Channel Myanmar

Horror

Insidious: Chapter 3 (2015) 6.1
Insidious: Chapter 3 (2015) ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာသူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ်အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက်အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်...အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာဝိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်...တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင်မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ....ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: Chapter 3 (2015)

2015
Insidious (2010) 6.8
Insidious (2010) အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious (2010)

2010
[18+] Grotesque (2009)
[18+] Grotesque (2009) ဘာမှမပြောခင် ကြိုပြောချင်တာကတော့ ဒီဇာတ်ကားကို မိတ်ဆွေတို့ တတ်နိုင်ရင် မကြည့်ပါနဲ့...မတတ်နိုင်လို့ ကြည့်ဖြစ်သွားလို့ တစ်ချက်စိတ်ထင့်သွားတာနဲ့ ဆက်မကြည့်ပါနဲ့...ဒီဇာတ်ကားရဲ့ Label ကိုလဲ Don't Watch ဆိုပြီး တပ်ပေးထားပါတယ်...အခုနောက်ပြန်လှည့်ဖို့ အချိန်မှီပါသေးတယ်။အညွှန်းတောင်မဖတ်စေချင်ပါဘူး..ဖတ်ချင်သပ ကြည့်ချင်သပဆိုရင်တော့ မိတ်ဆွေတို့ ပြသနာနဲ့ မိတ်ဆွေတို့ပါပဲ။+++++++++++++++++++++++++++++++Grotesque(2009)ကောင်မလေးနဲ့ချိန်းတွေးတဲ့ ပထမဆုံးDateမှာပဲ စိတ္တဇလူသတ်ကောင်တစ်ယောက် အဖမ်းခံရပြီး ကိုယ်မနမ်းဖူးသေးတဲ့ ကိုယ်ချစ်ရတဲ့ကောင်မလေးကို လူသတ်ကောင်က Abuse လုပ်နေတဲ့အဖြစ်ကို တွေးကြည့်လိုက်ပါ။ ဒီထက်ဆိုးတာရှိနိုင်ပါဦးမလား။ ရှိပါသေးတယ်။ လာပါဦးမယ်။အရူးတစ်ယောက်က ခုတ်ချင်သလိုခုတ်သတ်တာလောက်ကို အဆိုးရွားဆုံးလို့ သင် ထင်နေပါသလား။ မထင်ပါနဲ့ဦး။ ဒီကားထဲက နှိပ်စက်မယ့်လူဟာ အတော်ဆုံးအနာကုပါရဟူ ဆုကိုပါရထားပြီး အပိုင်းပိုင်းအတစ်တစ်လှီးပြီးတာတောင် မသေအောင်ကုပေးနိ်ုင်တဲ့ ဆရာဝန်တစ်ယောက်ပါ။ ဝှေးကို သံနဲ့ရိုက် Penisကိုဖြတ်ပစ်ပြီးတာတောင် အေးဆေးပြန်ကုနိုင်ပါတယ်။စိတ္တဇလူသတ်ကောင်လက်ထဲ သေတော့မယ်ဆိုပြီး စိတ်ဒုံးဒုံးချသေလိုက်ရတာထက် ဆိုးတာရောမယ်ထင်ပါသလား။ ရှိပါတယ် လွတ်မြောက်ပြီထင်အောင်လုပ်ပြီး စည်းစိမ်တွေမက်လုံးပေးပြီးမှ မျှော်လင့်ချက်ကိုပြန်သတ်ခံရတာက ပိုဆိုးပါတယ်။စအိုတစ်ဖက်ကအူအဆုံးကိုချိတ်နဲ့ချိတ်ခံထားရင်းက ဗိုက်ထဲက အူကုန်အောင်တွားသွားသွားရင်း ကိုယ်ချစ်တဲ့မိန်းကလေးကို ကယ်ရတဲ့အရာအပါအဝင် ကျွန်တော်မပြောပြရသေးတဲ့ ရက်စက်မှုတွေ အများကြီးပါပါသေးတယ်။Ratingနည်းပေမယ့်လည်း ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ စိတ္တဇလူသတ်ကားတွေရဲ့ ဘုရင်ကားလို့ဆိုကြပါတယ်။ ကြမ်းတမ်းလွန်းတဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ သွေးယိုသံစီး ကိုယ်ပြတ်မျက်ကန်း နှိပ်စက်မှုတွေ ဒီရုပ်ရှင်ဟာ Bannedခံထားရတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် အသည်းငယ်တတ်သူတွေ ၁၅နှစ်အောက်တွေ မကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပဲဖြစ်ချင်ပါတယ်။ ကိုယ်တိုင်ကိုက သွေးသံရဲရဲတွေ နှိပ်စက်မှုတွေကို အရသာခံကြည့်တတ်တဲ့ Sadistတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အတော်ကြည့်လို့ကောင်းမယ့်ကားလို့ မြေကြီးလက်ခတ်မလွဲ အာမခံပါတယ်။P.S.... ဒီရုပ်ရှင်ကို ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘာသာပြန်ခဲ့တာပါ။ ...
movie

[18+] Grotesque (2009)

