Channel Myanmar

Mystery

Faces of Anne (2022) 7
Faces of Anne (2022) Faces of Anne (2022)ဒီဇာတ်လမ်းက အန်ဆိုတဲ့မိန်းကလေးရဲ့စိတ်ထဲက ဖြစ်ချင်တဲ့အရာတွေကို ပုံဖော်ထားတာမျိုးပါ လူတစ်ဦးက ၂မိနစ်တိုင်း မျက်နှာတစ်မျိုးပြောင်းလဲနေတယ်အန်ဆိုတဲ့ ကောင်မလးက ကျွန်းတစ်ခုပေါ်မှာ နိုးထလာပြီး သူမကိုယ်သူမ ဘယ်သူဘယ်ဝါဆိုတာကို မမှတ်မိနိုင်ဘူး ဖြစ်နေတာပါ။ သူမက ဆန်းကြယ်လှတဲ့အဆောက်အဦးတစ်ခုမှာ ကြောက်စရာသမင်မိစ္ဆာဗိဒီဂိုနဲ့ ရင်ဆိုင်နေရတယ် သူမဟာ ဒီထပ်တလဲလဲဖြစ်နေတဲ့ဝင်္ကပါကြီးကနေ လွတ်လမ်းရှာနေပါတယ်တကယ်တမ်းကျတော့ သူမ ရင်ဆိုင်နေရတဲ့အရာကြီးက ဘာတွေဖြစ်နေမလဲ ဘာကြောင့် သူမကစိတ်ဝင်္ကပါထဲ ပိတ်မိနေရပြီး နှစ်မိနစ်ကို တစ်ခါ ရုပ်​ပြောင်းလဲသွားရတာလဲ ဒီဝင်္ကပါကြီးထဲကနေရော သူမ လွတ်မြောက်နိုင်ပါ့မလား?Psychological Thriller ကြိုက်နှစ်သက်သူတွေအဖို့ လုံးဝ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမို့ ဇာတ်လမ်းဆုံးတဲ့အထိ လက်မလွှတ်တမ်း ကြည့်ရှုပြီး အတူတူ အဖြေရှာကြည့်ကြပါစို့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Thriller, Mystery, Drama Quality…. 1080p | 720p | 480p File size… 1.1GB | 560MB | 291MB Format… mp4 Duration…. ...
movie

Faces of Anne (2022)

2022
The Truth About Charlie (2002)
The Truth About Charlie (2002)   Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးက‌နေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။File size…(1.91GB)  / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Truth About Charlie (2002)

Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
The Best Offer(2013) 7.8
The Best Offer(2013) The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie

The Best Offer(2013)

Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
Hermitage Girl (2017)
Hermitage Girl (2017) Hermitage Girl (2017)ပြဿနာစုံ ဂယက်စုံနဲ့ အခန်းတွင်းအောင်းပြီး ဂိမ်းဆော့ဖို့ပဲသိတဲ့ကောင်လေးတစ်ယောက်ရဲ့အိပ်မက်ကတော့ ရုပ်ရှင်ဇာတ်လမ်းထဲက မကောင်းသူပယ် ကောင်းသူကိုကယ်တင်မဲ့ သူရဲကောင်းကြီးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူ့ဆီမှာ သူရဲကောင်းနဲ့တူတာဆိုလို့ ရင်းရှုံဆိုတဲ့ သူရဲကောင်းလို့အဓိပ္ပာယ်ရတဲ့ သူ့နာမည်ပဲရှိပါတယ်။တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက် တစ်ကိုယ်တော် အာသာဖြေလိုက်နဲ့ ဘာမှမဖြစ်မြောက်တဲ့ရင်းရှုံဟာ သူ့ရဲ့ငွေမပေးရတဲ့အိပ်မက်ကိုတော့ ခဏခဏစိတ်ကူးနဲ့ပုံဖော်လေ့ရှိပါသတဲ့။ရင်းရှုံရဲ့အိမ်မှာ အိမ်ငှားလာနေတဲ့ နာ့နာ့ဆိုတဲ့ကောင်မလေး တစ်နည်းအားဖြင့် ရင်းရှုံအကျင့်ဆိုးသမျှ ညစ်ပတ်သမျှခံနေရသူလေးပေါ့။ အပြင်က မိန်းမလှလေးကို ကယ်တင်ချင်နေတဲ့ သူရဲကောင်းရူးရူးနေတဲ့ရင်းရှုံဟာ သူ့ရဲ့အိမ်ငှား နာ့နာ့အပေါ်တော့ သဘောကောင်းတဲ့အိမ်ရှင်မဟုတ်ပါဘူး။ဒီလိုနဲ့ မီးမီးဆိုတဲ့ အင်တာနက်ဆယ်လီရဲ့လိုက်ဖ်ကိုကြည့် ဒုက္ခရောက်နေတဲ့မီးမီးကို ဟီးရိုးကြီးလုပ်ကယ်တင်မယ်ဆိုပြီး တထစ်ချဆုံးဖြတ်လို့ အိမ်ကနေပြေးထွက် ကားတိုက်ခံရလုဆဲဆဲမီးမီးကိုဝင်ကယ်ရင်းနဲ့ မနက်မိုးလင်းတဲ့အခါ မီးမီးရဲ့ခန္ဓာကိုယ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတဲ့အခါ...တစ်ညတာကာလအလွန်မှာ ညစ်ပတ်တဲ့ဂိမ်းရူးကနေ အချောလေးဖြစ်သွားတဲ့ရင်းရှုံတစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ နေသားမကျဖြစ်နေတဲ့သူ့ကို နာ့နာ့နဲ့သူငယ်ချင်း‌တွေကရော ဘယ်လိုကူညီပေးမှာလဲ။ သူ့ခန္ဓာကိုယ်ကရော နေ့ချင်းညချင်း ဘာလို့မိန်းမဖြစ်သွားရတာလဲဆိုတာ အားလုံးအတူကြည့်ရှုရင်းနဲ့ ရယ်မောခြင်းဖြင့် အပန်းဖြေလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre.....Comedy, Mystery Quality…. 1080p | 720p | 480p File size…834MB | 435MB | ...
movie

Hermitage Girl (2017)

2017
The Night of the 12th (2022) 7.1
The Night of the 12th (2022) The Night of the 12th (2022)~ IMDb - 7.1/10, Rotten Tomatoes - 85% ~Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို ...
movie

The Night of the 12th (2022)

2022
Dr. 56 (2022) 9.4
Dr. 56 (2022) Dr. 56 (2022) Crime, Mystery. Sci-Fi IMDb 9.4/10 (2.1K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကန်နန်ဒါးဘာသာစကားပြော မှုခင်းစုံထောက်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဒီကားမှာ ကနဦးအနေနဲ့ လူသတ်မှုတစ်ခုကနေ စတင်ထားပါတယ်။ အသတ်ခံရတဲ့ ကောင်မလေးနာမည်ကတော့ နန်ဒီပေါ့။ ဒါပေမဲ့ ဆန်းတာက လူသတ်သမားဟာ နစ်နာသူကို ခေါင်းတည့်တည့်ရိုက်ထည့်ပြီးတာတောင် မေ့ဆေးသုံးပြီး ပြန်ပေးဆွဲပါတယ်။ဒါတင်မသတ်သေးဘဲ နာရီပေါင်းများစွာ နှိပ်စက်ခဲ့ပြီးမှ သတ်ဖြတ်ပစ်ပြီး အိမ်တစ်အိမ်ရဲ့အရှေ့မှာ လာစွန့်ပစ်သွားတတ်ပါတယ်။သူသတ်တဲ့လူဟာ ဆရာဝန်တွေဖြစ်ကြပြီး အလောင်းလာစွန့်ပစ်တဲ့အိမ်ကလည်း ဆရာဝန်ရဲ့အိမ်တွေဖြစ်နေပါတယ်။ဒီလိုနဲ့ နောက်ထပ်လူသတ်မှုတွေဆင့်ကဲဖြစ်ပေါ်လာခဲ့ပါပြီ။တရားခံဟာ ဘယ်သူဖြစ်နေမလဲ...။ File size…1.5GB / 705MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye
movie

Dr. 56 (2022)

