Channel Myanmar

Horror

The Other Child (2022) 5
The Other Child (2022) The Other Child (2022)ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ အစားထိုးချင်နေတဲ့ လင်မယားနှစ်ယောက်ဟာ သားသမီး ၃ ယောက်ရှိနေပြီးသားဆိုပေမဲ့ နောက်ထပ်တစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ အဲဒီမွေးစားလိုက်တဲ့ကလေးအီဆာ့ဟာ ထူးခြားတဲ့စွမ်းရည် ပိုင်ဆိုင်ထားလို့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ပါတယ် အိမ်မှာလည်း ဆုံးရှုံးလိုက်ရတဲ့ကလေးရဲ့ ဝိညာဉ်ရှိနေတဲ့အချိန်မှာ မိသားစုတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါHorror ဆိုပေမဲ့ ဝုန်းဒိုင်းကြီး ကြောက်စရာကောင်းတာမဟုတ်ဘဲ ငြိမ့်ငြိမ့်လေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကို ကြည့်နိုင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Mhlystery, Horror Quality…. 1080p | 720p | 480p File size… 965MB | 453MB | 186MB Format… mp4 Duration….1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

The Other Child (2022)

2022
Phenomena(1985) 6.7
Phenomena(1985) Phenomena (1985)================Rotten tomatoes 75%မမ Jennifer Connelly ရဲ့ ငယ်တုံးရွယ်တုံးခေတ်ကထူးထူးဆန်းဆန်းဇာတ်ကားလေးတခုကိုမိတ်ဆက်ပေးပါရစေ..Swizerlandနိုင်ငံရဲ့‌‌ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့Swiss Translyvaniaဆိုတဲ့အရပ်လေးဒီနေရာလေးတခုမှာ မိန်းကလေးတွေကိုသတ်ဖြတ်‌နေတဲ့စိတ္တဇ လူသတ်သမားတဦး။ ဒီလိုအချိန်မှာပဲ ဒီနေရာကRichard Wargner ကျောင်းကိုရောက်လာတဲ့ Paul Cavinoရုပ်ရှင်မင်းသားကြီးရဲ့သမီးလေး "Jennifer "။ဂျနီဖာ့ကို ပစ်မှတ်ထားလိုက်တဲ့ လူသတ်သမား။ဂျနီဖာ ရဲ့မသိစိတ်စွမ်းအားဟာ အင်းဆက်သတ္တဝါလေး‌တွေကိုဘယ်လို‌သက်ရောက်နေတာလဲ ဒီအင်းဆက်လေးတွေနဲ့ပဲဂျနီဖာဟာ လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုPhenomena ဆိုတဲ့ဇာတ်ကားမှာ ထင်မှတ်မထားတဲ့ဇာတ်ကွက်‌တွေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှုစားအားပေးကြပါဦး။🚫သတိပေးချက် ဤဇာတ်လမ်းသည် အချို့သော ကြည့်ရှုသူများအတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်သည့် အင်းဆက်သတ္တဝါများ သွေးထွက်သံယိုနှင့်အော်ဂလီဆန်စရာအခန်းများပါ၀င်ပါသည်။ 🚫  File Size : ( 2.90 GB ) and ( 1.24 GB)Quality : BluRay 1080p , 720pRunning Time : 1hr 56minFormat : Mp4Genre : Crime , Horror ...
movie

Phenomena(1985)

