Channel Myanmar

Mystery

The Invisible Guest ( 2024 ) 6.1
The Invisible Guest ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Invisible Guest ( 2024 )

The Mental State (2022) 6.1
The Mental State (2022) 2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်.....လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ...Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး....Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Mental State (2022)

Detective Dee and the Phantom of Waning Moon ( 2024 ) 6
Detective Dee and the Phantom of Waning Moon ( 2024 ) ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ...... နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee and the Phantom of Waning Moon ( 2024 )

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Hunting Souls (2022)
Hunting Souls (2022)  တစ်ခါတလေ ညဘက်တွေနိုးလာရင် လှုပ်မရသလို၊အော်မရသလို၊ ဘာမှမမြင်ရသလိုခံစားဖူးတယ်မလား...။တစ်ခါတလေကျလည်း ခြေ‌ထောက်ကို တစ်ခုခုလာဆွဲလိုက်သလိုလို၊ လူကပဲပြုတ်ကျသလိုလို လန့်ပြီးနိုးဖူးတယ်မလား...။ဒါတွေဟာဘီလူးစီးတဲ့လက္ခဏာတွေပါပဲ။ဒီဇာတ်လမ်းလေးကလည်း ဘီလူးစီးတဲ့အကြောင်းကိုမြင်တွေ့ရဦးမယ့် ကြောက်စရာမူဗီလေးပါပဲ။ဇာတ်လမ်းအကျဥ်းလေးက မိုက်နဲ့ အန်ဂျီမှာ ဆိုဖီဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်၊ ဒီကလေးလေးဟာညဘက်တစ်ရေးနိုးရင် ‌သူ့အဖေကို လှမ်းလှမ်းခေါ်ပြီးအိပ်မရတဲ့အကြောင်း၊လှုပ်လို့မရတဲ့အကြောင်း၊ သူ့ဆီကိုအမှောင်ထုကလာနေပြီဖြစ်ကြောင်းတွေပြောပါတယ်၊ဒါတင်မကသေးဘဲ ခဏခဏ အဖျားတက်ပြီး မေ့သွားတတ်လို့ဆေးရုံပြေးရတာလဲအကြိမ်ရေမနည်းပါ..။ရောဂါကိုရှာဖွေပေမယ့်လည်း မယ်မယ်ရရမတွေ့ပါဘူး။ဖခင်ဖြစ်သူက မိုက်ကိုယ်တိုင်ကလည်း သမီးလေးအတွက်အတတ်နိုင်ဆုံးပေးဆပ်ပေးနေရသလို သူကိုယ်တိုင်ကလည်းဆန်းကြယ်တဲ့အိပ်မက်ဆိုးတွေပဲတောက်လျှောက်မက်နဲ့နေခဲ့ပါတယ်...။ဒီလိုဖြစ်စဥ်တွေက ဘာလို့ဖြစ်ရတာလဲ၊ ဘယ်သူကပြုစားထားတာလဲ၊ ဘယ်လိုနတ်ဆိုးက ဘီလူးစီးဖို့ကြိုးစားနေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲခံစားလိုက်ပါဗျာ...။ File size…1.22GB / 504MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Hunting Souls (2022)

The Shop Of The Lamp ( 2024 )
The Shop Of The Lamp ( 2024 ) သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်...ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ...
movie

The Shop Of The Lamp ( 2024 )

