Channel Myanmar

Fantasy

Three Husbands (2018)
Three Husbands (2018) (18+)Three Husbands (2018)အင်တာပရိသတ်တွေကို ပိုအားထားလာတဲ့ Wong Kar Wai, Peter Chan ,Stanley Kwon, ဟောင်ကောင် Second New Wave ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Fruit Chanဟာ ဟောင်ကောင်အလုပ်သမားလူတန်းစားရဲ့ လူနေမှုဘ၀ကိုလည်း ထင်ဟပ် အပြင်းစားလည်းဆန်တဲ့ ရုပ်ရှင်တွေကို အရိုက်များတဲ့လူပါ။ 1997 Trilogy နဲ့ Prostitute Trilogy ဆိုပြီး Trilogy နှစ်ခုရိုက်ခဲ့ပြီး Three Husbands ကတော့ Prostitute Trilogyရဲ့ နောက်ဆုံးကားပါပဲ။Fruit Chanဟာ ၆၀ပြည့်နှစ်တွေက Nagisa Oshimaလို ဂျပန်ဒါရိုက်တာတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ ဒါရိုက်တာဖြစ်ပြီး သူတို့ကို သဘောကျရတဲ့အကြောင်းရင်းက လှုမှုရေးပြဿနာတွေအကြောင်း သဘာ၀အကျဆုံး ရုပ်ရှင်တွေကို ရိုက်ပြခဲ့လို့လို့ဆိုပါတယ်။ သူ့ဟန်မှာလည်း ဒီအငွေ့အသက်ပါနေတာပါပဲ။Three Husbandsရဲ့ ဇာတ်လိုက်က boar peopleအနေနဲ့ ရှင်သန်ရင်း ပြည့်တန်ဆာလုပ်စားနေတဲ့ မိန်းကလေးတစ်ယောက်။ ပုံမှန် ပြည့်တန်ဆာကားတွေမှာတော့ ပြည့်တန်ဆာရဲ့အဖြစ်ကို သနားစရာကောင်းအောင် ရိုက်ပြကြတာများပေမဲ့ Three Husbandsမှာတော့ ...
movie

Three Husbands (2018)

2018
Nine Colors Deer King ( 2022 ) 6
Nine Colors Deer King ( 2022 ) ဇာတ်ကားနာမည် - ဒဏ္ဍာရီလာ ကိုးရောင်ခြယ်သမင်❏ ထူးဆန်းတဲ့ရောဂါကဒ်ဆိုးကြီး ပျံ့နှံ့နေတဲ့ ဟွမ်းရီ ဆိုတဲ့ရွာကလေးကို ကယ်တင်ဖို့အတွက် ဒဏ္ဍာရီထဲက ကိုးရောင်ခြယ်သမင်ကို ရှာဖို့ဆုံးဖြတ်ခဲ့တဲ့ တောင်ရဲ့ အစောင့်အရှောက်ဖြစ်သူ - ချန်ရှန်း❏ ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ရှိသူ / ဖခင်ရဲ့ ရုပ်သေးပြပွဲတွေနောက်ကို တောက်လျှောက်လိုက်ရင်း ရုပ်သေးကြိုးဆွဲ အတတ်ပညာရှင်တစ်ယောက် ဖြစ်ဖို့ အိမ်မက်မက်နေသူလေး - ကွိုင်လီရုပ်သေးပြပွဲတွေကို မနှစ်သက်တဲ့ လနိုင်ငံတော်အရှင်သခင်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ဖခင်ကိုပါဆုံးရှုံးလိုက်ရသလို အိမ်မက်တွေကိုပါ တစ်ပြိုင်နက်ထဲ စွန့်လွှတ်လိုက်ရတဲ့အခါမှာတော့.....?လက်စားချေလိုတဲ့ အညှိုးအတေးတွေ အမုန်းအာဃာတတွေကြောင့် နတ်ဆိုးအရှင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကို ကွိုင်လီ ဟာခံယူခဲ့ပါတော့တယ် လနိုင်ငံတော်ကို ထိန်းချုပ် လှုပ်ကိုင်ဖို့ နဲ့ သူမရဲ့ မကောင်းတဲ့စွမ်းအားတွေ ပိုမိုအားကောင်းလာစေဖို့အတွက် နတ်ဆိုးအရှင်မ ကွိုင်လီဟာလဲ ကိုးရောင်ခြယ်သမင်ကို မြေလှန်ကာရှာဖွေလို့နေခဲ့ပါတော့တယ်လနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဖြစ်သူ ယန်ရီဟာ နတ်ဆိုးအရှင်မကို တားဆီးဖို့အတွက် ကိုးရောင်ခြယ်သမင် ရှာဖွေဖို့ လမ်းကြောင်းကို ပြတ်ပြတ်သားသားလျှောက်လာခဲ့ရာမှာ ကံအားလျော်စွာနဲ့ပဲ ချန်ရှန်း တို့နဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ ချန်ရှန်း / ယန်ရီ နဲ့ တစ်ခြားသော အမဲလိုက်မုဆိုးအဖွဲ့သားတွေဟာ နတ်ဆိုးအရှင်မအရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကိုရှာဖွေတွေ့ရှိဖို့အပူတပြင်းကြိုးပန်းခဲ့ကြတဲ့အခါမှာ -❏ ဘာတွေဆက်ဖြစ်ကြမလဲ? ❏ နတ်ဆိုးအရင်မ အရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကို ရှာတွေ့ကာ လနိုင်ငံတော်ကိုကယ်တင်နိုင်ပါ့မလား ❏ ရောဂါကဒ်ဆိုးကြီးဆိုက်ရောက်နေတဲ့ဟွမ်းရီ ဆိုတဲ့ရွာကလေးကိုရော ...
movie

