Channel Myanmar

Mystery

Silent River (2022) 5.0
Silent River (2022) Surreal filmmaking style ကိုသုံးပြီး David Lynchရဲ့ Neo Noirဟန်ကို မှီးရိုက်ထားတဲ့ ရုပ်ရှင်လို့တော့ ဆိုကြပါတယ်။ ဇာတ်ကတော့ Sci -Fiရော တမလွန်ရောကို ရောသမမွှေထားပြီး အိပ်မက်ဆန်ဆန်ပဲ ပုံဖော်ထားပါတယ်။သေသွားတဲ့ယောက်ျားရဲ့ ဝိညာဉ်တစ်စိတ်တစ်ဒေသရှိနေတယ်လို့ ယူဆရတဲ့ ယောက်ျားရဲ့ ပုံတူစက်ရုပ်နဲ့အတူ မိန်းမတစ်ယောက်ဟာ တမလွန်က သူ့ယောက်ျားကို ပြန်ခေါ်ဖို့ ကြိုးစားရင်း ပဟေဠိဆန်တဲ့ တစ်စစီကျိုးပျက်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ကြရာက သူတို့နှစ်ယောက်အတူ ဒီတမလွန်ဆိုတဲ့အရာကနေ ဘာတန်ကြေးပေးပြီး သူတို့ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရနိုင်အောင် လုပ်လို့ရမလဲ အဖြေရှာကြတာကို အိပ်မက်ဆန်ဆန်ပုံဖော်ထားပါတယ်။File Size__(1.7GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Mystery Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt
movie

Silent River (2022)

Naane Varuvean (2022) 6.7
Naane Varuvean (2022) Naane Varuven 2022 6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ...အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ်နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ...သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ
movie

Naane Varuvean (2022)

2022
The Visitor (2022) 5.1
The Visitor (2022) The Visitor (2022) =============ထူးဆန်းတဲ့ ကံကြမ္မာတွေနဲ့ အလှည့်အပြောင်းကြမ်းတဲ့ Horror, Thriller, Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရောဘတ်နဲ့ ဇနီးဖြစ်သူ မိုင်ရ်တို့ဟာ လန်ဒန်မြို့မှာ နေထိုင်ရင်း တစ်နေ့မှာ ရင်သွေးလေးနဲ့အတူ မိုင်ရ့်ရဲ့ဖခင်ကိုပါ မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတယ်။အဲဒီအတွက်ကြောင့် မိုင်ရ်ရဲ့ ဇာတိမြို့လေးကို ပြန်လာခဲ့ပြီး မိုင်ရ်အရင်က နေထိုင်ခဲ့တဲ့ အိမ်လေးဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။ ထူးဆန်း‌မှုတွေရဲ့ အစကတော့ အဲဒီအိမ်လေးမှာ ရောဘတ်နဲ့ တစ်ပုံစံတည်းတူတဲ့ လူပုံပါရှိနေတဲ့ ပန်းချီကားကြီး တစ်ချပ်ကနေ စတင်လာခဲ့တော့တာပါ။တစ်မြို့လုံးမှာလည်း ရောဘတ်နဲ့ဆင်တူတဲ့လူပုံပါတဲ့ ပန်းချီကားတွေ ရှိနေပြီး မြို့ကလူတွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရောဘတ်တစ်ယောက် ယုန်တွင်းကို နှိုက်မိသလိုပါပဲ။ မဆုံးနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ စောင့်ကြိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ရှု့သူတွေ အကြိုက်တွေ့ ကြဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (420 MB) / (220 MB) Quality............WebRip 1080p / 720p / ...
movie

The Visitor (2022)

