Channel Myanmar

Horror

The Collection (2012) 6.1
The Collection (2012) IMDB 6.1/10 Rotten tomatoes 35% 2012 ကထွက်ရှိခဲ့တဲ့ The Collection ရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကထွက်ခဲ့တဲ့ The Collector ဆိုတဲ့ ရုပ်ရှင်ကားရဲ့အဆက်လို့တောင်ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ တစ်နေ့မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။ File size…(1.4 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:22:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated byPhyo Phill
movie

The Collection (2012)

A Return to Salem’s Lot (1987)
A Return to Salem’s Lot (1987) ဒီဇာတ်ကားလေးက ၁၉၈၇ခုနှစ်ထွက် Vampire ဇာတ်ကားပါ။ ဒီကားထက်အရင် ၁၉၇၉ခုနှစ်မှာပဲ Salem's lotဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရှိပါသေးတယ်။ ဇာတ်ကား၂ကားလုံးက Salem's lotဆိုတဲ့မြို့ငယ်လေးကိုပဲအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထူးဆန်းထွေလာတွေကိုရိုက်ကူးတင်ဆက်ပြတဲ့ ဂျိုးဟာ သားဖြစ်သူနဲ့အတူ အမွေရထားတဲ့အိမ်ကိုသွားတဲ့အခါမှာ မြို့ငယ်လေးရဲ့တမူထူးနေပုံကိုသတိထားမိသွားပါတယ်။သားအဖ၂ယောက်လုံး Vampires တွေရဲ့မာယာကျော့ကွင်းမှာမိပြီး သူတို့မြို့ငယ်လေးမှာပဲနေသွားမှာလား၊ဒါမှမဟုတ် ရုန်းကန်ထွက်ပြေးကြမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ File size…(2.3 GB)/(1.1 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo Min 
movie

A Return to Salem’s Lot (1987)

Aftermath (2021) 5.3
Aftermath (2021) Aftermath (2021)အခု မိတ်ဆက်ပေးမယ့် Aftermath ဆိုတဲ့ ဇာတ်ကားကတော့ 2021 တုန်းက Netflix ကနေ ထွက်ရှိထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။X-Men ရုပ်ရှင်တွေထဲမှာပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ရှောန်အက်ရှ်မောနဲ့ Twilight Saga ထဲမှာ ဇာတ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး အက်ရှ်လေဂရင်းန်ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်ကားကတော့ နာတာလီနဲ့ ကယ်ဗင်ဆိုသူက သူတို့နှစ်ယောက်ရဲ့ ပထမအိမ်ထောင်ပျက်သွားကြပြီးတော့ နှစ်ယောက်သားနောက်အိမ်ထောင်သစ်ကို ထူထောင်ပြီး အတိတ်ဆိုးတွေကို မေ့နိုင်ဖို့အတွက် ကယ်ဗင်က အရင်အိမ်မှာမနေတော့ဘဲ နှစ်ယောက်သားအိမ်ပြောင်းဖို့ကို အကြံပေးရာက‌နေ စပါတယ်။ ဖြစ်ချင်တော့ မှုခင်းအိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ကယ်ဗင်က သူရှင်းခဲ့ပေးတဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ အိမ်ဖြစ်နေပါတယ်။ သူကလည်း စျေးတန်တန်လေးနဲ့ရမယ်ဆိုပြီး နာတာလီကို အတင်းဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ တကယ့်တကယ် ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် အဲဒီအိမ်သစ်ကို ပြောင်းပြီးရာကနေစပြီးတော့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက် အိမ်သစ်ကိုပြောင်းသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားရမလဲဆိုတာကတော့ ...
movie

Aftermath (2021)

2021
We Are What We Are (2013) 5.9
We Are What We Are (2013)  ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thrillerဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့်အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကိုလက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလိုဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှလူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ အင်မ‌တန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခုသူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့ကသမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီးတစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်း‌တာကြောင့် အိမ်ကနေရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင်သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ်ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်ညွှန်းပေးလိုက်ရပါတယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့  Jaka ပဲ ဖြစ်ပါတယ် ) File size…1.54GB / 504MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Horror  , Drama , Thriller Subtitle….Myanmar Subtitle ...
movie

