Channel Myanmar

Horror

The Untamed (2016) 6.1
The Untamed (2016)  ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horrorအမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။အိမ်​ထောင်​​​ရေးသုခ မပြည့်စုံတဲ့ လင်မယား၂​ယောက်၊ ခင်ပွန်းဖြစ်သူက ​​ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်​နေချိန် ဗာရိုနီကာလို့​ခေါ်တဲ့ မိန်းက​လေးတစ်​ယောက်က သူတို့ကြားကို ဝင်လာချိန်ကစပြီး ပြဿနာ​တွေမျိုးစုံ ဖြစ်လာပါ​တော့တယ်။ဗာရိုနီကာက ​တောတွင်းတစ်​နေရာက သစ်လုံးအိမ်ထဲမှာ ​နေသူဖြစ်ပြီး ထိုအိမ်ထဲမှာ​ လျှို့ဝှက်ချက်တစ်ခုရှိ​နေပါတယ်။ အစမှာ ​မောင်ဖြစ်သူ ​ဖေဘီယန်ကို ​အဲဒီကိုခေါ်သွားပြီး ကိုမာ​​ရောဂါရပြီး​ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို ​နောက်ပိုင်းမှာ အစ်မဖြစ်တဲ့အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကို​​ခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်​နေမလဲ။ ဘယ်လိုပြဿနာ​တွေကို ဇာတ်လိုက်မိသားစု​၃​​ယောက်ကြား ယူ​ဆောင်လာမလဲဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Untamed (2016)

Namo Bhoothathma 2 (2023) 8.4
Namo Bhoothathma 2 (2023) Namo Bhoothathma 2 (2023)IMDb-8.6/10နေရင်းထိုင်ရင်း စခွီထ ရယ်ချင်နေတတ်တဲ့သူတွေအတွက် Comedy - horror ဇာတ်ကားလေးတစ်ကားဇာတ်လမ်းအညွှန်းကတော့ တီဗီချန်နယ်တစ်ခုရှိတယ်ပေါ့ဗျာ အဲဒီချန်နယ်မှာ နာမည်ကြီးလူတစ်ယောက်ကို သွားအရူးလုပ်ကြတဲ့ (Prank ကြ fool ကြပေါ့) ဗီဒီယိုကပေါက်သွားရော အဲဒီလိုနဲ့ သူတို့ချန်နယ်ကြီးဒီထက်ပိုအောင်မြင်ရအောင် နာမည်ကြီးနေရာတစ်ခုမှာ လူတစ်ယောက်ကို သွား fool လုပ်ကြမယ်တဲ့ ဒါပေမဲ့.......သူများကို နောက်ပြောင်ပြီးချောက်ချမဲ့အချိန် သူတို့ပြန်ခံလိုက်ရတယ်ဆိုဘယ်လိုနေမယ်ထင်လဲ.. ပိုဆိုးတာက သူတို့ကိုပြန်အရူးလုပ်သူက လူမဟုတ်ဘဲသရဲဖြစ်နေလေရဲ့ ဆိုတော့က....သူများကိုသွားနောက်ပြီး ဟားကြမဲ့သူတွေ ပြန်အဟားခံလိုက်ရတဲ့အဖြစ်ကို ဟားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ BpL ~ YH ~ Aditi ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ် File size…2.7GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ BpL ~ YH ~ Aditi ~ ...
movie

Namo Bhoothathma 2 (2023)

2023
Talk to Me (2022) 7.4
Talk to Me (2022) Talk to Me (2022)~ IMDb - 7.4/10, Rotten Tomatoes - 95% ~ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ဒီ ရုပ်ရှင်ဟာ ...
movie

Talk to Me (2022)

2022
4K HEVC
Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Bloodstone: Subspecies II (1993) 5.9
Bloodstone: Subspecies II (1993)  ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့........ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, ...
movie

Bloodstone: Subspecies II (1993)

