Channel Myanmar

Horror

Johnny Z (2023)
Johnny Z (2023)  ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ...
movie

Johnny Z (2023)

After.Life (2009)
After.Life (2009) အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်‌တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

After.Life (2009)

Paper Bride ( 2023 ) 5.9
Paper Bride ( 2023 ) မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Paper Bride ( 2023 )

Carriers (2009)
Carriers (2009)  ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie

Carriers (2009)

Horror in the High Desert (2021) 5.4
Horror in the High Desert (2021) Horror in the High Desert (2021)Documentary အမျိုးအစားကို နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ 2021 ထွက် Horror Documentary တစ်ကားဖြစ်ပါတယ်။ Gary Hinges ဆိုတဲ့ တောင်တက်သမား YouTuber တစ်ယောက် ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်ပုံစံကိုရိုက်ကူးထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအစမှာဆိုရင် ဂယ်ရီ စတင်ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အစပျိုးထားပါတယ်။ဂယ်ရီက နီဗာဒါပြည်နယ်ရဲ့ မြို့သေးသေးလေး ရုသ်မှာ နေထိုင်တဲ့ လူငယ်တောင်တက်သမားတစ်ယောက် ဖြစ်ပြီးတော့ ရထားပုံစံငယ်တွေ လုပ်ရတာနဲ့ တောထဲမှာ စွန့်စားသွားလာပြီး အသက်ရှင်နေထိုင်ရတဲ့ Survivalist ဘဝကို တော်တော်လေး နှစ်သက်ပါတယ်။ သူ့မှာ နာမည်ရင်းနဲ့မဟုတ်ဘဲ ဖွင့်ထားတဲ့ YouTube Channel တစ်ခုရှိပြီးတော့ Survival နဲ့ပတ်သက်တဲ့ Tips တွေကို Video ရိုက်ကာ မျှဝေလေ့ရှိပါတယ်။တစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုကို ထိတ်လန့်ဖွယ်ရာ ကြုံတွေ့လာရပြီးတော့ အဲဒီအကြောင်းကို ...
movie

Horror in the High Desert (2021)

2021
Onyx the Fortuitous and the Talisman of Souls (2023) 6.4
Onyx the Fortuitous and the Talisman of Souls (2023) Onyx the Fortuitous and the Talisman of Souls (2023)~ IMDb - 6.4/10, Rotten Tomatoes - 64% ~အခုနှစ်စပိုင်းလေးမှ ထွက်လာတဲ့ကားလေးပါ။ Comedy Horror အမျိုးအစားဆိုတော့ စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ကားလေးပါပဲ။အော့နစ်ကတော့ Fast Food ဆိုင် မိ့(တ်)လုဖ်မှာ အလုပ်လုပ်ပြီး ဒီအသက်အရွယ်အထိ အပေါင်းအသင်းမရှိတဲ့အပြင် အမေ့အိမ်မှာကပ်နေရတဲ့ လူပျိုရည်မပျက်သေးတဲ့အရှုံးသမားလို့ပြောလို့ရတဲ့သူမျိုးပါ။ သူ့ရဲ့ Idol ကလည်း ဘားတော့ဆိုတဲ့ အောက်လမ်းဆရာလို မှော်ဆရာလိုလိုလူပါတဲ့။ တစ်ရက်တော့ ဘားတော့က မသေမျိုးဘ၀ကိုရဖို့ နတ်ဆိုးအစီအရင်လုပ်ဖို့အတွက် နောက်လိုက်ငါးယောက်ရွေးတော့ အော့နစ်ပါသွားပြီး ဘားတော့ရဲ့စံအိမ်ကိုရောက်သွားပါတယ်။‌ဒါပေမဲ့ ဘားတော့ရဲ့အစီအရင်က ထင်သလောက်မရိုးရှင်းတဲ့အခါ အော့နစ်နဲ့ သူ့အပေါင်းအပါတစ်သိုက် အစီအရင်အကြောင်းစုံစမ်းပုံတွေကို ဟာသပေါင်းများစွာနဲ့တကွ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, ...
movie

Onyx the Fortuitous and the Talisman of Souls (2023)

2023
Meet The Evil Spirits ( 2023 ) 5.8
Meet The Evil Spirits ( 2023 ) CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့......အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား...... အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

Meet The Evil Spirits ( 2023 )

Impuratus (2022)
Impuratus (2022)   အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar ...
movie

Impuratus (2022)

The Forbidden Door (2009) 6.6
The Forbidden Door (2009)  IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်....   File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie

The Forbidden Door (2009)

Sometimes They Come Back (1991) 5.7
Sometimes They Come Back (1991) Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Sometimes They Come Back (1991)

1991
HORROR MATE (2023)
HORROR MATE (2023) Horror Mate (2023)ဒီတစ်ခေါက်ကို သည်းထိတ်ရင်ဖို ကျောင်းသားဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ်သူငယ်ချင်းသုံးယောက်က အတူတူ ဂိမ်းတီထွင်ခဲ့ပြီးတော့ ဆုတွေလည်းရခဲ့ပါတယ်... ဒါပေမဲ့ သူတို့တီထွင်တဲ့ဂိမ်းက သည်းထိတ်ရင်ဖို ဂိမ်းဖြစ်ပြီးတော့ ကျော်ဖြတ်ရမယ့်အဆင့်တွေလည်း တစ်ခုနဲ့တစ်ခု မတူပါဘူးအဲလိုနဲ့တစ်နေ့မှာ အပြင်လက်တွေ့မှာပါ အဲဒီဂိမ်းကို ကိုယ်တိုင်ဆော့ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့ ကိုယ်တိုင်တီထွင်ထားတဲ့ ဂိမ်းကို ဘယ်လိုဖြေရှင်းမလဲလက်တွေ့မှာပါ ဂိမ်းကိုဖြေရှင်းရမှာဖြစ်တဲ့အတွက် သူငယ်ချင်းသုံးယောက် ဘယ်လိုတွေတိုင်ပင်ပြီး ဒီဂိမ်းကိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 450MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