We Are What We Are (2013)

Pollen (2023)
Pollen (2023) Pollen (2023) ==========ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မသိမသာရော သိသိသာသာပါ abuse လုပ်ခံရတဲ့ အချိန်တွေ ရှိနေတတ်ပါတယ်။ ကျူးလွန်တဲ့သူ ဘက်ကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ ကျူးလွန်ခံလိုက်ရတဲ့သူ အတွက်ကတော့ တစ်ဘဝလုံးစာပါပဲ။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းက ရုံးတွင်းအနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ဟယ်ရာဆိုတဲ့ ကောင် မလေးတစ်ယောက်အကြောင်းပါ။ဟယ်ရာက အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရည်မှန်းချက်အရောင် တလက်လက်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ သူ့ရဲ့အလုပ်မှာ အမြင့်ဆုံးရာထူးထိရောက်အောင် တက်လှမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားတဲ့သူလေးပါ။ ဒါပေမဲ့ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ကြတာ ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ အထက်လူကြီးတစ်ယောက်ရဲ့ rape လုပ်တာကို ခံခဲ့ရပြီး အဲဒီလူ လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေး ကနေ မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာခဲ့တယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေအပြင် အဲဒီမကောင်းဆိုးဝါးကပါ သူ့ရဲ့အိပ်မက်တွေ ထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာတစ်ယောက် ဘယ်လိုရင်ဆိုင် သွားမလဲဆိုတာကို ကြည့်ရှု့ခံစားလိုက်ကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.0 GB) / (360 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, ...
movie

Pollen (2023)

2023
D@bbe 6: The Return (2015) 5.6
D@bbe 6: The Return (2015)  IMDb- 5.5Rotten Tomatoes- 80%ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးကစုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေအစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွားပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကိုမျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင်သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင်ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကိုဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူသေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူကဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရတာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horrorဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲတစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကိုအပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horrorပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

D@bbe 6: The Return (2015)

D@bbe 5: Curse of the Jinn (2014) 5.9
D@bbe 5: Curse of the Jinn (2014)  ဇာတ်ကားရဲ့အစမှာ မိန်းမတစ်ယောက် ကလေးမွေးနေတဲ့အခန်းနဲ့ စထားတယ်။ဘေးမှာလည်း မိန်းမဖော်တွေအများကြီးနဲ့ပေါ့ ။ညွှစ်ထား ထွက်တော့မယ် အားတင်းထား စသဖြင့် အသံတွေဆူညံလို့။အဲ့အသံတွေကြားထဲမှာမှ ကိုယ်ဝန်သည်မိန်းမရဲ့ နာကျင်လွန်းလို့ အော်ညည်းသံကတော့ အကျယ်ဆုံးပဲ။သိပ်မကြာလိုက်ပါဘူး။ထွက်လာပြီဆိုတဲ့ ဝမ်းဆွဲသည်ရဲ့ အသံနဲ့အတူ ကလေးငိုသံလေးကိုကြားလိုက်ရတယ်။ကိုယ်ဝန်သည်မိန်းမဟာ ပင်ပန်းလွန်းလို့ခြေပစ်လက်ပစ်ပေါ့။အဲ့ဒီအချိန်မှာပဲ မွေးခန်းထဲကို လူတွေသုတ်သုတ်ပြာပြာ ဝင်လာတယ်။ပေး ပေး ဆိုပြီး ဝမ်းဆွဲသည်ဆီကကလေးကို လုသွားတယ်။ ပင်ပန်းလွန်းလို့လှဲနေတဲ့ကလေးမိခင်ဟာ ထိတ်ထိတ်ပြာပြာနဲ့ခေါင်းထောင်လာတယ်။ရှင်တို့ ဘယ်သူတွေလဲ ကျွန်မကလေးကိုဘယ်ခေါ်သွားကြမလို့လဲ မလုပ်ကြပါနဲ့ စသဖြင့် တစာစာအော်လို့။ဒါပေမယ့် ဟိုလူတွေကတော့ ဂရုမစိုက်ပါဘူး။ခုမှမွေးထားတဲ့ကလေးကိုသွေးနုသားနုမိခင်ဆီက ရက်ရက်စက်စက်ပဲ ခေါ်ယူသွားကြတယ်။ဝမ်းဆွဲသည်တွေကလည်း ဟိုလူတွေကို တားရမယ့်အစားကလေးမိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ နောက်တစ်ခန်းမှာတော့အိုမာ နဲ့ ဒီလေ့ဆိုတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်ကိုပြတယ်။အခုတလောမှာဒီလေ့ဟာ ညဘက်ဆို အိပ်မက်ဆိုးတွေ မက်လာတယ်။သူ့အိပ်မက်ထဲမှာလူတစ်စုက ကလေးတစ်ယောက်ကို မိခင်ဆီက လုသွားတဲ့ ပုံရိပ်တွေကိုထပ်ခါထပ်ခါမြင်နေတယ်။နောက်တော့ ဒီလေ့ဟာ ဒီစိတ်နဲ့ပဲကျန်းမာရေးချို့ယွင်းလာတယ်။မမြင်သင့်တာတွေကို မြင်လာရတယ်။သူ့ယောကျ်ား အိုမာကတော့ ဒီလေ့ကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်တယ်။ဒါပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်း စုံတွဲကတော့ ...
movie