Soft & Quiet (2022) 6.0
Soft & Quiet (2022)  Soft & Quiet( 2022 )အမေရိကန်မှာ ထုတ်ပြီး လူမဲမပါတဲ့ကား နောက်ပိုင်းခေတ်မှာ မရှိသလောက်ရှားပါတယ်။ ကြည့်ဖူးတဲ့ထဲဆိုရင်တော့ မရှိကိုမရှိပါဘူး။ မဆီမဆိုင်တောင် ကြံဖန်ထည့်တဲ့ အဆင့်ဆိုတာလည်း အားလုံးအသိပဲပေါ့။ ဒီကားကတော့ ထူးခြားစွာနဲ့ လူမဲဆိုလို့ ဖြတ်လျှောက်တောင်မပါဘူး။ ဒီလိုမပါရတာလည်း ကားနဲ့ဆက်စပ်ပါတယ်။အမျိုးသမီးတစ်စုဟာ တွေ့ဆုံပွဲတစ်ခုကျင်းပပြီး ဟိုအကြောင်း ဒီအကြောင်းအတင်းတုပ်ရာက အမေရိကန်ပြည်ထောင်စုကြီးမှာ လူဖြူတွေရဲ့ အခွင့်အရေးကပဲ လျော့ကျနေကြောင်းတွေကို ဆွေးနွေးမိကြပါတယ်။ နောက် ခိုးဝင်တွေ တိုင်းတစ်ပါးက ပြောင်းလာတဲ့လူတွေကပဲ အလုပ်အကိုင်အခွင့်အလမ်းတွေကို သိမ်းယူထားကြောင်းပါ ဆွေးနွေးမိကြပြီး အဲဒီလူတွေကို မကျေမနပ်ဖြစ်လာပါရော။ဒီအတွက် မဂ္ဂဇင်းထုတ်ပြီးး ဝါဒဖြန့်ဖို့ပါ စီစဉ်ထားပြီးပါပြီ။ အပြန် စတိုးဆိုင်မှာ အရက်ဝင်ဝယ်ရာကနေ အမေရိကန်နိုင်ငံသူမဟုတ်တဲ့ ကောင်မလေး၂ယောက်နဲ့ ပက်ပင်းတိုးရာက သူတို့ဒေါသကိုမထိန်းနိုင်ခဲ့တဲ့ နောက်ဆက်တွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါပဲ။File Size__(2GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing ...
movie

Soft & Quiet (2022)

The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
Museum (2016) 6.1
Museum (2016) Museumလူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / ...
movie

Museum (2016)

Stigmatized Properties (2020) 5.0
Stigmatized Properties (2020) Stigmatized propertyဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး ...
movie

Stigmatized Properties (2020)

[18+] Jungle Holocaust (1977) 6
[18+] Jungle Holocaust (1977) Jungle Holocaust (1977)(ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူများအတွက် မဟုတ်ပါကြောင်း သတိလေးပေးလိုက်ပါရစေ)မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ရဲ့ နောက်ထပ် လူသားစားကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ ၂ဦးဟာ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ကင်းစခန်းကို လာရောက်ခဲ့ကြပါတယ်။ လေယာဥ်ဟာ အဆင်းကြမ်းတမ်းတာကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။ ရောဘတ်တို့ ၂ယောက် ကင်းစခန်းကို သွားကြည့်ချိန်မှာတော့ ပစ္စည်းရော လူတွေပါပျောက်ဆုံးနေကြတာကို သိလိုက်ရတယ်။ တောထဲမှာ အနည်းငယ် လှည့်ပတ်ရှာဖွေရင်း အလောင်းတစ်လောင်းကို တွေ့လိုက်ရချိန်မှာ သူတို့လူတွေကို လူရိုင်းမျိုးနွယ်စုက သတ်ဖြတ်သွားတယ်လို့ ယူဆလိုက်ကြပါတယ်။လေယာဥ်မောင်းသူ ချာလီက ပြင်လို့ပြီးသွားပေမယ့် မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ခွာဖို့ပြောပါတယ် ညအခါမှာ အတူပါလာသူ မိန်းကလေး စွမ်းဟာ အပေါ့သွားရင်း ပျောက်ဆုံးသွားတဲ့နောက်...ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပေးကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ...
movie

[18+] Jungle Holocaust (1977)

