Channel Myanmar
Fantasy
Gretel & Hansel (2020) 5.4
Gretel & Hansel (2020) ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်...ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲကလူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကိုအားလုံးကြားဖူးကြမယ်ထင်ပါတယ်...ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ...ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာမုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်...တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်...ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်ကတောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်...ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်...အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ...အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား...ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့်ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး...IMDB 5.4/10 ရရှိထားပါတယ် File Size : ( 817 MB , ...
5.4
IMDB: 5.4/10 5294 votes
movie
Gretel & Hansel (2020)
Theresa & Allison (2019) 7.0
Theresa & Allison (2019) ဗန်ပိုင်ယားဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်rating ကောင်းကောင်း Imbd-7.0 ရရရှိထားတဲ့ လက်မလွတ်သင့်တဲ့ကားလေးပါ.................အရက်မူးနေလို့ အူဘာတက္ကဆီနဲ့သူငယ်ချင်းတွေကတင်ပေးလိုက်ပြီးတဲ့နောက်မှာ သရီဆာတစ်ယောက် ဗန်ပိုင်းယားနဲ့တည့်တည့်တိုးပြီးနောက်နေ့မနက်မှာ သူကိုယ်တိုင် ဗန်ပိုင်းယားဖြစ်သွားပါတယ်...ဗန်ပိုင်းယားလောကသားဖြစ်လာတဲ့နေ့မှာပဲဗန်ပိုင်းယားတွေရဲ့ အစိုးရရုံးကိုရောက်သွားပါတယ်အဲ့မှာ အလီဆန်နဲ့သူ့ချစ်သူဟောင်း တိုနီတို့ကဗန်ပိုင်းယားဥပဒေဖောက်မိလို့ ရုံးမှာရှိနေကြပါတယ်အလီဆန်က သူမကို မျက်စိကျပြီး နောက်ယောင်ခံ လိုက်ရာကနေ ခင်သွားကြပါတယ်..........ဗန်ပိုင်းယားလောကကြီး အကြောင်းကို သရီဆာ တစ်ယောက် ပိုသိလာခဲ့ပါတယ်ဒီကားကို ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းဟာဆိုရင်အပေါစားဆန်မနေပဲနဲ့တကယ့် ဗန်ပိုင်းယားတွေရဲ့ အနှစ်အရသာကိုခံစားနိုင်မဲ့ကားလေးပါ File Size : ( 1 GB , 310 MB ) Quality : WEB-DL 720p Running Time : 2 hr  Format : Mp4 Genre ...
7.0
IMDB: 7.0/10 954 votes
movie
Theresa & Allison (2019)
The Flu (2013) 6.7
6.7
IMDB: 6.7/10 6,446 votes
movie
The Flu (2013)
2013
Legend Of The Demon Seal (2019) 5.0
Legend Of The Demon Seal (2019) [Unicode]ဒီဇာတ်ကားကတော့ 2019 တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အခြားဇာတ်ကားတွေနဲ့ မတူတာကတော့ comic world နဲ့ real world ကို တစ်လှည့်စီ ယှဉ်ပြပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် ၊real world မှာတော့ ဖုန့်ရွှယ်ဟာ သာမန် ကာတွန်း ကုပ္မဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အရည်ချင်းရှိတဲ့ ကာတွန်းရေးဆရာမ တစ်ယောက်ပါ...သူဟာ သူ့ရဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေလို့ သူ့ သားသမီးလို သဘောထားပြီး အလုပ်ကို တိတိကျကျလုပ်ကိုင်တတ်သူပါ ၊သူ့နဲ့ အတူအလုပ်တွဲလုပ်ရတဲ့ ပိုင်ကျစ်ဟာလည်း အရည်ချင်းရှိပေမယ့် အထက်လူကြီးအကြိုက်ကို အမြဲလိုက်ရတဲ့ အတွက် သူတို့ ရဲ့ အရည်ချင်းတွေဟာ ဒီနေရာမှာ အလကားဖြစ်နေခဲ့ပါတယ် ၊comic world မှာတော့ ဖုန့်ရွှယ်ဟာ နွီဝါးရဲ့ မျိုးဆက်ဖြစ်ပြီး ရှေးဟောင်းသားရဲကောင်ကြီးကို ပြန်လည်ချိတ်ပိတ်ဖို့အတွက် တာဝန်ထမ်းဆောင်ရမှာပါ...နောက်ဆုံးမှာ သူတို့ ဖန်တီးချင်တဲ့ ကာတွန်းဇာတ်လမ်းအတိုင်း ဇာတ်ကောင်တွေ ရေးဆွဲဖန်တီးပြီး ...