Don't Watch
The Cursed Lesson (2020) 4.6
The Cursed Lesson (2020) The Cursed Lesson 2020ဒီကားကတော့ ၂၀၂၀ခုနှစ်နိဝင်ဘာကထွက်ထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပြီးတော့ Horror ကားထဲမှာတော့ ဇာတ်လမ်းလေးကအရမ်းမဆိုးဘူးလို့ပြောလို့ရတယ်။လောကကြီးမှာ မိန်းကလေးတော်တော်များများက လှပမှုကိုမက်မောကြတယ်။ သင်ရော တစ်ရက်မှာ ရုတ်တရက်ကြီး ရှိရင်းစွဲအသက်ထက်ထက်ဝက်လောက်ငယ်သွားပြီး အရမ်းလှလာမယ်ဆိုရင် အဲ့ဒီလှပမှုကိုရဖို့ သင်ဘာမဆို လုပ်မှာလား? ဒီထဲမှာတော့လောဘတွေ၊မနာလိုဝန်တိုမှုတွေနဲ့ အတ္တဆန်မှုတွေကို ကွက်ကွက်ကွင်းကွင်းပြထားပြီး သဘာဝလွန်ဖြစ်ရပ်တွေနဲ့အတူ ထိတ်လန့်ဖွယ်ခံစားရမှာပါ။ဒီကားမှာတော့ Jump Scare တွေထက် တွေးတွေးပြီး ကြောက်ရမယ့်အခန်းလေးတွေပါသလို တွေးတွေးပြီး ကြိုုက်ရမယ့် အခန်လေးတွေလည်း ပါတယ်ဗျ (အဆုံးသတ်က စာလေး ကြည့်လိုက်ရင် သဘောပေါက်ကြမှာပါ)ဇာတ်လမ်းအကျဉ်းကတော့ ဟိုဂျုံးဆိုတဲ့ မော်ဒယ်လ်က အရွယ်ကျလာလို့ ကြော်ငြာရှင်တွေက မသုံးကြတော့ပါဘူး။ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တာလည်း မနည်းတာမို့ နောက်ထပ်ခွဲစိတ်မှုတွေ လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာ သူ့အစား ရွေးချယ်ခံလိုက်ရတဲ့ မော်ဒယ်လ်က သူ့သူငယ်ချင်း ဖြစ်နေပြီး သူနဲ့တွေ့တဲ့အချိန်မှာ ယောဂသင်တန်းတစ်ခု တက်ဖို့ ဖြစ်လာပါတော့တယ်။ဒီယောဂသင်တန်းရဲ့ထူးခြားချက်ကတော့ တက်လိုက်တဲ့လူတိုင်း ရုပ်ရော ကိုယ်ပါ နုပျိုလှပသွားကြတာပါပဲ။ ဘာလို့လဲဆိုတာကတော့ ..................အားလုံးပဲ တွေးပြီးကြောက်ချင်တယ်ဆိုရင်ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ယောကျ်ားလေး ပရိသတ်တော့ ကြောက်မှာထက် ကြိုက်တောင်ကြိုက်မလားပဲ ယောဂကျင့်နည်း အဆန်းလေးတွေလည်း မြင်ရမှာမို့ပါ။(ဖောင်းဒိုင်းရှူးရှဲ အခန်းတစ်ချို့ ပါတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး)File size… ...
movie

The Cursed Lesson (2020)

2020
Fear Pharm (2020)
Fear Pharm (2020)   Horror သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းကြိုက်တတ်သူတို့အတွက် ဇာတ်ကားကောင်းလေး သူငယ်ချင်းလေးယောက်တစ်စုကို ပွဲတော်တစ်ခုရဲ့ ဝင်္ကဘာပြောင်းခင်းပိုင်ရှင်က VIP အနေနဲ့ အထူးအခွင့်အရေးကမ်းလာတယ်။ ဝင်္ကဘာကို 1နာရီအတွင်းပြန်ထွက်နိုင်ရင် $10,000 ရမယ့် စိန်ခေါ်မှု ကို ကြုံရတဲ့အခါ လူငယ်ပီပီ အသစ်အဆန်းကို စမ်းကြည့်ချင်စိတ်နဲ့ လက်ခံလိုက်ကြတယ်။ ဒီဝင်္ကဘာကြီးက သူတို့ထင်သလို ရိုးရိုးသာမန်မဟုတ်ပဲ ကံဆိုးမှုတွေအသက်အန္တရာယ်တွေကြုံလာရတဲ့အခါ ... သူငယ်ချင်းတစ်စု အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလား... ဘယ်လိုအသက်အန္တရာယ်ကို ရင်ဆိုင်ကြရမလဲ... ဝင်္ကဘာရဲ့ပိုင်ရှင်မှာ ဘယ်လို ကောက်ကျစ်တဲ့အကြံအစည်တွေရှိနေမလဲ... ဘာလို့ ဒီလူငယ်တစ်စုကို ပစ်မှတ်ထားရတာလဲ... ဆိုတာကိုတော့ ရုပ်ရှင်ဇာတ်ကား ချစ်ပရိတ်သတ်ကြီး ကိုယ်တိုင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ။  File size…(1.3 GB) and (700 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Htet
movie

Fear Pharm (2020)

