Channel Myanmar

Mystery

Freedomland (2006) 5.2
Freedomland (2006) Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie

Freedomland (2006)

2006
Ex Machina 2015 7.7
Ex Machina 2015 Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7အထိရရှိထားတဲ့ ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်..... စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ........ ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်....  File size…  5.9 GB / 1.1 GB /  545 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 48m Genre ...
movie

Ex Machina 2015

2015
4K HEVC
Asih (2018) 5.1
Asih (2018) Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie

Asih (2018)

2008
Heart’s Motive (2023) 6.2
Heart’s Motive (2023) Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Heart’s Motive (2023)

Locked In (2023) 5.5
Locked In (2023)  X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ....။ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်...။လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံးအကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ....။ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့.....ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကိုလက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့....‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲသားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်...။ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့....။အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ....။အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကိုပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်....။ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါထပ်ရလာတဲ့အခါမှာတော့....အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ....။မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်ကအမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Locked In (2023)

Mysterious Things in the Deep Forest ( 2023 ) 5.8
Mysterious Things in the Deep Forest ( 2023 ) တော်လှန်ရေးခေတ်ကိုအခြေခံပြီးရိုက်ထားတဲ့ စွန့်စားခန်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၃)နှစ်တုန်းက ပိုင်ရှန်တောနက်ထဲမှာပျောက်သွားတဲ့ မီးရထားပေါ်မှာဇနီးပါသွားတာကြောင့် တောနက်ထဲဝင်ရှာမယ့် .......မာဟိန်ယွမ် အစ်မဖြစ်သူကိုရှာဖို့အတွက် ခဲအိုနဲ့အတူစွန့်စားမယ့်...... ဖုကွေ့ အဲဒီမီးရထားပေါ်မှာပဲပါသွားတဲ့ ညီလေးကိုရှာမယ့် ..... ခါဝါဂူချီဂျပန်လူမျိုးခါဝါဂူချီခိုင်းသမျှကို အခကြေးငွေနဲ့လုပ်ပေးပြီး လောဘကြီးတဲ့ ဓားပြဗိုလ်.... ပေပါ့ထျန်း ရည်ရွယ်ချက်မတူတဲ့ဒီလူတွေဟာအုပ်စုဖွဲ့ပြီး ပိုင်ရှန်းတောင်ကတောနက်ကြီးထဲကိုဝင်ကြတဲ့အခါ ဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်ကြိုနေမလဲ...... မီးရထားကြီးဆန်းကြယ်စွာပျောက်သွားတဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Adventure , Horror Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Mysterious Things in the Deep Forest ( 2023 )

Snaker in Golden ( 2023 ) 5.9
Snaker in Golden ( 2023 ) ပြန်ရှောင်ယာတို့ရဲ့ ယွိကျန့်ဂိုဏ်းဟာ ခေတ်အဆက်ဆက် မိစ္ဆာဖမ်းခြင်းနဲ့ နာမည်ကြီးတဲ့ဂိုဏ်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခေါင်း၉လုံးနဲ့ မြွေတစ်ကောင်ဟာ ကိုယ်ပေါ်မှာ ရွှေရောင်တွေ တောက်ပပြီး အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်ပုံအဖြစ်ဖန်ဆင်းပြီး သူ့ကိုယ်သူ ရွှေမြွေသခင်မဆိုပြီး အမည်ခံကာ လူ့လောကကို အန္တရာယ်ပြုလျက်ရှိပါတယ်။ပြည်သူတွေဟာ ဒုက္ခများစွာရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ မိစ္ဆာဖမ်းသူနန်ဟွာဟာ ရွှေမြွေသခင်မကို အနိုင်ယူပြီး သူမရဲ့ခေါင်းကိုဖြတ်ကာ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ဒါပေမဲ့ ရွှေမြွေသခင်မရဲ့ ခန္ဓာကိုယ်က သေဆုံးသွားခဲ့ပေမဲ့လဲ ဝိညာဉ်ကမသေသွားပါဘူး။ မသေခင်မှာ မိစ္ဆာအရှင်လောကထဲ ပြန်လာဦးမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။နှစ်ထောင်ချီကြာပြီးနောက် ရွှေမြွေသခင်မကို ထိန်းချုပ်ထားတဲ့ မိစ္ဆာသတ်နန်းဆောင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး ရွှေမြွေသခင်မ တယောက် ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့......... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Snaker in Golden ( 2023 )