D@bbe 5: Curse of the Jinn (2014)

Citadel (2012) 5.4
Citadel (2012) တွမ်မီကူလီဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ဇနီးဖြစ်သူ ထူးဆန်းတဲ့ကလေးတစ်သိုက်တိုက်ခိုက်ခံရပြီးချိန်ကစပြီးတော့ နာတာရှည်လူအုပ်ကြောက်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ပျက်စီးနေတဲ့နေရာတစ်ခုဖြစ်တဲ့ အီဒင်တောင်းမှာပိတ်မိနေရင်းနဲ့ ဇနီးဖြစ်သူကိုတိုက်ခိုက်ခဲ့သည့်သူများ သမီးဖြစ်သူနောက်ကိုလိုက်နေတယ်ဟု ခံစားရကာထိတ်လန့်ခြောက်ခြားနေရာမှ မိမိထိတ်လန့်နေသော အရာကိုနားလည်ပေးတဲ့ တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇနီးဖြစ်သူကို စောင့်ရှောက်ပေးခဲ့တဲ့သူနာပြုမလေးကတော့ တွမ်မီတစ်ယောက်အကြောက်လွန်ပြီးထင်ယောင်ထင်မှားဖြစ်တယ်ထင်ကာ ကူညီပေးဖို့ကြိုးစားပါတော့တယ်။ တရားဟောဆရာမှ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပပြလိုက်သောအခါ တွမ်မီကူလီတစ်ယောက် အကြောက်လွန်နေခြင်းလား ဇနီးဖြစ်သူကိုတိုက်ခိုက်သွားတဲ့ကလေးတွေကရော ဘယ်ကလာတာလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.3 GB)/(620 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Citadel (2012)

Beau Is Afraid (2023) 7.1
Beau Is Afraid (2023) Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie

Beau Is Afraid (2023)

2023
4K HEVC
D@bbe: The Possession (2013) 6.8
D@bbe: The Possession (2013)  ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီးဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်းမသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်းကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆိုသလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်းဆက်ကြရအောင်။ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံးကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ)တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မတစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကိုပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင်မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ်တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ...
movie

D@bbe: The Possession (2013)