Paradise Z (2020) 3.3
Paradise Z (2020) Paradise Z (Two of  Us) (2020) Horror အမျိုးအစားကိုမှကြိုက်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၂၀ အစောပိုင်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေဒီကားလေးကတော့ apocalypse တွေထဲမှာမှ လူကြိုက်များပြီး စိတ်လှုပ်ရှားမှုပိုပေးနိုင်တဲ့ zombie apocalypse ကားအမျိုးအစားလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ ....... ဇာတ်လမ်းအကျဉ်းချုပ်လေးပြောပါမယ်ဒီကားထဲမှာတော့ ဆေးလ်နဲ့ရို ဆိုတဲ့ မင်းသမီးချောလေးနှစ်ယောက်က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ပါတယ် ပျက်ကပ်ရဲ့ရိုက်ခတ်မှုကြောင့် သူတို့နှစ်ယောက်ဟာ လူသူမရှိတဲ့ရပ်ကွက်တစ်ခုမှာခိုလှုံတိမ်းရှောင်ရင်း နေထိုင်စားသောက်နေရပါတယ် နေထိုင်စားသောက်ရတာတော့အဆင်ပြေပေမယ့် သူတို့နေရာဟာ စိတ်ချရတဲ့နေရာတော့မဟုတ်ပါဘူး ဒါအပြင်လူအချင်းချင်းခေါင်းပုံဖြတ်ချင်တဲ့လူတွေနဲ့လည်းရင်ဆိုင်ရပါသေးတယ် တစ်နေ့သူတို့နေထိုင်တဲ့နေရာကို zombie တွေကျူးကျော်ဝင်ရောက်လာတဲ့အခါမှာတော့ မိန်းမသားနှစ်ယောက်တည်းနဲ့ ဒီအခက်အခဲ တွေကို ကျော်လွှားနိုင်ပါ့မလားသူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာကတော့......ဒီလိုစိတ်လှုပ်ရှားစရာအခန်းတွေအပြင် မင်းသမီးချောလေးနှစ်ယောက်ရဲ့ nude scene တွေလည်းပါတာဆိုတော့ zombie apocalypse ကိုမှကြိုက်တဲ့ ပုရိသယောက်ျားတွေအတွက်တော့ အချိုပေါ်သကာရည်လောင်းလိုက်သလိုပဲပေါ့ဗျာReview နဲ့ ဘာသာပြန်ကတော့ Tk ပါFile size…1.18 GB and Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr 35 min Subtitle….Myanmar Subtitle (Hardsub) Encoder…. August
movie

Paradise Z (2020)

2020
32 Malasana Street (2020) 5.5
32 Malasana Street (2020) Malasana 32 (2020) ---------------------ကျွန်တော်တို့ ငယ်ငယ်တည်းက ရင်းနှီးပြီးသားပါ... သရဲတို့ဝိညာဉ်တို့ဆိုတာ သေခါနီးအစွဲကြီးရင် မကျွတ်မလွတ်နဲ့ ဘဝမကူးနိုင်တဲ့ ဘုံသားတွေဆိုတာကိုပေါ့... ဒီဇာတ်လမ်းမှာ အဓိက ဆွဲဆောင်သွားတာကလဲ မကောင်းဆိုးဝါးရဲ့ စွဲလမ်းစိတ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ အန်ပါရိုတို့ မိသားစုဟာ သူတို့မွေးရပ်ဇာတိဖြစ်တဲ့ ရွာမှာ အဆင်မပြေတာကြောင့် မြို့ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်... မိသားစုဝင်တွေကလဲ များတာကြောင့် တိုက်ခန်းဟောင်းကြီး တစ်ခုကိုသာ အရစ်ကျနဲ့ဝယ်နိုင်ခဲ့ပါတယ်. အဲ့အချိန်ထိသူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဒီလိုဈေးပေါပေါနဲ့ သူတို့မိသားစုဝင်ခြောက်ယောက်ကို ကျယ်ကျယ်ဝန်းဝန်းနေစေနိုင်လို့လေ...ဒါပေမယ့် အန်ပါရိုကတော့ စိတ်ထဲခြောက်ခြားနေခဲ့ပါတယ်..အဲ့လိုနဲ့တနေ့မှာတော့ အန်ပါရိုဟာ သူ့မောင်လေး ရာဖဲလ်ကို အိမ်မှာနေရင်းနဲ့ပျောက်သွားခဲ့တာကစပြီး ဒီတိုက်ခန်းကြီးဟာ မူမမှန်ကြောင်းကို သူတို့မိသားစုစပြီး သတိထားမိခဲ့ပါတယ်........အချိန်မတော် လမ်းလျှောက်သံတွေ ငြီးသံတွေနဲ့ ခြောက်ခြားလွန်းတာကြောင့် သူတို့မိသားစု တိုက်ခန်းပေါ်ကပါ ဆင်းပြေးပြီး အိမ်ကိုပြန်အပ်ဖို့ထိ လုပ်ခဲ့ပါတယ်... ကံဆိုးချင်တော့ တိုက်ခန်းကလဲ အပေါင်စာချုပ်နဲ့လုပ်ထားတော့ ပြန်အပ်မရခဲ့ပါဘူး.....အန်ပါရိုတို့မိသားစု ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? ဒီအိမ်ကြီးက မကောင်းဆိုးဝါးဟာ ဒီတိုက်ခန်းကို စွဲလမ်းနေတာလား.? သူဘာကိုစွဲလမ်းနေတာလဲ? အဲ့လိုမေးခွန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြောက်လည်းကြောက် ဆက်လည်းကြည့်ချင်စေမယ့် horrorဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်........  Translated and Encoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 1.8GB and ...
movie