Five Nights at Freddy’s (2023) 5.7
Five Nights at Freddy’s (2023) Five Nights at Freddy's (2023) ======================ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy's ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့် ပါပဲ။သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီ ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့ နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိ ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ...ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ် သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်း စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက် သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.22 GB) ...
movie

Five Nights at Freddy’s (2023)

2023
4K HEVC
The Case of the Four Demon Coffins ( 2023 ) 5.8
The Case of the Four Demon Coffins ( 2023 ) ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တို့အတွက် သဲထိတ်ရင်ဖို မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ် ဝေးလံလှတဲ့ မြို့ငယ်လေးတစ်ခုမှာ ဖြစ်ပါတယ်။ မြို့က လူဆိုးထိန်း စန်းကိန်းနှင့် ချီးရှီတို့ဟာ အမိန့်အရ လူသတ်မှုတွေကို လိုက်လံစုံစမ်းရာ သံသယဖြစ်စရာ ကွင်းဆက် လူသတ်မှုကို စုံစမ်းမိသွားပါတယ်။အမှုတွေမှ တစ်ဆင့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရန်ငြိုးဟောင်းတွေလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုကို အဆင့်ဆင့် လိုက်လံစုံစမ်းနေပေမဲ့ အမှုတွေက ပိုပြီးတော့ ထူးဆန်းလာနေပါတယ်။အမြဲတမ်းတည်ငြိမ်အေးချမ်းတဲ့ မြို့လေးမှာ အခုတော့ နတ်တွေ သရဲတွေနဲ့ ရှုပ်ထွေးနေတဲ့ အနံ့အသက်တွေနဲ့ ဖုံးလွမ်းနေပါတော့တယ်။ စန်းကိန်းတို့တစ်တွေ လူသတ်မှုရဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား...... တရားခံကရော ဘယ်လိုအကြောင်းကြောင့် လူသတ်နေရတာလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Drama Runtime : 1h 19 min Subtitle : Myanmar Subtitle ...
movie

The Case of the Four Demon Coffins ( 2023 )

The Fourth Kind (2009)
The Fourth Kind (2009)  Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ...
movie

The Fourth Kind (2009)

The Conference (2023) 5.8
The Conference (2023) The Conference (2023)ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration ...
movie

The Conference (2023)

2023
Paranormal Activity (2007)
Paranormal Activity (2007)   IMDb 6.3 ရရှိထားပြီး teen choice movie award အပါအဝင်ဆုသုံးခုနဲ့ ဆုပေါင်း 12ခုမှာဇကာတင်ထားတဲ့ Horror & thriller အမျိုးအစားဇာတ်လမ်းဖြစ်ပါတယ်။ Jumpscare တွေနဲ့သွေးသံရဲရဲ ထိတ်လန့်စရာမျိုးမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ကြက်သီးဖြန်းကနဲထစေမဲ့ ခံစားချက်မျိုးကိုရစေမှာပါဇာတ်လမ်းအကျဉ်း.....ကေတီနဲ့မီကာတို့ဟာ နှစ်ရှည်တွဲလာခဲ့တဲ့စုံတွဲတွေဖြစ်ပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်နေရင်း အိမ်မှာထူးထူးဆန်းဆန်းဖြစ်ရပ်တွေကြုံလာပါတော့တယ် ကေတီကတော့ငယ်ကတည်းကဒီလိုကြုံနေကျမလို့ သိပ်မထူးဆန်းတော့ပေမဲ့ မီကာတစ်ယောက်ကတော့စိတ်တွေလှုပ်ရှားပြီး ဒီ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို အရမ်းစိတ်ဝင်စားနေခဲ့တာပါ....လူကိုလည်းဘာဒုက္ခမှမပေးဘဲ ဆန်းဆန်းပြားပြားတွေဖြစ်နေရတာဘယ်သူ့ကြောင့်လဲ သရဲလား တစ္ဆေလား နတ်ဆိုးလား ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုနဲ့နှစ်ယောက်သား ထူးဆန်းတဲ့ကိစ္စတွေကိုစုံစမ်းကြရင်း ဒီလိုဖြစ်ရပ်တွေကဘာကြောင့်‌ဖြစ်နေရတာလဲ အဲ့ထူးဆန်းတဲ့အရာကြီးကိုဖယ်ရှားနိုင်ပါ့မလား ဆိုတာကိုကြည့်ရှူရမှာပါParanormal activity ဇာတ်ကားတွေထုံးစံအတိုင်း စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလိုမျိုး ရိုက်ကူးထားတာမလို့ တကယ့် Ghost hunting show တွေကြည့်‌နေရသလို ခံစားရမှာဖြစ်ပါတယ် File size…(1.7 GB)/(871 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Horror,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Paranormal Activity (2007)