2022
Manhunter(1986) 7.2
Manhunter(1986) Manhunter(1986)===============FBI စုံထောက်‌ဝေလ်ဂရေဟမ် ဟာကွင်းဆက်လူသတ်သမားအမှုတစ်ခုစုံစမ်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိသားစုနဲ့အတူကမ်းခြေအိမ်လေမှာ ဇာတ်မြှုပ်နေနေသူဖြစ်တယ်။တစ်နေ့တော့ ဂရေဟမ်ဆီကိုသူငယ်ချင်းဖြစ်သူရောက်လာပြီးမိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသတ်သမားကိုကူညီစုံစမ်းပေးဖို့ အကူအညီတောင်းလာတဲ့အခါ။ဂရေဟမ်တစ်ယောက်လူသတ်မှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။လူသတ်သမားကရော ဘယ်လိုပိပိရိရိ ရှောင်တိမ်းမလဲ။ဉာဏ်ကြီးရှင်လူသတ်သမားတွေနဲ့ FBI စုံထောက်တွေကြားအားပြိုင်‌ပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.3GB / 455MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….2h Genre ..... Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie

Manhunter(1986)

Human Resources (2022)
Human Resources (2022) Human Resources (2022)ဆေးကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက် ကျောင်းစရိတ်လိုချင်လို့ စတိုးဆိုင်မှာ အရောင်းစာရေးလေးလာလုပ်တယ် ဂျာကြီးကတော့သဘောကောင်းပါရဲ့ မန်နေဂျာချုပ်ကတော့ လေတိုက်တိုင်းစိတ်တို အဲဗားပတ်ဖြဲနေတယ် ဆိုင်ကလဲ သောက်တလွဲ ရောင်းလဲမကောင်းဘူး ဖွင့်ကဖွင့်ထားသေးတယ် ဆိုင်ဝန်ထမ်းတွေကလဲ ခဏခဏပျောက်နေတယ် ဒေါက်တာလောင်းလေးက ပဟေဠိပေါင်းများစွာကို အဖြေရှာဖို့အတွက် လိုက်ရင်းလိုက်ရင်းနဲ့ အရှုပ်ထုပ်တစ်ခုကို တူးဆွမိသွားတဲ့အခါ..... Suspense Horror စတိုင်မျိုးဖြစ်လို့ သိချင်စိတ်နဲ့ ကြောက်စိတ်ကို တစ်ပြိုင်တည်း ရသပေးမယ့် ဒီကားလေးကို ကြည့်ရှုအားပေးဖို့တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 676MB | 331MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August
movie

Human Resources (2022)

2022
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

The Rite (2011) 6
The Rite (2011) The Rite (2011)Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ...
movie

The Rite (2011)

2011
The Night Owl (2022) 7.4
The Night Owl (2022) The Night Owl (2023)ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ်ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ်မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ...
movie

The Night Owl (2022)

2023
A Perfect Getaway(2006) 7.0

A Perfect Getaway(2006)

God’s Crooked Lines (2022) 7
God’s Crooked Lines (2022) God's Crooked Lines (2022)အဲလေ့စ် ဂူးတ်ဆိုတဲ့ အလွတ်တန်းစုံထောက်အမျိုးသမီးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အမှုတစ်ခုကိုစုံစမ်းဖို့ ယောင်္ကျားဖြစ်သူကို အဆိတ်ခတ်သတ်ဖို့ကြိုးစားတဲ့ သံသယလွန်ကဲမှုစိတ်ရောဂါရှင်လူနာအနေနဲ့ ရောက်လာခဲ့ပါတယ်။ဆေးရုံထဲမှာ အမှုကိုစုံစမ်းနေတုန်းမှာပဲ သူ့ကိုအပြင်လူဆိုတာသိနေရမယ့် ဆေးရုံရဲ့ဒါရိုက်တာကိုယ်တိုင်က သူ့ကိုစိတ်မနှံ့တဲ့လူလို ဆက်ဆံလာတဲ့အခါ အဲလေစ့်တစ်ယောက် သူအရူးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြရင်း ပြဿနာတွေ ပိုကြီးမားလာခဲ့ပါတယ်။အဲလေ့စ်နဲ့အတူ ဆေးရုံကိုရောက်လာတဲ့ ဆရာဝန်ညွှန်ကြားချက်စာထဲမှာတော့ အဲလေ့စ်ဟာ ဟာကွက်မရှိလိမ်နိုင်သူ၊ ဉာဏ်ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောင်းအမျိုးမျိုးနဲ့ ယုံလာအောင် လှည့်စားတတ်လို့ သူပြောသမျှ ဘာတစ်ခုမှမယုံဖို့ပြောထားပါတယ်။ဒါပေမယ့် အဲလေ့စ်ကတော့ သူဟာပုံမှန်လူတစ်ယောက်ဖြစ်ပြီး ဒီကိုရောက်နေရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက အမှုစုံစမ်းဖို့အတွက်ပဲဖြစ်တယ်ဆိုပြီး အခိုင်အမာပြောလာခဲ့ပါတယ်။အဲလေ့စ်ဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ကယောင်ကတန်းတွေမြင်နေတဲ့သူလား?ဒါမှမဟုတ် အမှန်တကယ် အမှုစုံစမ်းဖို့ရောက်လာတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်လားဆိုတာကို ပဟေဠိဆန်စွာကြည့်ရှုမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Han Thar ပါ။)File Size          : 2.1GB, 828MB, 414MB Quality          ...
movie