5.0
IMDB: 5.0/10 votes
movie
Legend Of The Demon Seal (2019)
The Secret Life of Walter Mitty (2013) 7.3
The Secret Life of Walter Mitty (2013) [Unicode]The Secret Life of Walter Mitty (2013)အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ...
7.3
IMDB: 7.3/10 votes
movie
The Secret Life of Walter Mitty (2013)
Abigail (2019) 6.0
Abigail (2019) 2019 ခုနစ်ထွက် Adventure/Fantasy ကားသစ်လေးဖြစ်ပါတယ်IMDB 6.2/10 တောင်ရရှိထားပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ အက်ဘီဂေးဆိုတဲ့ကလေးမလေးဟာကပ်ရောဂါဆိုးကြီးကြောင့် နယ်နိမိတ်တွေကိုအလုံပိတ်ထားတဲ့မြို့လေးတစ်မြို့မှာ မိဘတွေနဲ့အတူနေထိုင်ပါတယ်...တစ်ညမှာတော့ အက်ဘီဂေးရဲ့ဖခင်ကို ရောဂါကူးစက်ခံထားရပြီဟုဆိုကာအာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားကြပါတယ်...ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသွားသည့်တိုင် ရောဂါဆိုးကြီးကပပျောက်မသွားပဲ ပိုဆိုးလာပါတယ်...အရွယ်ရောက်လာတဲ့ အက်ဘီဂေးတစ်ယောက်ဖခင်ဖြစ်သူကို ရှာပုံတော်ထွက်တဲ့အခါမှာတော့သူမ တစ်သက်နဲ့တစ်ကိုယ်မထင်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်....ဂရပ်ဖစ်ကောင်းကောင်း effect ကောင်းကောင်းသုံးထားပြီးဇာတ်လမ်းကျောရိုးက စိတ်ဝင်စားစရာကောင်းတာမို့ကြည့်ပျော်ပါတယ်လို့တိုက်တွန်းရင်း.... File Size : ( 994 MB , 363 MB )Quality :  WEB-DL 720pRunning Time : 1 hr 50minFormat : Mp4Genre : Adventure , FantasySubtitle : ...
6.0
IMDB: 6.0/10 1489 votes
movie
Abigail (2019)
Maleficent: Mistress of Evil (2019) 6.8
6.8
IMDB: 6.8/10 35,619 votes
movie
2019
Blu-Ray 1080p 5.1 CH
Timeless Love ( 2019 ) 5
Timeless Love ( 2019 ) Zawgyi*******ဒီတစ်ခေါက်ညွှန်ပေးမဲ့ကားလေးကတော့ 2019ထွက် comedy နဲ့drama ရောထားတဲ့ timeless love ဆိုတဲ့ကားလေးပါပဲဇာက်လမ်းအညွှန်းလေးကတော့ Qin Duyi ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာဆောက်လုပ်ရေးcompany တစ်ခုမှာ လက်ထောက်မန်နေဂျာတစ်ယောက်ပါသူက တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး နေ့တိုင်းအလုပ်နောက်ကျတာမို့ အမြဲ အဆူခံထိသူပါ တစ်နေ့ သူဟာပလုပ်နောက်ကျတာကြောင့် ဆောက်လုပ်ရေးဆိုက်ထဲမှာအလုပ်သွားလုပ်ဖို့အပြစ်ပေးခံရပါတယ် အဲ့ဒီမှာ ဆွဲကြိုးလေးတစ်ကုံးကောက်ရတဲ့အချိန်မှာတော့ သူ့ဘဝကြီးဟာပြောင်းလဲလာပါတော့တယ် သူဟာ ဆွဲကြိုးလေးကို ယူလာပြီးညမှာတော့ သူ့အိမ်ကို ထူးဆန်းတဲ့ မိန်းမလှလေးလေးယောက်ရောက်လာပါတော့တယ်မိန်းမလှလေးတွေက