The Cry of the Owl (2009)
The Cry of the Owl (2009) ရောဘတ်ဖော်ရက်စတာက သူအချစ်ကြီးချစ်ခဲ့ရတဲ့ဇနီးသည်နဲ့ကွာရှင်းပြတ်စဲဖို့လုပ်ဆောင်နေရတဲ့အတွက် စိတ်ထိခိုက်ဖိစီးရင်းအထီးကျန်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။စိတ်ဓာတ်ကျမူမမှန်သူတို့ထင်ရာစိုင်းလေ့ရှိတဲ့အတိုင်း သူ့မှာဝါသနာတစ်ခုငြိတွယ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လူသူမနီးတဲ့အရပ်မှာတကိုယ်တည်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုချောင်းကြည့်ပြီးစိတ်ဖြေရာကိုရှာတာပါပဲ။သူ့ဟာသူ အိမ်အလုပ်တွေနဲ့ရှုပ်နေလေ့ရှိတဲ့ မိန်းကလေးငယ်ကိုအဝေးကနေကြည့်ရတာ သူ့အတွက်စိတ်ငြိမ်းချမ်းရာ တစ်မျိုးရစေတယ်လို့ သူက အထင်ရှိပါတယ်။တစ်နေ့မှာတော့ ချောင်းကြည့်နေတဲ့သူ့ကို ကောင်မလေးကမြင်သွားပြီး စကားပြောဖြစ်ရာကနေ သူတို့နှစ်ယောက်ပတ်သက်မှုအစပျိုးလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးငယ်ဖြစ်တဲ့ ဂျန်နီက အစွဲအလန်းကြီးအယူသီးလေ့ရှိသူ တစ်ဦးဖြစ်ပြီး ရောဘတ်ဟာ သူ့ဘ၀အတွက်နိမိတ်ပုံတစ်မျိုးကို ဆောင်နေတယ်လို့ယူဆထားပါတယ်။ ပြဿနာက ဂျန်နီမှာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူ ဂရက် ရှိနေပြီး ရောဘတ်နဲ့တွေ့ချိန်မှာ သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ညမှာရောဘတ်ကို လုပ်ကြံဖို့ကြိုးစားရင်းအပြန်အလှန်သတ်ပုတ်ကြရာကနေ ဂရက်ကမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ ရောဘတ် သူ့ကို ထိုးချလိုက်တာ တစ်ချက်တည်းဖြစ်သလို မြစ်ထဲကျကျချင်းမသေတာသိတဲ့အတွက် ဆယ်တင်ပြီး ကမ်းနဘေးမှာထားခဲ့ပါတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂရက်ပျောက်ဆုံးနေမှုနဲ့အတူ စုံထောက်တွေက သူ့ကိုလာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လာချိန်မှာတော့ ရောဘတ်တစ်ယောက် သပွတ်အူနဲ့တောက်လျှောက်တိုးပါတော့တယ်။The Talented Mr. Ripley တို့ Strangers on a Train တို့လိုနာမည်ကျော်ဂန္ဓဝင်တွေ လတ်တလောနာမည်ကြီးသွားခဲ့တဲ့ Ben Affleck. ...
movie

The Cry of the Owl (2009)

The Green Perfume (2022) 5.4
The Green Perfume (2022)  ဒီတစ်ခါမှာတော့ Green Perfume ဆိုတဲ့ပြင်သစ် ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်း....ပြင်သစ်ပြဇာတ်အဖွဲ့တစ်ခုဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကပြနေတုန်း ပြဇာတ်သရုပ်ဆောင်"ဗယ်လာ့ဒ်"ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ် သူမသေခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ "မာတင်"ကို "Green Perfume "ဆိုတဲ့အဖွဲ့အစည်းက သူ့ကိုလုပ်ကြံတာဖြစ်ကြောင်းပြောပြီးမှသေဆုံးသွားပါတယ်ရဲတွေက မာတင်ကိုသံသယဝင်ကြပြီး သံသယရှိသူအဖြစ်သတ်မှတ်ပြီး လိုက်ဖမ်းကြပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း လူဆိုးအဖွဲ့ကလည်း"မာတင်"ကို သူ့ကို "ဗယ်လာ့ဒ်"ကမသေခင်မှာဘာတွေပြောသွားလဲဆိုတာသိရဖို့ ပြန်ပေးဆွဲပါတယ် နှစ်ဖက်စလုံးရဲ့လိုက်လံရှာဖွေမှုခံရတဲ့ "မာတင်"တစ်ယောက် ဘယ်လိုတွေရင်တိုင်ရမလဲ သူ့ကိုကူညီပေးမယ့် "ကလယ်ယာ"ဆိုအမျိုးသမီးနဲ့တွေ့ဆုံပြီး ကလယ်ယာကရော သူ့ကိုအစွမ်းကုန်ကူညီပေးမလား"ဗယ်လာ့ဒ်"ကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာကို မာတင်တစ်ယောက်အဖြေရှာရပါတော့တယ် File size…(2.56 GB)/(1.13 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Green Perfume (2022)