HORROR MATE (2023)

2023
Hell House LLC II: The Abaddon Hotel (2018) 5.3
Hell House LLC II: The Abaddon Hotel (2018) Hell House LLC II: The Abaddon Hotel (2018)ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု... ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။သူတို့ရဲ့ အငြင်းအခုံတွေ ...
movie

Hell House LLC II: The Abaddon Hotel (2018)

2018
(18+) Debbie Does Demons (2023)
(18+) Debbie Does Demons (2023)   အီးဂဲလ်တစ်သိုက် သရဲခေါ်ဂိမ်းကစားပြီး ရင်သားကြီးကြီး စုန်းမကြီးကို ဆင့်ခေါ်မိတဲ့အခါ???ဒီဇာတ်ကားလေးမှာတော့ လော်ရန်ဆိုတဲ့ကောင်မလေးဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုတင်ဆက်တဲ့ ဒက်ဘီနှင့်နတ်ဆိုးများဆိုတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းတွေနဲ့ သရဲခေါ်ဘုတ်ပြားကို အသုံးပြုပြီး လွန်ခဲ့တဲ့နှစ်သုံးရာက အထန်စုန်းမကြီးကို ဆင့်ခေါ်မိသွားပါတော့တယ်။ဒီစုန်းမက သူ့သူငယ်ချင်းတွေကို ပြုစားလိုက်ပြီး ဆိုးသွမ်းလာတဲ့အခါ လော်ရန်တစ်ယောက် သူဆင့်ခေါ်မိတဲ့အထန်စုန်းမကြီးကို ဘယ်လိုပြန်ပို့မလဲဆိုတာကို ရင်ဖိုလိုက်မောစွာ ကြည့်ရမှာဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(1.3 GB)/(745 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:14:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Mutu
movie

(18+) Debbie Does Demons (2023)

The Abode (2023) 4.0
The Abode (2023) The Abode (2023) ==============ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက အမေရိကန်လူမျိုး နယ်သစ်ချဲ့ထွင်သူ ပင်လယ်ဓားပြခေါင်းဆောင်က မြို့တစ်မြို့ကိုသိမ်း ပြီး အဲဒီကမြို့သား အိန္ဒိယန်လူမျိုးတွေအကုန်လုံးကို သတ်ပစ်ရာက နေစတာပါပဲ။ အဲဒီအချိန်တုန်းက ပင်လယ်ဓားပြ ရဒ်ဘတ်ရဲ့အိမ်ဖော် လာရာက အိန္ဒိယန်လူမျိုး တလာကိုကို သူ့သခင် မသိအောင် ကယ်တင် လိုက်ပါတယ်။နောက်ပိုင်းမှာ လာရာနဲ့ တလာကိုတို့ အချင်းချင်းချစ်သွားကြချိန် ရဒ် ဘတ်ကမိပြီး တလာကိုကို သတ်လိုက်ပါတယ်။ ဒီလိုနဲ့ အခုခေတ်ကို ရောက်လာတော့ လာရာက ရဒ်ဘတ်ရဲ့သမီးအဖြစ် လူပြန်ဝင်စားပြီး သူ့အဖေကိုမုန်းနေတော့တာပါပဲ။ နောက်တော့ အိန္ဒိယန်လူမျိုးတွေ အသတ်ခံရတဲ့မြို့ကို လာရာ သူ့သူငယ်ချင်းတွေနဲ့ တလာကိုအကြောင်း စုံစမ်းဖို့သွားပြီး ရဒ်ဘတ်အပါအဝင် လူတွေအများကြီးသေခဲ့တဲ့ သရဲ ခြောက်လို့နာမည်ကြီးတဲ့အိမ်မှာ တည်းကြပါတယ်။ ဒီလိုနဲ့ သရဲကား ထုံးစံအတိုင်း အိမ်ကြီးထဲ ဘယ်လိုတွေအခြောက်ခံရမလဲဆိုတာကို ခြောက်ခြားစွာ ကြည့်ရှုနိုင်မယ့် လူဝင်စားတာနဲ့ပတ်သက်တဲ့ သရဲကား တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / (616 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Thwal Htoo ...
movie

The Abode (2023)

2023
REC 2. (2009 ) 7.0

REC 2. (2009 )

REC . 2007 7.4
REC . 2007  အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

REC . 2007

Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993
Zombie Town (2023) 4.2
Zombie Town (2023) Zombie Town (2023) ================ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း - ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ...
movie

Zombie Town (2023)

2023
Cabin Fever (2002)
Cabin Fever (2002)  ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ်ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Cabin Fever (2002)

Tales Of The Seven Orders ( 2023 ) 5.7
Tales Of The Seven Orders ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကို လူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက် ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီး အသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇ ခုထဲက တစ်ခုကို ရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။ ရွှေတံဆိပ် ၇ ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီး အဲ့အခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲ့အချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား...... လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား...... ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , ...
movie

Tales Of The Seven Orders ( 2023 )