Channel Myanmar

Music

Battle: Freestyle (2022) 4.8
Battle: Freestyle (2022) Battle: Freestyle (2022)=================စတိုင်ကျကျကပြတဲ့ ကားတွေကို ကြိုက်သူများအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကားနာမည်ကတော့ Battle: Freestyle တဲ့ . . .ဒီကားထဲမှာ အမ်မလီက ချစ်သူမီကယ်ရဲ့အကအဖွဲ့မှာ ပါဝင်တဲ့သူလည်း ဖြစ်သလို၊ တစ်နေ့မှာ အမ်မလီတို့အဖွဲ့ ပါရီမှာ ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ အမ်မလီတစ်ယောက် ဝေးကွာနေတာကြာပြီဖြစ်တဲ့ အမေဖြစ်သူနဲ့ တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ နောက်ပြီးအမ်မလီအမေက အကသင်တန်းကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အမ်မလီ တစ်ယောက် အမေဖြစ်သူနဲ့တွေ့တဲ့ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မှာလဲ၊ အကပြိုင်ပွဲမှာရော သူတို့မျှော်မှန်းထားတဲ့ ဆုကြေးတွေ သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှု ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Shwe Pyae, Jerrica တို့ဖြစ်ပါတယ်)File Size - (1.6 GB) / (813 MB) / (538 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h ...
movie

Battle: Freestyle (2022)

2022
We Are Little Zombies (2019) 6.8
We Are Little Zombies (2019) We are little Zombies (2019)IMDb - 6.8/104 Wins and 11 Nominationsစိတ်ခံစားမှုမျိုးစုံ အတွေးမျိုးစုံကို မြုပ်ကွက်များနဲ့အတူ ခံစားမိစေမယ့် We are little zombies ငယ်စဉ်ကတည်းက မိဘတွေရဲ့ ဂရုမစိုက်မှု နဲ့ ပတ်၀န်းကျင်ကြောင့် အထီးကျန်နေခဲ့ရပြီး မိဘတွေကို မနှစ်သက်ကြတဲ့ ကလေး ၄ ယောက် ၊ အကြောင်းကြောင်းကြောင့် မိဘတွေ သေဆုံးသွားပြီး မိဘတွေရဲ့ ဈာပနပွဲမှာမှ သူတို့တွေ့ဆုံခဲ့ရတယ် ၊ Unemotional လို့ခေါ်တဲ့ စိတ်ခံစားမှုမရှိတဲ့ ကလေး ၄ ယောက်ဟာ စွန့်စားခန်းတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ... ဦးတည်ချက်မရှိပဲသွားနေရင်း မိဘတွေရဲ့ သေဆုံးမှုကို သီချင်းရေး သီဆိုရင်း လိုင်းပေါ်တင်လိုက်ရာ အောင်မြင်သွားချိန်မှာတော့ သူတို့လေးတွေ ဘာဆက်လုပ်ကြမလဲ ။ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်မရှိ ဘာခံစားချက်မှမရှိဘဲ ရောက်တတ်ရာရာသွားနေကြတဲ့ သူတို့ကိုယ်သူတို့ ဇွန်ဘီလေးတွေလို ...
movie

We Are Little Zombies (2019)