Cargo (2009) 6.1
Cargo (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ...။သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre...Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Cargo (2009)

Five Breakups and a Romance (2023) 5.5
Five Breakups and a Romance (2023) Five Breakups and A Romance (2023)ချစ်ခြင်းမပြယ်IMDb-5.7/10ဖိလစ်ပိုင်အချစ်ဇာတ်လမ်းတွေနဲ့ ခွဲထားလို့မရတဲ့ပါးချိုင့်လေးနဲ့အပြုံးချိုချိုမင်းသားလေး Alden Richards နဲ့ မင်းသမီးချောလေး Julia Montes တို့ရဲ့ အနောက်ဥရောပနိုင်ငံတွေထိရုံတင်ကြည့်ရှုနှုန်းတွေနဲ့ ရုံ‌တင်ငွေ သန်း 100 ထိရခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်တည်းကစခဲ့တဲ့အချစ် ။ အချိန်တွေဘယ်လောက်ကြာကြာ ဘဝအနေအထားတွေ ဘယ်လိုပဲပြောင်းလဲသွားသွား ပျောက်ပြယ်မသွားတဲ့ အချစ်တစ်ခု...ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိအောင် သည်းခံတတ်အောင် ခံနိုင်ရည်ရှိအောင် ဒီလိုပြုပြင်ပေးတဲ့လူက ဘေးနားမှာရှိနေတယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပဲမဟုတ်ပါလား တစ်ယောက်တည်းကြံ့ကြံ့ခံရင်း အချိန်မရွေးပြိုလဲလို့ရနေတဲ့ရင်ခွင်တစ်စုံက ကိုယ့်ကို ဘယ်လောက်ထိအောင်မြင်မှုတွေပေးကြောင်း ဘေးနားကလူကြောင့် ပြောင်းလဲသွားရတဲ့ ကိုယ်ကိုယ်တိုင်အဖြစ်ခံစားရင်း ဆက်လက်ရှုစားကြဖို့ညွှန်းဆိုလိုက်ပါတယ်....အချစ်ဆုံးသူငယ်ချင်းတွေအကြောင်းပြုပြီး လန့်စ်နဲ့ ဂျက်စတင်းတို့ ဆုံတွေ့ခဲ့ကြတဲ့ concert ညတစ်ည ဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ဖိလစ်ပိုင်ကထွက်ပြီး စင်ကာပူမှာလာကြိုးစားနေတဲ့ဂျက်စတင်း နဲ့ ဆေးပညာအသိုင်းအဝိုင်းမိသားစုကြား မိသားစုသဘောကျ ဆေးပညာကိုပဲ သင်ယူနေရတဲ့လန့်စ်တို့ မြင်မြင်ချင်း ချစ်မိသွားကြတယ်ကိုယ့်ဘဝကိုယ်ကိုယ်တိုင် စိတ်ကြိုက်ခြယ်သနိုင်တဲ့ဂျက်စတင်းနဲ့ မိဘအလိုကျကြိုးစားရတဲ့ဆေးကျောင်းသားလေးတို့ အချစ်ဇာတ်လမ်း။ ။ချစ်ရသူနဲ့ အမှားတစ်ခုကြောင့်တစ်နှစ်အကြာမှာ အဖုအထစ်လေးတွေနဲ့ပြတ်စဲခဲ့ကြတဲ့အချိန်က လူတွေတဖြုတ်ဖြုတ်သေကြတဲ့ ကိုဗစ်ကာလကြီးပေါ့ ကျန်းမာရေးဝန်ထမ်းတွေ အထိဆုံးကာလတစ်ခုမှာ ကိုယ့်ဘေးနား ဝန်ထမ်းတွေ လူနာတွေနဲ့ပဲရှိပြီး တစ်ယောက်တည်းအထီးကျန်မှုတွေနဲ့ ၂ပါးသွားနေခဲ့ရတဲ့ ဒေါက်တာလေး လန့်စ်က စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန် အချိန်တစ်ခုအကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး ...
movie