32 Malasana Street (2020)

2020
GetAWAY (2020)
GetAWAY (2020) Horror movie ကောင်းကောင်းတွေက ကျွန်တော်တို့ငယ်ငယ်ကလောက်မပေါတော့တာအမှန်ပဲဗျ။အရင် Horror ကားကောင်းတွေကိုမီတဲ့ကားတွေက တစ်နှစ်နေမှ တစ်ကားစ နှစ်ကားစထက်ပိုမထွက်တဲ့ကြားကနေဒီ Getaway 2020 လေးကတော့ Horror movie taste ကောင်းကောင်းခံစားချင်တဲ့ Horror movie ပရိသတ်‌တွေအတွက်ထွက်လာသလိုပါပဲဗျ။Horror movie ဆိုတာ ဇာတ်လမ်းအစလောက်ကနေစပြီး အဆုံးထိဆွဲခေါ်သွားနိုင်ရမယ်ဆို‌တဲ့ စံနှုန်းအတိုင်းတစ်ကားလုံးအစကနေအဆုံးထိတောက်လျှောက်သင့်ကိုရင်တထိတ်ထိတ်နဲ့ဆွဲခေါ်သွားမယ့်ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းပါတဲ့ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်လေးကတော့ မက်ဒီဟာ မကြာသေးခင်ကမှသူ့ရည်စား နိုဝါနဲ့ ပြတ်ထားရတဲ့သူလေးဖြစ်ပြီးသူတို့‌ကောလိပ်ကျောင်းသား‌တွေစုသွားတဲ့ Camp ခရီးမှာ သူ့ရည်စားနိုဝါနဲ့စနှိုက်ကြော်မ‌ကိုတွေ့ပြီးတဲ့နောက်သူတို့ကျောင်းသားတွေ Camp ခရီးမှာဘာ‌တွေဆက်ဖြစ်ကြမယ်ဘယ်လောက်တောင်တောက်လျှောက်ရင်တုန်ရမယ်ဆိုတာကြည့်ရှုခံစားပေးလှည့်ပါဦးခင်ဗျာ။  File size…(1.5 GB) and (800 GB) Quality….WEB-DL 1080p and 720p Format…mkv Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

GetAWAY (2020)

From the Dark (2020) 4.4
From the Dark (2020) ရုပ်ရှင် ပိုစတာလေးကြည့်ပြီး သရဲကားလို့ထင်နေပါသလား? မဟုတ်ပါဘူးနော်.. ဆိုက်ကို လူသတ်သမားကားလားဆိုတော့လည်း... အဲ့လိုလည်းပြောလို့မရပြန်ဘူး... ဒါဆို ဘာကားကြီးလဲဆိုတော့.. စိတ်ဒဏ်ရာရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါ.. အဲ့ကောင်လေးက ဘယ်သူဆိုတာ ဇာတ်လမ်းအဆုံးသတ်ကြမှ ပြောပေမယ့် JoJo ကတော့ သိတယ်လေ... ငိငိငိ.. ဇာတ်လမ်းကဘယ်လိုစထားလဲဆိုတော့ လိုဏ်ဂူထဲကို ခရီးစဉ် လိုက်ပို့တာနဲ့စထားပါတယ်။ အဲ့မှာ တံခါးတစ်ချပ်တော့ ပိတ်ထားတယ် ၊ ထုံးစံအတိုင်းမဝင်ရပေါ့ .. ဘာလို့လဲဆိုတော့ အဲ့မှာ ကောင်မလေးတစ်ယောက်က လမ်းပျောက်ဖူးလို့ပါတဲ့ ဒီနေ့ က ဗယ်လာရီ ဆိုတဲ့ တိုးဂိုက်လေးရဲ့ အလုပ်မှာ နောက်ဆုံးရက်... နောက်ဆုံးရက်လေးမှာ  လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါးပါတီပေးရင်း နှုတ်ဆက်ကြတာပေါ့... အဲ့မှာပဲ အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ လိုဏ်ဂူမှာပျောက်ခဲ့တဲ့ ကောင်မလေး အကြောင်းရောက်သွားရော.. တစ်ယောက်ချင်းဆီက သူတို့ကြားဖူးတဲ့ ဇာတ်လမ်းလေးတွေပြန်ပြောကြတယ်။ တချို့ကြတော့ ဂူထဲမှာပဲ ဆုံးသွားတယ်၊ တချို့ကြတော့ အပြင်ပြန်ထွက်လာနိုင်တယ် စုံလို့ပါပဲ.. အဲ့ထဲကတစ်ယောက်ကတော့ တော်တော်လေးကို တိတိကျကျ ဇာတ်လမ်းလေးကို ပြန်ပြောပြနိုင်ခဲ့တယ်...  အဲ့ညမှာ မီးတွေပျက်ပြီး သူတို့အဖွဲ့ဝင်တွေက မတော်တဆမှုတွေနဲ့ ဆုံးပါးသွားကြရင်း ...
movie