God’s Crooked Lines (2022)

2022
Bed Rest (2022) 5.2
Bed Rest (2022) Bed Rest (2022)ဒီတစ်ခါ​တော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆို​ပေမယ့် သရဲကို တစ်ကားလုံး မြင်​နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ​ခြောက်တဲ့ သရဲကားမျိုးပါ။အရင်က​လေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်​​ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီး​နောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာ​တွေကြုံ​တွေ့လာရတဲ့အခါ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီး​နောက် အိမ်အသစ်ကြီးမှာ ဘာ​တွေဆက်ဖြစ်မလဲ...ဂျူလီရေးဗား ကြုံ​တွေ့ရတာ​တွေကို ယုံ​ပေးမယ့်သူရှိလား... အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာ​တွေလဲ... ဂျူလီ​ရေးဗားကို ​ခြောက်လှန့်​နေတာ​တွေက သူ့စိတ်​ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာ​တွေက သတိ​ပေး​နေတာ​တွေလား... ဆိုတာ​တွေကို ​ကြောက်လည်း​ကြောက် စိတ်ဝင်စားဖို့ကလည်း​ကောင်း​ကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie

Bed Rest (2022)

2022
Sauna (2008) 6.2
Sauna (2008) Sauna (2008) =========== IMDb Rating - 6.2/10တစ်ချိန်တုန်းက ကမ္ဘာ့မြေပုံဆိုတာဟာ အခုလို ပြည့်ပြည့်စုံစုံ မဟုတ်သေးဘူး။ ဒါကြောင့် နယ်မြေလုပွဲတွေတိုက်ပွဲတွေဆိုတာ ကလည်း အဆက်မပြတ်ကိုဖြစ်​နေခဲ့ပြီး နယ်နိမိတ်သတ်မှတ်ဖို့ ဆိုတာကလည်း ကော်မရှင်တွေဖွဲ့ပြီး နယ်စပ်ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီ ခက်ခက်ခဲခဲသွားရတာမျိုးပေါ့။Sauna ဆိုတဲ့ ဇာတ်ကားလေးကတော့ ၁၆ ရာစုအတွင်းက ညီ အစ်ကို ၂ ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရုရှားနဲ့ ဆွီဒင်တို့ ကြားက နယ်နိမိတ်မျဉ်းသတ်မှတ်ဖို့အရေးမှာသူတို့ဟာ ကော်မရှင် အဖွဲ့ထဲပါဝင်ပြီး လမ်းခရီးမှာ မမျှော်လင့်တာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဖခင်ဖြစ်သူကိုသတ် သမီးကို သေအောင်ဖြစ်ထားခဲ့ပြီးမှ မကျွတ် မလွတ်နဲ့ လိုက်နှောင့်ယှက်ခံရတာတွေ၊ နယ်စပ်မှာ ရှိနေတဲ့ Sauna တစ်ခုကို သူ့အပိုင်လိုလို ကိုယ့်အပိုင်လိုလိုနဲ့ ထူးဆန်းဖြစ်ရပ်တွေ ကြုံရတာတွေ သမိုင်းဖြစ်ရပ်ကို အခြေခံထားပြီး လမ်းခရီးတစ်လျှောက် ခြောက်ခြားစရာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေကို အမြင်သစ်နဲ့ တင်ဆက်ထားပါတယ်။ဇာတ်လမ်းအမျိုးအစားကို Horror လို့သတ်မှတ်ထားပေမယ့်လည်း သရဲကားတစ်ကားလိုတော့မဟုတ်ပါဘူး။ တစ်စိမ့်စိမ့်နဲ့ မျောပါရမယ့် ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(5.43 GB) / (947 MB) / (453 ...
movie

