Channel Myanmar

Horror

Perpetrator (2023)
Perpetrator (2023)  ဘဝတစ်လျောက်လုံး ဖခင်နှင့်ကြီးပြင်းလာရတဲ့ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးတစ်ဦးဟာ ၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ ဖခင်၏စေလွှတ်မှုကြောင့် အဒေါ်တော်စပ်သူရဲ့ အိမ်ကိုပြောင်း၍နေထိုင်ရပါတော့တယ်။ကျောင်းသစ် အိမ်သစ်နှင့် နေသားကျဖို့ကြိုးစားနေချိန်မှာပဲ ဂျွန်နီတို့ကျောင်းမှ ကျောင်းသူလေးများတစ်ယောက်ပြီးတစ်ယောက် စတင်ပျောက်ဆုံးလာပါတော့တယ်။ ဂျွန်နီတစ်ယောက်ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေကို တစ်စတစ်စ စတင်ခံစားလာရပါတော့တယ်။ ကျောင်းသူလေးတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ၊ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးရဲ့ သရုပ်မှန်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Perpetrator (2023)

Terrified (2017) 6.5
Terrified (2017) ဒီကားလေးကတော့ စပိန် horror ကားလေးဖြစ်ပြီးတော့horror ချစ်သူတွေ‌‌တော်တော်အကြိုက်တွေ့စေမှာပါ။စပိန်ကားတစ်ကားအနေနဲ့ IMDB 6.5 တောင်ရထားလို့ ခေတော့မခေဘူးဗျ။ဇာတ်လမ်း ဇာတ်အိမ်ကလဲစိတ်ဝင်စားဖို့ကောင်းသလိုကြောက်ဖို့လဲတော်တော်ကောင်းပါတယ်။ ဇာတ်လမ်းကသာမာန်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတဲ့ရပ်ကွက်တစ်ခုကိုသဘာဝလွန်ဖြစ်ရပ်တွေကိုအဓိကထားပြီးလေ့လာတဲ့ဒေါက်တာတစ်ဦးရယ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရဲအရာရှိတစ်ယောက်အတူတူစုံစမ်းစစ်ဆေးရင်းနဲ့ ဘာဖြစ်လို့ ဒီရပ်ကွက်မှာ ဒီလိုတွေဖြစ်နေရတာလဲ ဘာတွေကြုံတွေ့ရအုံးမလဲဆိုတာကို စောင်ကိုက်ရင်းစိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုတွေ၊ Jump scare တွေအများကြီးပါလို့ကလေးသူငယ်များနဲ့အသဲငယ်တတ်သူများမကြည့်‌ရင်ကောင်းပါတယ်ဗျ (ကျွန်တော်တော့ဘာသာပြန်ပြီး တစ်ညလောက်အိပ်မပျော်ဘူးဖြစ်သွားတယ်)။ဘာပဲဖြစ်ဖြစ်ပါ horror တွေ slasher တွေကြိုက်တတ်ရင် လက်မလွှတ်သင့်တဲ့ကားမျိုးဖြစ်လို့ မြည်းစမ်းကြည့်ကြပါလို့ပဲ ‌အကြံပေးချင်ပါတယ်ခင်ဗျာ။ File size…  1.34 GB /  473 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Terrified (2017)

2017
Three Blind Mice (2023)
Three Blind Mice (2023)  သွေးသံရဲရဲနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာတွေပါတဲ့ Horror thriller ကြိုက်တတ်တဲ့သူတွေအတွက် Three Blind Mice ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အာဘီဂိုင်းလ်ဆိုတဲ့ကောင်မလေးဟာ မူးယစ်ဆေးစွဲနေတာကြောင့် ကောလိပ်ကနေအိမ်ပြန်ပို့ခံလိုက်ရပါတယ် အဲ့ဒါကြောင့် သူမိဘတွေဟာ သူတို့သမီးလေးဆေးပြတ်ဖို့ကို တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ရဲ့အကြံပြုချက်အရ မြို့နဲ့ဝေးရာ သစ်တောအုပ်ထဲက အိမ်လေးမှာခေတ္တသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ် အာဘီဂိုင်းလ်ရယ် သူ့မိဘတွေရယ် အာဘီဂိုင်းလ်ရဲ့အစ်ကိုရယ် နောက်သူ့သူငယ်ချင်းတစ်ယောက်ရယ် လိုက်သွားကြပါတယ်အဲဒီတောအုပ်ထဲမှာ ဘယ်လိုသတ္တဝါတွေကစောင့်ကြိုနေမလဲ သူတို့ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ လူကို ရက်ရက်စက်နှိပ်စက်ပြီး သွေးထွက်သံယိုရိုက်ကွက်တွေအများကြီးပါတာကြောင့် အစာစားရင်းမကြည့်ဖို့တော့အကြံပြုလိုပါတယ် File size…(1.2 GB)/(529 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Rubyjane
movie