High Tension (2003) 6.7
High Tension (2003) High Tension (2003)သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အဲလက်စ်နဲ့ မာရီတို့ဟာ ပိတ်ရက်မှာစာလုပ်ဖို့အတွက် နယ်မြို့လေးမှာရှိတဲ့ အဲလက်စ်ရဲ့ အိမ်ကို ခရီးထွက်လာခဲ့ပါတယ်။ အဲလက်စ်ဟာ ယောက်ျားတွေကို စိတ်ဝင်စားသူဖြစ်ပေမယ့် မာရီကတော့ အဲလက်စ်ကို တစ်ဖက်သက် စိတ်ဝင်စားနေသူဖြစ်ပြီး အဲလက်စ်ကိုလည်းပိုင်ဆိုင်ချင်နေသူပါ။အဲလက်စ်တို့အိမ်ကိုရောက်ပြီး နေရာတကျဖြစ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ဧည့်သည်တစ်ဦး ရောက်လာပါတော့တယ်။ အဲ့ဒီဧည့်သည်ကလည်း အဲလက်စ်ကို လိုချင်နေတဲ့သူဖြစ်နေတဲ့အခါ အဲလက်စ်ကိုရဖို့ ဘယ်လောက်အထိလုပ်သွားမလဲ။မာရီကရောအဲလက်စ်ကို ဘယ်လိုကယ်တင်မလဲ။ အဲ့ဒီဧည့်သည်ရဲ့သရုပ်အမှန်ကရော ဘယ်သူလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းများစွာပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများ ကြည့်ရှုဖို့မသင့်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APP ပါ။)File Size          : 1.9GB, 693MB, 352MB Quality            :1080p Blu-ray 5.1CH, 720p Blu-ray, 480p Format          ...
movie

High Tension (2003)

2003
Siren (2006) 5.4
Siren (2006) Siren (2006)Siren ဆိုတဲ့ ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။ လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းကို သတင်းထောက်တစ်ယောက်က သားသမီးနှစ်ယောက်နဲ့အတူ ပြောင်းလာပါတယ်။ သားငယ်လေးက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သူ့ရောဂါအတွက် နေရထိုင်ရအဆင်ပြေမယ့်နေရာကို ပြောင်းလာကြတာပါ။ သူတို့ပြောင်းလာတဲ့ကျွန်းမှာတော့ ကျွန်းသူကျွန်းသားတွေက ထူးခြားနေတဲ့အပြင် အဲဒီကျွန်းမှာ ဒဏ္ဍာရီတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ရေသူမအော်သံကြားရင် အပြင်မထွက်နဲ့၊ အသတ်ခံရလိမ့်မယ်ဆိုတာပါပဲ။ တိုကျိုကပြောင်းလာတဲ့ သားအဖတွေအတွက်တော့ အဲဒါက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ရေသူမအော်သံဆိုတဲ့ အသံကြီး ကြားလိုက်ရတဲ့ တစ်ညမှာတော့ အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲထွက်သွားရင်း မနက်လင်းတဲ့အထိ ပြန်ရောက်မလာတဲ့အခါမှာတော့ ... ရေသူမအော်သံဆိုတာ တကယ်ရှိတာလား၊ ဒဏ္ဍာရီသက်သက်ပဲလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.8GB | 856MB | 421MB Format… mp4 Duration…. 1h 27min Subtitle…. ...
movie

Siren (2006)

2006
Nefarious (2023)
Nefarious (2023) Nefarious (2023)တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ...
movie

Nefarious (2023)