2019
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
OLIVIA RODRIGO: driving home 2 u (a SOUR film) (2022) 7.7
OLIVIA RODRIGO: driving home 2 u (a SOUR film) (2022) Olivia Rodrigo : Driving Home 2 U (2022)အမေရိကန်နိုင်ငံက Olivia Rodrigo ဆိုတဲ့ ဆယ်ကျော်သက် အဆိုတော်-တေးရေးဆရာမလေးရဲ့ Driving Home 2 U ဆိုတဲ့ documentary လေးကို တင်ဆက်ပေးလိုက်ပါတယ်Olivia Rodrigo ဆိုတာနဲ့ Drivers License ဆိုတဲ့ သီချင်းလေးကို ပြေးမြင်မိကြမှာပါပဲ။ ဟုတ်ပါတယ်။ ဒီသီချင်းလေးက သူအသည်းကွဲရာကနေ မွေးဖွားလာခဲ့တဲ့သီချင်း၊ သူ့ကောင်လေးနဲ့အတူ စိတ်ကူးယဉ်ခဲ့တဲ့ ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ရမယ့်နေ့လေး၊ တကယ်တမ်း ၁၈နှစ်ပြည့်ပြီးလို့ ယာဉ်မောင်းလိုင်စင်ရတဲ့နေ့မှာတော့ သူနဲ့တူတူစိတ်ကူးယဉ်ခဲ့တဲ့ ကောင်လေးလည်း သူ့အနားမရှိတော့သလို ကိုယ်တိုင်ကားမောင်းပြီးသွားလည်ရမယ့် ကောင်လေးရဲ့အိမ်ဆိုတာလည်း မရှိတော့ပါဘူး။ အဲဒီလို ရင်နဲ့ရင်းပြီးရေးခဲ့ရတဲ့ အသည်းကွဲဇာတ်လမ်းလေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ပရိသတ်ရှေ့ကို တရားဝင်ချပြခဲ့တဲ့အခါမှာတော့ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေဖို့ ဖြစ်လာပါတော့တယ်။ဒီ Drivers License ဆိုတဲ့ သီချင်းနဲ့ Chart တွေမှာ နံပါတ်၁စွဲ၊ ...
movie

OLIVIA RODRIGO: driving home 2 u (a SOUR film) (2022)

2022
Studio 666 (2022) 5.8
Studio 666 (2022) Studio 666 (2022) အညွှန်းIMDb 5.9/10==============================ဒီတစ်ခါ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ရင်တဖိုဖိုနဲ့ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်တွေအတွက်2022 မှာမှ အသစ်ထွက်ထားတဲ့ Musical thriller/horror အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက ကြောက်စရာကောင်းသလောက် သွေးထွက်သံယိုအခန်းတွေ၊ အော်ကလီဆန်စရာအခန်းတွေ ပါဝင်တာမို့လို့ရွံတတ်သူများ ကြောက်တတ်လန့်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ဇာတ်လမ်းအကျဥ်းလေးကတော့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့ ဆယ်နှစ်ပြည့် သီချင်းခွေထုတ်ဖို့ စီစဥ်နေကြပါတယ်။သူတို့လိုအပ်နေတာက အသံတိတ်ဆိတ်ပြီး သီချင်းသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါပဲ။ဒီအိမ်ကို လိုက်ရှာကြတဲ့အခါ ရှေးဟောင်းအိမ်ကြီး တစ်အိမ်ကို ရောက်ပြီး အဖွဲ့ခေါင်းဆောင်က အိမ်ကြီးကို ရွေးလိုက်ပါတယ်။အဖွဲ့သားတွေကတော့ ဒီအိမ်ကြီးကို မသိုးမသန့်ဖြစ်ပြီး စိတ်အလိုမကျပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေတဲ့အတွက် သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ ကြမ္မာဆိုးက ဝင်ချင်တော့ တစ်ရက်ပြီး တစ်ရက် နိမိတ်ဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒါ့အပြင် သူတို့ရဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း တစ်မျိုးတမည် ပြောင်းလဲလာပါတော့တယ်။သူတို့စိတ်ကပဲထင်နေတာလား.... ဒီအိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လား....သူတို့တီးနေတဲ့ သီချင်းခွေကရော ဘယ်လိုသံစဥ်တွေဖြစ်လာမလဲဆိုတာ..... စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ညဖက်တစ်ယောက်တည်း စောင်ခြုံပြီး ကြည့်သင့်တဲ့ ကြည့်ရင်းတန်းလန်း အိမ်သာမသွားသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ မလွတ်တမ်းအားပေးကြပါဦးခင်ဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre..... Comedy, ...
movie

Studio 666 (2022)