2022
Ash and Bone (2022) 6.2
Ash and Bone (2022) Ash and Bone (2022) =============== IMDb Rating - 6.2/10လတ်တလော ထွက်ရှိထားတဲ့ Slasher ဇာတ်ကားတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ ပုံမှန်တွေ့နေကြ လူသတ်ကားမျိုးပါပဲ မိသားစုတစ်စု တောမြို့လေးကို ခရီးထွက်လာတယ်၊ လူသတ်သမားတွေနဲ့ တွေ့တယ်ပေါ့ဗျာ။ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့ မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။သို့သော် ကက်ဆီကတော့ ခရီးထွက်လာရတာကိုလည်း မကြိုက်သလို အဆင်လည်း မပြေလှတာမို့ စကားများပြီး တည်းခိုအိမ်ကနေ ထွက်သွားပါတော့တယ်။ ထိုမြို့လေးရဲ့ ဘားတစ်ခုမှာထိုင်ရင်း အန်နာ၊ တက်ကာ တို့နဲ့ တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ပါတယ်။ ကက်ဆီဟာ အဆောက်အဦးအဟောင်းတွေ စက်ရုံအဟောင်းတွေကို လိုက်လံလည်ပတ် ရတာ ဝါသနာပါသူမို့ မြို့လေးမှာရှိတဲ့ အိမ်ဟောင်းကို လိုက်ပို့ဖို့ ...
movie

Ash and Bone (2022)

2022
Karthikeya (2014) 7.2
Karthikeya (2014) Karthikeya (2014) ===========တေလဂူမင်းသားချောလေး နီခေလ်ဆစ်ဒါရတရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...လတ်တလောကမှ cm မှာ နံပါတ် ၂ ထွက်ထားပြီး ခု နံပါတ် ၁ ကို တင်ဆက်ပေးခြင်းဖြစ်ပါတယ်...ခုတစ်ခါမှာလည်း ဒီမင်းသားဟာ လောကကြီးရဲ့မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေကို အဖြေမရမချင်း ကျေနပ်နိုင်တဲ့သူမဟုတ်ပါဘူး... သူ့ဆီရောက်လာတဲ့ ပဟေဠိမှန်သမျှကို ဖြေရှင်းနိုင်တဲ့သူပါ...ဒီလိုနဲ့ ရွာတစ်ရွာက နာမည်ကြီးဘုရားကျောင်းတစ်ခုဟာ ကျိန်စာသင့်ခံနေရပါတယ်... ဘုရားကျောင်းထဲကို ဝင်ထွက်သွားလာသူတွေတင်မကဘဲ ဘုရားကျောင်းနဲ့ပတ်သက်ပြီး ပြောဆိုရင်တောင် အသက်ပေးသွားကြရပါတယ်...သေဆုံးသူတွေအားလုံးဟာ ထူးထူးဆန်းဆန်းပဲ မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတာပါ... ကဲ...အဲ့ဒီရွာကို ဆေးကုသဖို့ရောက်သွားတဲ့ မင်းသားဟာ နဂိုကတည်းက စပ်စုဓာတ်ခံပါတော့ ဘုရားကျောင်းနဲ့ပတ်သက်ပြီး စုံစမ်းပါတော့တယ်.... စုံစမ်းရင်းနဲ့ ဘေးတွေ့လာတဲ့အခါမှာတော့....။ စိတ်ဝင်စားစရာ ဘယ်လိုကိစမျိုးတွေနဲ့ ကြုံလာရမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦးနော် File size…1.56GB / 822MB Quality…1080p AMZ WEBDL  / 720p Format…mp4 Duration….1h 53m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Karthikeya (2014)

2014
The Razing (2022) 4.1
The Razing (2022)  မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်သိုက်က ပုံမှန်အတိုင်းပြန်လည် Gathering လုပ်တဲ့အချိန်မှာတော့ စကားပြောခင်း အရင်ကsquadထဲမှာဖြစ်ခဲ့တဲ့ Dramaဇာတ်လမ်းတွေ အဖုအထစ်‌တွေ မကျေနပ်ချက်တွေအကြောင်း ငြင်းခုံကြပါတယ် ဘဝကျောထောက်နောက်ခံချင်း မတူညီကြတဲ့ သူငယ်ချင်းတွေကြားက ကွာဟမှုပြဿနာတွေ Rkတွေနဲ့ဆင်းရဲသားတို့ရဲ့ Friendshipက ideology မတူညီပုံပြဿနာတွေကိုလည်း ထောက်ပြ‌ရိုက်ကူးထားပါသေးတယ် ဒါပေမဲ့အခုထိသူတို့ရဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ထိတ်လန့်စရာအတိတ်ကကိစ္စဆိုးတစ်ခုလည်းရှိပါသေးတယ် အဲ့ဒီတုန်းကကိစ္စ သူတို့ဟိုက်နေခဲ့တာကြောင့်ထင်ယောင်ထင်မှားဖြစ်တာလား ဘယ်သူကအဲ့ဒီလိုလုပ်ခဲ့တာလည်း‌ဆိုတာ... မူးယစ်ဆေးတွေရဲ့ အစွမ်းတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ...File size…(1.39GB) / (697MB) / (334MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:23:00 Genre...Drama / Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin
movie

