Channel Myanmar

History

Fighting Darksider (2022) 5.7
Fighting Darksider (2022) ထျန်းဝူပြည်ကြီးမှာ လူမျိုးနွယ်၊ အ​​မှောင်ထုနဲ့ ဇာမဏီမျိုးနွယ် နှစ်​ထောင်ချီတူတူယှဉ်တွဲ​နေလာရင်း တစ်​​နေ့မှာ​တော့ အ​မှောင်ထုရဲ့ သစ္စာမဲ့​မောင်ပိုင်စီးလိုမှု​ကြောင့် လူသားမျိုးနွယ်ဘက်က စစ်နတ်ဘုရားရှောင်ချိယန်ဟာ အသက်ကိုစ​တေးပြီး တားဆီးခဲ့လို့ အ​မှောင်သခင် ဒဏ်ရာအကြီးအကျယ်ရကာ တပ်ဆုတ်သွားခဲ့ရပါတယ်၊ နှစ်​ပေါင်း၂၀အကြာမှာ​​တော့ အ​မှောင်သခင်က ပြန်လည်အား​ကောင်းလာပြီး လူသားမျိုးနွယ်နဲ့ လွန်ခဲ့တဲ့ နှစ်၂၀က ဘာသိဘာသာ​နေခဲ့တဲ့ ဇာမဏီငှက်မျိုးနွယ်တို့ကို ကလဲ့စား​ချေနိုင်ဖို့တဖန် စစ်ချီလာခဲ့ပါတယ်၊ ဒီတစ်​ခေါက် အ​မှောင်သခင်ရဲ့ရန်ကို ကာကွယ်​​ပေးရမယ့်သူက စစ်နတ်ဘုရားရဲ့သားဖြစ်သူ ​ဆု​ကြေးစားမုဆိုးရှောင်ကဲပါ၊ သူက ဖခင်ကို စိတ်နာ​နေတဲ့သူဖြစ်ပြီး ဖခင်လို စစ်နတ်ဘုရား မဖြစ်ချင်လို့ ​ရှောင်​ပြေး​နေခဲ့သူပါ၊ဒါ​ပေမဲ့ မလွှဲမ​ရှောင်သာပဲ လူသားမျိုးနွယ်မပျက်သုဉ်း​ရေးက သူ့ပုခုံး​ပေါ်ကျလာတဲ့အခါ ​ရှောင်ကဲအ​နေနဲ့ ဇာမဏီမျိုးနွယ်နဲ့​ပေါင်းပြီး အ​မှောင်သခင်ရဲ့ရန်ကို ဘယ်လိုတားဆီးသွားမလဲ ဆိုတာကို ကြည့်ရှုရမှာပါ၊( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.2GB) / (600MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:10:00 Type__Action, Adventure, History, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Fighting Darksider (2022)

Marie Antoinette(2006) 7.0
Marie Antoinette(2006) Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Marie Antoinette(2006)

The Pilot A Battle for Survival(2022) 6.0
The Pilot A Battle for Survival(2022) The Pilot A Battle for Survival(2022)၂၀၂၂ ရဲ့ ရုရှား စစ်ကားအသစ်လေး ကြည့်လိုက်ရအောင်။ ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်မှူးတစ်ယောက်ရဲ့ စွန့်စားခန်းတွေဖြစ်ပါတယ်။တိုက်ပွဲဝင်ရင်း လေယာဉ်ပျက်ကျပြီး ဂျာမန်တွေလက်က လွတ်အောင် ပြေးလာရတာတွေ၊ ဒဏ်ရာကြောင့် ခြေထောက်တွေ ပြတ်သွားပေမဲ့ လေယာဉ်ပြန်မောင်းပြီးတိုက်ပွဲဝင်ဖို့ ကြိုးစားတာတွေကို ဖြစ်ရပ်မှန်တွေကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စစ်ကားကောင်းကောင်းကြိုက်သူတွေအတွက် သင့်တော်တဲ့ရုပ်ရှင်ပါပဲ။ ကြည့်လိုက်ကြပါဦး။File size…(1.82 GB)/(979.57MB)/(669.61MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama/ biography/history Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

The Pilot A Battle for Survival(2022)