From the Dark (2020)

2020
What Lies Below (2020) 5.0
What Lies Below (2020) [Unicode]အိမ်ကအရှုပ်ထုပ်ပေါင်းများစွာကြောင့် ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်နေတဲ့ လစ်...အမေဖြစ်သူက အိမ်မှာနေပြန်နေဖို့ လာခေါ်ပြီးနောက် သူ့ရဲ့ ပထွေးဖြစ်သူနဲ့ တွေ့ရပါတော့တယ်သူ့အမေက ၄၂နှစ်ပေမယ့် သူ့ပထွေးကတော့ ၃၀၀န်းကျင် ဗလခပ်တောင့်တောင့် ဆွဲဆောင်မှု့အပြည့်နဲ့ပါပထွေးဖြစ်သူက သဘာဝဖြစ်စဉ်တွေကို သဘောကျတဲ့သူဖြစ်ပြီး အရမ်းဂရုစိုက်တတ်တာကြောင့်ကိုယ်တိုင်တောင်စိတ်ယိုင်ချင်သလိုဖြစ်ပေမယ့် မထင်မှတ်ဘဲ လုံးဝမဖြစ်နိုင်စရာ မယုံနိုင်စရာတွေကို ခဏ ခဏတွေ့လာရလေတော့...သူ့ပထွေးက ဘာလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ပါ။ [Zawgyi]အိမ်ကအရှုပ်ထုပ်ပေါင်းများစွာကြောင့် ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်နေတဲ့ လစ်...အမေဖြစ်သူက အိမ်မှာနေပြန်နေဖို့ လာခေါ်ပြီးနောက် သူ့ရဲ့ ပထွေးဖြစ်သူနဲ့ တွေ့ရပါတော့တယ်သူ့အမေက ၄၂နှစ်ပေမယ့် သူ့ပထွေးကတော့ ၃၀၀န်းကျင် ဗလခပ်တောင့်တောင့် ဆွဲဆောင်မှု့အပြည့်နဲ့ပါပထွေးဖြစ်သူက သဘာဝဖြစ်စဉ်တွေကို သဘောကျတဲ့သူဖြစ်ပြီး အရမ်းဂရုစိုက်တတ်တာကြောင့်ကိုယ်တိုင်တောင်စိတ်ယိုင်ချင်သလိုဖြစ်ပေမယ့် မထင်မှတ်ဘဲ လုံးဝမဖြစ်နိုင်စရာ မယုံနိုင်စရာတွေကို ခဏ ခဏတွေ့လာရလေတော့...သူ့ပထွေးက ဘာလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ပါ။ Quality__1080p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Horror , Mystery , Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Zin Min Lwin Encoded by Naing ...
movie

What Lies Below (2020)

Woman of the Photographs (2020) 6.3
Woman of the Photographs (2020) Woman of the Photographs (2020)========================= သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ပါတယ် သူဟာအင်းဆက်တွေ အကောင်ပလောင်တွေကိုလူတွေထက်ပိုပြီး စိတ်ဝင်တစားရိုက်ကူးချင်တဲ့သူမျိုးဖြစ်ပါတယ် သူ့အဖေထားခဲ့တဲ့စတူဒီယိုတခုအမွေရထားလေတော့ သူတတ်တဲ့ပညာလေးနဲ့ဓါတ်ပုံရိုက် retouchလုပ်ရင်းအသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ် မိတ်ဆွေတစ်ဦးထဲရှိပြီး အဲ့ဒီမိတ်ဆွေကပဲသူ့ရဲ့အခိုင်အမာဖောက်သည်တစ်ဦးပါ ခုချိန်ထိရည်းစားထားဖို့မပြောနဲ့ မိန်းကလေးတွေကိုဆိုရင်တောင်ရှောင်ဖို့စဥ်းစားနေတဲ့သူကတနေ့တော့ တောထဲမှာအင်းဆက်လေးတွေကို ဓါတ်ပုံရိုက်နေရင်း စိတ်ဝင်စားစရာမိန်းကလေးတစ်ဦးကိုတွေ့ရှိခဲ့ပါတော့တယ် မိန်းကလေးတို့ရဲ့သဘာဝ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အင်တာနက်ပေါ်တင်ကာ like ,follower တွေကို ဘဝမှတ်နေသူလေးပါ သူချစ်တဲ့မိန်းကလေးကိုဆန္ဒတွေပြည့်ဝစေဖို့သူတတ်တဲ့ပညာနဲ့ဓါတ်ပုံတွေရိုက်ပေး retouchလုပ်ပေးရင်းက ဘယ်လိုတွေဘဝသင်ခန်းစာရကြမလဲဆိုတာစောင့်ကြည့်ရမှာပါ သင်တို့ပါတ်ဝန်းကျင်မှာ like ,follower ကို ဘဝမှတ်နေတဲ့သူတွေရှိရင် လက်တို့ပြီးအတူကြည့်လိုက်ကြပါဦး Translated and Reviewed by : Nay ChiEncoded by : YKQuality : 720pFile Size : 958MBDuration :  1h 29minsSubtitle : Myanmar ( hard sub )
movie

Woman of the Photographs (2020)