2022
One Direction: This Is Us (2013) 4.5
One Direction: This Is Us (2013) One Direction: This is us (2013)=========================Simon Cowell ဟာ X Factor ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ Harry Styles, Zayn Malik,Niall Horan, Louis Tomlinson နဲ့ Liam Payne တို့ကို One Direction ဆိုပြီးဖွဲ့စည်းဖို့အချိန်ဆယ်မိနစ်ပဲ ယူခဲ့ပါတယ်တဲ့။ အစကတော့ သူကိုယ်တိုင် ဒီအဖွဲ့ဒီလောက်အောင်မြင်မယ်ဆိုပြီး လုံးဝ မထင်ထားခဲ့သလို ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။Directioner များရဲ့ Supporting အားကောင်းမှုကြောင့် 1D စဖွဲ့စည်းချိန်မှာပဲစံချိန်များစွာ ချိုးဖျက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ဒီ Documentary လေးကို Take Me Home Tour လှည့်ချိန်မှာရိုက်ကူးထားခဲ့ပြီးအမိုက်စား Performance တွေအပြင် Member တစ်ယောက်ချင်းစီရဲ့အမူအကျင့်တွေ၊ ညီအစ်ကိုသံဃောဇဉ်တွေနဲ့ Directioner များအပေါ်ထားရှိတဲ့သူတို့ရဲ့ ချစ်ခြင်းမေတ္တာများကိုပါထည့်သွင်းဖော်ပြသွားပါတယ်။လူလတ်တန်းစားမိသားစုတွေမှာမွေးဖွားလာခဲ့ကြတဲ့ သာမန်ကောင်လေး ငါးယောက်ရဲ့အောင်မြင်မှုအပေါ်ထားရှိတဲ့သူတို့ရဲ့အမြင် ပြီးတော့ ဒီအောင်မြင်မှုကိုဘဝနဲ့ဟန်ချက်ညီအောင် ...
movie

One Direction: This Is Us (2013)

2013
Seoul Searching (2015) 7
Seoul Searching (2015) Seoul Searching (2015) ဇာတ်လမ်းအညွှန်းစစ်ဘေးရှောင်ရင်း နိုင်ငံအသီးသီးမှာကြီးပြင်းကြတဲ့ ကိုရီးယားလူငယ် ဆယ်ကျော်သက်တွေကို အမိမြေနဲ့ မစိမ်းအောင် ကိုရီးယားယဉ်ကျေးမှုအကြောင်း သင်ယူလို့ရအောင် ၁၉၈၀ခုနှစ်ကစပြီး ကိုရီးယားမှာ နွေရာသီပိတ်ရက်စခန်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။Seoul Searching ကတော့ ၁၉၈၆ခုနှစ် နွေရာသီပိတ်ရက်စခန်းမှာ တွေ့ကြတဲ့ လူငယ်လေးတွေအကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။လူငယ်တစ်​ယောက်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေ၊ အချစ်ဇာတ်လမ်းလေးတွေ ဝေဝေဆာဆာနဲ့အပြင် လူငယ်လေး​တွေ ဒီစခန်းကို ပြီးဆုံးတဲ့အထိ နေနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChitThe ပါ) File Size          :  1.8GB, 746MB & 395MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format      ...
movie

Seoul Searching (2015)

Idol Recipe (2022) 5
Idol Recipe (2022) Idol Recipe (2022) ဇာတ်လမ်းအညွှန်း *******************************ဒီတစ်ခါတော့ idol မူဗွီလေးပါ။ ဘယ်လာ ဆိုတဲ့ မကျော်ကြားသေးတဲ့ idol အဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ဒီလို အခက်အခဲတွေကို ဘယ်လာ အဖွဲ့ဝင်တွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ?စိန်ခေါ်မှုတွေကို အံတုနိုင်ပါ့မလားသူတို့ရည်မှန်းချက် အောင်မြင်မှုကို ရတဲ့ထိ ဆက်လှမ်းးနိုင်ပါ့မလား?အောင်မြင်ဖို့မပြောနဲ့ idol အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင်မှ ခဲယဉ်းလဲ?ဒီလိုအခက်အခဲတွေကြားမှာမှ ဝေဖန်ခံရတဲ့အခါ idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ ဆိုတာ ဒီဇာတ်ကားလေးကြည့်ပြီး လေ့လာခံစားကြရအောင်ပါ။ File Size          :  1.8GB, 860MB & 428MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format  ...
movie