Birth/Rebirth (2023) 6.4
Birth/Rebirth (2023)  ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်အသက်ဆုံးရှုံးရတာကိုကြုံတွေ့ဖူးတဲ့ လူတွေအနည်းနဲ့အများရှိကြမှာပါ။အဲ့လိုသေဆုံးသွားရတဲ့ ကိုယ့်ရဲ့ချစ်ရသူကိုပြန်ခေါ်နိုင်မယ်အသက်ပြန်သွင်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပျော်ရပြီး အရာရာကိုစွန့်လွှတ်မဲ့လူတွေချည်းပါပဲ။ ဒီကားထဲမှာ စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်က အလုပ်ကိုမနားမနေလုပ်ပြီးသမီးလေးလီလာကို ပြုစုစောင့်ရှောက်နေရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့သမီးလေးကအဖျားတွေတက်နေပြီး အလုပ်ကလဲ မသွားလို့မဖြစ်တဲ့အတွက် အိမ်နီးချင်းဆီမှာ အပ်ထားခဲ့ပြီးအလုပ်သွားခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူအလုပ်ရောက်တဲ့အခါမှာ ဖုန်းကပျက်သွားပါတော့တယ်။အလုပ်ဆင်းတဲ့အချိန်မှာ သိလိုက်ရတာက သူ့သမီးလေးက ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပြီးဆုံးပါးသွားပြီဆိုတာပါပဲ။ ဒီလိုနဲ့ သမီးရဲ့နောက်ဆုံးအချိန်မှာ ဘေးနားမှာမရှိပေးနိုင်တဲ့ စီလီတစ်ယောက်လဲ ယူကျုံးမရတွေဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအပြင်ကိုမှသူ့သမီးအလောင်းကို ထုတ်ဖို့အတွက် ရင်ခွဲရုံကိုသွားပြန်တော့လဲ သမီးဖြစ်သူရဲ့အလောင်းကပျောက်ဆုံးနေပါတယ်။ ဒီလိုနဲ့ စီလီတစ်ယောက်လဲ ဆပ်ပြာသည်လင်ပျောက်သလိုဖြစ်ပြီး ရင်ခွဲရုံမှာတာဝန်ကျပြီး သူ့သမီးရဲ့အလောင်းကိုကိုင်တွယ်ပေးခဲ့တဲ့ရို့စ်ကို သွားမေးကြည့်တော့ မသင်္ကာစရာကောင်းတာနဲ့ရို့စ်ရဲ့အိမ်ကို လိုက်သွားခဲ့တဲ့အချိန်မှာ သူ့သမီးအသက်ဆက်ရှင်နေသေးတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမယ့် အဲ့လိုအသက်ဆက်ရှင်နေတာက ရိုးရိုးတန်းတန်းအသက်ရှင်နေတာမဟုတ်ပါဘူး။ ရို့စ်ကလဲလီလာကို အသက်ဆက်ရှင်နေအောင်ဘယ်လိုတွေလုပ်ထားတာလဲ ဘာလို့အသက်ဆက်ရှင်နေအောင်လုပ်ထားတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.2GB / 486MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Birth/Rebirth (2023)

Killer Book Club (2023)
Killer Book Club (2023)   ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကိုမျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်ကသေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆလူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီးတစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက်ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖို့အတွက်ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင်ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီသွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို့ ညွှန်းဆိုလိုက်ရင်း.... File size…1.13GB / 500MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung
movie

Killer Book Club (2023)

