Channel Myanmar

Music

The Wedding Singer(1998) 7.0
The Wedding Singer(1998) The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

The Wedding Singer(1998)

Seasons Change(2006) 7.0
Seasons Change(2006) Seasons Change(2006)အညွှန်း**************************ပွန်းဆိုတဲ့ကောင်လေးဟာ ဆေးကျောင်းဝင်ခွင့်ရတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်တယ်..ဒါမဲ့သူဟာ ဒရမ်တီးတာ ကိုအလွန်ဝါသနာပါတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်..အဲ့ဒီအချိန်သူသဘောကျတဲ့ကောင်းမလေးတစ်ယောက်က အနုပညာကျောင်းကိုတက်သွားတယ်..ဒရမ်လည်းဝါသနာပါတာကလည်းတစ်ကြောင်း သူသဘောကျတဲ့ကောင်မလေးနဲ့လည်းမဝေးချင်တာကလည်း တစ်ကြောင်းမို့ သူဟာ အနုပညာကျောင်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်.. ဆေးကျောင်း ဆရာဝန်ဖြစ်ရင် ဘဝတက်လမ်းအတွက်အများကြီးရှိတယ်လို့ယုံကြည်တဲ့မိဘတွေကြောင့် သူစွန့်စားရတာအများကြီးပါ..ကျောင်းရောက်တော့ သူထင်သလိုအဆင်ပြေမလား...သူ့ဘဝတက်လမ်းရော ဘယ်လိုဆက်ဖြစ်မလဲ...ကောင်မလေးနဲ့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...   File Size :(2.09GB)(773 MB) and (191 MB) Quality : Blu-Ray 720p Format…mp4 Duration…01:58:00 Genre : Comedy , Drama , Music Subtitle : Myanmar Subtitle (Hard Sub) Translated by little kong hou Encoded by Phyo Pyae
movie

Seasons Change(2006)

I Used to Be Famous (2022) 6.7
I Used to Be Famous (2022) I Used to Be Famous (2022)(1080p ရပါပြီ)ဗင့်စ်ဆိုတဲ့ ဂီတသမားတစ်ယောက်ဟာတော့ တစ်ခေတ်တစ်ခါက လူသိများခဲ့တဲ့ ဂီတအဖွဲ့တစ်ခုရဲ့ ခေါင်းတောင်အဆိုရှင်ဖြစ်ခဲ့ပါတယ်။ လောကဓံ‌အကြောင်းကြောင်းကြောင့် ဂီတလောကထဲကနေ ထွက်ခွါခဲ့ရပြီး နှစ်ပေါင်းများစွာ သာမန်လူအဖြစ်ကျင်လည်ခဲ့ရတဲ့ ဗင့်စ်တစ်ယောက် စတီဗီဆိုတဲ့ စိတ်ဝေဒနာရှင်လူငယ်လေးနဲ့ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ပဲ ဒရမ်ကို သိပ်ရူးသွပ်ပြီး ပါရမီပါတဲ့ စတီဗီက ဗင့်စ်အပေါ် ခင်တွယ်လာခဲ့ပြီး သူတို့အတူတူ ဂီတလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဂီတအပေါ်ရူးသွပ်မှုကလည်းတစ်ဖက် လူကြောက်တတ်တဲ့ စိတ်ဝေ‌ဒနာရှင်လူငယ်လေး စတီဗီကို ဗင့်စ်က ဘယ်လိုပြောင်းလဲပေးနိုင်မလဲ?သူတို့အတူ ဘယ်လိုကြိုးစားလျှောက်လှမ်းကြမလဲ? ဆိုတာကိုတော့ သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့ သိပ်ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ဆက်ပြီး ခံစားကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Reum ပါ။)File Size          : 1.8GB, 743MB, 380MB Quality            ...
movie

I Used to Be Famous (2022)

2022
BTS: Permission to Dance on Stage – LA (2022) 9
BTS: Permission to Dance on Stage – LA (2022) BTS Permission To Dance On Stage - LA 2022ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ်သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ်သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော်ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော်BTS 💜ARMY BORAHAE!!အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ...
movie

BTS: Permission to Dance on Stage – LA (2022)

2022
Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie

Sunset in My Hometown (2018)

Little Love Song (2019)
Little Love Song (2019) Little Love Song (2019)ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း ...
movie

Little Love Song (2019)