Idol Recipe (2022)

Justin Bieber’s Believe(2013)
Justin Bieber’s Believe(2013) Justin Bieber's Believe (2013) ======================================== ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကိုရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရောသီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက်Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီးTour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလိုဝေဖန်မှုများစွာ ...
movie

Justin Bieber’s Believe(2013)

2013
The Sky Is Everywhere (2022) 5.6
The Sky Is Everywhere (2022) The Sky Is Everywhere (2022)======================ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.9 GB) /(855 MB) / (572 MB) Quality – ...
movie

The Sky Is Everywhere (2022)

2022
Marry Me (2022) 6.3
Marry Me (2022) Marry Me (2022)မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ဇာတ်လမ်းအကျဉ်းကတော့.....ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB ...
movie

Marry Me (2022)

2022
Da Capo (2020) 7.1
Da Capo (2020)  Da Capo"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါဇာတ်လမ်းအကျဉ်းအရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီအရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန်အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စုတစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ...ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt
movie

Da Capo (2020)

Juice WRLD: Into the Abyss (2021) 7.8
Juice WRLD: Into the Abyss (2021) Juice WRLD: Into The Abyss (2021) ခင်ဗျားတို့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ စိတ်ရောဂါသည်ကလေးတစ်ယောက်က ခင်ဗျားဘဝမှာဘယ်လောက်ထိအရေးပါနိုင်မလဲ။ စိတ်မကောင်းဖြစ်မယ် သူ့ကိုဖေးမမယ် ဒီလောက်ထိမပိုဘူး တွေးထားကောင်းတွေးထားလိမ့်မယ်။ဒါပေမဲ့ ADD စိတ်ရောဂါသည်ကလေးတစ်ယောက်က လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့အမွေ ဖြစ်လာပြီး ‌တသသ ပြောနေရမယ့်လူမျိုးဖြစ်‌လာမယ်ဆိုရင်ရော...... ခင်ဗျားသေချာပေါက်အံ့ဩသွားမှာပဲ။ဟုတ်ပါတယ် အဲ့ဒီ ADD ဖြစ်နေတဲ့ကောင်လေးဆိုတာ Juice WRLD ပါပဲ။Billboard Best Artist ဆုရှင်၊ ‌သူသေဆုံးပြီးတာတောင် သူ့သီချင်း သူ့အနုပညာတွေကိုနေရာတိုင်းမှာ ကြားနေရဆဲ၊ လူငယ့် အသံ လူငယ့်မျှော်လင့်ချက်၊ Juice WRLD ဟာဒီလိုဂုဏ်တွေနဲ့လူမျိုးပါ။တဖက်မှာလည်း သူ့ရဲ့စိတ်အခြေအနေကို‌ ကောင်းကောင်းမထိန်းချုပ်နိုင်မှု၊ ငွေပုံကြားထဲက အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု ဒါတွေဟာ Juice WRLD တွေ့ကြုံနေရတဲ့ပြဿနာတွေပါ။အသက် 21 နှစ်သာရှိသေးတဲ့ Juice WRLD အတွက် လောကဓံဆိုတဲ့ချောက်က သိပ်နက်တယ်နဲ့တူပါတယ်၊ December 8 ရက် 2019 မှာတော့ သူတပ်ပြန်ဆုတ်သွားခဲ့ပါတယ်။သူမသေဆုံးခင်အချိန်၊ ...
movie

Juice WRLD: Into the Abyss (2021)