Subspecies (1991)
Subspecies (1991)  ဒီတစ်ခါ ပရိသတ်ကြီးကို ၁၉၉၁ခုနှစ်ကထွက်ထားတဲ့ Subspecies: The.Awakening ကားလေး တင်ဆက်ပေးလိုက်ပါတယ်ရုပ်ရှင် ၅ကားမှာ ပထမဆုံးထွက်ရှိထားတဲ့ကားဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ထားဖြစ်တဲ့အတွက် ဒီဘက်ခေတ်အမြင်နဲ့တော့ ယှဉ်မကြည့်ဖို့ အရင်တောင်းဆိုပါရစေ။ ဇာတ်လမ်းလေးကတော့ မီရှဲလ် နဲ့ မာရာ တို့ သူငယ်ချင်းနှစ်ယောက်က ရိုးရာဓလေ့ဘာသာရပ်သုတေသနလုပ်ဖို့အတွက် သူတို့သူငယ်ချင်း လီလီယန် ရှိရာ မြို့လေးကို ရောက်ရှိသွားပါတယ်။ သူတို့နေမဲ့ ရွာနားလေးမှာ ဟိုတယ်တစ်လုံးမှ မရှိတာနဲ့ အနီးနားက သမိုင်းဝင် ခံတပ်ကြီးမှာ သွားတည်းလိုက်ကြရတာပါ။ အဲဒီမှာပဲ သူတို့တွေ ရှေးရိုးဓလေ့တွေကို လေ့လာရင်းနဲ့ ထူးဆန်းတဲ့ ဗလက်ဒီဆလက် ခံတပ်ကြီးကို သတိထားမိသွားကြတာပါ။ထူးဆန်းတယ်ဆိုတာက အဲဒီခံတပ်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်နေပြီး အရမ်းခန့်ညားနေလျက်ရဲ့ ဘယ်ဘာသာ ဘယ်စာပေမှာမှ အဲဒီခံတပ်ကြီးအကြောင်းထည့်မရေးထားတာပါပဲ။ အဲဒါနဲ့ သူတို့ကလည်း သိချင်စိတ်အရမ်းပြင်းပြတာနဲ့ သုတေသနလုပ်ရင်း ဘာတွေရှာတွေ့သွားမလဲ လူတွေက ဘာလို့ အဲဒီရဲတိုက်အကြောင်းဘာမှမပြောတာလဲ သိသွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားကြပါဦးလို့.......File ...
movie

Subspecies (1991)

White Noise 2: The Light (2007) 5.7
White Noise 2: The Light (2007) အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။File size…(1.6 GB)/(811 MB) Quality….Webrip 1080p / ...
movie

White Noise 2: The Light (2007)

Dukun (2018) 6.6
Dukun (2018) Dukun (2018)2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် "ငါဘယ်တော့မှမသေဘူး" လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ...
movie

Dukun (2018)

2018
The Innkeepers (2011) 5.5
The Innkeepers (2011)  ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့...။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါFile size…(1.3 GB)/(621 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Innkeepers (2011)

The Haunted Drum (2007) 5.2
The Haunted Drum (2007) The Haunted Drum (2007)ငယ်ငယ်က တော်တော်နာမည်ကြီးခဲ့တဲ့ The Haunted Drum ဆိုတဲ့ ထိုင်းသရဲကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ အရမ်းစည်းကမ်းတင်းကြပ်ပြီး အဖွဲ့သားတွေကို အလိုမလိုက်တတ်တဲ့ ဆိုင်းဆရာကြီး Doung ရဲ့ ဆိုင်းဝိုင်းမှာ ပညာသင်ဖို့အတွက် ဂီတမှာ ပါရမီပါတဲ့ Ping ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဆိုင်းဝိုင်းမှာ အဖွဲ့သားအားလုံး အဖွဲ့အပေါ် သစ္စာမဖောက်ပါဘူးဆိုတဲ့ ကတိတစ်ခုကို သစ္စာဆိုရပြီးတော့ သစ္စာဖောက်ဖျက်မိရင် ဆိုင်းဝိုင်းအိမ်မှာရှိတဲ့ ဗုံကိုစောင့်ကြပ်တဲ့ သရဲက အပြစ်ပေးတတ်တယ်ဆိုပြီး တီးတိုးကောလဟာလတွေလည်း ရှိပါတယ်။ အဲဒီသရဲက ဆိုင်းဝိုင်းကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကြောင့် အဲဒီဗုံကို လိုချင်နေတဲ့ တခြားဆိုင်းဝိုင်းပိုင်ရှင် Muam က ဆိုင်းဝိုင်းကလူတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ဗုံကိုရယူဖို့ နည်းလမ်းမျိုးစုံ သုံးလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ ပြီးတော့ ဆိုင်းဝိုင်းအိမ်ကို ရောက်လာတဲ့ Ping ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, ...
movie

The Haunted Drum (2007)

2007
Don’t Kill It (2016)
Don’t Kill It (2016)  Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

Don’t Kill It (2016)

