDb 6.9, Rotten Tomatoes 82%Trollတွေဆိုတာကတော့ နော်ဝေကလူတော်တော်များများက တည်ရှိကြတယ်လို့ယုံကြည်ကြတဲ့ နော်ဝေနိုင်ငံရဲ့ဒဏ္ဍာရီလာ ဘီလူးတွေဖြစ်ပါတယ်။ တချို့ကလည်း သူတို့တွေကို တစ်ယောက်တည်း ဒါမှမဟုတ် အစုအဖွဲ့နဲ့ အေးအေးဆေးဆေး နေတတ်ကြတဲ့အကောင်တွေလို့ဆိုကြပြီး တချို့ကလည်း သူတို့ကို မကောင်းဆိုးဝါးဘီလူးကောင်ကြီးတွေလို့ဆိုကြပါတယ်။ ဒီရုပ်ရှင်ကတော့ Horrorပုံစံကြည့်ရတာကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဆုပေါင်း၁၂ဆုတိတိတောင် ဆုခူးထားတဲ့Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်၂၀၀၈ အောက်တိုဘာ ၁၃ရက်နေ့မှာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ၂၈၃မိနစ်စာပါဝင်တဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုပါဝင်တဲ့ အထုပ်တစ်ထုပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ သူတို့လက်ခံရရှိထားတဲ့ မူရင်းဖိုင်လိုက်ကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်က base on trueလား ဘာလားဆိုတာတော့ ရုပ်ရှင်ကိုကြည့်ကြည့်လိုက်ပါသောမတ်စ်တို့ကျောင်းသားအုပ်စုတစ်စုက ကျောင်းပရောဂျက်အတွက် ဝက်ဝံတွေအကောင်လိုက် ခနခနအသတ်ခံနေရတယ်လို့ သတင်းရတဲ့နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ သူတို့မှတ်တမ်းတင်နေတဲ့အရာက သာမန်ဝက်ဝံတွေ သေဆုံးမှုမဟုတ်ဘဲ ဒီထက်ပိုပြီး ခက်ခဲနက်နဲခြောက်ခြားစရာကောင်းတဲ့အရာတွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့နဲ့တွေ့ဆုံမိတဲ့ ထူးဆန်းထွေလာ မုဆိုးတစ်ယောက်ရဲ့ နောက်ကိုလိုက်ရင်း ဘာတွေကိုတွေ့ရှိသွားမှာလဲ၊ Trollတွေဟာ ခရစ်ယာန်တွေကိုမကြိုက်ပဲရန်ပြုတတ်တဲ့သဘာဝရှိပါတယ်၊ ကျောင်းသားတွေအဖွဲ့ထဲမှာ ...
movie

Troll Hunter (2010)