2021
Break the Silence: The Movie (2020) 8.3
Break the Silence: The Movie (2020) Break The Slience: The Movie (2020)==============================ဒီတခါမှာ နာမည်ကြီး K Pop Gp တစ်ခုဖြစ်တဲ့BTS အဖွဲ့ရဲ့ Documentary လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Burn the stage, Bring the soul နောက်မှာထွက်ရှိလာတဲ့ဒီ Movie ဟာဆိုရင် ရုံတင်ပြသမဲ့စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပေမယ့်လည်းကိုဗစ်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ရုံမှာ ကြည့်ခွင့်မရလိုက်ပါဘူးဒီBTS အဖွဲ့ရဲ့ အောင်မြင်မှုတွေက ချက်ချင်းရလာတာမဟုတ်ပါဘူး အဖွဲ့ Disband ဖို့အထိပါဆွေးနွေးခဲ့ရလောက်တဲ့ထိကို အမျိုးမျိုးသော ထိုးနှက်မှုတွေ ကြုံတွေ့ခဲ့ရပြီးတော့Turning Point တွေဖြစ်လာတဲ့ထိ သူတို့တွေအများကြီးကြိုးစားခဲ့ရတယ် ပေးဆပ်ခဲ့ရပါတယ်သီချင်းတွေဖန်တီးရရင်ကို ပျော်ရွှင်နေတဲ့ဒီကောင်လေး ၇ ယောက် တခါမှအိမ်မက်တောင်မမက်ဘူးတဲ့အရာတွေ လက်တွေ့ဖြစ်လာတဲ့အခါမှာ ပျော်ရွှင်မှုလည်းရှိရသလို စိတ်ဖိစီးမှုတွေစိုးရိမ်မှုတွေ ရှိလာကြတယ်ဒီ Documentary ထဲမှာဆိုရင် 2019မှာ 14 လတာ လုပ်ခဲ့တဲ့ Love Yourself Speak Yourself World Tour ရဲ့ ...
movie

Break the Silence: The Movie (2020)

2020
BLACKPINK: THE MOVIE (2021) 7.6
BLACKPINK: THE MOVIE (2021) Blackpink : The Movie (2021)တစ်ကမ္ဘာလုံးက BLINK​တွေအားလုံး ​​မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင် အခုချိန်မှာ​တော့ Digital Streamingအ​နေနဲ့ ထွက်ရှိလာပြီဖြစ်တာ​ကြောင့် ​ အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု​ တွေအတွက် အ​ကောင်းဆုံးတင်ဆက်​ပေးလိုက်ပါပြီ၊ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentက​နေ Debutခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအ​​နေနဲ့ YGက စီစဉ်​ပေးခဲ့တဲ့ Project​တွေထဲက တစ်ခုပါ၊ THE MOVIEထဲမှာ 2018ခုနှစ် "IN YOUR AREA"နဲ့ 2021 "THE SHOW"ထဲက live performance​တွေကို မြင်​တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့သီချင်း​တွေနဲ့ ​​ဖျော်ဖြေမှု အလန်းစား​တွေကို ​​​သေချာမြင်​တွေ့ခံစားရ​တော့မှာပဲ ဖြစ်ပါတယ်၊ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး ၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်​တွေရဲ့ အမှတ်တရ​ဖြစ်ရပ်တွေ၊ တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ​တွေ၊ အ​တွေ့အကြုံ​တွေနဲ့ အသည်း​ကျော်​လေး​တွေရဲ့ ငယ်ဘဝဖြတ်သန်းပုံ​လေး​တွေ၊ အထူးအင်တာဗျူးလေး​တွေကိုလည်း သီးသန့် film​​​လေး​ကိုယ်စီနဲ့ ရိုက်ကူး​​ပေးထားပါတယ်စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music ...
movie

BLACKPINK: THE MOVIE (2021)

