Channel Myanmar

Music

Miles Ahead (2016) 6.4
Miles Ahead (2016) Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လိုဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီးEwan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ်လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musicalဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေအနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ ‌နာမည်ကြီး ဖခင်တွေထဲကတစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန်ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ရိုးလင်းစတုန်း မဂ္ဂဇင်းက ...
movie

Miles Ahead (2016)

2015
Walk the Line (2005) 7.8
Walk the Line (2005) Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie

Walk the Line (2005)

2005
Entergalactic (2022) 7.3
Entergalactic (2022) Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie

Entergalactic (2022)

2022
Priscilla (2023) 7
Priscilla (2023) Priscilla (2023)~ IMDb - 7/10, RT - 82%, Meta - 78% ~ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က "Elvis and Me" ဆိုတဲ့ ...
movie

Priscilla (2023)

2023
4K HEVC
Minus 31: The Nagpur Files (2023) 7.1
Minus 31: The Nagpur Files (2023) Minus 31: The Nagpur Files(2023) IMDb - 7.2/10အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 845MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Minus 31: The Nagpur Files (2023)

2023
Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023
The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Weekender (2011) 5.5
Weekender (2011) Weekender (2011)2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p File size… ...
movie

Weekender (2011)

I’ll Find You (2019) 7.1
I’ll Find You (2019) I'll Find You (2019)===============IMDb Rating - 7.1/10ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်‌ယောက်ဖြစ်တဲ့ မင်းဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2.4 GB) / (863 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......Act Molemy Encoder..........SWM
movie

I’ll Find You (2019)

2019
The Phantom Lover (1995) 6.6
The Phantom Lover (1995) The Phantom Lover (1995)~ IMDb - 6.6/10, Rotten Tomatoes - 60% ~လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The ...
movie

The Phantom Lover (1995)

1995
Notorious (2009)
Notorious (2009) နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil' ...
movie

Notorious (2009)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

Street Dancer 3D (2020) 3.4
Street Dancer 3D (2020) (Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie

Street Dancer 3D (2020)

2020
ABCD 2: Any Body Can Dance 2 (2015) 5.4
ABCD 2: Any Body Can Dance 2 (2015) ABCD 2 (2015) "လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့"ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ် ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါ ABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ် အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့် ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါ သူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး "Mumbai Stunners" ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက "ဖိလစ်ပိုင်စတားများ" ...
movie

ABCD 2: Any Body Can Dance 2 (2015)

ABCD (Any Body Can Dance) (2013) 6.3
ABCD (Any Body Can Dance) (2013) ABCD: Any Body Can Dance (2013) အိပ်မက်ဟူသည် (IMDb Rating - 6.3/10)ပထမဆုံးအကြိမ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix ကပါ ထုတ်လွှင့်ထားတဲ့ ABCD: Any Body Can Dance ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။" ကိုယ်နှစ်ချီလများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို ငွေအင်အားကြီးတဲ့သူတွေက ဖိနှိပ်လို့ ရှုံးနိမ့်သွားတဲ့အခါမှာ လက်လျှော့လိုက်မှာလား..."ဒီကားလေးထဲမှာတော့ ဂီတသံစဉ်ကို အရူးအမူးဖြစ်ကာ လေထဲက သစ်ရွက်လေးတွေ လှုပ်ရှားတာ ငါးလေးတွေ ရေကူးတာ ငှက်ကလေးတွေပျံသန်းတာ ရေလေးတွေစီးဆင်းတာကအစ သံစဉ်လေးတွေနဲ့ လှုပ်ရှားကခုန်နေတယ်လို့ ခံယူထားတဲ့ ဗစ်ရှနူ။ ဒီလိုအကရူးသွပ်တဲ့ဗစ်ရှနူကို JDCသူဌေးက အကနည်းပြနေရာကို လူအသစ်ကို အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် တွဲဖက်အလုပ်မလုပ်ခိုင်းဘဲ အက်မင်မန်နေဂျာရာထူးကို ပေးလိုက်တဲ့အခါမှာတော့ အလုပ်ကနေ နုတ်ထွက်ဖို့သာ အကြောင်းဖန်လာပါတော့တယ်။ဒီလိုဆိုရင်တော့ဖြင့် ရွာကိုပြန်ပြီး ကောက်ပဲစိုက်ရင်းသေဆုံးသွားမလား အိပ်မက်တစ်ခုကြောင့် ရောက်လာတဲ့မွန်ဘိုင်းမှာပဲ ရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ ဒုတိယအခွင့်အရေးရောက်ရှိလာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူပေးကြပါဦးရှင်။ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

ABCD (Any Body Can Dance) (2013)

2013
Ray (2004) 7.7
Ray (2004)  အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ ...
movie

Ray (2004)