Heartsong (2022) 5.9
Heartsong (2022) Heartsong(2022)(1080p ရပါပြီ)Netflix ကထွက်ထားတဲ့ တူရကီ ဒရမ်မာ ဇာတ်ကားလေးပါ။ဇာတ်လမ်းက ရွာဘက်မှာ no-mad တွေလိုမျိုး ရိုးရိုးပဲနေတတ်ပြီး အမြဲပျော်ရွှင် သီချင်းဆိုနေကြတဲ့လူတွေအကြောင်းကို ရိုက်ထားတာပါ။Piroz က အမြဲသီချင်းဆို ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်ပြီး မင်္ဂလာဆောင်တွေမှာ သီချင်းဖျော်ဖြေတာ လိုက်လုပ်ပါတယ် မင်္ဂလာဆောင်တခုမှ သတို့သမီးကို တွေ့သွားပြီး သူ့ကိုချစ်မိသွားတယ်။သတို့သမီးလေးကလည်း သူ့ကို အရူးလို့မိဘတွေကအစ သတ်မှတ်ပြီး ယောကျ်ားပေးစားပြီး လက်လွှတ်ချင်နေတာပါ။ သူလည်း Piroz ကို ကြိုက်ပြီး အတူပေါင်းချင်တာကနေ ...သူတို့ရဲ့ အချစ်ရေးက ဘာတွေဆက်ဖြစ်မလဲ? ဒီ ဒရမ်မာဇာတ်လမ်းလေးမှာ စီးမျောခံစားရင်း ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 772MB, 381MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & ...
movie

Heartsong (2022)

2022
The Soloist(2009) 7.0
The Soloist(2009) The Soloist(2009) အညွှန်း**********************ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေလမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော်ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီးသူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာကဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာလေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်းတူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ ...
movie

The Soloist(2009)

Ma Rainey’s Black Bottom (2020) 6.9
Ma Rainey’s Black Bottom (2020) Ma Rainey's Black Bottom ( 2020 ) ========================= IMDb Rating - 6.9/102021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ ...
movie

Ma Rainey’s Black Bottom (2020)

2020
Elvis (2022) 7.7
Elvis (2022) Elvis (2022)သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Elvis (2022)

The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC
Purple Hearts (2022) 7.2
Purple Hearts (2022) Purple Hearts ( 2022 ) ===================အကောင်းတကော့အကောင်းဆုံး မာစတာပိစ်ကားတွေ စီးရီးတွေကို တင်ဆက်ပေးနေတဲ့ နက်ဖလစ် ရဲ့ အကောင်းစား ရိတ်တင်မြင့် ဒရာမာကားသစ်လေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ နက်ဖလစ်က ထုတ်ရင် မကောင်းတဲ့ကားမရှိသလို ဒီကားကလည်း သူ့ထုတ်တဲ့ကားတွေထဲမှာမှ ရိတ်တင် ၇ကျော်နေတဲ့ ရုပ်ရှင်ပါပဲ။Tess Wakefield ရဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခပ်ချောချော အမေရိကန်အဆိုတော်မလေး Sofia Carsonက အဆိုတော်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းတွေလည်း မနည်းမနောပါတာမို မြူဇစ်ကယ်ဒရာမာကြိုက်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ မရိန်းတပ်သားလေးတစ်ယောက်ရှိတယ်။ အစက သူက ဆေးသမား နောက်မှဆေးပြတ်ပြီး တပ်သားဖြစ်လာတာ။ သူတိုအိမ်က မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေ။ သူ့အဖေဆို စစ်တပ်ကပေးတဲ့ Purple Heartsဆုကိုရထားတယ်။ တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာတို သေတာတိုဖြစ်ရင်ပေးတဲ့ဆုပေါ့။ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်ပစ်မိရင်တော့ မပေးဘူးပေါ့။ ကံဆိုးချင်တော့ ငနဲက ...
movie

Purple Hearts (2022)

Cryo (2022) 4.7
Cryo (2022) Cryo (2022) =========Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ ‌ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ‌ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.32 GB) ...
movie

Cryo (2022)