Untold Scandal (2003) 6.9
Untold Scandal (2003)  Untold Scandal (2003)ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်နှောင်းပိုင်း ယဉ်ကျေးမှု့တွေ ဓလေ့ထုံးတမ်းတွေကို နောက်ခံထားပြီး ရိုက်ကူးပြသထားပါတယ်Best Actress/Best Director/Best Music ဆု ၃ ခုလည်းရရှိခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းသခင်မဂျိုဟာ ထူးချွန်ထက်မြက်တဲ့ ဇနီးကောင်းတစ်ယောက်အဖြစ် လူကုံထံအသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ် တကယ်တမ်းမှာတော့ အခြားယောက်ျားတွေနဲ့ အမြဲတမ်းခိုးပြီးရှုပ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်သခင်မဂျိုရဲ့ မောင်ဝမ်းကွဲဖြစ်သူ ဂျိုဝန်ကလည်း စာပေပညာရော သိုင်းပညာပါ ထူးချွန်သူဖြစ်ပေမယ့် ရာထူးရာခံတွေကို ငြင်းပယ်ခဲ့ပါတယ် ဂျိုဝန်က မိန်းမလိုက်စားသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းရတာ နှစ်သက်တတ်သူပါဂျိုဝန်က သခင်မဂျိုရဲ့ အချစ်ဦးလည်းဖြစ်ပါသေးတယ် ဒါပေမယ့် သူတို့ရဲ့ အချစ်ကစားပွဲမှာတော့ သူတို့ခံစားချက်တွေကိုဖုံးကွယ်ထားခဲ့ကြပါတယ်သခင်မဂျောင်ကတော့ ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမတစ်ဦးပါ လက်ထပ်ပြီး မပေါင်းသင်းရသေးခင်မှာ ယောက်ျားသေဆုံးသွားတာကြောင့် အပျိုစင်မုဆိုးမလု့ိနာမည်ကြီးပါတယ် သခင်မဂျောင်ကို အရယူနိုင်မလားဆိုပြီး ဂျိုဝန်နဲ့ သခင်မဂျိုတို့ လောင်းကြေးထပ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ရဲ့ ကစားပွဲမှာ သခင်မဂျောင်က မြေစာပင်ဖြစ်သွားတဲ့အခါ... ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ )File Size__(2.1GB) ...
movie

Untold Scandal (2003)

The Shadow in My Eye (2022) 7.3
The Shadow in My Eye (2022) The Bombardment (or) The Shadow in My Eye (2022)======================================IMDb Rating - 7.3/10ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေက ဒိန်းမတ်ကို သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်ဝင်လေတပ်က နာဇီတွေရဲ့ လျှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့ ဂတ်စတာပိုရဲ့ ဒိန်းမတ်ဌာနချုပ်ကို ဗုံးကြဲဖို့ လုပ်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ဟာ ကိုပင်ဟေဂင်မြို့လယ်ကြီးမှာ ရှိနေပြီး၊ ထပ်ခိုးမှာ ဂျာမနီတွေကိုတော်လှန်ဖို့ လုပ်နေတဲ့ ဒိန်းမတ်အတိုက်အခံ အဖွဲ့၀င်တွေကို ဖမ်းထားပြီး လူသားဒိုင်းကာအနေနဲ့ ထားထားပါတယ်။ ဒီဌာနချုပ်ကို ဗုံးကြဲရင် သူ့လူတွေပါ သေမှာသိပေမဲ့ ဒိန်းမတ်က ဂျာမန် တော်လှန်ရေးသမားတွေက ကြာရင် သူတို့အင်အားစုတစ်ခုလုံးကို ဂျာမန်တွေ ချေမှုန်းနိုင်တော့မှာ ဖြစ်တာကြောင့် ‌ဗြိတိန်ဘက်ကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ ပါတယ်။ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်၀င်လေတပ်က Operation Carthage ခေါ် ဂတ်စတာပိုဌာနချုပ်ကို ဗုံးကြဲဖို့ စစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်မြင်ခဲ့သလို အဖမ်းခံရတဲ့ အကျဉ်းသားတွေလည်းလွတ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးဟာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့တာပါပဲ။ ဗြိတိန်တိုက်လေယာဉ်တွေဟာ ...
movie

The Shadow in My Eye (2022)

2021
83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Pawankhind (2022) 9.5
Pawankhind (2022) Pawankhind 2022ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကိုမှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက်ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာလပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များကပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကိုပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့်ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။  File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko
movie

Pawankhind (2022)