Subspecies V: Blood Rise (2023)
Subspecies V: Blood Rise (2023) သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီး ဗလက်ဒီဆလက်စ်နဲ့ မသေမျိုး စုန်းမကြီး ဆီဆာ တို့ရဲ့ သားလေးဟာ အမှောင်ခေတ်မှာ အဖေကိုယ်ပြန်သတ်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောနိမိတ်နဲ့ မွေးဖွားလာခဲ့ပါတယ်အဲဒါကိုသိတဲ့ ခရူးဆိတ်စစ်သားတွေက ဆီဆာ ဆီကနေ ကလေးနဲ့ နတ်ဆိုးသတ်တဲ့ ဓားမြှောင်ကို ခိုးသွားခဲ့ပြီးတော့ ကလေးကို မကောင်းဆိုးဝါးသွင်ပြင်ကနေ လူပုံစံဖြစ်အောင် ပြင်ဆင်ပြီး မကောင်းဆိုးဝါး သုတ်သင်တဲ့သူဖြစ်အောင် သင်ကြားပေးလိုက်ပါတော့တယ်အဲဒီကလေး နာမည်ကတော့ ရာဒူးပါ သူက နှစ်ပေါင်းများစွာ တိုက်ကြီးတွေဖြတ်ပြီး မကောင်းဆိုးဝါး တွေကို သုတ်သင်ခဲ့ရာကနေ တနေ့မှာတော့ ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့ရဲ့အဖေ သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးရဲ့ ရဲတိုက်ကို သွေးကျောက်တုံးယူဖို့ ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ ရှေ့ဖြစ်နိမိတ်ကရော တကယ်ဖြစ်လာမှာလား လူပုံစံဖြစ်အောင်အတင်းပြင်ထားတဲ့ ရာဒူးကရော သေမျိုးလား မသေမျိုးလား မကောင်းဆိုးဝါးတွေကိုရော ဘယ်လိုဆက်သုတ်သင်မှာလဲဆိုတာ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး File size…(1.2GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield 
movie

Subspecies V: Blood Rise (2023)

Mama Susan’s Friends (2023)
Mama Susan’s Friends (2023) Mama Susan's Friends (2023)ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni ...
movie

Mama Susan’s Friends (2023)

2023
The Headless General Who Stole the Book of Heaven (2023) 5.1
The Headless General Who Stole the Book of Heaven (2023) ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီး ချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့ မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကို အပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာ ရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကို ကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်း ရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီး ဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။ "ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်"ဆိုတဲ့ ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။ အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား...... ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, ...
movie

The Headless General Who Stole the Book of Heaven (2023)

Darkling (2022) 7
Darkling (2022) Darkling (2022)~ IMDb rating - 7/10 ~2004 ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Albanian အယူသည်းတွေက Serbian လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ US က ငြိမ်းချမ်းရေးတပ်တွေ ရှိတာတောင်မှ အိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြောင့်လို့ပဲ ပြောရမှာပါ။ ဇာတ်ကားကိုတော့ ပျောက်ဆုံးသွားတဲ့ ဖခင်ကို လွမ်းဆွတ်တဲ့အကြောင်း... ကိုဆိုဗို‌ဒေသက သူတို့နေထိုင်ရတဲ့ အခက်အခဲတွေ ကြောက်ရွံ့မှုတွေအကြောင်းကို သမ္မတကြီးဆီ ရေးတဲ့ ကလေးမလေး မီလီဆာရဲ့ စာပေါ်အခြေတည်ထားပါတယ်။မီလီဆာက ကိုဆိုဗိုမှာ အဘိုး အမေနဲ့အတူ ကျန်ခဲ့ပြီး သူ့အဖေနဲ့ ဦးလေးက မြေပြန့်မှာ အလုပ်လုပ်ဖို့သွားရင်း ပြန်မလာတော့တာပါ။ သူတို့လူမျိုးတွေကို အကြမ်းဖက်သတ်နေတဲ့အတွက် ညတိုင်း အမှောင်ထဲမှာ ကျီးလန့်စာစားနေရရင်း ပင်ပန်းဆင်းရဲစွာဖြတ်သန်းရပါတယ်။ မီလီဆာတို့ကျောင်းမှာလည်း မိသားစုတွေ ကိုဆိုဗိုကို စွန့်ခွာသွားကြတဲ့အတွက် ကျောင်းသားတွေ ...
movie

Darkling (2022)

2022
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
Bedeviled (2016) 4.2
Bedeviled (2016) Bedeviled (2016) =============ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File ...
movie

Bedeviled (2016)

2016