Three Blind Mice (2023)

Don’t Look Away (2023)
Don’t Look Away (2023)  တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး..... ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါဇာတ်လမ်းအကျဉ်းကတော့..... ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး............ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်‌ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလို့လား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး....သူတို့သူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလို့ရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ File size…(985 MB)/(470 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Don’t Look Away (2023)

Maid Droid (2023)
Maid Droid (2023)  ဂေါင်းကြီးတို့သာ လူသားနဲ့တစ်ပုံစံတည်းတူတဲ့ အိမ်ဖော်စက်ရုပ်မလေးကို အချိန်ပိုင်းနဲ့ငှားပြီး ကိုယ်ကြိုက်တာလုပ်ခွင့်ရမယ် ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအတိုင်း ငှားလို့ရမယ် ငှားကြမလား???ဟုတ်ပါတယ် ဒီဇာတ်ကားက အပေါ်မှာပြောထားသလိုပါပဲ ရန်ဒယ်ကုမ္မဏီဟာ လူသားနဲ့တစ်ပုံစံတည်း ထပ်တူညီတဲ့ ခံစားချက်ရှိတဲ့ လုပ်ဆောင်မှုစနစ်တွေ ပါဝင်တဲ့ အိမ်ဖော်စက်ရုပ်မလေးတွေကို အမျိုးသားတွေအတွက် အချိန်ပိုင်းအလိုက် ငွေကြေးတတ်နိုင်မှုအလိုက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ကျော်ကတော့ ဟယ်ရီဆန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပါ။ သူဟာ သူ့ထက်အသက်ထက်ဝက်ခန့်ငယ်တဲ့သူ့ကောင်မလေးက သူ့ကို ထားခဲ့တဲ့အတွက် ကြေကွဲလူငယ်လေးဖြစ်နေပြီး ဘားမှာသူ့သူငယ်ချင်းနဲ့ ထိုင်သောက်နေချိန်မှာ သူ့သူငယ်ချင်းက ဒီကုမ္ပဏီကို မိတ်ဆက်ပေးပြီး အိမ်ဖော်စက်ရုပ်မလေးတွေ ငှားလို့ရကြောင်း လမ်းညွန်လိုက်ပါတယ်။ဒီလိုနဲ့ သူဟာ ပထမဆုံးတစ်ကြိမ် လေးနာရီစာဆက်ရှင် စမ်းယူကြည့်ပြီး သဘောကျတဲ့အတွက် ဆက်ငှားဖြစ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကောင်မလေးက သူနဲ့ဇာတ်လမ်းပြန်ဆက်ချင်တယ်ဆိုပြီး ပြန်ဆက်သွယ်လာတဲ့အတွက် သူဟာ စက်ရုပ်မလေးကို ကုမ္ပဏီပြန်အပ်ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာ လူသားခံစားချက်တွေကိန်းအောင်းနေတဲ့ စက်ရုပ်မလေးကို မပြန်ချင်တဲ့အတွက် တစ်ခုခုကြံစည်ပါတော့တယ်။ ဒီလောက်ဆို ...
movie

Maid Droid (2023)

What the Waters Left Behind: Scars (2022) 5.3
What the Waters Left Behind: Scars (2022) What the Waters Left Behind: Scars (2022)မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 695MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 25Min Genre ...
movie

What the Waters Left Behind: Scars (2022)

2022
Chandramukhi 2 (2023)
Chandramukhi 2 (2023) Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie

Chandramukhi 2 (2023)

2023
They Wait in the Dark (2022)
They Wait in the Dark (2022)  ဇာတ်လမ်းအစပိုင်းမှာ အေမီဟာ သူ့သားကိုခေါ်ပြီး မွေးရပ်မြေကသူ့မိဘတွေအမွေထားခဲ့တဲ့ အိမ်ကိုပြန်လာနေတယ်။အိမ်ပြန်လမ်းတစ်လျှောက်မှာ ရှိစုမဲ့စုပိုက်ဆံကိုချွေတာသုံးရင်းနဲ့သူနေထိုင်ခဲ့ရတာမြို့လေးဆီကိုရောက်လာခဲ့တယ်။ မြို့ကိုရောက်တော့သားအမိနှစ်ယောက်က ကောက်ဖီဆိုင်တစ်ဆိုင်မှာဗိုက်ဖြည့်ဝင်လိုက်ကြတယ်။ကော်ဖီဆိုင်မှာနှစ်ပေါင်းများစွာ အဆက်အသွယပြတ်ခဲ့တဲ့ ငယ်သူငယ်ချင်းဂျန်နီနဲ့တွေ့တယ်။ နောက်တော့ ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့ ဂျန်နီကအေမီတို့သားအမိကို အိမ်ပြန်လိုက်ပို့လိုက်ပြီးတော့ မကြာခဏလာကြည့်မယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်။ အေမီတို့အမွေရထားတဲ့အိမ်ဟာ လူသူမနေတာကြာပြီဖြစ်တဲ့အတွက် ဆယ်ကျော်အရွယ်တွေပေါက်ကရလုပ်တဲ့ နေရာကောင်းတစ်ခုဖြစ်နေတော့ ရှုပ်ပွနေတဲ့အိမ်ကို အစအဆုံးသန့်ရှင်းစလုပ်ကြတယ်။ ဒီလိုနဲ့အိမ်‌ကိုရောက်ပြီးသိပ်ကြာခင်မှာ ထူးထူးဆန်းဆန်းတွေစဖြစ်တဲ့အခါမှာတော့......... File size…873MB / 402MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ….. Dama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