Five Breakups and a Romance (2023)

2023
Ghajini (2008) 7.3
Ghajini (2008) Ghajini (2008)အခုတစ်ခါမှာတော့ PK မင်းသား 3Idiots မင်းသားလို့လူသိများတဲ့ ဘော်လီဝုဒ်တွမ်ဟန့်ခ်ကြီး အမီရ်ခန်းရဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ဒီကားလေးဟာ IMDb 7.3(66K) အထိရရှိထားတဲ့ အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ပထမဦးဆုံး ကုဋေတစ်ရာကျော်အမြတ်ရရှိခဲ့တဲ့ ဘော်လီဝုဒ်ကားလေးဆိုရင်လည်းမမှားပါဘူး။ ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ A. R. Murugadoss ဟာ ၂၀၁၄ခုနှစ်မှာ ကျင်းပခဲ့တဲ့ Filmfare Award မှာ Best Director ဆုကိုလည်း ဗီဂျေးရဲ့ Kaththi 2014 ကားနဲ့ ဆွတ်ခူးခဲ့ပါသေးတယ်။ဒီကားလေးဟာလည်း ဇာတ်ဆောင်မင်းသား မင်းသမီး ဒါရိုက်တာနဲ့ ဇာတ်ပို့တွေအပါအဝင် ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ဆုတွေအများကြီးလည်းချိတ်နိုင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားဟာ အကြောင်းတစ်ခုကြောင့် ယာယီမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့ပါတယ်။ သူ့မှာ ၁၅မိနစ်စာလောက်ပဲကိစ္စတွေကို မှတ်မိပါတယ်။ အဲ့ဒီ၁၅မိနစ်ပြီးသွားရင်တော့ သူ ဘာကိုမှ မမှတ်မိတော့ပါဘူး။ ဒီလိုမှတ်ဉာဏ်ပျောက်ဆုံးနေတဲ့သူမှာ ကလဲ့စားချေစရာကိစ္စတွေရှိနေခဲ့ပါတယ်။ဒါကိုတော့ ဘယ်သူမှလည်းမသိသလို ဘာကြောင့်မှန်းလည်း သူကိုယ်တိုင်မမှတ်မိနေခဲ့ပါဘူး။ဒါကြောင့် သူ့ရဲ့မှတ်ဉာဏ်အတွက် ကိစ္စတိုင်းကို သူဓါတ်ပုံရိုက်ပြီးသိမ်းထားလေ့ရှိသလို သူ့ကိုယ်ပေါ်က တက်တူးကြောင်းတွေ အမှတ်အသားတွေက လျှို့ဝှက်ချက်မြောက်မြားစွာကို အဖြေမဖေါ်နိုင်လောက်အောင် ဖြစ်နေခဲ့ပါပြီ။သို့ပေတည်း သူဟာလက်စားချေဖို့ထွက်လာခဲ့ပါပြီ။ ၁၅မိနစ်တာမှတ်မိနေတတ်တဲ့ သူ့မှတ်ဉာဏ်တွေနဲ့ ဘယ်လိုတွေစိတ်ဝင်စားစရာကောင်းမလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါဦးနော်...။( ...
movie