1977
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020
The Ex (2021) 4.8
The Ex (2021) The Ex (2021) ===========ဒီတစ်ခေါက်မှာတော့ The Ex ဆိုတဲ့ရုရှားရုပ်ရှင်‌လေးကို တင်ဆက် ပေးလိုက်ပါရစေ။ Ex ဆိုလို့ Romance ကားလို့မထင်လိုက်ပါနဲ့။ ညအချိန် ဖီးလ်လို့ကောင်းမယ့် Horror ကားလေးပါ။ ဒီဇာတ်ကားက plot twist ပါတော့ စပွိုင်းလွတ်အောင် ရီဗျူးရေးဖို့ကတော့အခက်သားဗျ။ဇာတ်သွားကတော့ဒီလို။ သူငယ်ချင်းလေးယောက်ရှိတာ၊ မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေး နှစ်ယောက်။ အဲ့ထဲမှာမှကတ်တယာနဲ့ ဆာရှာက စေ့စပ်ထားတဲ့ချစ်သူတွေ။ တစ်နေ့ကျ ဆာရှာ့အကောင့်ကနေ ရည်းစားဟောင်းဖြစ်သူနဲ့ အိပ်နေတဲ့ပုံတင် ထားတာတွေ့တယ်၊ ဒါပေမယ့်သူတင်တာမဟုတ်ဘူး။ ရည်းစားဟောင်း အကောင့် ကနေလည်းစာတွေပို့တယ်။ အဲ့မှာတင် သူတို့နှစ်ယောက်ဘဝက ဂြိုဟ်ဆိုးဝင် တော့တာပါပဲ။ ကတ်တယာကလည်း ဘယ်ကမှန်းမသိတဲ့ခြောက်လှန့်မှုတွေ ကြုံလာရတယ်။ကတ်တယာလည်း စပြီးအဖြေရှာတော့တာပေါ့။ အဲ့မှာတင်သူသိလိုက်ရတာက.......။ ပရိတ်သတ်ကြီးတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့ဗျာ။ ဒီဇာတ်လမ်းလေးက Horror ဆိုပေမယ့် ပညာပေးနည်းနည်းပါတယ်ဗျ။ ကိုယ်အမှုမဲ့အမှတ်မဲ့ လုပ်လိုက် တာလေးတစ်ခုက တစ်ပါးသူဘဝကို ဘယ်လိုတောင်အကြီးအကျယ်သက်ရောက် သွားစေသလဲဆိုတာမျိုးပေါ့။ 18+ဇာတ်ဝင်ခန်းပိစိညှောင့်တောက်လေးပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်သလို၊ ကလေးတွေကိုလည်း ပြဖို့မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.42 GB) / (556 MB) / (311 MB) Quality............BluRay ...
movie

The Ex (2021)

2021
Smile (2022) 6.9
Smile (2022) Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie

Smile (2022)

2022
Fright Night (1985) 7
Fright Night (1985) Fright Night (1985)~ IMDb - 7/10, RT - 82%, Meta - 62% ~2011 မှာထွက်ခဲ့တဲ့ Fright Night ကားကို လူတော်တော်ကြိုက်ကြသလို တော်တော်များများလည်း ကြည့်ပြီးလောက်ကြပါပြီ။ ခုကားကတော့ အဲဒီ 2011 ကားရဲ့ မူလပထမ ကလပ်စစ်စာရင်းဝင် Fright Night ကားပါပဲ။ ဇာတ်ဝင်ခန်းတွေက Reboot ကားထက် တော်တော်လန့်စရာကောင်းတာတွေပါသလို Best Horror Film Award တွေကိုလည်းရရှိထားပါတယ်။ Classics တွေကို Remake တွေ ဘယ်လိုရိုက်ရိုက် ကျော်လို့မရနိုင်တဲ့အကြောင်း နောက်ထပ်ဥပမာတစ်ခုလို့လည်း တစ်ချို့က ဆိုကြတယ်။ ခေတ်ဟောင်းပေမဲ့လည်း အထူးပြုလုပ်ချက် Practical Effects တွေက သဘာဝကျကျနဲ့ ကျောချမ်းဖို့ကောင်းနေတယ်လို့လည်း ဆိုကြတယ်။ Fright Night ကားကို ကြိုက်ခဲ့ကြတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့၊ ...
movie

Fright Night (1985)