Nine Colors Deer King ( 2022 )

Hocus Pocus 2 (2022) 6.5
Hocus Pocus 2 (2022) Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ဇာတ်လမ်းအညွှန်းမီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်.....ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ...
movie

Hocus Pocus 2 (2022)

Bring It On: Cheer or Die (2022)
Bring It On: Cheer or Die (2022) Bring It On: Cheer or Die (2022)(1080p ရပါပြီ)ဒီကားလေးကတော့ Halloween horror, Thriller ကားလေးပါ။Abby တို့ကျောင်းမှာ Cheerleader အဖွဲ့က အရမ်းအနှိမ်ခံရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြိုင်ပွဲမှာ Cheerleader တစ်ယောက်သေပြီး နောက်ပိုင်း ဘာစတန့်မှမလုပ်ရ ဘာပွဲမှမပါရဘဲ နေနေရပါတယ်။လာမဲ့ ပြည်နယ်ပေါင်းစုံပြိုင်ပွဲမှာ ပြိုင်ဖို့ Abby တို့အဖွဲ့ ခိုးပြီး လေ့ကျင့်ကြတဲ့အခါ လူမသိတဲ့ကျောင်းဟောင်းဆီ သွားကြပါတယ်။Abby တို့ကျောင်းဟောင်းကို သွားတဲ့ညက Halloween ည ဖြစ်နေပြီး သူတို့ကို လိုက်သတ်တဲ့လူသတ်သမားရှိနေတဲ့အခါ ဘာဆက်ဖြစ်မလဲ? Abby တို့အဖွဲ့ ဘယ်လိုအလွဲတွေလုပ်မလဲ? လူသတ်သမားရန်ကနေ လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။)File Size          : 2.3GB, 859MB, 438MB Quality  ...
movie

Bring It On: Cheer or Die (2022)

2022
Marble Mountains ( 2022 ) 6
Marble Mountains ( 2022 ) ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ...လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့...ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Marble Mountains ( 2022 )

Fullmetal Alchemist: The Final Alchemy (2022) 5.3
Fullmetal Alchemist: The Final Alchemy (2022) Fullmetal Alchemist: The Final Alchemy (2022)မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship ...
movie

Fullmetal Alchemist: The Final Alchemy (2022)

The Taste of Tea (2004) 7.6
The Taste of Tea (2004) Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

The Taste of Tea (2004)