2021
Thi-Baan x BNK48 (2020)
Thi-Baan x BNK48 (2020) Thibaan x BNK48 (2020)ဒီတစ်​ခေါက်မှာ​တော့ စိတ်အပန်း​​ဖြေရင်း မျက်စိပ​သာဒ ဖြစ်စရာ ထိုင်း Fancy ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​​ပေးလိုက်ပါတယ်၊​ဒီဇာတ်လမ်းက ထူးခြားစွာပဲ ဟာသဇာတ်လမ်းတွဲ​​တွေနဲ့ ထိုင်းနိုင်ငံမှာနာမည်တစ်လုံးရှိတဲ့ Thibaanအဖွဲ့နဲ့ ၂၀၁၇ ခုနှစ်ထဲက စတင်ဖွဲ့စည်းထားတဲ့Pop idol အဖွဲ့ BNK48တို့ collabလုပ်ပြီး ရိုက်ကူးထားတာဖြစ်လို့ Thibaanအဖွဲ့ရဲ့ အတည်​ပေါက်ဟာသ​တွေနဲ့ အပြင်က တကယ့်Idol girl​လေးများရဲ့အလှနဲ့ သရုပ်​ဆောင်ပညာကို တပါတည်းကြည့်ရှုခံစားရင်း ဘဝအ​မော​တွေ​ပြေ​စေမှာပါ၊နာမည်ရIdolအဖွဲ့ဖြစ်တဲ့ BNK48အဖွဲ့​အ​နေနဲ့ လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​​အောင်မြင်​နေတဲ့ အဆို​တော်အဖွဲ့ဖြစ်​ပေမဲ့ အမြဲ​ပြောင်းလဲ​နေတဲ့ ဂီတ​ရေစီး​ကြောင်းထဲမှာ ဆန်းသစ်မှု မရှိလို့ ​ခေတ်​နောက်ကျကျန်ခဲ့မှာကို စိုးရိမ်​နေတဲ့အချိန်... ထိုင်းအ​ရှေ့ပိုင်း အီဆန်နယ်​တေးဂီတ​တွေနဲ့ နာမည်ရလာတဲ့ Music producer ကောင်​ဟွေလိုင်ကို မျက်စိကျပြီး BNK အဖွဲ့အတွက် အီဆန်သီချင်းတစ်ပုဒ်​စာ အပ်လိုက်ပါတယ်၊ Producer ​"ကောင်" အ​နေနဲ့ နေမထိ​ရေမထိIdol​လေး​တွေကို ကိုယ်သီဆိုရမယ့် အီဆန်သီချင်းရဲ့ အနှစ်သာရ၊ အီဆန်နယ်ရဲ့ ဓ​လေ့စရိုက်ကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆိုပြီး အီဆန်နယ်၊ ဆီစကတ်မြို့ကို ​ခေါ်သွားခဲ့ပါတယ်မြို့ကြီးပြကြီးမှာပဲ ​နေလာခဲ့တဲ့ နုနုရွရွIdol​လေး​တွေနဲ့ ​ကျေးလက်က ...
movie

Thi-Baan x BNK48 (2020)

Wish You(2021) 7.0
Wish You(2021) Wish You(2021) အညွှန်း******************** ဒီတစ်ခါမှာတော့ blချစ်သူတို့အကြိုက် ကိုရီးယား bl drama movieလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်... သီချင်းထုတ်လုပ်ရေး အေဂျင်စီတစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ Yoon Sang Yi ဟာဂီတကိုချစ်မြတ်နိုးပြီး လမ်းဘေးမှာ သီချင်းတွေသီဆိုဖျော်ဖြေနေတဲ့ Kang In Sooကိုမြင်မြင်ချင်းမှာပဲ ထိုကောင်လေးရဲ့ အမာခံပရိသတ်ဖြစ်လာပါတယ်။သူကနေတစ်ဆင့် In soo ကို အေဂျင်စီက သိရှိသွားပြီး rookie အနေနဲ့ အေဂျင်စီကိုဝင်ရောက်လာဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဝါသနာလည်းတူ ဂီတမှာလည်း ပါရမီထူးကြတဲ့ကောင်လေးနှစ်ယောက်ဟာ အတူလက်တွဲလုပ်ကိုင်ကြရင်း နားလည်မှုတွေတိုးကာ ရင်းနှီးလာခဲ့ကြပါတယ်။တကယ်တော့ In Soo ဂီတကိုဒီလောက် အစွဲအလန်းကြီးစွာ လုပ်ကိုင်နေရတဲ့အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးတယ်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူ့ရဲ့ဂီတလမ်းကြောင်းကအမြဲတမ်းပိတ်ပင်ခံခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာရော သူအောင်မြင်စွာ ပွဲဦးထွက်နိုင်ပါ့မလား။အချင်းချင်း ချစ်မြတ်နိုးကြတဲ့ ကောင်လေးနှစ်ယောက်ကရော ပျော်ရွှင်စရာဇာတ်သိမ်းလေးအဖြစ် ပေါင်းဖက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းလေးကိုကြည့်ရှုကြည့်လိုက်ပါ။ကောင်လေးနှစ်ဦးရဲ့ကြားက ရိုးရှင်းလှတဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်ထားတဲ့ကားလေးမလို့ ကြည့်ရသူတိုင်းရဲ့ရင်ထဲ ကြည်နူးမှုလေး ခံစားမိစေမှာပါ။     File Size : (1.65GB)(956MB) and ...
movie