2022
The Score (2022) 5.5
The Score (2022) The Score (2022)ဒီရုပ်ရှင်ကတော့ Musical အမျိုးအစားပါ။ ဒါပေမယ့် တခြားဇာတ်ကားတွေနဲ့မတူတာက Crime Musical အမျိုးအစား ဖြစ်ပါတယ် အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ထရိုင်နဲ့မိုက်တို့က ဒုစရိုက်သမား တေလေဂျပိုးတွေပါ ထရိုင်ရဲ့အစ်ကို နဲ့မိုက်နဲ့က အရင်ကတွဲဖက်ဖြစ်ပြီး ကိစ္စတစ်ခု အဆင်မပြေရင်း ထရိုင်ရဲ့အစ်ကို ထောင်ကျသွားခဲ့တယ် အဲမှာ မိုက်က ထရိုင်ကို ခေါ်ပြီး သူ့အစ်ကို ဝှက်ထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ အပေးအယူတစ်ခု လုပ်ဖို့ ကော်ဖီဆိုင်တစ်ခုကို ခရီးထွက်ခဲ့ကြတယ် ရလာတဲ့ ပစ္စည်းတွေ အမြတ်တွေလည်း တစ်ယောက်တစ်ဝက်ခွဲကြမယ်ဆိုပြီးတော့ပေါ့ ဒါပေမယ့် ထရိုင်က ကော်ဖီဆိုင်ကိုရောက်တော့ ကော်ဖီဆိုင်က မိန်းကလေးကို စိတ်ဝင်စားသွားခဲ့တယ် အဲမှာ အရာအားလုံးက သူတို့ထင်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တော့ဘူး ပြီးတော့ မိုက်က ထရိုင်ကိုခေါ်လာတဲ့ အဓိက အကြောင်းရင်းကတော့.....Drama, Romance လေး အနည်းငယ် ပါပေမယ့် တခြား Musical ကားတွေလိုတော့ အချစ်သီးသန့်ကား မဟုတ်ဘူး ဒုစရိုက်မှုတွေ အက်ရှင်ခန်းတွေ Musical ခန်းတွေပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကြည့်နေကျ Musical တွေထဲကနေ ကွဲထွက်တဲ့ အရသာတစ်မျိုး ရမယ်ဆိုတာ သေချာပါတယ်။အညွှန်း နဲ့ ...
movie

The Score (2022)

2022
[+21] 9 Songs(2004) 6.5
[+21] 9 Songs(2004) [21+]9 Songs(2004) အညွှန်း*******************ဒီကားက Music Romance ဖြစ်ပြီး ဆုတွေလည်းရထားပေမဲ့စိတ်မကောင်းချင်စရာကောင်းတာက အထဲမှာပါတဲ့အချစ်ကိုဖော်ပြတဲ့အခန်းအတော်များများဟာ 21+ အဆင့်ဖြစ်နေတာပါပဲ..Music ,Romance ကြိုက်တဲ့သူတွေအတွက်စိတ်မကောင်းချင်းများစွာနဲ့ ဒီကားကိုဒေါင်းရမှာ ဖြစ်ပါတယ်...ဘဝတစ်ကွေ့မှာ ဆုံတွေ့ခဲ့ပြီး၊ ကိုယ့်ရင်ခွင်ထဲ ခဏ၀င်နားကာပြန်ထွက်ခွာသွားတဲ့သူမျိုးကတော့ လူတိုင်းဆီမှာရှိကျစမြဲပါပဲ။ လန်ဒန်မှာ အလုပ်လာလုပ်ပြီး သူ့ရင်ခွင်ထဲခိုလှုံကာ မွေးရပ်မြေကိုပြန်သွားတဲ့အမေရိကန်သူလေး လီဆာကို အင်္ဂလန်သားလေး မတ်တစ်ယောက် သတိရ‌နေပြီးအတူရှိခဲ့စဉ်က နှစ်ယောက်သား  ရဲ့ ချစ်ပုံရိပ်တွေကိုသီချင်းကိုးပုဒ်တို့ဖြင့်  ခမ်းနားထည်ဝါစွာဖော်ပြထားပါတယ်..File Size : (1.5GB) (885 MB) and (207MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:11:00 Genre : Music, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Y Encoded by X
movie

[+21] 9 Songs(2004)

Gully Boy (2019) 8.4
Gully Boy (2019) Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie

Gully Boy (2019)

2019
4K HEVC
Halftime (2022) 6.4
Halftime (2022) Halftime (2022)ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB ...
movie

Halftime (2022)

2022
Look At Me: XXXTENTACION (2022)
Look At Me: XXXTENTACION (2022) Look at Me: XXXTentacion IMDb-7/10, Rotten Tomatoes-89%ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်းချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းကသူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင်ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်...သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့်ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက်X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့်X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်...ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရောX fan ...
movie

Look At Me: XXXTENTACION (2022)