Night of the Hunted (2023)
Night of the Hunted (2023)  အသစ်ထွက်ထားတဲ့ သည်းထိတ်ရင်ဖို ပဟေဠိရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အဲလစ်ဟာ ညသန်းခေါင်ယံမှာ အကြောင်းကိစ္စတစ်ခုကြောင့် သူငယ်ချင်းဖြစ်သူ ဂျွန်နဲ့အတူ ကားတစ်စီးနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဓာတ်ဆီဆိုင်တစ်ခုအရောက်မှာတော့ ဂျွန်တစ်ယောက် ကားဓာတ်ဆီဖြည့်နေတုန်း အဲလစ်ကတော့ ကော်ဖီ၀ယ်ဖို့ရာ ဓာတ်ဆီဆိုင်၂၄နာရီစတိုးထဲကို ၀င်လာခဲ့ပါတယ်။ဒါပေမဲ့ ငွေရှင်းဖို့လုပ်တဲ့အခါမှာ ကောင်တာမှာ ဘယ်သူမှမရှိနေတာကို သတိထားမိလိုက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာ‌ ဆိုင်ထဲကို စနိုက်ကျည်တွေ တောက်လျှောက်၀င်လာတဲ့အခါမှာတော့...အဲလစ်ကို စနိုက်ပါနဲ့ စောင့်ကြည့်နေပြီး အသေပစ်သတ်ဖို့ကြိုးစားနေတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့် အဲလစ်ကို အငြှိးတကြီးနဲ့ သတ်ချင်နေရတာလဲ၊ အဲလစ်အနေနဲ့ရော သူမကို ခေါင်းပွင့်အောင် ပစ်သတ်ချင်နေတဲ့သူဆီကနေ လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလား၊ အဲလစ်တစ်ယောက် ဆိုင်ထဲမှာ ဆက်လက်ရှင်သန်ဖို့ကြိုးစားနေစဉ်မှာရော ဆိုင်ကို တခြား ဘယ်သူတွေရောက်လာဦးမလဲ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ‌ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.2 GB)/(665 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Night of the Hunted (2023)

Sister Death (2023) 5.8
Sister Death (2023)  သရဲကားမှာ သရဲကားဆိုသူတွေအတွက် ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ကြည့်ကောင်းမယ့် သရဲကားလေးပါပဲ....။အခြားသရဲကားတွေ...ဥပမာ-The Nunတို့လို သရဲကားတွေနဲ့မတူတာကJump scareတွေ၊ မှောင်မှောင်မည်းမည်း cinematography တွေ မသုံးထားဘဲ...ပြောင်ပြောင်တင်းတင်းနဲ့ ဇာတ်အိမ်အတိုင်းဆွဲခေါ်သွားခံရမယ့်ကားမျိုးပါ...။နောက်ပြီး ဒီဇာတ်ကားဟာ 2017ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံသရဲကားVeronicaရဲ့ Prquelလည်းဖြစ်ပါတယ်....။ဇာတ်လမ်းအကျဥ်းလေးကတော့....1939 ခုနှစ်ဝန်းကျင် စပိန်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့စဥ်မှာ နာသီဆာဆိုတဲ့သဘာဝလွန်အစွမ်းတွေရှိတဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်ခဲ့တယ်...။သူဟာနာမ်လောကနဲ့ ဆက်သွယ်နိုင်တာမလို့ လူတွေက သူတော်စင်မလေးလို့ဝိုင်းအသိမှတ်ပြုခဲ့ကြတာပေါ့....။သူအရွယ်ရောက်လာတဲ့အခါ သီလရှင်လျောင်းလျာလေးဖြစ်လာပြီးခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ပေးဖို့တာဝန်ကျခဲ့ပါလေရော...ကျောင်းကိုရောက်တော့ ကလေးတွေက ထူးထူးဆန်းဆန်းပဲ စာသင်ရမှာကြောက်သလိုလို...အရင်ကစာသင်ပေးဖူးတဲ့ သီလရှင်ဆရာမကလည်း ထွက်သွားသလိုလိုပျောက်သွားသလိုလိုနဲ့ သရဲကားထုံးစံအတိုင်း ထိတ်လန့်စရာ ဇာတ်လမ်းတွေစတင်ခဲ့တယ်ပေါ့....။ဒီလောက်ဆိုရင် ဇာတ်လမ်းထဲ မျှောပါသွားအောင် ဆွဲခေါ်ခံရနိုင်ပြီမို့ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့....။ File size…900MB / 600MB Quality…NF.WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sister Death (2023)