Ghajini (2008)

2008
True Justice: Family Ties (2024)
True Justice: Family Ties (2024)  ဒီကားလေးကတော့ စုံထောက်ကားလိုမျိုး အမှုလိုက်ရတဲ့ဇာတ်ကားအမျိုးအစားပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အပြင် Endingကိုကြိုပြီးခန့်မှန်းလို့မရတဲ့ဇာတ်ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှု​နဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ.. Murder mysteryဆိုပေမဲ့Friendship, Family life, Dramaအငွေ့အသက်တွေလည်းပါဝင်ပါတယ်။ File size…(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

True Justice: Family Ties (2024)

ClearMind (2024)
ClearMind (2024) ClearMind (2024)~ Rotten Tomatoes - 100% ~ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ... အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ...ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား... နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ...
movie

ClearMind (2024)

2024
Midnight Show ( 2024 ) 5.7
Midnight Show ( 2024 ) ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ?ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Horror , Thriller Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Midnight Show ( 2024 )

My House (2023)
My House (2023)  Thriller/Horror အမျိုးအစားဖြစ်ပြီး အိမ်ကြီးတစ်လုံးထဲမှာပဲ ရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်မိတဆိုးမလေး "ကာလာ" နဲဲ့ သူ့အဖေဖြစ်သူတို့နှစ်ယောက်တည်း အတူနေကြတယ်အဖေဖြစ်သူကလည်း လျှို့ဝှက်တတ်လွန်းပြီး အိမ်ကို တံခါးဂျက် အထပ်ထပ် လုံခြုံရေးအထပ်ထပ်နဲ့ထားပြီး ကာလာ့ကိုလည်း ဘယ်တော့မှ အပြင်ပေးမထွက်ပါဘူးသူ့အဖေစကားအရ သူ့အဖေက တချိန်က လူတစ်ယောက် ဓားထိုးခံရမှုကို မျက်မြင်သက်သေထွက်ဆိုခဲ့တယ် ဒါ့ကြောင့် ရာဇဝတ်သားတွေ သူတို့မိသားစုကို ရန်ပြုလာမှာစိုးရိမ်ပြီး အိမ်ပြောင်းနေခဲ့တယ်သမီးလေး ကာလာတစ်ယောက် ဗီဒီယိုကင်မရာတစ်လုံးနဲ့ပဲ တစ်အိမ်လုံးလျှောက်ရိုက်ပြီး အချိန်ကုန်လေ့ရှိပြီး... တစ်နေ့ သူ့အဖေ အပြင်သွားနေတုန်း သူတို့အိမ်ဝကို သူစိမ်းတစ်ယောက်ရောက်လာပြီးနောက်ပိုင်းကာလာတစ်ယောက် သူသိထားသမျှတွေကို သံသယစပြီး ဝင်လာခဲ့တယ်အပြစ်ကင်းစင်တဲ့ကောင်မလေး ကာလာရဲ့ ဘဝကလည်း အိပ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီးသူဘယ်လိုဆက်အဖြေရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.6 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

My House (2023)