2022
[18+] Behead the King (2017) 6.0
[18+] Behead the King (2017) ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ....ဂျိုဆွန်းခေတ်... အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ်အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ်မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ်ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ်ကချေသည်ဘီဆောရဲ့ လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်သတိပေးချက် - ၁၈ ယောက်ပြည့်မှကြည့်လို့ရမယ့်အခန်းတွေပါလို့ မိသားစုနဲ့ လုံးဝ(လုံးဝ) ကြည့်လို့မသင့်တော်ပါနော် ။File Size__( 2GB) / ( 1GB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:55:00 Type__Adult, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Joyx Encoded by Naing Aung Latt
movie

[18+] Behead the King (2017)

The Dig (2021) 7.1
The Dig (2021) The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxons‌တွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie

The Dig (2021)

2021
Railway Heroes (2021) 5.8
Railway Heroes (2021) Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie

Railway Heroes (2021)

2021
Against the Ice (2022) 7.8
Against the Ice (2022) Against the Ice (2022)=================IMDb Rating - 7.8/10ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - ...
movie

Against the Ice (2022)

2022
Eiffel (2021) 6.2
Eiffel (2021) ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar ...
movie

Eiffel (2021)

The Tragedy of Macbeth (2021) 7.3
The Tragedy of Macbeth (2021) မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ...
movie

The Tragedy of Macbeth (2021)

Prince of Lanling: Blood Weeping Blade (2021) 7.0
Prince of Lanling: Blood Weeping Blade (2021) ပေချီတိုင်းပြည်မှ ဘုရင်မင်းကြီးဟာ နန်းတော်ထဲမှာ အတီးအမှုတ်အကအခုန်တွေနဲ့ ပျော်မွေ့ပြီး တိုင်းရေးပြည်ရေးမှာ လစ်ဟင်းနေပါတယ်..နန်းတွင်းမှာ ဩဇာအာဏာကြီးမားတဲ့ အမတ်ချုပ်ကြီး ဟဲရှိခိုင်ဟာ ဘုရင်နဲ့ မှူးမတ်တွေကို သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်အောင် စီမံဆောင်ရွက်ပါတော့တယ်...ပြည်သူတွေအတိဒုက္ခရောက်ပြီး အမိမဲ့သား ရေနည်းငါးဖြစ်နေတဲ့အချိန်ကာလပေါ့...တိုင်းပြည်ချို့ယွင်းပျက်စီးနေချိန်မှာ တိုက်ရည်ခိုက်ရည်နဲ့ ဉာဏ်ပညာကြီးမားတဲ့ မင်းမျိုးမင်းနွယ် စစ်သူကြီး လန်လင်ဘုရင်ဟာ သူ့ရဲ့အမိတိုင်းပြည်ကို ဘယ်လိုကယ်တင်မလဲဆိုတာ .......။အချစ်အလွမ်းစွန့်စားခန်းတွေနဲ့ သိုင်းကားရသအပြည့်ပါဝင်တဲ့ဇာတ်ကားပါ။ File size…(1 GB) Quality….WEB-DL 1080p Format…mp4 Duration….01:19:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

Prince of Lanling: Blood Weeping Blade (2021)

The Red Ghost (2020) 6.3
The Red Ghost (2020) The Red Ghost (2020) အညွှန်း**********************IMDb - 6.3CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် ...
movie

The Red Ghost (2020)

2020
Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)