They Wait in the Dark (2022)

Outpost (2022)
Outpost (2022)  စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကိုအမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကိုအကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်ကသစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့်တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေများစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစားကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Outpost (2022)

Dear David (2023)
Dear David (2023)  Horror ကားချစ်သူတွေအတွက် Dear David ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒေးဗစ်ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating က 4 ပဲရှိပေမဲ့ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာငယ်ငယ်လေးကတည်းက ကွန်ပြူတာတစ်လုံးနဲ့လိုင်းပေါ်မှာ အချိန်ကုန်နေတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကွန်ပြူတာအရမ်းသုံးလွန်းလို့သူ့မိဘတွေကပါသူ့အတွက် စိတ်ပူနေရပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ အဲ့ဒီကိစ္စနဲ့ပဲသူတို့မိသားစုမှာအဖြစ်ဆိုးတွေဖြစ်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့နောက်မှာတော့ အက်ဒမ်ဆိုတဲ့လိုင်းပေါ်မှာသတင်းတွေ အကြောင်းအရာတွေတင်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့အကောင့်ကို Dear David ဆိုတဲ့နာမည်နဲ့လာAdd ခဲ့ပါတယ်။သူ့ကိုမေးချင်တာမေးလို့ရပြီး မေးခွန်းနှစ်ခုထက်ပိုပြီး သုံးခုမမေးဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း အက်ဒမ်ရဲ့ဘဝပြောင်းလဲသွားပြီးသရဲခြောက်တာတွေခံလာရပါတယ်။စိတ်တွေလည်း ကယောင်ခြောက်ခြားဖြစ်လာခဲ့ပြီး အလုပ်တွေပါပျက်လာပါတော့တယ်။အဲ့ဒီ Dear David ဆိုတဲ့အကောင့်ကတကယ်တမ်းဘယ်သူလဲမေးခွန်းသုံးခုမေးရင်ကောဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB / 457MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dear David (2023)

The Preacher (2022) 5.5
The Preacher (2022) The Preacher (2022)ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို "အံ့ဖွယ်" လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့ "ကောင်းချီး" ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။~ဇာတ်လမ်းအကျဉ်း ~အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း "လောဘဟူသည်အဆုံးမရှိ" ...
movie

The Preacher (2022)

2022
Sleepy Hollow (1999) 7.3
Sleepy Hollow (1999) IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie

Sleepy Hollow (1999)

4K HEVCHDR
SLEEP (2023) 7
SLEEP (2023) Sleep (2023)Korea Box Office မှာ No.1 ရခဲ့တဲ့ Thriller Horror ဇာတ်လမ်းကောင်းကောင်းလေး လာပါပြီနော်အိပ်ပျော်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်တာတို့ စကားပြောတာတို့က တချို့တွေမှာဖြစ်တတ်ကြပါတယ် ဒါပေမဲ့ ဟျွန်းဆူကတော့ အိပ်တဲ့အချိန် ပိုဆိုးတဲ့အပြုအမူတွေ လုပ်လာပါတယ်အိမ်ထောင်ဦး သာသာယာယာဖြစ်ရမယ့်အချိန်မှာ အိပ်ရင်းနဲ့ ဆိုးဆိုးဝါးဝါးတွေ ပြုမူတတ်တဲ့ ခင်ပွန်းဖြစ်တဲ့သူကြောင့် တစ်မျိုးမဟုတ် တစ်မျိုး စိတ်သောကရောက်နေရတော့ ဆူဂျင်းလည်း အမျိုးမျိုးကြံရပါတော့တယ်နောက်ဆုံးတော့ ဒီအိပ်ရင်းယောင်တတ်တဲ့အကျင့်ကို ကုသနိုင်တဲ့နည်းလမ်းတွေ့မလား ဘယ်လိုမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။https://t.me/+koLnUQ4A0JgzODE1Genre..... Crime, Thriller Quality….  1080p | 720p File size…1.17GB | 548MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz & Hmwe Encoder ..... Aaron
movie

