Channel Myanmar

Mystery

Department Q: A Conspiracy of Faith (2016) 7.0
Department Q: A Conspiracy of Faith (2016) IMDB – 7.0/10Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံးအထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူးခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီတောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာနေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကိုဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရောဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်းပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်နွဲရတဲ့အမှု ...
movie

Department Q: A Conspiracy of Faith (2016)

Department Q: The Absent One (2014) 7.1
Department Q: The Absent One (2014)  Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper ofLost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကိုအဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီးကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီးဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစားယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထားတာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကိုလိုက်ကြတဲ့အခါ ...
movie

Department Q: The Absent One (2014)

Department Q: The Keeper of Lost Causes(2013) 7.2
Department Q: The Keeper of Lost Causes(2013)  ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေးဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကိုရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနကအသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်းဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးအမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါနောက်ကွယ်က ...
movie

Department Q: The Keeper of Lost Causes(2013)

{18+}Where the Truth Lies (2005) 6.4
{18+}Where the Truth Lies (2005) IMDb Rating/(6.4)ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe
movie

{18+}Where the Truth Lies (2005)

Longmen Town ( 2023 ) 5.9
Longmen Town ( 2023 ) ချင်းခေတ်နှောင်း မင်ခေတ်အစပိုင်း ရှုပ်ထွေးနေတဲ့ ခေတ်ကြီးမှ ဓားပြလေဟူက လုံမိန်မြို့ကို ဓားပြတိုက်ပြီး အုပ်ချုပ်ချင်ခဲ့ပါတယ်။ လုံဝေးပစ္စည်းပို့စခန်းမှ ခေါင်းဆောင် လုံရီးထျောင်ဟာ မြို့သူမြို့သားတွေကို ဦးဆောင်ပြီး တော်လှန်ဖို့ ကြိုးစားခဲ့ပါတယ်။လုံရီးထျောင်ဟာ သိုင်းပညာရှင်တွေကို လေဟူကို ရှင်းလင်းဖို့ ခေါ်ခဲ့ပေမဲ့လဲ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ လုံရီးထျောင်ဟာ သူ့ကိုယ်သူ စတေးပြီး လေဟူနဲ့ တူတူသေဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယါ။လုံရီးထျောင်တစ်ယောက် လေဟူကို ဘယ်လို တိုက်ခိုက်ဖို့ ကြိုးစားခဲ့လဲ...... သူ့ရဲ့ ဖီးလိနတ်လက်သီးသိုင်းကိုရော ကျင့်ကြံနိုင်ပါ့မလားဆိုတာကို ရုပ်ရှင်လေးကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Longmen Town ( 2023 )

Virupaksha(2023) 7.9
Virupaksha(2023) Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie

Virupaksha(2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
Dirty Harry Dead Pool (1988) 6.3
Dirty Harry Dead Pool (1988) Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ်တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:31:00 Type__Action, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt
movie

Dirty Harry Dead Pool (1988)

Angel Heart (1987)
Angel Heart (1987)   လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် ...
movie

Angel Heart (1987)

Shadows in the Palace(2007) 6.7
Shadows in the Palace(2007) Shadows in the Palace(2007)****************************နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်...နန်းတွင်းသူတွေဟာ နန်း‌တွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်...ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ...အဲဒါကို အလောင်းစစ်ဆေးတဲ့ ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင်ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ အမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်.. ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ.. ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲကအရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက်လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို ‌သေသေချာချာ ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်....File Size :(2.1GB) and (867MB) Quality : ...
movie

Shadows in the Palace(2007)

Bestseller(2010) 7.4
Bestseller(2010) Bestseller(2010)***************သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာသူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလိုတစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်ကလွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ....လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ......တရားခံက ဘယ်သူဖြစ်မလဲ......အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား.....လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Bestseller(2010)

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) 5.5
KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။ တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။ မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။ (မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။)ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ...
movie

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)

2023
KKN, Curse Of The Dancing Village (2022) 6.2
KKN, Curse Of The Dancing Village (2022) KKN, Curse of the Dancing Village (2022) SynopsisIMDB - 6.2/10ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :'Pဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ...
movie