သူ့ကိုပြောတယ် သူတို့ကိုကူညီပါလို့သူတို့ဟာ ရှေးခေတ်ကနေ လာခဲ့ပြီး ကိစ္စတစ်ခုကြောင့် ဆွဲကြိုးထဲမှာပိတ်မိနေကြတာပါ သူတို့ဟာ သူတို့ရဲ့ဖူးစာရှင်ကို ရှာပြီးသူတို့ကို ချစ်တယ်လို့ပြောမှသာ သူတို့ရဲ့ရှေးခေတ်ကိုပြန်နိုင်မှာဖြစ်ပြီးQin Duyi ကတော့ သူတို့ရဲ့ ကယ်တင်ရှင် သူတို့ကဝိဥာဉ်တွေ ဖြစ်တာကြောင့် သူမရဲ့ ခန္တာကိုယ်ကို ငှါးဖို့လိုအပ်တာပါလို့ပြောကြပါတယ်အဲ့မိန်းကလေးလေးယောက်ကတော့Liu Rusi : ရဲရင့်ပြီး ချောမောလှတဲ့ မိန်းမစစ်သူကြီးChen Zilian: စိတ်ကူးယဉ်ဆန်ပြီး မိန်းမယစ်အိုးလေးLi Mengying: အကလဲတော် ရုပ်လေးလဲလှ ...
5
IMDB: 5/10 12 votes
movie
Timeless Love ( 2019 )
2019
The Bladesman ( 2019 )
The Bladesman ( 2019 ) Zawgyi*******ဒီတစ်ခေါက်ညွှန်းပေးမဲ့ကားလေးကတော့ 2019ထွက်တရုတ်သိုင်းကားလေးတစ်ကားပါပဲ ဒီကားလေးကတော့action/drama အမျိုးအစားလေးဖြစ်ပြီး ဟာသလေးတွေလဲ ပါတာကြောင့်သိုင်းကားလဲ ကြည့်ရင် ပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်သူများအတွက် အဆင်ပြေမှာပါဇာက်လမ်းအညွှန်းလေးကတော့ ဟန်ခေတ်ပြီးဆုံးတော့မယ့်အချိန်မှာတိုင်းပြည်မှာ တရားဥပဒေ ဆိုးမိုးမှု မရှိလာတော့ လူဆိုးဓားပြတွေအရမ်းပေါလာပါတယ် အဲ့ထဲမှာမှ အဝါရောင်မျက်နှာဖုံးဂိုဏ်းကအင်အားအကြီးဆုံးဖြစ်လာပြီး တိုင်းပြည်ကို သိမ်းဖို့ ပြင်လာပါတယ်သို့သော် သူတို့ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး စစ်ပွဲပြီးဆုံးသွားသော်လဲတိုင်းပြည်ဟာ ငြိမ်သက်မှုမရှိသေးပါ အဲ့လိုအချိန်မှာ အမှန်တရားဘတ်တော်သားဓားနှစ်လတ်သူရဲကောင်းပေါ်လာပြီး ပြည်သူတွေဘက်က ရပ်တည်ကာလူဆိုးတွေကို နှိမ်နင်းနေပါတယ် တစ်ညမှာတော့ သူရဲကောင်းဟာအဝါရောင်မျက်နှာဖုံးဂိုဏ်းရဲ့ထောင်ချောက်ထဲကို ဝင်သွားပြီးတရားသူကြီးမိသားစုကို မှားသတ်မိပါတော့တယ် အဲ့ညမှာပဲသူရဲကောင်းဟာ ပျောက်ကွယ်သွားတော့တယ်ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ကြရအောင် Unicode*******ဒီတစ်ခေါက်ညွှန်းပေးမဲ့ကားလေးကတော့ 2019ထွက်တရုတ်သိုင်းကားလေးတစ်ကားပါပဲ ဒီကားလေးကတော့action/drama အမျိုးအစားလေးဖြစ်ပြီး ဟာသလေးတွေလဲ ပါတာကြောင့်သိုင်းကားလဲ ကြည့်ရင် ပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်သူများအတွက် အဆင်ပြေမှာပါဇာက်လမ်းအညွှန်းလေးကတော့ ဟန်ခေတ်ပြီးဆုံးတော့မယ့်အချိန်မှာတိုင်းပြည်မှာ တရားဥပဒေ ဆိုးမိုးမှု မရှိလာတော့ လူဆိုးဓားပြတွေအရမ်းပေါလာပါတယ် အဲ့ထဲမှာမှ အဝါရောင်မျက်နှာဖုံးဂိုဏ်းကအင်အားအကြီးဆုံးဖြစ်လာပြီး တိုင်းပြည်ကို သိမ်းဖို့ ပြင်လာပါတယ်သို့သော် သူတိူ့ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး စစ်ပွဲပြီးဆုံးသွားသော်လဲတိုင်းပြည်ဟာ ...