I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003
Rufus (2012) 6.2
Rufus (2012) Rufus (2012)နယ်မြို့လေးတစ်မြို့ကို ရူဖက်စ်ဆိုတဲ့ကောင်လေးတစ်ယောက် အဘွားကြီးတစ်ယောက်နဲ့အတူရောက်လာပါတယ်။ နောက်တော့ အဘွားကြီးဟာ ဒီထပ်ဝေးဝေးမသွားနိုင်တော့ဘူးပြောပြီး ကားရှေ့တက်ပြီး အသေခံသွားပါတော့တယ်။ထူးခြားတာက ဒီအဘွားရဲ့အသက်ဟာ ၁၀၇နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးကတော့ အဲ့ထက်အသက်ပိုရှည်ပါတယ်။ ဆိုတော့ ကောင်လေးကဘာလဲပေါ့? ဘာသတ္တဝါလဲ?သွေးစုပ်ဖုတ်ကောင်လိုပဲ အသွေးအသားကြိုက်တဲ့ အမူအကျင့်၊ မအိုတဲ့ခန္ဓာကိုယ် ရှိနေပေမယ့် နေရောင်ထဲလည်းသွားနိုင်နေပါတယ်။ဒီ‌တော့ မြို့တစ်မြို့ကို အသိမရှိ၊ အဖော်မရှိနဲ့ ရောက်လာတော့ မြို့ကရဲမှူးကသာခေါ်ထားရတာပေါ့။ သူရောက်လာပြီးနောက်မှာ မြို့ငယ်လေးထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Horror, Drama ကားလေးထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ရအောင်နော်။Horror ဆိုပေမယ့်လည်း အထိတ်တလန့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်အချစ်၊ မိသားစုအချစ်ကို ပိုရိုက်ကူးပြထားတာမျိုးတွေ့ရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 1.3GB, 464MB, 272MB Quality            :1080p WEBRip AAC 5.1CH, ...
movie

Rufus (2012)

2012
D@bbe 2 (2009)
D@bbe 2 (2009)  ဒီကားကတော့ Dabbe series တွေထဲမှာ နည်းနည်းလေးချာတယ်လို့ ပြောလို့ရတယ်။သို့သော်လည်း သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။Dabbe ကားတွေ series လိုက်ရှိပေမယ့် ဒီကားကတော့Dabbe ဆိုတဲ့ နာမည်နဲ့ အလိုက်ဆုံးပဲ။ ဒီဇာတ်ကားတွေအရ Dabbe ဆိုတာ ကုရ်အာန် ကျမ်းစာထဲကကမ္ဘာပျက်ကိန်းကြီးပေါ့။ ကမ္ဘာပျက်ကိန်းဆိုက်ရောက်တဲ့အခါ Dabbeဆိုတဲ့ သတ္တဝါကြီးဟာ တစ်ကမ္ဘာလုံးကို သူ့ကွန်ရက်တွေနဲ့ ရစ်ပတ်ပြီးအိမ်တိုင်းကို ဝင်ရောက်လိမ့်မယ်လို့ (ဒီကားအရ) ကုရ်အာန်ထဲမှာဆိုထားတယ်။တွေးကြည့်လေ။တစ်ကမ္ဘာလုံးကို ရစ်ပတ်ထားတဲ့ကွန်ရက်ကြီး ။ကမ္ဘာ့ကွန်ရက်ကြီး ။ World Wide Web ။ www. အင်တာနက်အင်တာနက်ပေါ်ပြီးနောက်မှာ ကျွန်တော်တို့ ဘဝတွေဟာ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်။အင်တာနက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦးအမုန်းစကားတွေ ဖြန့်ကြတယ်။စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြတယ်။စိတ်တွေကို အဆိပ်ခပ်ကြတယ်။Internet ပေါ်က negative commentsတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသူတွေတောင် ဒုနဲ့ ဒေးပဲ။ဒီကားထဲမှာတော့ အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့ မိသားစုတစ်စုအကြောင်းကို Horror အနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။  File size…1.26GB / ...
movie

D@bbe 2 (2009)