Burning Betrayal (2023)
Burning Betrayal (2023)  ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ.... File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre...Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson
movie

Burning Betrayal (2023)

Before I Go to Sleep (2014) 6.3
Before I Go to Sleep (2014)  ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများကြည့်ဖူးကြတဲ့ Kingsmanဇာတ်ကားထဲကနာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Colin Firth နဲ့Mark Strong တို့နှစ်ယောက်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ဂျင်းနီလိုဇာတ်ကားဖြစ်တဲ့Bewitched ဇာတ်ကားထဲကမင်းသမီးကြီး Nicole Kidman တို့သုံးယောက်ရိုက်ကူးထားတဲ့ 2014 တုန်းကထွက်ရှိထားတဲ့ Before I Go to Sleep ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးအခုပြန်ကြည့်လဲကောင်းနေဆဲ စိတ်ဝင်စားစရာကောင်းနေဆဲဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ခရစ္စတင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က အိပ်ရာကနိုးထလာပြီးမနက်တိုင်းမှာ သူ့အတိတ်ကဘာအကြောင်းအရာတွေကိုမှ မမှတ်မိတော့တဲ့အတိတ်မေ့ရောဂါခံစားနေရပါတယ်။သူအိပ်ရာနိုးတိုင်း သူ့ဘေးမှာယောက်ျားဖြစ်သူဘန်ရှိနေပြီး သူဘယ်သူလဲဆိုတာကိုနေ့တိုင်းရှင်းပြနေရပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာအောင်ကုသပေးနေတဲ့ဒေါက်တာနက်ရှ်ဆိုတဲ့ ဆရာဝန်တစ်ယောက်လည်းရှိနေပြီး ဘန်မရှိတဲ့အချိန်မှာ ခရစ္စတင်းနဲ့ ဒေါက်တာနက်ရှ်က သူ့အတွက်အကူအညီဖြစ်မဲ့အရာအားလုံးကိုလိုက်ကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုအတိတ်မေ့ရောဂါရသွားခဲ့တဲ့အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါမှာ ယောက်ျားဖြစ်သူဘန်ပြောတဲ့စကားနဲ့ဆရာဝန်ပြောတဲ့စကားမတူတဲ့အခါမှာ ခရစ္စတင်းတစ်ယောက် သူ့အတိတ်ကမှတ်ဉာဏ်တွေကို ပြန်ရချင်စိတ်တွေပြင်းပြလာပြီး မှတ်မိနိုင်ဖို့ကြိုးစားတဲ့အခါမှာဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.85GB / 615MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Before I Go to Sleep (2014)

Blood (2012) 6.0
Blood (2012)  အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲတစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ...Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသား Paul Bettanyပဲဖြစ်ပါတယ်...။သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက်ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်...။အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု....။စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ...တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ...။သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ...။ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့ထင်မထားမိတာတွေဘာတွေကြုံရမလဲ...။ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ...။ File size…1.3 GB / 585 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Blood (2012)

Doctor Qin Ming: Rain Killer ( 2023 ) 5.9
Doctor Qin Ming: Rain Killer ( 2023 ) ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Doctor Qin Ming: Rain Killer ( 2023 )

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)