Wish You(2021)

All Too Well: The Short Film (2021) 9.1

All Too Well: The Short Film (2021)

2021
Britney Vs Spears (2021) 6.9
Britney Vs Spears (2021) Britney Vs Spears (2021)==================IMDb Rating - 6.9/10တချိန်တခါက ဘရစ်တနီတစ်ယောက် ဘယ်လောက်ထိ ကျော်ကြားအောင်မြင်ခဲ့လဲဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။အနုပညာရှင်တွေအောင်မြင်လာတာနဲ့အမျှ ပါပါရာရာဇီတွေက သတင်းတွေအတင်းလိုက်ယူကြတယ်။ နောက်ကနေ ကားနဲ့အတင်းလိုက်တာတို့၊ သွားတဲ့နေရာတိုင်းနောက်ကအတင်းလိုက်တာတို့ စတာတွေလုပ်လာကြတယ်။ အဲဒါအပြင်ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး​တော့ သားနှစ်ယောက် အုပ်ထိန်းခွင့်နဲ့ပတ်သတ်ပြီး တရားရင်ဆိုင်ရတဲ့အထိတွေဖြစ်ခဲ့တဲ့ချိန်မှာ ဘရစ်တနီတစ်ယောက်Mental breakdown ပါဖြစ်ခဲ့ပါတယ်။ လူတိုင်းက သူမကိုရူးသွားပြီ ရူးနေပြီလို့ပြောကြပြီးတော့ ဖခင်ဖြစ်သူ ဂျေမီက ဒီကိစ္စကိုအကြောင်းပြပြီး အုပ်ထိန်းခွင့် လျှောက်ခဲ့ပါတယ်။ ဒီအုပ်ထိန်းခွင့်ဟာဆိုရင် အုပ်ထိန်းသူက အရာအားလုံးကို သူစိတ်တိုင်းကျချယ်လှယ်လုပ်ပိုင်ခွင့်ရှိပြီး၊ လွတ်လပ်ခွင့်ကိုပါ ပိတ်ပင်နိုင်တဲ့ထိလုပ်နိုင်ပါတယ်။ဒီလိုမျိုး အုပ်ထိန်းခံရတဲ့သူတွေက တကယ်တော့ ရှင်လျက်နဲ့ မသေမချင်းနှိပ်စက်သလိုမျိုးပါပဲ အခုဆိုရင် ဘရစ်တနီတစ်ယောက်လူအခွင့်အရေးဆုံးရှုံးနေတာ ၁၀နှစ်ရှိပါပြီ။ ဂျာနယ်လစ် ဂျန်နီအယ်လစ်ကြူနဲ့ ရုပ်ရှင်ဖန်တီးသူ အယ်ရင်လီကားတို့ဟာ ဘရစ်တနီရဲ့လွတ်လပ်ခွင့်ပြန်လည်ရရှိဖို့အတွက် အင်တာဗျုးတွေလုပ် သက်သေတွေစုဆောင်းရင်းနဲ့ ဘရစ်တနီ ဘယ်လိုအကြောင်းအရာမျိုးတွေကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီ Documentary ထဲမှာသိရှိနိုင်မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae ...
movie

Britney Vs Spears (2021)

2021