Bull Shark(2022)
Bull Shark(2022) Bull Shark(2022)***************တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့ဟာ အေးချမ်းတိတ်ဆိတ်ပြီး လူသတ်မှုတောင်မဖြစ်ခဲ့တာ ကြာလှပါပြီ။ဒီလိုအေးချမ်းလှတဲ့မြို့ငယ်လေးက ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ ရေကန်မှာ မိန်းမငယ်လေးတစ်ယောက်ငါးမန်းကိုက်ရာနဲ့ သေဆုံးနေတဲ့အခါမှာ။ မြို့တော်ဝန်အနေနဲ့လည်း သတင်းသာပေါက်ကြားသွားရင်ခရီးသွား‌တွေဆုံးရှုံးမှုအပြင် နောက်ထပ်ရာထူးကြီးကြီးကို မျှော်မှန်းလို့ မရနိုင်တော့တာကြောင့် ဒီသတင်းကို အမှောင်ချထားချင်နေပါတယ်။ဒါပေမဲ့ အမှောင်ချထားမယ်ဆိုရင်လည်း လူတွေအတွက် အန္တရာယ်ဟာ မတွေးရဲစရာပါပဲ။ဒီတော့ မိသားစုအဆင်မပြေမှုတွေကြောင့် အရက်စွဲနေတဲ့ တောခေါင်းဖြစ်သူဟာ အာဏာပိုင်ကတစ်ဖက်လူပေါင်းများစွာရဲ့အသက်အန္တရာယ်ကတစ်ဖက် မိသားစုအရေးကတစ်ဖက်နဲ့ ဒီငါးမန်းပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ဗျာ။   File Size :(1.5GB) and (664MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:20:00 Genre : Action , Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS 
movie

Bull Shark(2022)

The Devil Comes at Night (2023) 5.2
The Devil Comes at Night (2023) The Devil Comes at Night (2023)ဒီတစ်ခါ မိတ်ဆက်​ပေးမှာက​တော့ မိုး​အေး​အေး​လေးမှာ တစ်​ယောက်တည်းပဲဖြစ်ဖြစ်၊ ​Movie Date ပဲဖြစ်ဖြစ် ကြည့်လို့​​ကောင်းမယ့် 2023 မှာထွက်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုကား​ကောင်း​လေး The Devil Comes at Night ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~လက်​ဝှေ့အားကစားသမား​ဟောင်း ဘန်တစ်​ယောက် သူ့အ​ဖေရဲ့ အ​မွေ​ပေးခဲ့တဲ့ မီးခံ​သေတ္တာကို လာ​ရှာဖို့ သူ့အ​ဖေ​ခေါင်းချခဲ့တဲ့မြို့​လေးကို သူငယ်ချင်းဂျက်နဲ့ အတူ ပြန်လာ​နေတုန်း ဘားတစ်ခုမှာ အမူးလွန်ပြီး ရန်ပွဲဖြစ်ရင်းက​နေ သူတို့​နောက်ကို မြို့ခံ​တွေလိုက်လာတဲ့အခါ...ဘန်အ​ဖေအိမ်လည်း​ရောက်​ရော အိမ်နီးနားချင်း​​တွေက အရမ်းထူးဆန်းပြီး ​အပြင်အလည်ထွက်ဖို့ချည်း​ခေါ်​နေတဲ့အခါ အဲဒီ​နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်​တွေရှိ​နေလဲ...တိုက်တိုက်ဆိုင်ဆိုင် ဘန်​အ​ဖေ့အိမ်ကို​ရောက်တဲ့အချိန် ဘန်အ​ဖေနဲ့ ရင်းနှီးတဲ့​စေတနာဝန်ထမ်း ​အေမီကလည်း အိမ်ထဲမှာ လာပုန်း​​နေတဲ့အခါ... ဘန့်အ​ဖေ ​အေမီကိုဘာ​တွေမှာခဲ့လဲ... အိမ်ကြီးရဲ့ သမိုင်း​ကြောင်းက​ရော ဘာ​တွေလဲ... ဘန်အ​ဖေက ဘန်ကို ဘာလို့ အိမ်ကြီးဆီ​ခေါ်ခဲ့တာလဲ... ဘန်ရဲ့ ...
movie

The Devil Comes at Night (2023)

2023
The Meg (2018) 6.1
The Meg (2018) The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie

The Meg (2018)

2018
4K HEVC