1985
Raaz 3 (2012) 4.1
Raaz 3 (2012) Raaz 3: The Third Dimension (2012)လောကမှာ လူတွေဟာ လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတယ်... ဒီလိုအင်ဆန္ဒတွေဟာ တစ်ပါးသူအပေါ် ကောင်းကျိုးပြုနိုင်သလို သူများဘဝကိုစုတ်ပြတ်သပ်သွားအောင်လည်း လုပ်နိုင်ပါတယ်...ဒီလိုအင်ဆန္ဒတွေ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရင်တော့ လူ့အသက်ကိုတောင် နှုတ်ယူလိုက်နိုင်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဒီ့ရဲ့သာဓကတစ်ခုပါပဲ...ရှနာယားဟာ ပြီးပြည့်စုံနေပေမယ့်လည်း ဒီနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လွန်စွာလိုချင်နေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်...နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာလေး အာဒိသယနဲ့လည်း တိတ်တိတ်ပုန်းတွဲနေသူလေးပေါ့..ဒါပေမဲ့ ဒီဆုကို တက်သစ်စ မင်းသမီး ဆန်ဂျနားက ဆွတ်ခူးရရှိသွားခဲ့ပါတယ်...ကိုယ့်အတွက်လို့ ထင်ထားခဲ့တဲ့အရာက သူများလက်ထဲပါသွားလို့ စိတ်သောကရောက်ရတာကတစ်ဖက် တက်သစ်စလေးက ကိုယ့်ကိုကျော်တက်သွားလို့ ခံပြင်းတာကတစ်ဖက်နဲ့ သူမဟာ မကောင်းတဲ့အာဃာတအမုန်းတရားတွေ ဝင်လာပါတော့တယ်...ဒီလိုနဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး ဆန်ဂျနားကို ဒုက္ခပေးလာခဲ့တဲ့အခါမှာတော့...။စိတ်ဝင်စားစရာကောင်းတဲ့ တခြားအပိုင်းတွေကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါဦးနော်..ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ အင်မရန်းဟက်ရှမီ ဗီပါရှားဗာဆူး နဲ့ အေရှားဂုပ်သားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဘားဂျက် ရူပီ သန်း၂၅၀အသုံးပြုခဲ့ပြီး Box Office မှာ ရူပီ သန်း၉၇၀ပြန်လည်ရရှိခဲ့ပါတယ် World-wide အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ 12million အထိရရှိခဲ့ပါတယ်.. File size…3GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 19m Subtitle….Myanmar ...
movie

Raaz 3 (2012)

2012
Raaz: The Mystery Continues…(2009) 5.7
Raaz: The Mystery Continues…(2009) Raaz: The Mystery Continues (2009) Horror, Mystery, Romance IMDb 5.7/10 (3.8K)အခုတစ်ခါမှာလည်း ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီကားမှာတော့ မင်းသားကြီး အင်မရန်းဟက်ရှမီနဲ့ မင်းသမီး ကန်ဂနားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားလေးက Jan 2009 လောက်ကထွက်ရှိခဲ့တာဖြစ်ပြီး သုံးထားတဲ့ ဘားဂျက် ရူပီ ၁၈ကုဋေမှာ ရူပီ ၃၈ကုဋေပြန်ရခဲ့ပြီး အတော်လေး အောင်မြင်ခဲ့တဲ့ ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် နန်ဒီသားဟာ ငယ်ရွယ်ချောမောလှပလွန်းတဲ့ မော်ဒယ်မလေး..ပရစ်ထဗီကတော့ ပန်းချီဆရာ..ဇာတ်လမ်းက အဲ့ဒီမှာစတာပဲ ပရစ်ထဗီခေါင်းထဲမှာ ပုံရိပ်တစ်ခုပေါ်လာတိုင်း ချဆွဲလိုက်တဲ့အခါ နန်ဒီသားရဲ့ပုံတွေပဲ ထွက်လာနေတယ်..နန်ဒီသားကို သူ တစ်ခါမှမမြင်ဖူးဘူး ပုံထဲကကောင်မလေး ရှိမှန်းတောင်မသိဘူးအပြင်မှာတကယ်မြင်လိုက်ရတဲ့အခါမှာတော့ သူ စပြီး စိုးရိမ်လာမိနေပါတယ်.. ဘာလို့လဲဆိုတော့ သူ ဆွဲလိုက်တဲ့ ပန်းချီတိုင်းက နန်ဒီသားရဲ့အနာဂတ်ကို ပြနေပြီး သူမကို ထိခိုက်စေမှာဖြစ်လို့ပါပဲ...တဖြည်းဖြည်းနဲ့ ပန်းချီကားချပ်တွေက ပိုပိုဆိုးရွားလာပြီး နန်ဒီသားကလည်း ပန်းချီထဲကအတိုင်း ဖြစ်ပျက်လာတဲ့အခါမှာတော့...။ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖေါ်ထုတ်ကြမလဲ...။ File size…2.64GB / 1.13GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie

Raaz: The Mystery Continues…(2009)

2009
Matriarch (2022) 4.4
Matriarch (2022) Horror ကားကြိုက်တဲ့ ပရိသတ်ကြီးအတွက် စားသောက်နေတုန်း မကြည့်သင့်တဲ့ကားလေး လာပါပြီ။ တော်ရုံ သရဲကားတိုင်းမှာ ကြည့်ဖူးနေကျ Jump Scare တွေမပါတာတစ်ခုတော့ သဘောကျမိတယ်။ဇာတ်လမ်းကတော့ အင်္ဂလိပ်ရိုးရာပုံပြင်ကို စိတ်ကူးပုံဖော်ထားပြီး ဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်သွားတဲ့ horror ဇာတ်လမ်းမျိုးပါပဲ။မြို့ပေါ်မှာ တစ်ကိုယ်တည်းနေတဲ့ လော်ရာဆိုတဲ့ အမျိုးသမီးက ဆေးလွန်ပြီးသေတော့မလို ဖြစ်ခဲ့ပေမယ့် ထူးဆန်းတဲ့အရာတစ်ခုရဲ့ ကယ်တင်မှုကြောင့် အသက်ပြန်ရှင်လာခဲ့ပါတယ်။ဘာမှန်းမသိတဲ့ ရှုပ်ထွေးမှုတွေကို အဖြေရှာမရတဲ့အချိန်မှာ သူ့ကို အနှစ် ၂၀ လုံးစွန့်ပစ်ခဲ့တဲ့ အမေဖြစ်သူဆီက ဆက်သွယ်လာပြီး အိမ်ပြန်လာဖို့ နားချခဲ့တာကြောင့် လော်ရာတစ်ယောက် သူ့ရဲ့ဇာတိရွာလေးကို ပြန်လာတဲ့အချိန်မှာတော့ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရပါတော့တယ်။ပထမဆုံးကတော့ လူတွေက အသက်မကြီးသွားကြတာပါပဲ။သူ့အမေကတောင် သူနဲ့မတိမ်းမယိမ်း ဖြစ်နေပြီး ကျန်တဲ့ ရွာထဲကလူတွေ အားလုံးကလည်း သူ ငယ်ငယ်တုန်းက အတိုင်းပဲ အိုမင်းသွားခြင်းမရှိဘဲ နုပျိုနေကြတဲ့ မူမမှန်တဲ့ကိစ္စကြီးနဲ့ စတင် ကြုံတွေ့ရပါတော့တယ်။တဖြည်းဖြည်းနဲ့ သူ့ရောဂါအဆန်းကြီး ပြန်ထလာတာကြောင့်ရော ရွာရဲ့ မူမမှန်တာတွေနဲ့ ...
movie

Matriarch (2022)