The New Painted Skin ( 2022 ) 6.1
The New Painted Skin ( 2022 ) CM chinese ဖန်တွေအတွက် အခုထပ်ပြီး လူနဲ့မိစ္ဆာကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ the new painted skin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... painted skin ဆိုတာနဲ့ မျက်လုံးထဲ version အမျိုးမျိုး ပေါ်လာမယ်လို့ ယုံပါတယ်... ဒီကားလေးက အရင် version တွေနဲ့ အရမ်းကြီး ကွဲလွဲသွားတာတော့မရှိပါဘူး...သို့ပေမယ့် တင်ဆက်မှုပုံစံလေးပြောင်းထားတာတော့ရှိတာပေါ့.. ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင် ဆိုယန်ကို ပြန်လာရှာတဲ့ ချန်မြန်ဆိုတဲ့ မိစ္ဆာမလေးတစ်ယောက် ကိုယ့်ကျေးဇူးရှင်ကို ချစ်မိသွားပေမယ့် ကျေးဇူးရှင်မှာက ဇနီးလောင်း ချိုးစန်းရှိနေတာကို သိခဲ့ရတယ်...ဒီလိုနဲ့ အကြောင်းကြောင်းကြောင့် ချိုးစန်း ဆုံးသွားချိန်မှာတော့ချန်မြန်တစ်ယောက် ချိုးစန်းသားရေနဲ့ ချိုးစန်းအဖြစ် ဆိုယန် အနားရောက်လာပြီး ဆိုယန်နဲ့အတူ မိစ္ဆာဘုရင်ကို ရင်ဆိုင်တာပေါ့...ကဲ ဆိုယန်တစ်ယောက် အနားရောက်လာတဲ့ ချိုးစန်းအယောင်ဆောင်ကို သတိထားမိမှာလား... ကြားထဲ ဘာလှည့်ကွက်တွေရှိနေဦးမလဲ... နောက်ပြီး မိစ္ဆာဘုရင်ကိုရောဆိုယန်တို့ချေမှုန်းနိုင်မှာလား.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

The New Painted Skin ( 2022 )

Little Dragon Maiden ( 2022 ) 5.9
Little Dragon Maiden ( 2022 ) CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ.... လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ... ဘယ်သူကပိုရက်စက်လဲ... နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ... ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ... အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ... ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး... လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်...ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို... ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား... ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား... မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်... Quality : WEB-DL 1080p ...
movie

Little Dragon Maiden ( 2022 )

The Munsters (2022)
The Munsters (2022) The Munsters(2022)The Munsters(2022) ဟာ 1964 ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ The Munsters ဆိုတဲ့ sit-com စီးရီးကို အခြေခံပြီး ရိုက်ကူးထားတာပါစီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့ ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့် စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါအရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့် ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

The Munsters (2022)

Conan the Barbarian (2011) 5.1
Conan the Barbarian (2011) Conan the Barbarian (2011)ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ ...
movie

Conan the Barbarian (2011)

4K HEVC
Conan the Barbarian (1982) 6.9
Conan the Barbarian (1982) Conan the Barbarian (1982) IMDb - 6.9/10_____Rotten Tomatoes - 70% Conan The Barbarian (1982) နဲ့ Conan The Destroyer (1984) ဇာတ်ကားတွေကတော့ မင်းသားကြီး အာနိုးကို စင်တင်ပေးခဲ့တဲ့ ရောမခေတ် Dark Magic အခြေခံဇာတ်ကားတွေဖြစ်ပါတယ်။ Conan The Barbarian (1982) ဇာတ်ကားရဲ့အောင်မြင်မှုဟာ စံချိန်တွေချိုးခဲ့ပြီး ရိုက်ကူးစဉ်က အမေရိကန်ဒေါ်လာ (၁၆) သန်းသာ ကုန်ကျခဲ့ပေမယ့် ရုံဝင်ငွေ သန်း(၁၃၀)ထိပြန်လည်ရရှိခဲ့ပါတယ်။ အာနိုးရဲ့ငယ်စဉ်က ဘော်ဒီအလှအပနဲ့ ရောမခေတ် အကြမ်းအရမ်း အသတ်အဖြတ်တွေအပြင် Dark Magic အစီအရင်တွေနဲ့ပါ ထည့်သွင်းရိုက်ကူးထားတာမို့ တခြားဇာတ်ကားတွေနဲ့မတူတဲ့ ရသတွေကို ခံစားရမှာပါ။ အားပေးကြည့်ရှုကြပါဦး။  File size…(1.1 GB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:09:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by MgKing
movie

Conan the Barbarian (1982)