SLEEP (2023)

2023
Broil (2020)
Broil (2020) ၂၀၂၀ ခုနှစ်ထဲ ထွက်ထားတဲ့ Fantasy, Horror, Thriller အမျိုးအစားထဲ ပါတဲ့ဒီဇာတ်ကားလေးက လူတကာက လက်ခံထားတဲ့ ထူးဆန်းလွန်းတဲ့စင်ကလဲမိသားစုရဲ့ အကြောင်းအရာဆိုတာထက် မိသားစုတွင်း ပြဿနာတွေကြား ကြားညှပ်မိသလိုလိုဖြစ်သွားတဲ့ ဇာတ်ကောင်တချို့ ၊ ပြီးတော့ မမျှော်လင့်ထားတဲ့လှည့်ကွက်လိုမျိုးတွေနဲ့ မထင်မှတ်နိုင်လောက်တဲ့ ရာဇဝင်တွေ၊မှော်ဆန်ဆန် အဖြစ်အပျက်တွေကိုအချိတ်အဆက်မိအောင်လည်း ပြထားတယ်။အော်ဂလီဆန်စရာ အဖြစ်လေးတချို့ပါပေမယ့် သွေးထွက်သံယိုအခန်းတွေပါတာမျိုးလည်း မဟုတ်ပြန်ဘူး။အဲ့ဒါကိုက ထူးဆန်းနေတာမျိုးဆိုတော့ ထူးဆန်းတာတွေသဘောကျတတ်တဲ့သူတွေအနေနဲ့ အမြန်သာဒေါင်းပြီး ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…  994 MB /  489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Vowel
movie

Broil (2020)

2020
The Mean One (2022) 4.3
The Mean One (2022) The Mean One (2022) =================Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်း လူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ‌ရေးသားတဲ့ How the Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinch ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။ အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီး ထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh: Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။ Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေ တယ်တော့ ဆိုရပါမယ်။ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲ ဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက် အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်‌ပေးဖို့ လုပ်ပါတယ်။ ...
movie

The Mean One (2022)

2022
Bedevilled (2010) 7.3
Bedevilled (2010) ကားဟောင်းလေးဆိုပေမယ့် ရင်ထဲကို ထိစေမယ့် ရုပ်ရှင်လေးတစ်ပုဒ်ပါ။ဟယ်ဝန်းတစ်ယောက် ငယ်ငယ်ကအဖိုးနဲ့ကြီးပျင်းလာခဲ့တဲ့မွန်းဒုံကျွန်းကို အလည်သွားပါတယ်။ထူးဆန်းတာက ကျွန်းပေါ်မှာ ဖိုဝါဒကြီးစိုးနေတယ်လို့ ပြောနိုင်တဲ့ယောက်ျားလေးတွေကို အထူးနေရာပေးထားတာပါ။ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီးသမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လိုတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလိုကိုးကွယ်တဲ့ရွာမှာဘို့နမ်အတွက်တော့နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။ဒီလိုမျိုး နေရတဲ့ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကိုသမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်းဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကို လိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေ၊အယူသီးပြီး ယောက်ျားတွေကိုမှမြတ်တယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုးလ်ကိုသမီးလေးနဲ့ထွက်ပြေးဖို့လုပ်တုန်း ယောက်ျားက မိသွားတဲ့အခါ သူတို့ သားအမိရဲ့ ဘ၀လေး စတင်ပြီး ကံဆိုးမိုးမှောင်ကျတော့တာပါပဲ  File size…  2.66 GB /  1.26 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55 m Genre .....  Thriller Subtitle…. Myanmar Subtitle ...
movie

Bedevilled (2010)

2010
Jemputan Ke Neraka (2023) 7.7
Jemputan Ke Neraka (2023) Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။) File size…1.2GB / 514MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ Cherry~ Alex~ ToMo
movie

Jemputan Ke Neraka (2023)

2023
Sharktopus ( 2023 ) 5.8
Sharktopus ( 2023 ) တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Horror Runtime : 1h 20 ...
movie

Sharktopus ( 2023 )

The Thaw (2009)
The Thaw (2009) Horror/Sci-fi အမျိုးအစားကားလေးပါ.......ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ... အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်‌ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie

The Thaw (2009)

Herd (2023)
Herd (2023) Herd (2023)ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။~ ဇာတ်လမ်းအညွှန်း ~​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ...တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ...​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ... သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား... ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 845MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Action, Horror Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

Herd (2023)

2023