Mandrake (2022)
Mandrake (2022) Mandrake (2022)နောက်ဆုံးထွက် V/H/S/99, Speak No Evil နဲ့ Dark Glasses စတဲ့ကားတွေကို ထုတ်ခဲ့တဲ့ ဟော်ရာတစ်လိုင်း သီးသန့်ပြတဲ့ Shudder က ထုတ်တဲ့ Original Film တစ်ကားပါ။ Horror တစ်လိုင်း သီးသန့်လုပ်တာဆိုတော့ သူကထုတ်တဲ့ကားတွေဟာ အရမ်းတော့ဆိုးရွားနေတာမျိုး မရှိပါဘူး။ Mandrake ဟာ Shudder ရဲ့ နောက်ဆုံးထွက် Original Film ပါပဲ။ စစချင်းကနေ အလယ်လောက်ထိ ဒီကားက ခင်ဗျားကို ဟော်ရာကားတစ်ကားလို ဆွဲဆောင်မှာမဟုတ်ဘဲ စုံထောက်ကားတစ်ကားလို ဆွဲဆောင်သွားလိမ့်မယ်။ ကလေး၂ယောက်သေသွားတဲ့အမှုအတွက် တရားခံကို ရှာကြတဲ့အကြောင်းနဲ့ပေါ့။ကားထဲမှာ အဓိက ဇာတ်အိမ်တည်ထားတဲ့ သူ့ယောက်ျား သူသတ်ပြီး ဘလက်ဒီမေရီဆိုပြီး နာမည်တွင်နေတဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဘလက်ဒီမေရီကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ကလေး ၂ယောက် သူ့အိမ်နားပျောက်သွားတော့ ကလေးအဖေနဲ့အမေက သူ့ကိုသတ်ဖို့လုပ်ကြပေမဲ့ ရဲတွေက တားကြတယ်။ ...
movie

Mandrake (2022)

2022
Old People (2022) 5.0
Old People (2022) Old People (2022) =============="မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်‌တယ်ပေါ့‌လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်း‌ကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝ‌နေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / ...
movie

Old People (2022)

2022
The Blair Witch Project (1999)
The Blair Witch Project (1999) တောအကြောင်း ကြားဖူးနား၀ရှိသူတွေဆိုရင် တောကြီးမျက်မည်းထဲမှာ တောလည်တယ် တောခြောက်တယ် ဆိုတာမျိုး ကြားဖူးကြမှာပါ။ တောအလယ်ကြီးထဲ ဘယ်ကိုသွားသွား ဒီနေရာပဲ ပြန်ရောက်နေတာမျိုး၊ အသံဗလံတွေ ကြားရတာမျိုးပေါ့။The Blair Witch Project ဆိုတဲ့ ၁၉၉၉ ခုနှစ်ထွက် ဇာတ်ကားလေးမှာလည်း အဲဒီလိုမျိုးအကြောင်းအရာတွေကို အသားပေးရိုက်ကူးထားပါတယ်။ တောကြီးမျက်မည်းထဲမှာ မှတ်တမ်းရုပ်ရှင် သွားရိုက်ကူးကြတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ သူတို့သုံးယောက်ဟာ မှတ်တမ်းရုပ်ရှင်အတွက် Black Hills ဆိုတဲ့တောကြီးထဲကို သွားကြရင်း ပျောက်ဆုံးသွားခဲ့ပြီး သူတို့ကျန်ခဲ့တဲ့ footage ကို ပြန်ပြသတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုရိုက်ကူးထားပါတယ်။ ဟယ်သာ၊ မိုက်ကယ်လ် နဲ့ ဂျော့ရှ်တို့ဟာ မှတ်တမ်းရုပ်ရှင်တစ်ပုဒ် ဖန်တီးဖို့ ကြိုးစားနေကြတဲ့ လူငယ်လေးတစ်စုပါ။ ဒီတစ်ခေါက် သူတို့ဖန်တီးဖို့ကြိုးစားတဲ့အကြောင်းအရာကတော့ The Blair Witch ( ဘလဲရ်စုန်းမ ) အကြောင်းပါ။ မြို့ခံလူတွေအကြား‌လည်း ဟိုးလေးတကျော်ကျော်ပေါ့။ ယုံတမ်းလိုလိုဖြစ်နေတဲ့ ဒီစုန်းမအကြောင်းကို သူတို့က မှတ်တမ်းရုပ်ရှင် ဖန်တီးဖို့ကြိုးစားရင်း Black ...
movie

The Blair Witch Project (1999)

Satan’s Slaves 2: Communion (2022) 7.4
Satan’s Slaves 2: Communion (2022) Satan's Slaves 2: Communion (2022)2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle ...
movie

Satan’s Slaves 2: Communion (2022)

2022
Nosferatu the Vampyre (1979) 7.4
Nosferatu the Vampyre (1979) Nosferatu the Vampyre (1979)~ IMDb - 7.4/10, RT - 95%, Meta - 79% ~မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner ...
movie

Nosferatu the Vampyre (1979)

1979