IMDB: /10 votes
movie
The Bladesman ( 2019 )
2019
Moana (2016) 8.1
Moana (2016) မကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့ Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။ Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ် နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။ #တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။ #တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီး အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ #မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့ အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး ...
8.1
IMDB: 8.1/10 22,873 votes
movie
Moana (2016)
2016
Bluray 1080P
Housefull 4 (2019) 3.3
Housefull 4 (2019) (Unicode)Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ.... အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့.....။-------------------------------------------------ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ခုခေတ် အကမင်းသားကို ...
3.3
IMDB: 3.3/10 5,010 votes
movie
Housefull 4 (2019)
2019
It Chapter Two (2019) 6.8
6.8
IMDB: 6.8/10 106,507 votes
movie
It Chapter Two (2019)
2019
Blu-Ray 1080p 5.1 CH
The Nightmare Before Christmas (1993) 8.0
The Nightmare Before Christmas (1993) ဒါကတော့ နာမည်ကြီး Dark Gothic movieတွေကိုဖန်တီးလေ့ရှိတဲ့Tim Burtonကြီး produceလုပ်ထားတဲ့Stop-motion animated musicalအမျိုးအစားလေးပါ။Ratingအကြမ်းစားတွေရော၊ musicalကားဆိုတော့သီချင်းဆုတွေရော၊ Oscarဇကာတင်တွေရောရထားတဲ့တစ်ခေတ်တစ်ခါက ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းကတော့ အဲ့ခေတ်ကာလမှာအားလပ်ရက်ပျော်ပွဲရွှင်ပွဲတွေကို လုပ်ဆောင်ရတဲ့မြို့အသီးသီးရှိတယ်ပေါ့။အီစတာမြို့၊ ဟော်လိုဝင်းမြို့၊ခရစ်စမတ်မြို့ အစရှိသဖြင့်ပေါ့။ဒီကားရဲ့ဇာတ်လိုက်ကျော် ဂျက်က ဟော်လိုဝင်းမြို့ရဲ့ရွှေဖရုံသီးဘုရင်ပေါ့ခြောက်လှန့်တဲ့နေရာမှာအထင်ကရဖြစ်တဲ့ အရိုးခြောက်ပေါ့။အားလုံးကသူ့ကို အမြဲချီးမွမ်းနေပေမယ့်သူကတော့ ဟော်လိုဝင်းမှာ လိုက်ခြောက်လှန့်နေရတာကို စိတ်ကုန်နေပါပြီ။နောက်တော့ ခရစ်စမတ်မြို့ထဲရောက်သွားတဲ့အခါမှာဟော်လိုဝင်းဘုရင်က ခရစ်စမတ်လုပ်မယ်လို့ကြံစည်ရင်းသူ့နည်းသူ့ဟန်နဲ့ ခရစ်စမတ်ကိုဆင်နွှဲတဲ့ဇာတ်လမ်းလေးပါ။ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 714 GB , 308 MB )Quality :  WebRip 720pRunning Time : 1 hr ...