1982
Jujutsu Kaisen 0 (2021) 7.9
Jujutsu Kaisen 0 (2021) Rotten tomatoes 98% Imdb 7.9/10 Myanumelust 8.5/10ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့ဇာတ်​ကြောင်းလို့​ပြောရင်လည်းရပါတယ်။ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလိုanimation qualityလည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)ဇာတ်လမ်းအကျဥ်းက​တော့တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။သူတို့နှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလို့အရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို့ ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​သေဆုံးသွား​ပေမဲ့လည်း သူတို့အချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့....  File size…  1GB / 550MB Quality… 1080p Blu Ray / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by  Dr.Nyan
movie

Jujutsu Kaisen 0 (2021)

2021
Over the Sky (2020) 5.4
Over the Sky (2020) Over the Sky (2020)===============ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Senaရဲ့ လက်ရာလေးပါပဲ။ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူး ကြားဖူးကြမှာပါ။ ဒီanime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့ သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ယောက်လုံးက ကြိတ်ကြွေနေကြပါ တယ်။ မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။ ဒါကို မခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စား နေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ သေးတယ်။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများ ကြတယ် စကားလွန်မိတယ်။ ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့ လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲ ကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။ အဆုံးမှာ သူလူ့လောကကို ...
movie

Over the Sky (2020)

2020
The Mermaid ( 2022 ) 6.1
The Mermaid ( 2022 ) ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Mermaid ( 2022 )

See The Sea ( 2022 ) 6.1
See The Sea ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

See The Sea ( 2022 )

The Whirlwind of Sword and Fairy ( 2022 ) 6
The Whirlwind of Sword and Fairy ( 2022 ) "မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေ နဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေ နဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ်အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ် နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ် နတ်ဆိုးတွေကိုသတ်ပြီး လောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းက ထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ်ကဲ...ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရော အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကို ဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Fantasy Runtime : 1h 22 min Subtitle : Myanmar ...
movie

The Whirlwind of Sword and Fairy ( 2022 )

Three Thousand Years of Longing (2022) 6.9
Three Thousand Years of Longing (2022) Three Thousand Years of Longing (2022)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy ...
movie

Three Thousand Years of Longing (2022)

2022
The ancient City of Loulan ( 2022 ) 6
The ancient City of Loulan ( 2022 ) လွန်ခဲ့သောရာစုနှစ်အစတွေမှာ Loulan ၏ရှေးဟောင်းမြို့တော်ရဲ့ အပျက်အစီးများကိုရှာဖွေတွေ့ရှိခဲ့ပြီးကမ္ဘာတစ်ဝှမ်းမှစူးစမ်းရှာဖွေသူများက ရတနာများကိုရှာဖွေရန်ဦးဆောင်ပြီးမရေမတွက်နိုင်သော အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံခြားဘဏ္ဍာခိုးယူသူများမှတူးဖေါ်ထုတ်ခဲ့ကြပါတယ်Chen Xiao ကလည်း ဓားပြများကို ဖျက်ဆီးပြီး နိုင်ငံတော်ဘဏ္ဍာများ ခိုးယူခြင်းမှ တားဆီးရန် ကြိုးကြိုးစားစား လုပ်ဆောင်နေလို့သူ့ကိုလဲ ဓါးပြတွေက နံပါတ်၁ ရန်သူအဖြစ်သတ်မှတ် ထားကြပါတယ်ဒီလိုဓါးပြတွေကဝိုင်းပြီးရန်မူကြလို့သူ့ခမျာ လွတ်အောင်ပြေးရင်းနဲ့ပဲ ထူးဆန်းပြီးဆန်းကြယ်တဲ့မြို့တော်ထဲကို မျက်စိလည်လမ်းမှားပြီးရောက်ရှိသွားပါတော့တယ် အဲ့မြို့တော်ထဲမှာပဲ အဖွဲ့တဖွဲ့နဲ့တွေ့တဲ့အခါ ပူးပေါင်းပြီးဘယ်လိုအသက်ရှင်လွတ်မြောက်အောင် ကြိုးစားကြမလဲပြီးတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို သဘောကျတဲ့ သူခိုးတွေရန်ကလည်း ပစ္စည်းတွေကို ဘယ်လိုကာကွယ်ကြမလဲဆိုတာဆက်လက်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The ancient City of Loulan ( 2022 )