Sauna (2008)

2008
Arctic Void (2022)
Arctic Void (2022) Arctic Void (2022)သင်ဟာ အဖြေရှာရခက်တဲ့ဇာတ်ကားတွေကို တွေးချင်တဲ့လူမျိုးလား... Mystery ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူမျိုးလား.. ခရီးသွားရတာကိုကြိုက်ပြီး ဇာတ်ကားထဲကရှုခင်းတွေကို ပါဝင်ခံစားတတ်သူလား... ဒီလိုဆိုရင် Cinematography အရမ်းကောင်းပြီး တွေးစရာတွေပါပေးမယ့် ဒီဇာတ်ကားက သင့်အတွက်ဖြစ်စေမှာပါ။ ကမ္ဘာရဲ့ မြောက်ဘက်အကျဆုံးဖြစ်တဲ့ နော်ဝေကျွန်းစု Svalbard ရဲ့ Longyearbyen ပတ်ဝန်းကျင်အာတိတ်‌ဒေသ ကိုအခြေခံထားပါတယ်။Travel show တစ်ခုက Host ဖြစ်သူ Ray Marsh နဲ့ Producer / Director ဖြစ်သူ Alan Meursault တို့ဟာ အာတိတ်ဒေသမှာ Travel Blog တစ်ပုဒ်ရိုက်ဖို့ Los Angeles ကနေ ခရီးထွက်လာကြပါတယ်။ သူတို့ဟာ Longyearbyen ကနေ အာတိတ်ရေပြင်ကျယ်ပေါ်ကို လေ့လာရေးခရီးထွက်ခွာမယ့် အပျော်စီးလှေ Langøysund နဲ့အတူ လိုက်ပါကြရမှာပါ။ဒါပေမယ့် သူတို့နဲ့အတူအမြဲအလုပ်လုပ်နေကျဖြစ်တဲ့ Camera သမားဟာ ဗီဇာမရတာကြောင့် နှစ်ရက်အတွင်း ...
movie

Arctic Void (2022)

2022
Frozen (2010) 6.5
Frozen (2010) Frozen (2010)============ ရေခဲတောင်ပေါ်က Survival Thriller ဇာတ်လမ်း တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ရည်းစားရပြီးတဲ့နောက် ဘော်ဒါတွေကို အရင်လောက်အချိန်မပေးတော့ဘဲဆော် (၁)၊ ဘော် (၂) ဖြစ်နေတဲ့ ‘ဒန်’ယောကျ်ားလေးကိစ္စ (Guy Thing) ဆိုတာကို နားလည်မပေးဘဲချစ်သူနဲ့အချိန်ဖြုန်းချင်ရုံသက်သက်နဲ့ နှင်းလျှောစီးဖို့ လိုက်လာတဲ့‘ပါကား’ Third Wheel ဖြစ်ချင်ဖြစ်ပါစေ၊ ငယ်သူငယ်ချင်းနဲ့အမှတ်တရတစ်ခုကို ပြန်ဖန်တီးဖို့ ဆန္ဒရှိနေတဲ့ ‘ဂျိုး’ တို့သုံးယောက်Mt. Holliston တောင်ကြီးပေါ် နှင်းလျှောစီးဖို့ သုံးယောက်သားပေါင်းစည်းမိကြတဲ့အခါ သူတို့ကြားထဲက ကတောက် ကဆလေးတွေ၊အခက်အခဲ အန္တရာယ်တွေ၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.64GB / 524MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 33m Genre ..... Adventure , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Frozen (2010)