2020
Haunted School: The Curse of the Word Spirit (2014) 5.2
Haunted School: The Curse of the Word Spirit (2014) Haunted School The Curse of the Word Spirit (2014)==================================== ဒီဇာတ်ကားကတော့ တကယ်ကိုကြောက်စရာကောင်းပါတယ် ဂျပန်သရဲကားပီပီ သရဲတွေက လုံးဝပီပြင်ပြီးတော့ နောက်ခံအသံတွေကလည်း အနားမှာ တကယ်ခြောက်နေသလို ခံစားရတယ် Jump scare တွေလည်း အများကြီးပါတာမို့လို့ သရဲမကြောက်ဘူးဆိုတဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး အတူတူကြည့်လိုက်ပါ ဇာတ်လမ်းအကျဥ်းကတော့ ကီတာယာမာဒါ လို့ခေါ်တဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူတွေက သရဲပုံပြင်ပြောကြပါတယ် အစတုန်းကတော့ သရဲဇာတ်လမ်းတွေကို လုပ်ကြံပြီးပြောကြပေမယ့် နောက်ပိုင်းမှာ သူတို့ပြောတဲ့လုပ်ကြံဇာတ်လမ်းတွေအတိုင်း တကယ်ဖြစ်လာပါတယ် ဇာတ်လမ်းကျောရိုးက ရိုးပေမယ့် Plot Twist တွေ အများကြီးပါတာမို့လို့ သရဲကားကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်ဘူးနော်  Translated by PaxtonEncoded by : YKQuality : 1080p WEB -DL and 720pFile Size : 1.5GB and 1GBDuration : 1h 45min
movie

Haunted School: The Curse of the Word Spirit (2014)

2014
The Lost Case (2017)
The Lost Case (2017) The Lost Case (2017) အညွှန်း********************************* တစ္ဆေသရဲတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့သူတွေလည်းရှိသလို မယုံကြည်တဲ့သူတွေလည်းရှိကြပါတယ် ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ ရှင်းပြလို့မရနိုင်တဲ့ သဘာ၀လွန်ဖြစ်ရပ်များဟာဆက်လက် ဖြစ်ပေါ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး ဒီဇာတ်ကားလေးက​တော့ တစ္ဆေသရဲတွေရဲ့ခြောက်လန့်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ လူတွေကို ကူညီ​​ပေးတဲ့ ရသစုံတီဗီရှိုးတစ်ခုကို အ​ခြေခံပြီးအစပျိုးထားပါတယ် အဲ့ဒီတီဗီရှိုးဟာ ဖြစ်ရပ်မှန်သဘာ၀လွန်ဖြစ်ရပ်​တွေကို ရိုက်ကူးတင်ဆက်​ပေးတဲ့ အစီအစဥ်​တစ်ခုပါ အစ် နဲ့ ပေါ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အဲ့ဒီအစီအစဥ်ကို တာဝန်ယူရိုက်ကူးရတဲ့ကောင်​လေး​တွေဖြစ်ပါတယ် တစ်နေ့မှာတော့ ရှိုးရိုက်ကူးဖို့အတွက် သူတို့နှစ်​ယောက်ဟာ မရင်းနှီးတဲ့သူစိမ်းဒေသတစ်ခုကို ခရီးထွက်လာရပါတော့တယ် သူတို့ရိုက်ကူးမယ့်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ သူတို့ထင်ထားတာထက် ရှုပ်ထွေးနေတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတယ် သူတို့ဖြေရှင်းနိုင်ပါ့မလား……. သူတို့ရိုက်ကူးရတဲ့အမှုကရော ဘယ်လိုအမှုမျိုးဖြစ်နေမလဲ…… စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအခင်းအကျင်းတွေနဲ့ ကြည့်ရှုသူတွေကိုတစိမ့်စိမ့်နဲ့ကြောက်ရွံနေမိအောင် ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ  Translated by : Thet Hnin HsuEncoded by : YKQuality : 720p WEB DLFile Size : 770MB
movie

The Lost Case (2017)

2017
Heks (2020) 7.7
Heks (2020) Heks (2020)===========IMDb Rating - 7.7/10#Unicode2020 ခုနစ်ထွက် Horror အမျိုးအစားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဒီလိန်းက ပန်းချီပညာကို စွန့်လွှတ်ပြီး ဘားတစ်ခုမှာ အလုပ်လုပ်နေတာပါ။ဒီလိန်းရဲ့အမေဖြစ်သူ ကယ်လီကတော့ အမြဲတမ်း ပျော်ရွှင်တက်ကြွနေတတ်ပြီး အစအနောက်လည်းသန်တဲ့သူပါ... ကယ်လီက တောင်အာဖရိကမှာ ကြီးပြင်းလာတာကြောင့် အဲဒီမှာပဲအခြေချချင်တယ်လို့ဒီလိန်းကိုပြောလာပါတယ်... သားအမိနှစ်ယောက် video call နဲ့ စကားပြောနေချိန်မှာပဲ ကယ်လီကို လူတစ်ယောက်က လာသတ်သွားပါတယ်။ ဒီလိန်းလည်း တောင်အာဖရိကကို လိုက်သွားချိန်မှာ ကယ်လီရဲ့အမြွှာညီမလီဆာနဲ့ပြန်ဆုံပြီး သူ့အမေရဲ့ လျှို့ဝှက်ချက်တွေနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးဟာ ၁၄ ဒီဇင်ဘာက ထွက်ရှိထားပြီး . Horror ကောင်းကောင်း မျှော်နေသူတွေအတွက်တော့Rating အမြင့်နဲ့ ကြည့်လို့ကောင်းမယ့် ကားလေးဖြစ်သလို . တစ်ချို့အခန်းတွေမှာ မထင်မှတ်တဲ့နေရာတွေကနေခြောက်လှန့်ပြတာတွေက Horror Movie တစ်ကားကို ပိုပိုပြီး ပံ့ပိုးပေးထားတာတွေ့မြင်နိုင်ပါတယ် . . .အဓိကကတော့ ...
movie