The Blob (1988)
The Blob (1988)  1988 မှာထွက်ရှိခဲ့တဲ့ old but gold ဖြစ်တဲ့ body horror/sci-fi ကား တင်ဆက်ပေးလိုက်ပါတယ်သူ့ခေတ်သူ့အခါက practical effect တွေက ကြည့်လို့ကောင်းပြီး ငယ်ငယ်ကကြည့်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဖီလင်ကိုပါ ပေးစွမ်းနိုင်မဲ့ ဇာတ်လမ်းမျိုးပါဇာတ်လမ်းအကျဥ်းကတော့ တစ်ည မြို့လေးတစ်မြို့မှာ ဥက္ကာခဲတစ်ခဲ ကျလာခဲ့ပါတယ် ဒါကိုသွားစပ်စုတဲ့ အဘိုးကြီးတစ်ယောက်ကို "Blob"ဆိုတဲ့ ဇီဝပစ္စည်းတစ်ခု ကူးစက်သွားခဲ့ပြီးတော့တစ်မြို့လုံးကို ပျံ့သွားပါတယ်ဒါကို အဓိကဇာတ်ကောင် ဇိုးကျောင်းသားဖြစ်တဲ့ Brian နဲ့ Megg တို့နဲ့အတူ သူတို့မြို့လေးက ရဲတွေ ပြည်သူတွေပါ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အကာအကွယ်ဝတ်စုံတွေနဲ့ အစိုးရလူတစ်စုက ကယ်ဖို့ ရောက်လာခဲ့ပြီး တစ်မြို့လုံးကိုလည်း Quarantine ချထားဖို့ အမိန့်ပေးထားခဲ့ပါတယ်သူတို့ squad က ကာနယ်ဖြစ်သူ ဒေါက်တာမယ်ဒိုးစ်က Blob ရဲ့ဇစ်မြစ်ကို ရှင်းပြပေမယ့် မယုံတဲ့ ဇိုးကျောင်းသား Brian က သူတို့ ကွာရန်တင်းကနေ ...
movie

The Blob (1988)

Kaali Khuhi (2020)
Kaali Khuhi (2020) Kaali Khuhi (2020) အမှောင်ရေတွင်းဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးတွေကြည့်ရတာ ရိုးအီနေတဲ့သူတွေအတွက် အင်စတာဂရမ်ဖော်လိုဝါသန်းချီပိုင်ဆိုင်ထားကြတဲ့ Riva Arora နဲ့ Sanjeeda Sheikh တို့ အလှပဂေးလေးနှစ်ယောက်ရဲ့ သရဲကားလေးတစ်လှည့်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှီဗန်ဂီဆိုတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က နာမကျန်းဖြစ်နေတဲ့အဘွားရွာဆီပြန်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာတဲ့အချိန်..ရွာခံသူငယ်ချင်းတစ်ယောက်နဲ့အတူကစားရင်း တွေ့ခဲ့မိတဲ့ ကြောက်စရာရုပ်သွင်နဲ့အဘွားတစ်ယောက်နဲ့ သူပြောလိုက်တဲ့စကားတွေ... ရွာထဲက ထူးဆန်းတဲ့အမှောင်ရေတွင်းနဲ့ တစ်ရွာလုံးကြုံတွေ့နေတဲ့ ကပ်ရောဂါ.... သူလိုသမီးမိန်းကလေးမွေးထားမိလို့ အမေ့ကိုအဘွားကကြိမ်းမောင်းတဲ့စကားတွေ...အဘွားဖြစ်သူ အိမ်အပေါ်ထပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားပုံနှင့် သူမသေခင်မြင်တွေ့လိုက်ရတဲ့ထိတ်လန့်စရာရုပ်သွင်တစ်ခု ဒါတွေအားလုံးက ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာကတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.2GB/ 500MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaali Khuhi (2020)

2020
Legend of Changbai Mountain Hunter ( 2024 ) 5.7
Legend of Changbai Mountain Hunter ( 2024 ) အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ....... နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား...... ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Legend of Changbai Mountain Hunter ( 2024 )

Family History Mysteries: Buried Past (2023) 6.7
Family History Mysteries: Buried Past (2023) ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie

Family History Mysteries: Buried Past (2023)

The Skeleton Key (2015) 6.5
The Skeleton Key (2015) The Skeleton Key (2015) ================== IMDb Rating - 6.5/10ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက် ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင် တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အို တွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့ အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာ ဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန် လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံ ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့ လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင် လာခဲ့ပါတော့တယ်။ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်က အစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေ တာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိ ရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့် နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးက ပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါး Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့် တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေ အဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (573 MB) Quality............BLU-RAY ...
movie

The Skeleton Key (2015)

2005