2022
Torn Hearts (2022) 5.2
Torn Hearts (2022) Torn Hearts (2022)======================="Torn Hearts" ဆိုတာက တက်သစ်စ အမျိုးသမီး နှစ်ယောက်တွဲပြီး ဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့ နာမည်ပါ။အရက်ဘားတွေမှာ အပျော်တမ်း တီးကြဆိုကြရင်း ဝမ်းစာရှာနေရတဲ့ အဆိုရှင် တစ်ယောက်နဲ့ တေးရေးတစ်ယောက်သာ ပါတဲ့ ဒီအဖွဲ့က ကောင်မလေးနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အခွေထုတ်နိုင်ဖို့ ဂွင်ကောင်းကောင်းတစ်ခုကို လိုက်ရှာကြရင်းနဲ့ နာမည်ကျော်အဆိုတော်ဟောင်း တစ်ယောက်ဆီ ရောက်သွားကြပါတယ်။ ဒီအဆိုတော်မှာ လူသိမခံဝံ့တဲ့ နောက်ကြောင်းရာဇဝင်တွေ ရှိနေသလို ကြေကွဲစရာ ဇာတ်လမ်းတွေလည်း ရှိထားပြန်ပါတယ်။ဒီအမျိုးသမီး ၃ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ.....။ အချစ်၊ သံယောဇဥ် နဲ့ ကျော်ကြားမှုတို့ ယှဥ်လာကြတဲ့အခါ အဖုအထစ်တွေဖြစ်လာရင်း......ဘယ်လိုပြောင်းလဲသွားကြမလဲ....။အောင်မြင်မှုနောက်ကိုလိုက်ကြရင်း နောက်ဆုံး သင်ခန်းစာရဖွယ် ဖြစ်ရပ်ကိုသာ ကြုံခဲ့ရတာကို ပညာပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ တွေးစရာပေးတဲ့ ဇာတ်လမ်းလေးဖြစ်လို့ အချိန်ရရင် ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre.....Drama, Horror, Music Quality….1080p | 720p| 480p File size…1.1GB | ...
movie

Torn Hearts (2022)

2022
A Cowgirl’s Song (2022) 6.2
A Cowgirl’s Song (2022) A Cowgirl's Song (2022)========================IMDb Rating - 6.2/10ဂီတဝါသနာရှင်တို့အတွက် inspiring ဖြစ်စရာဂီတ ရုပ်ရှင်လေး တစ်ပုဒ် ထပ်မံထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းဟာ ကန်းထရီး သီချင်းတွေ ကြိုက်နှစ်သက်သူတွေအတွက်လည်း ဘ၀င်ကျစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ပါ၀င်တဲ့ ဇာတ်၀င်တေးတွေကလည်း ကန်းထရီးသီချင်းတွေပီပီ မြုးကြွချိုမြနေပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်မလေးကတော့ ဟေးလီဆိုတဲ့ ကောင်းဘွိုင်မလေးပါပဲ။ သူဟာ ဂီတကို ဝါသနာပါပြီး အဘွားဖြစ်သူလို နာမည်ကျော် အဆိုတော် ဖြစ်ချင်သူပါ။ တစ်နေ့တော့ ဟေးလီရဲ့ အဖေဟာ သူ မကျူးလွန်တဲ့ ပြစ်မှုအတွက် ထောင်ကျသွားတော့ မိခင်ဖြစ်သူမှာ သားအမိသုံးယောက်စာ ငွေရှာရ ခက်ခဲတဲ့အတွက် ဟေးလီတို့ညီအစ်မ နှစ်ယောက်ကို အဖွားဖြစ်သူနဲ့အတူ နေစေခဲ့ပါတယ်။ ဒီလိုနဲ့ ဟေးဘီ တစ်ယောက်ဂီတ လမ်းကြောင်းပေါ် ရောက်မယ့် ကံကြမ္မာနဲ့ ဆုံလာခဲ့ပါတယ်။ဟေးလီရဲ့ အဘွားဖြစ်သူ စေတနာ့၀န်ထမ်းလုပ်တဲ့ လူမှုရေးစင်တာတစ်ခုမှာ ဟေးလီ ဂစ်တာတီးသီချင်းဆိုနေတာကို ရုဖက်စ်ဆိုတဲ့ ကောင်လေးက ကြားသွားပြီး တေးရေး-တေးဆိုလုပ်ဖို့ သူ့ကို ကမ်းလှမ်းလာပါတော့တယ်။ ဒါပေမယ့်ပထမဆုံး ဖျော်ဖြေမှုမှာ စင်ကြောက်ပြီး မဖျော်ဖြေနိုင်ခဲ့တဲ့အပြင် ကိုယ်စားလှယ်ကပါ အပြစ်တင်လိုက်တော့ ဟေးလီစိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျသွားပြီး လုံး၀ ...
movie

A Cowgirl’s Song (2022)

2022