The Razing (2022)

Case 39(2009) 7.0
Case 39(2009) Case 39(2009) အညွှန်း*******************Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်...Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေမိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်....၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily ကကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ်အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲFile Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar ...
movie

Case 39(2009)

The Infernal Machine (2022) 5.1
The Infernal Machine (2022) The Infernal Machine (2022) =====================ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့် စာတွေကတော့ ‌ရောက်မြဲ ရောက်လာဆဲပါ။၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။ ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန် ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော် သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ သူ့ဘဝ ကပြောင်းကပြန်တွေဖြစ်ကုန်ပါတော့တယ်။ ဇာတ်လမ်းအလှည့်အပြောင်း များစွာကို စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်လို့ လက်လွတ်မခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard ...
movie

The Infernal Machine (2022)

2022
Dobaaraa (2022)
Dobaaraa (2022) အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ်အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အန်တာရာက သိထားတာမို့လို့ အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ်အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင် သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ တာ့ပ်ဆီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် File size…1.34Gb / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL & Thet Ko & OeliuJ 
movie

Dobaaraa (2022)

2022
Love Strikes Twice (2022) 7
Love Strikes Twice (2022) Love Strikes Twice (2022)ဒီကားလေးကတော့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူများအတွက် romance, drama ကားလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... Maggieက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ရှေ့နေအကျိုးဆောင်ရုံးမှာ အလုပ်လုပ်ပါတယ်။ သူ့အတွက် အားလုံးက အဆင်ပြေအောင်မြင်နေပေမဲ့ ယောကျ်ားဖြစ်သူ Josh နဲ့ ဆက်ဆံရေးကတော့ စိမ်းသက်သက်ဖြစ်နေပါတယ်။Maggie ရဲ့မိဘတွေ နှစ် ၄၀ ပြည့် anniversary ပွဲကိုသွားရင်း accident တခုဖြစ်ပြီး Maggie က လွန်ခဲ့တဲ့ ၁၅နှစ်ကို ပြန်ရောက်သွားပါတယ်။ တက္ကသိုလ်မတက်ခင် နွေကိုရောက်သွားပြီး အရင်ချစ်သူနဲ့ တွဲနေတဲ့အချိန်ပါ။ Josh နဲ့လည်း စမတွဲသေးဘဲ သူငယ်ချင်းဖြစ်ရုံဆိုတော့ ဘယ်လိုတွေကြုံရမလဲ?Maggie အနာဂတ်ကို ရောက်အောင် ဘယ်လိုပြန်သွားမလဲ? အနာဂတ်ကိုရောက်ဖို့ ဖြစ်နိုင်ပါ့မလား? ဆိုတာတော့ ဆက်ပြီး ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 1.5GB, ...
movie

Love Strikes Twice (2022)

2022
Moss (2010) 6,7
Moss (2010) နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

Moss (2010)