KKN, Curse Of The Dancing Village (2022)

2022
Snag (2023)
Snag (2023) Snag (2023)ဒီတစ်ခါတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Snagဟာ ဩစတေးရီးယားလူမျိုး Assassinတစ်ဦးဖြစ်ပြီး မကောင်းမှုတွေရဲ့အဝေးမှာ သိုသိုသိပ်သိပ် ခြေရာဖျောက်နေထိုင်နေခဲ့သူပါ။တစ်နေ့မှာတော့ သူခြေရာဖျောက်နေနေတဲ့နေရာကို မိတ်ဆွေဟောင်းတစ်ယောက်ရောက်လာပြီး သတင်းတစ်ခုကိုပါ ယူလာခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ တစ်ချိန်ကသူချစ်ခဲ့တဲ့မိန်းကလေးဟာ မသေဆုံးသေးဘဲအသက်ရှင်နေသေးတယ်ဆိုတဲ့သတင်းဖြစ်ပြီး အဲ့ဒီမိန်းကလေးကိုလည်း Snagနဲ့ရန်ငြိုးရှိခဲ့ဖူးသူက ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါ။သတင်းကြားတာနဲ့ Snagတစ်ယောက် သူ့ချစ်သူကောင်မလေးကို သွားကယ်ဖို့ကြိုးစားတာတွေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ 10 x 05 ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 626MB | 305MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10 x 05 Encoder ..... Aaron
movie

Snag (2023)

2023
Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

The Dyatlov Pass Incident(2013) 5.7
The Dyatlov Pass Incident(2013)  ၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကိုစွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာသေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The DyatlovPass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်ကဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီးစိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာအော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆမှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင်းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလားမသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ်အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horrorဇာတ်လမ်းတစ်ပုဒ် ...
movie

The Dyatlov Pass Incident(2013)

The Kindred (2021) 4.7
The Kindred (2021) The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie

The Kindred (2021)

2021
Invitation to a Murder (2023)
Invitation to a Murder (2023) စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို ...
movie

Invitation to a Murder (2023)

The Grudge 3 (2009)
The Grudge 3 (2009) The Grudge 3 (2009)ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်... သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်... တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ... မွေးရာပါ ရောဂါ‌သည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ... နောက်ညီမတစ်ယောက် လီဆာကလည်း ...
movie

The Grudge 3 (2009)

2009
Death’s Roulette(2023) 6.7
Death’s Roulette(2023) Death's Roulette(2023)*********************နိုးထလာတဲ့အချိန်မှာ သိလိုက်ရတာက သူတို့အားလုံး အိမ်ကြီးတစ်လုံးထဲမှာ ရောက်နေကြတာကိုပါ။စီးပွားရေးလုပ်ငန်းရှင် မိသားစုသုံးယောက်၊ စိတ်ရောဂါဆရာဝန်တစ်ယောက်၊ ခွဲစိတ်ဆရာဝန်တစ်ယောက်၊ရဲတစ်ယောက်၊ ယာဉ်မယ်တစ်ယောက် စုစုပေါင်း ၇ ယောက်။ သူတို့ဟာ သေခြင်းတရာရဲ့ ကစားပွဲကို ကစားဖို့အတွက် ပြန်ပေးဆွဲခံကြရတာကို သိရှိသွားတဲ့နောက်.... သူတို့က ဘာလို့ ဒီအိမ်ကြီးထဲကိုရောက်လာကြတာလဲ ဒီကစားပွဲနဲ့ သူတို့ဟာဘယ်လိုပတ်သက်မှုတွေရှိနေကြသလဲ သူတို့တစ်ဦးချင်းစီရဲ့ နောက်ကြောင်းဇာတ်လမ်းတွေကရော ဒီကစားပွဲနဲ့ဘယ်လိုဆက်စပ်မှုရှိနေသလဲဆိုတာတွေကို ဇာမ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်..File Size : (1.9GB) and (713MB) Quality : AMZN.WEB-DL,1080P,720p Format…mp4 Duration…01:34:00 Genre : Mystery, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae
movie

Death’s Roulette(2023)