8.0
IMDB: 8.0/10 273,928 votes
movie
The Nightmare Before Christmas (1993)
1993
Fantastic Beasts 2: The Crimes of Grindelwald (2018) 7.4
Fantastic Beasts 2: The Crimes of Grindelwald (2018) 2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ မိဘနဲ့ဘဝအမှန်ကိုလိုက်ရှာနေပါပြီ။ဂရင်ဒယ်ဝေါ့ဒ်ကတော့ ခရီးဒန့်စ်ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ ကြိုးစားလာပါတယ်။ဒမ်ဘယ်လ်ဒိုးကတော့ နျုကိုစေလွှတ်ပြီး ဂရင်ဒယ်ဝေါ့ဒ်ရဲ့ အစီအစဉ်ကို ပျက်အောင် တားဆီးခိုင်းပါတော့တယ်။ဒီလောက်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်လို့ရမှာပါ။ ...
7.4
IMDB: 7.4/10 12,444 votes
movie
Fantastic Beasts 2: The Crimes of Grindelwald (2018)
2018
Blu-Ray 1080p/720p
Candle in the Tomb: The Wrath of Time (2019) 5.4
Candle in the Tomb: The Wrath of Time (2019) Zawgyi*******ဒဏ္ဍာရီအရရှေးဟောင်းတန်းတူးရှန်းနန်းတော်သင်္ချိုင်းဂူထဲမှာရတနာပစ္စည်းတွေမရေမတွက်နိုင်အောင်ရှိတဲ့အပြင်အဲ့နေရာကယခင်ရှေးဘုရင်အဆက်ဆက်ရဲ့နတ်ဆေးဖော်စပ်တဲ့နေရာဖြစ်လို့ထာဝရအသက်ရှင်နိုင်မဲ့နတ်ဆေးရှိတယ်လို့ဒဏ္ဍာရီရှိခဲ့ပါတယ်....ဒီလိုရှေးဟောင်းတန်းတူးရှန်းနန်းတော်ရဲ့ရတနာမြေပုံ​ကရက်စက်ကြမ်းကြုတ်တဲ့ဗိုလ်ချုပ်လော်လောင်ဝိုင်းလက်ထဲမှာရှိနေခဲ့ကာထိပ်တန်းသင်္ချိုင်းဂူဖောက်ထွင်းအဖွဲ့ဖြစ်တဲ့ရှဲ့လင်အဖွဲ့ခေါင်းဆောင်ချန်ယွိလုံနဲ့ပူးပေါင်းပြီးအဲ့နေရာကိုသွားဖို့ခရီးစထွက်ပါတော့တယ်....တန်ဖိုးကြီးပစ္စည်းအများကြီးရှိနေသလိုအန္တရာယ်ကလည်းအလွန်များပါတယ်...ဝင်ပေါက်ကိုရောက်ဖို့တောင်မနည်းကျော်ဖြတ်ရသလိုအထဲကိုဝင်နိုင်ရင်လည်းအထဲမှာအန္တရာယ်တွေကဆက်စောင့်ကြိုနေဆဲပါ...သူတို့ဘယ်လိုကျော်ဖြတ်ကြမလဲ...ကျော်ရောကျော်ဖြတ်နိုင်မှာလား ဆိုတာ ကြည့်ရှုလိုက်ကြပါစို့နော်... Unicode*******ဒဏ္ဍာရီအရရှေးဟောင်းတန်းတူးရှန်းနန်းတော်သင်္ချိုင်းဂူထဲမှာရတနာပစ္စည်းတွေမရေမတွက်နိုင်အောင်ရှိတဲ့အပြင်အဲ့နေရာကယခင်ရှေးဘုရင်အဆက်ဆက်ရဲ့နတ်ဆေးဖော်စပ်တဲ့နေရာဖြစ်လို့ထာဝရအသက်ရှင်နိုင်မဲ့နတ်ဆေးရှိတယ်လို့ဒဏ္ဍာရီရှိခဲ့ပါတယ်....