Grimcutty (2022) 4.6
Grimcutty (2022) Grimcutty (2022) ============နည်းပညာတွေတိုးတက်လာတဲ့အမျှ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိစမြဲပါပဲ။ တိုးတက်လာတာနဲ့အမျှ ကလေးတွေရဲ့ screen time အရမ်းတိုးလာ သလို၊ အွန်လိုင်းပေါ်က challenge တွေကိုလည်း မိုက်ရူးရဲဆန်စွာ လုပ်တတ်လာ ကြပါတယ်။အာရှာတို့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ကိုယ့်ကိုကိုယ်ထိခိုက်အောင်လည်းလုပ် တယ်။ အခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်တဲ့အပြင် ကိုယ့်အမေအရင်းကိုပါ ဓားနဲ့ထိုးမှုတွေထိပါဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်ရတဲ့နောက်ကွယ်က အကြောင်း အရင်းက ဂရင်းကတ်တီကြောင့်ပါပဲ။ အာဏာပိုင်တွေကတော့ ကလေးတွေက ဂရင်း ကတ်တီ challengeကိုလုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်မိကြတာလို့ သုံးသပ်ကြပါတယ်။မြို့မှာ ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် မိုက်ရူးရဲတဲ့ကိစ္စတွေမလုပ်ဖို့ အာရှာကို သူ့မိဘတွေက သတိပေးတဲ့ချိန်မှာပဲ အာရှာတစ်ယောက် ဂရင်းကတ်တီနဲ့ကြုံလိုက်ရပါ တော့တယ်။ သူ့ရဲ့မိဘတွေကို အမှန်တိုင်းပြောပေမယ့် အားကစားကနေလည်း သူစိတ် တိုင်းကျထွက်လိုက်ပြီး၊ စိတ်ဓာတ်ကျတဲ့သူလိုမျိုးဖြစ်နေတဲ့ အာရှာကို သူ့မိဘတွေက မယုံကြည်ကြပါဘူး။ တဖြည်းဖြည်း မြို့က မိဘတိုင်းက သူတို့ကလေးတွေ ဖုန်းသုံးတာ ကန့်သတ်ပြီး ကျောင်းပါ ပေးမသွားကြတော့တဲ့ချိန်မှာ အာရှာတစ်ယောက် ဒီကိစ္စနဲ့ပတ် သတ်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပါတော့တယ်။တကယ်ပဲ ဂရင်းကတ်တီနဲ့ပတ်သတ်တဲ့ကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်တာလား၊ ဒါမှမဟုတ် ဂရင်းကတ်တီကပဲ အပြင်မှာအမှန်တကယ်ရှိနေတာလား အာရှာတစ်ယောက် ရော ...
movie

Grimcutty (2022)

2022
Oh! My Ghost (2022) 5
Oh! My Ghost (2022) Oh my ghost (2022)သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ သရဲ‌တွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ်ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ် အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင် ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Mystery အမျိုးအစား‌ဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦးမင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Mystery Quality…. ...
movie

Oh! My Ghost (2022)

2022
Who Killed Cooper Dunn? (2022) 5.8
Who Killed Cooper Dunn? (2022) Who Killed Cooper Dunn? (2022)တောကြီးမျက်မည်းထဲကို ခရီးထွက်လာကြတဲ့ သူငယ်ချင်း ၆ယောက်၊ သူတို့ဘဝရဲ့စိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် အပန်းလာဖြေကြတဲ့ သူငယ်ချင်း ၆ယောက်၊ တစ်ယောက် ပြဿနာတစ်မျိုးစီနဲ့ သူငယ်ချင်း ၆ယောက်ပေါ့။ ခရီးပထမဆုံးနေ့မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် ဖိတ်ခေါ်လာတဲ့ လူစိမ်း ၃ယောက်ရောက်ရှိလာပါတော့တယ်။ အဲဒီလူစိမ်းဆီကပါလာတဲ့ မူးယစ်ဆေးတွေကို သုံးစွဲပျော်ပါးမိကြပြီးတဲ့နောက်...နောက်တစ်ရက်မနက်မှာတော့ သူတို့အဖွဲ့ထဲက ကူးပါးဒွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက် နဖူးကိုရိုက်နှက်ခံထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ တောကြီးမျက်မည်းထဲမှာမလို့ လူသတ်တရားခံဟာ အသက်ရှင်ကျန်ရစ်တဲ့လူ ၈ယောက်ထဲက ၁ ယောက်ဖြစ်ကိုဖြစ်ရမှာပါ။ လူသတ်သမားကလူထပ်သတ်ဦးမလားလည်း မသိနိုင်ပါဘူး။အဲဒီလူသတ်သမားကို သူတို့ရှာနိုင်ပါ့မလား... လူသတ်သမားကိုရှာဖွေရင်း သူတို့ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်မှာလား...အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ခု ၂၀၂၂ ထွက် IMDb 5.8/10 ရ Mystery, Thriller ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျား။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.4GB, 580MB Quality ...
movie