Song Ci (2022) 6.0
Song Ci (2022)  ဒီတစ်ခါ CM ကတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ နာမည်ကျော်အလောင်းစစ်ဆေးသူစုန့်စစ်ရဲ့ နဂါးဘုရင်လူသတ်သမားအမှုဖြေရှင်းခန်းပဲ ဖြစ်ပါတယ်နော်လုံယာစီရင်စုရဲ့ နဂါးဘုံကျောင်းထဲက နဂါးပိတ်လှောင်ရေတွင်းထဲမှာ နဂါးကိုပိတ်လှောင်ထားတယ်လို့ နယ်ခံအပေါင်းကယုံကြည်ထားကြပါတယ် သဘာဝဘေးအန္တရာယ်ကပ်ဆိုးနဲ့ ကြုံရတိုင်း နဂါးဘုရင်ကိုပူဇော်ပသဖို့ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကို ဆက်သကာရေတွင်းထဲ ပစ်ချရတဲ့ ရိုးရာဓလေ့လည်း မယုံနိုင်ဖွယ်ရှိနေခဲ့ပါတယ်အဲလိုမျိုးယဇ်ပူဇော်တာကို လက်မခံနိုင်တဲ့ အရာရှိသစ်ကျွမ်းယန်နဲ့ သူ့နောက်လိုက်အပေါင်းအပါတွေက အမှန်တရားကို ရှာဖွေဖို့ကြိုးစားချိန်မှာ တစ်ယောက်ပြီးတစ်ယောက် အရေပြားပေါ် နဂါးကြေးခွံတွေပေါ်လာပြီး ထူးဆန်းစွာသေဆုံးကုန်ကြတဲ့အခါမှာတော့... အလောင်းစစ်ဆေးသူစုန့်စစ်က ဒီအမှုကိုစုံစမ်းဖို့ အကြောင်းဖန်လာပါတော့တယ်အယူသည်းလွန်းတဲ့နယ်ခံပြည်သူတွေကြားမှာ စုန့်စစ်တစ်ယောက် အလောင်းတွေကိုခွဲစိတ်ကာ သေဆုံးသူကိုမေးမြန်းပြီး သဘာဝလွန်အမှုကြီးကို သိပ္ပံနည်းကျကျဘယ်လိုစစ်ဆေးသွားမှာလဲဆိုတာ အခုပဲစိတ်ဝင်စားဖွယ် ကြည့်လို့ရပါပြီဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Adventure, Crime, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Song Ci (2022)

Cleopatra (1963) 7.0
Cleopatra (1963) CLEOPATRA (1963)Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra ...
movie

Cleopatra (1963)

1963
1080p HEVC
The Throne(2015) 7.1
The Throne(2015) 2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie

The Throne(2015)

2015
Marakkar: Lion of the Arabian Sea (2021) 6.8
Marakkar: Lion of the Arabian Sea (2021) ဒီတစ်ခေါက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ဒဏ္ဏရီလာသူရဲကောင်းKunjali Marakkar IV ရဲ့ အိန္ဒိယနဲ့ပေါ်တူဂီကြား စစ်ပွဲ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်IMDB Rating 6.8 နဲ့ Facebook Rating 4.6/5 တောင်ရထားပြီးတော့ကုဋေပေါင်း 80-100ထိ အကုန်ကျခံရိုက်ကူးထားတဲ့အပြင် ရုံတင်ပြီး၁၀ရက်အတွင်းကို ကုဋေ ၅၀ လောက်ထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပေါ်တူဂီနယ်ချဲ့တွေကို မျိုးရိုးစဥ်ဆက်လိုက်ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ Kunjali Marakkar မိသားစုဟာအနိုင်ရရှိမှုနောက်ကွယ်မှာ သားဖြစ်သူကို စတေးခဲ့ရတာတွေရှိပါတယ်သားဖြစ်သူရဲ့သွေးအိုင်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်မှာ သာမန်ကုန်သည်ဘဝအဖြစ်သာနေထိုင်ကြပေမယ့်လည်း ပေါ်တူဂီဆိုရင်ဘယ်လောက်ပေးပေးပစ္စည်းမရောင်း အခြားနိုင်ငံကိုသာစိုက်ပျိုးတဲ့ပစ္စည်းရောင်းချတဲ့အထိ စိတ်ဓာတ်ခိုင်မာတဲ့မာရတ်ကာမိသားစု မနာလိုသူတွေမနှစ်သက်သူတွေနဲ့တွေ့ချိန်မှာဘာတွေဆက်ဖြစ်မှာလဲကျူးကျော်သူတွေကိုရော တိုက်ထုတ်နိုင်မှာလား ဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ တော်လှန်ရေးအတွက် မိုတီဗိတ်လုပ်တဲ့စကားတွေက တကယ်ကိုပြောင်မြောက်လွန်းလှပါတယ်။ဇာတ်အိမ်နဲ့ခေတ်ဟောင်းကားကြိုက်တဲ့သူတွေကျေနပ်ရမှာအမှန်ပါပဲအညွှန်းကိုတော့ Lwin Htoo Aung ရေးသားထားပြီးတော့Lwin htoo aung, honeyey,Shwe Pyae နှင့် Thet Hnin Hsu တို့မှဘာသာပြန်ဆိုထားပါတယ် File size…748MB  / 1.37GB / 3.3GB Quality…720p HEVC ...
movie

Marakkar: Lion of the Arabian Sea (2021)

2021
1080p HEVC