ဒီလိုရှေးဟောင်းတန်းတူးရှန်းနန်းတော်ရဲ့ရတနာမြေပုံကရက်စက်ကြမ်းကြုတ်တဲ့ဗိုလ်ချုပ်လော်လောင်ဝိုင်းလက်ထဲမှာရှိနေခဲ့ကာထိပ်တန်းသင်္ချိုင်းဂူဖောက်ထွင်းအဖွဲ့ဖြစ်တဲ့ရှဲ့လင်အဖွဲ့ခေါင်းဆောင်ချန်ယွိလုံနဲ့ပူးပေါင်းပြီးအဲ့နေရာကိုသွားဖို့ခရီးစထွက်ပါတော့တယ်....တန်ဖိုးကြီးပစ္စည်းအများကြီးရှိနေသလိုအန္တရာယ်ကလည်းအလွန်များပါတယ်...ဝင်ပေါက်ကိုရောက်ဖို့တောင်မနည်းကျော်ဖြတ်ရသလိုအထဲကိုဝင်နိုင်ရင်လည်းအထဲမှာအန္တရာယ်တွေကဆက်စောင့်ကြိုနေဆဲပါ...သူတို့ဘယ်လိုကျော်ဖြတ်ကြမလဲ...ကျော်ရောကျော်ဖြတ်နိုင်မှာလား ဆိုတာ ကြည့်ရှုလိုက်ကြပါစို့နော်... Translated & Review By MineEncoded BY LK
5.4
IMDB: 5.4/10 25 votes
movie
Candle in the Tomb: The Wrath of Time (2019)
2019
Cinderella (2015) 6.9
Cinderella (2015)
2015
Bluray 1080P
Noelle(2019) 6.3
Noelle(2019) Noelle(2019)အညႊန္း******************IMDb....6.3(unicode)၂၀၁၉ ထွက် ခရစ္စမတ်နောက်ခံနဲ့ ရိုက်ကူးထားတဲ့ Fantasy, Comedy ဇာတ်ကားလေးပါ။Pitch Perfect ဇာတ်ကားက မင်းသမီးချော Anna Kendrick က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Santa Claus တစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတော့ သူ့ရဲ့သားဖြစ်သူKringle မျိုးရိုးရဲ့ အကြီးဆုံးသား Nick Kringle က Santa Claus နေရာကို ဆက်ခံဖို့အတွက် ပြင်ဆင်ရပါတော့တယ်။အဲဒီလိုပြင်ဆင်ရင်း Nick တစ်ယောက် စိတ်ဖိစီးမှုတွေများနေတဲ့အတွက် ညီမဖြစ်သူ Noelle ကပိတ်ရက်အပန်းဖြေခရီးသွားပြီး အနားယူဖို့အကြံပေးလိုက်ရာမှာ Nick တစ်ယောက်ထွက်သွားပြီး ပြန်မလာတဲ့အတွက်Santa နေရာက လစ်လပ်နေပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် အနားယူဖို့ အကြံပေးလိုက်တဲ့ Noelleတစ်ယောက် သူ့မှာ တာဝန်ရှိတယ်လို့ ယူဆပြီး အစ်ကိုပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူ့အစ်ကိုကိုရှာရင်းဘယ်လိုအလွဲတွေဖြစ်မလဲ၊ ခရစ္စမတ်အမီ Santa ကိုတွေ့နိုင်ပါမလားဆိုတာကို IMDB Rating6.3 ရထားတဲ့ ဒီကားလေးမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ကြည့်လိုက်ပါတော့။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ...