Who Killed Cooper Dunn? (2022)

2022
Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
Missing(2016) 6.7
Missing(2016) Missing(2016) အညွှန်း*******************ဂျီဆွန်းဆိုတဲ့အမျိုးသမားဟာ လက်ရှိမှာ အိမ်ထောင်ကွဲနေတယ်..သမီးလေးတစ်ယောက်နဲ့ ဘဝကိုရုန်းကန်နေရတာပေါ့..အလုပ်ကလည်းတစ်ဖက်ဆိုတော့ ကလေးထိန်းအမျိုးသမီးတစ်ယောက်နဲ့တစ်နေကုန်ထားခဲ့ရပြီး ညမှသာ အိမ်ပြန်လာရတယ်..တစ်ဖက်မှာလည်း ခင်ပွန်းဟောင်းက သမီးကိုပြုစုထိန်းသိမ်းခွင့်လျှောက်တော့ တရားရင်ဆိုင်နေရပြန်တယ်..ဒီလိုနဲ့ တစ်နေတော့ ကလေးထိန်းရော သမီးလေး ရုတ်တရက်ပျောက်သွားတဲ့အခါမှာတော့..ဘယ်သူတွေပြန်ပေးဆွဲသွားတာလဲ..ကလေးထိန်းနဲ့ သမီးလေးကို ဘေးမသီရန်မခဘဲ ကယ်တင်နိုင်မလားဆိုတာကိုတော့..File Size :(1.6GB) (771 MB) and (126MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:40:00 Genre : Drama, Myastery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie

Missing(2016)

Significant Other (2022) 5.6
Significant Other (2022) Significant Other (2022)(1080p ရပါပြီ)R Rated Mystery/Scifi ကားသစ်လေးပါ။ရူ့သ်နဲ့ ဟယ်ရီက တောအုပ်တစ်ခုထဲကို စခန်းချခရီးထွက်လာကြတဲ့ ချစ်သူစုံတွဲပါ။ အဲဒီလိုခရီးထွက်ဖို့ကို ဟယ်ရီက စိတ်အားထက်သန်သလောက် ရူ့သ်က အင်တင်တင်ရယ်။ ဒါပေမဲ့ ချစ်ရသူ ဟယ်ရီက စိတ်အားထက်သန်နေတော့ ကျောပိုးအိတ်တစ်လုံးနဲ့ လိုက်လာရှာပါတယ်။တကယ်တမ်း ဟယ်ရီက ရူ့သ်ကို တောထဲခေါ်လာတယ်ဆိုတာ အကြံနဲ့ပါ။ ဘာအကြံလဲဆိုတော့ လက်ထပ်ခွင့်တောင်းဖို့ပေါ့။ ဒါပေမဲ့ ကလေးတုန်းက ရခဲ့တဲ့စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ရူ့သ်က ဟယ်ရီ့ကို ငြင်းပါတယ်။ ဒီလိုနဲ့ အက်ကြောင်းထင်သွားတဲ့ သူတို့ကြားမှာ ဟယ်ရီ ထပ်သိလာတာက တောထဲခဏပျောက်သွားခဲ့တဲ့ ရူ့သ်ဟာ …ရူ့သ်တစ်ယောက် ဘာတွေဖြစ်သွားတာလဲ? သူတို့ ဆက်ဆံရေးကကော အရင်လို ပြန်အဆင်ပြေပါ့မလား? ဆိုတာတွေကိုတော့ ရုပ်ရှင်လေးထဲ ဆက်လက် အဖြေရှာ ကြည့်ရှုလိုက်ကြစို့နော်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          ...
movie

Significant Other (2022)

2022
Redemption in Cherry Springs (2022) 6.1
Redemption in Cherry Springs (2022)  ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ...
movie

Redemption in Cherry Springs (2022)

Raaz (2002) 6.6
Raaz (2002) Raaz (2002) Horror/Drama IMDb 6.6/10 (3.6K)ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ...ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ...အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်..အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်...အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး...တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့..... File size…2.2GB / 918MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Raaz (2002)

2002
M (2007) 6.2
M (2007) M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအ‌ကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

M (2007)