Heks (2020)

2020
Kelam (2019) 4
Kelam (2019) Kelam(Dark) 2019 (Indonesia) IMDB – 4/10 ဒီဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှား Horror ကားလေးပဲ ဖြစ်ပါတယ်။ နီနာဟာ ချစ်စဖွယ်သမီးငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သက်လတ်ပိုင်းအိမ်ထောင်သည် အမျိုးသမီးတစ်ဦးပါ။ တစ်ညမှာတော့ သူမ အိပ်ပျော်နေတုန်းမှာ သူမတို့နဲ့အဝေးမှာနေထိုင်တဲ့ သူမရဲ့ မိခင် ကျန်းမာရေး ဆိုးရွားနေတဲ့ အတွက် သူမ ကိုလာခဲ့ဖို့ဆက်သွယ်လာပါတယ်။ သူမနဲ့သမီးဖြစ်သူဟာ သူမငယ်စဉ်ကနေထိုင်ခဲ့တဲ့ မိခင်ကြီးရဲ့ အိမ်ကို ရောက်သွားကြပြီး သူမရဲ့ ခင်ပွန်းဖြစ်သူကတော့ အလုပ်တွေကြောင့် သူမတို့နဲ့ အတူတူ မလိုက်ပါနိုင်ခဲ့ပါဘူး။ သူမရဲ့ သမီးငယ်ဟာလည်းမွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီး ခွဲစိပ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေရပါတယ်။ သူမ မိခင်ကြီးရဲ့ အိမ်ကို ရောက်တဲ့အခါမှာ မိသားစုတွေ ပြန်လည် ဆုံတွေ့ကြပေမယ့် အတိတ်ကပြသနာတချို့ကြောင့် သူမနဲ့ မိခင်ကြား ဆက်ဆံရေးကောင်းမွန်ခြင်းမရှိတာကို သူမရဲ့ ညီမဖြစ်သူထံမှ အပြစ်တင်တာမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။ သူမသမီးငယ်လေးရဲ့ ကျန်းမာရေးတဘက်၊ မိခင်ရဲ့ ကျန်းမာရေးကို တဘက် နဲ့ သူမနှင့် ညီမဖြစ်သူဟာ ပြုစုစောင့်ရှောက်ရင်း ပုံမှန်မဟုတ်တဲ့ သဘာ၀ကိစ္စရပ်တွေကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ သူမကိုယ်တိုင်က စိတ်ဓာတ်ခက်ထန်မာကျောသူတစ်ဦးဖြစ်ပေမယ့် ကြုံတွေ့ရတဲ့ကိစ္စများဟာ သူမအတွက် ...
movie

Kelam (2019)

2019
Ghost Painter (2020) 7.4
Ghost Painter (2020) Pelukis Hantu (Ghost Painter )  2020 ========================= Stay Homeကာလမှာ စိတ်အပန်းပြေအောင် စီအမ်က ၂၀၂၀ထွက် အင်ဒိုနီးရှား သရဲဟာသကားလေးနဲ့ ဖျော်ဖြေပေးပါရစေ. IMDB 7.8တောင် ရထားတာကြောင့် Horror/ Comedy ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ ပြောပြနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါက အလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ. တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီး အင်တာဗျူးတာကို တင်ဆက်ပေးတဲ့ ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ. တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့ နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကို အဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်က fake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲ reality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့ သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့် ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲ မြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါ မြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်း အလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့ Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲ ကောင်းတာကြောင့် စိတ်ဝင်စားစရာ ...
movie

Ghost Painter (2020)