6.3
IMDB: 6.3/10 9700 votes
movie
Noelle(2019)
2019
WEB-DL 720p
Fortuna’s Eye ( 2019 ) 6.6
Fortuna’s Eye ( 2019 ) Zawgyi*******ရှင်းနိုချီရို ကီရာမတစ်ယောက် ငယ်စဉ်တည်းက လေယာဉ်ပျက်ကျရာ ကနေလွတ်မြောက်လာပြီးတဲ့နောက် မိဘမဲ့တစ်ကောင်ကြွက်အဖြစ်ဘဝကိုရပ်တည်လာရင်းနဲ့ သေဘေးကနေလွတ်မြောက်လာရာကနေအစွမ်းတစ်ခုကိုပိုင်ဆိုင်လာခဲ့တယ် အဲ့စွမ်းက သေဆုံးတော့မယ့်လူတွေကိုဖောက်ထွင်းမြင်ရတာပါဘဲ အဲ့အစွမ်းကြောင့်ဘဲ သူချစ်တဲ့အာအိုအီဆိုတဲ့ကောင်မလေးကိုတွေ့ဆုံခဲ့တဲ့အခါ သူတို့၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးသာယာနိုင်ပါ့မလား လောကကြီးမှာဘယ်အရာမှအလကားမရဘူးဆိုတဲ့သဘောအရသူ့ရဲ့အစွမ်းအတွက်ဘာတွေပြန်ပေးဆပ်ရပါမလဲ အချစ်ဆိုတာပေးဆပ်ချင်းတစ်ခုလား ရယူခြင်းလား ဘယ်လိုပုံဖော်ထားလဲဆိုတာဒီကားထဲမှာ သေချာလေးပုံဖော်ထားပါတယ် supernatural ကိုမှdrama ဘက်ကိုသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူတွေနောင်တမရစေမယ့်ကားဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်.... Unicode*******ရှင်းနိုချီရို ကီရာမတစ်ယောက် ငယ်စဉ်တည်းက လေယာဉ်ပျက်ကျရာ ကနေလွတ်မြောက်လာပြီးတဲ့နောက် မိဘမဲ့တစ်ကောင်ကြွက်အဖြစ်ဘဝကိုရပ်တည်လာရင်းနဲ့ သေဘေးကနေလွတ်မြောက်လာရာကနေအစွမ်းတစ်ခုကိုပိုင်ဆိုင်လာခဲ့တယ် အဲ့စွမ်းက သေဆုံးတော့မယ့်လူတွေကိုဖောက်ထွင်းမြင်ရတာပါဘဲ အဲ့အစွမ်းကြောင့်ဘဲ သူချစ်တဲ့အာအိုအီဆိုတဲ့ကောင်မလေးကိုတွေ့ဆုံခဲ့တဲ့အခါ သူတို့၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးသာယာနိုင်ပါ့မလား လောကကြီးမှာဘယ်အရာမှအလကားမရဘူးဆိုတဲ့သဘောအရသူ့ရဲ့အစွမ်းအတွက်ဘာတွေပြန်ပေးဆပ်ရပါမလဲ အချစ်ဆိုတာပေးဆပ်ချင်းတစ်ခုလား ရယူခြင်းလား ဘယ်လိုပုံဖော်ထားလဲဆိုတာဒီကားထဲမှာ သေချာလေးပုံဖော်ထားပါတယ် supernatural ကိုမှdrama ဘက်ကိုသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူတွေနောင်တမရစေမယ့်ကားဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်.... Translated & Review By XiaoEncoded By LK
6.6
IMDB: 6.6/10 70 votes
movie
Fortuna’s Eye ( 2019 )
2019
The Man Without Gravity (2019) 5.9
The Man Without Gravity (2019) အခု အသစ်ထွက်ရှိလာတဲ့ ဆန်းဆန်းပြားပြားကားလေးကိုCM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ The Man Without Gravity(2019)ပါ။မြန်မာလိုဆိုရင် မြေဆွဲအားမသက်ရောက်တဲ့လူသားပေါ့။နာမည်အတိုင်းပါပဲ ဒီဇာတ်ကားလေးဟာ မွေးလာကတည်းကလေပေါ်ပေါ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ။မိုးသည်းတဲ့တစ်နေ့မှာမွေးဖွားလာတဲ့ကောင်လေးတစ်ယောက်ကအမိဝမ်းကထွက်ထွက်ချင်း လေပေါ်ကိုပျံသွားပါတယ်။သူ့ကိုအဖွားဖြစ်သူနဲ့ အမေဖြစ်သူက ဒီအကြောင်းကိုအများသူငှာသိသွားခဲ့ရင်အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက်အိမ်ထဲမှာပဲ သိုဝှက်နေထိုင်ခဲ့ပါတယ်။တစ်နေ့တော့ အဲဒီ အော်စကာဆိုတဲ့ကောင်လေးဟာအိမ်ကနေထွက်သွားပြီးအပြင်လောကကြီးကိုခြေဆန့်ပါတော့တယ်။သူဘာတွေဆက်ဖြစ်မလဲ?အများသူငှာကရော သူ့အစွမ်းကိုဘယ်လိုတုံ့ပြန်မလဲ?စတဲ့မေးခွန်းပေါင်းများစွာနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးပါ။စူပါဟီးရိုးတစ်ယောက်ကို မြင်တွေ့နေကြရှုထောင့်ကမဟုတ်ပဲရှုထောင့်အသစ်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ဇာတ်ကားလေးနာမည်ကတော့ The Man Without Gravity (2019)ပါ။ File Size : ( 1 GB , 379 MB)Quality :  WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Comedy , Drama , FantasySubtitle ...
5.9
IMDB: 5.9/10 571 votes
movie
2019
WEB-DL 720p
Paradise Hills (2019) 6.3
Paradise Hills (2019) အရာအားလုံး နေသားတကျလှပနေတဲ့ နေရာလေးတစ်ခု...နတ်ဘုံနတ်နန်းလို့တောင် တင်စားလို့ရတဲ့ဒီနေရာလေးနာမည်က သုခဘုံတဲ့။ဒီသုခဘုံက ပင်လယ်ကြီးရဲ့ အလည်ကျွန်းတစ်ခုမှာသီးခြားကမ္ဘာလေးတစ်ခုလိုတည်ရှိနေတာပါပြင်ပကမ္ဘာက မလိမ္မာတဲ့ အဆင်မပြေတဲ့ ကလေးတွေကိုဒီသုခဘုံကိုမိဘတွေကပိုက်ဆံများများပေးကာပို့ကြပါတယ်။ထူးဆန်းတာက ဒီသုခဘုံကိုရောက်တဲ့ မိန်းကလေးတိုင်းမိဘတွေလိုချင်သလို နှစ်လအတွင်းဖြစ်သွားကြတာပါပဲ။တစ်နေ့မှာတော့မိဘပေးစားတဲ့သူနဲ့မယူချင်လို့ကလန်ကဆန်လုပ်နေတဲ့ မိန်းကလေး အူမာဟာလဲဒီသုခဘုံကို ရောက်လာခဲ့ပါတော့တယ်။အရာအားလုံးပြီးပြည့်စုံတဲ့ဒီသုခဘုံရဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို တဖြည်းဖြည်းသိလာတဲ့အခါ...အူမာတစ်ယောက်ဘာတွေဆက်လုပ်မလဲ?သုခဘုံကရော ဘာတွေဖြစ်နေတာလဲ?စတဲ့မေးခွန်းတွေနဲ့အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးရဲ့ နာမည်ကတော့Paradise Hills (2019)ပါ။နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့Emma Roberts, Milla Jovovich စတဲ့မင်းသမီးတွေပါဝင်ပြီးဇာတ်လမ်းဇာတ်အိမ်ထူးခြားတဲ့ ဒီကားလေးကတော့Imdb Rating 6.3/10 Rotten Tomatoes 63%ရရှိထားပါတယ်။စိတ်လှုပ်ရှားစရာကားကောင်းကောင်းလေးတွေမျှော်လင့်နေတဲ့ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ File Size : ( 888 MB , 303 MB)Quality :  WEB-DL 720pRunning Time : 1 hr 35 ...
6.3
IMDB: 6.3/10 2573 votes
movie
Paradise Hills (2019)
2019
WEB-DL 720p