2020
Viral (2018) 5.5
Viral (2018) Viral(phee toh ra sap) တမ် တိုက်သန်း နဲ့ ကစ်တီတို့သုံးယောက်ဟာ ghost hunterလို့ခေါ်တဲ့ ဂိမ်းဆော့ဖော်၊ဆော့ဖက် သူငယ်ချင်းတွေဖြစ်ပါတယ်။ တစ်နေ့ တမ်နဲ့ တိုက်သန်းတို့နှစ်ယောက် တိုက်ပျက်ကြီးထဲမှာ ဂိမ်းဆော့နေရင်း တမ်တစ်ယောက် သူ့ဖုန်းနဲ့ဂိမ်းထဲက သရဲပုံကိုရိုက်မိသွားပါတယ်။ ပုံရိုက်မိသွားတဲ့သရဲက ဂိမ်းထဲကသရဲမဟုတ်ဘဲ တကယ့်အပြင်မှာ မကျွတ်လွတ်ဘဲရှိနေတဲ့ ဝိညာဥ်ဖြစ်နေတဲ့အခါ... အဲ့ပုံကိုဖျက်မိသူတိုင်း ပြဿနာတွေဖြစ်ပြီးအသက်သေနိုင်တာမို့လို့ တမ်တို့သူငယ်ချင်းတွေ ဒီသရဲပြဿနာကို ဖြေရှင်းကြရပါတော့တယ်။ ဂိမ်းထဲကနေသရဲကိုဖမ်းနိုင်ပါ့မလား။ အဲ့ဝိညာဥ်ကရော ဘယ်လိုဖြစ်ပြီးသေသွားရတာလဲ။ တမ်တို့ပဲသေမလား။ သရဲကိုပဲအပြတ်ချေမှုန်းနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။    Translated by : Hazel Encoded by : YK Quality : 1080p WEBRip and 720p File Size : 1GB and 511MB
movie

Viral (2018)

2018
Freaky 2020 6.6
Freaky 2020 ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw
movie

Freaky 2020

Dreamkatcher (2020) 3.7
Dreamkatcher (2020) Dreamkatcher 2020 မြန်မာစာတန်းထိုး ========================= -အိပ်မက်ဖမ်းအဆောင်တွေအကြောင်း စိတ်ဝင်စားသူတွေ ဒီရုပ်ရှင်ကားကို   သဘောကျလိမ့်မယ်ထင်ပါတယ်။ Dreamcatcher သို့မဟုတ်   Dream capture တွေကို အမေရိကန်မှာပထမဆုံးရှိခဲ့တဲ့လူမျိုးစုတွေက   ကလေးပုခက်တွေပေါ်မှာ အကာအကွယ်သဘောနဲ့ပြုလုပ်ခဲ့ကြပါတယ်။   အိပ်မက်တွေဟာ အပြင်ဘက်ကနေရောက်လာကြပြီး   မကောင်းတဲ့အိပ်မက်ဆိုးတွေဟာ ဒရင်းကက်ချာရဲ့ကွန်ရက်မှာငြိတွယ်ပြီး   မနက်မိုးလင်းတော့ နေရောင်ထဲမှာပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။   သူတို့သုံးခဲ့တဲ့အမွှေးတွေကို မြင်းလိုအကောင်တွေဆီက ယူတယ်။   အသေကရလား အရှင်ကရလား မသိနိုင်တဲ့ဒရင်းကက်ချာတွေဟာ   တိရစ္ဆန်တွေရဲ့ဝိညာဥ်ကိုပဲ အကာကွယ်အနေနဲ့ယူတာလား သူတို့ပဲသိနိုင်မယ်ထင်ပါတယ်။   နောက်ပြီး အဆောင်မှာသင်္ကေတတွေက အရေးကြီးပါတယ်။   ငါးထောင့်ကြယ်ကို အတည့်ဆွဲရင် မကောင်းတဲ့အရာတွေကို   ကာကွယ်တဲ့ကောင်းတဲ့ပစ္စည်းဖြစ်ပြီး စောင်းပြီးဆွဲမိရင်တော့   နတ်ဆိုးသင်္ကေတဖြစ်သွားသလိုမျိုး အိပ်မက်ဖမ်းအဆောင်တွေပေါ်က ကွန်ရက်တွေဟာလည်   း လုပ်ထားတဲ့ကွန်ရက်က အချိုးညီ၊ မညီပေါ်မူတည်ပြီး   အကောင်းအဆိုးခွဲခြားနိုင်ပါတယ်။ဒီရုပ်ရှင်ထဲက အဆောင်ကို အပြင်မှာလည်းမြင်ဖူးကြမယ်ထင်ပါတယ်   ဇာတ်လမ်းအကျဥ်းလေးကတော့-   အိပ်မက်ဆိုးတွေမက်တဲ့ကလေးတစ်ယောက်ဟာ   သူ့အိပ်မက်ဆိုးတွေ ရပ်ပစ်ဖို့"သူ့ပုံကြည့်ရတာ တစ်ခုခုပဲ" လို့ဆိုရလောက်တဲ့   ဘေးအိမ်က အဘွားကြီးဆီကနေ ဒရင်းကက်ချာခိုးခဲ့ပါတယ်   ဇာတ်လမ်းကပုံမှန်ကြည့်နေကြ Horror ရုပ်ရှင်တွေလိုမအီပဲ   (တစ်နာရီ ၂၅မိနစ်ပဲ ကြာလို့လည်းဖြစ်နိုင်ပါတယ်)ရေကန်ကြီးရယ်၊   Country road လို့ခေါ်နိုင်တဲ့လမ်းတွေ၊ တောင်ပေါ်က လျှောက်လမ်းလေးတွေ၊   စပါးကျီတွေက ကြည့်နေရင်း ဘယ်လိုပြီးသွားမှန်းတောင်မသိနိုင်အောင်   ကြည့်သူကိုဖမ်းစားနိုင်ပါတယ်။ဇာတ်လမ်းအကူးအပြောင်းက   အကောင်းဆုံးဆိုတဲ့Horror တွေလောက် ...
movie

Dreamkatcher (2020)