Channel Myanmar

Romance

Catch Me If You Claus (2023) 6.6
Catch Me If You Claus (2023) Catch Me If You Claus (2023) ===================== IMDb Rating - 6.6/10ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ် အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့ သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေး ပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင် နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆို ကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာ ပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.43 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Catch Me If You Claus (2023)

2023
Our Secret Diary (2023) 7.5
Our Secret Diary (2023) Our Secret Diary (2023)~ IMDb – 7.5/10, MyDramaList – 8.2/10 ~ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ Highschool Movie တွေကြိုက်တဲ့သူတွေအဖို့ သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး "ဆဲတိုရာမ"က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ "ခုရိုဒ"ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုံးမပေးဖို့အတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတို့နှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ...
movie

Our Secret Diary (2023)

2023
Alaa Ninnu Cheri (2023) 8.7
Alaa Ninnu Cheri (2023) Al Ninnu Cheri (2023) "အိပ်မက်တွေနဲ့ ချစ်သူ"IMDb 8.7 ရထားပြီး ကြည့်ပျော်တဲ့ rom-com ကားလေးတစ်ကား ဖြစ်ပါတယ်... အချစ်နဲ့ ဘဝတိုးတက်ရေး တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ ရှိလာတဲ့အခါ ဘယ်ဟာကို စွန့်လွှတ်မလဲ ဖုန်းတွေ မပေါ်သေးတဲ့ ခေတ်ကာလက နယ်မြို့လေးကို ပုံဖော်ထားတာဖြစ်ပြီး အရာရာရိုးစင်းခဲ့တဲ့ ကာလကို ပြန်လည် တမ်းတလွမ်းဆွတ်မိစေမှာပါဇာတ်လမ်းအကျဥ်းကို ပြောရရင် ဂါနစ်ရှ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးဟာ သူ့ဘော်ဒါ ဖက်တီးတို့နဲ့အတူ ဘဝကို ကြောင့်ကြမှုကင်းကင်း ဖြတ်သန်းပြီး ပျော်ပျော်နေတတ်ပေမယ့် ရုပ်ရှင်ရိုက်ကူးမှု အတတ်ပညာကိုတော့ ဝါသနာပါသူတစ်ယောက်ပါဒီဗရာကတော့ ရွာက သူဌေးသမီးဖြစ်ပြီး တစ်နေ့ အသိုင်းအဝိုင်းကြီးထဲက သူဌေးသမီးလေး ဒီဗရာနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဂါနစ်ရှ်တို့ ထုံးစံအတိုင်း ငြိကြပါတော့တယ်ဒါပေမဲ့လည်း တကယ်တမ်းလက်ထပ်မယ့်အရေးမှာတော့ ဂါနက်ရှ်တစ်ယောက် အချစ်နဲ့ အလုပ်မှာ အချစ်ကိုပဲ စွန့်ပယ်ခဲ့ပါတယ်.. အသည်းကွဲကျန်ခဲ့တဲ့ သူဌေးသမီးလေး မိဘပေးစားသူနဲ့ ယူတော့မှာလားဂါနစ်ရှ်ကရော သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ဦးမှာလား ဘဝတွေ မတူညီကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ခွဲခွာမှုနဲ့ အဆုံးသတ်ရမှာလား ပေါင်းစပ်နိုင်မယ့် ...
movie

Alaa Ninnu Cheri (2023)

2023
Our Christmas Mural (2023) 6.1
Our Christmas Mural (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ‌ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ...
movie

Our Christmas Mural (2023)

Haul Out the Holly: Lit Up (2023) 5.7
Haul Out the Holly: Lit Up (2023)  ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ ...
movie

Haul Out the Holly: Lit Up (2023)

A Brush with Christmas (2022) 5.5
A Brush with Christmas (2022)  ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

A Brush with Christmas (2022)

Single in Seoul(2023) 7.0
Single in Seoul(2023) Single in Seoul(2023)*******************Lee Dong Wook  နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ....သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်...Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့  ဆယ်လီတစ်ယောက်ဆိုပါတော့..အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်...Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့.....ဘဝမှာ အိမ်သာတက်တောင် ဖုန်းလေးနဲ့ ချစ်သူဆီ စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့...သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကိုကျွန်မဘဲပါလို့  ဆိုရှဲမီဒီယာထက်မှာ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး...သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့ဆယ်လီတစ်ချို့နဲ့  စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့...ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့...File Size :(1.3GB) (536MB) Quality : Web-Dl 1080p/720p Format…mp4 Duration…01:43:00 Genre :  Romance, Comedy Subtitle : Myanmar ...
movie

Single in Seoul(2023)

Christmas As Usual (2023) 5.4
Christmas As Usual (2023) Christmas As Usual (2023) ====================Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.39 GB) / (482 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Christmas As Usual (2023)

2023
The Persian Version (2023)
The Persian Version (2023)  ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ "အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား"ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။"နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး"တဲ့။ တကယ်နာကျင်ရတဲ့အရာကို ...
movie

The Persian Version (2023)

Aadikeshava (2023) 5.1
Aadikeshava (2023) Aadikeshava (2023) "အစောင့်အရှောက်" IMDb - 5.1/10Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။ မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့ တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့ မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင် အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲ အလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲ စီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားက သူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့ သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။ အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.28GB  Quality…WEB DL 1080p   / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Aadikeshava (2023)

2023
Dating Santa (2023)
Dating Santa (2023) ဆန်တာဖိုးဖိုးကြီးနဲ့ ဒိတ်ခြင်း ၂၀၂၃ခရစ္စမတ်ကာလလေးမှာ ၁၅၀၀ အချစ်ရော၊ ၅၂၈ မေတ္တာရောကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။လူစီယာက လီယိုနိုရာလို့ ခေါ်တဲ့ သမီးလေးကို ထိန်းကျောင်းနေရတဲ့ Single mother ပါ။ လီယွန်ကို ၈နှစ်လုံးလုံး ပျိုးထောင်နေရင်းနဲ့ လူစီယာ ညီမကောင်းမှုနဲ့ ဆာဂျီယိုလို့ ခေါ်တဲ့ စာဖိုမှူးနဲ့ ဘလိုင်းဒိတ်ခွင့်ရပါတော့တယ်။ အဲဒီလိုနဲ့ စကားတွေပြောကြ ဒိတ်ကြရင်း အဆင်ပြေသွားပါတော့တယ်။ ဒါပေမယ့် လီယွန်က သူ့အမေ ကောင်လေးရနေတာကို မြင်လိုက်ရတော့ ကလေးပီပီလန့်သွားပြီး ထငိုပါရော။ အဲဒီလိုနဲ့ လူစီက သူနဲ့တွဲနေတဲ့လူက ဆန်တာဖိုးဖိုးကြီးပါလို့ သူ့သမီးကို လိမ်ပြောလိုက်ပါလေရော။လူစီနဲ့ ဆာဂျီယိုတို့လည်း သမီးလေးကို အလိမ်မပေါ်အောင် ဘယ်လိုဖုံးကွယ်ကြမလဲ၊ ဆန်တာအဖြစ်နဲ့ ဘယ်လို ဟန်ဆောင်သွားကြမလဲ၊ လီယွန်က ဆာဂျီယိုက ဆန်တာ မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားလေမလား။ မတူညီတဲ့ အချစ်နဲ့ ချစ်ရတဲ့လူ ၂ယောက်အကြေား ...
movie

Dating Santa (2023)

Fighting (2009)
Fighting (2009) 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ ...
movie

Fighting (2009)

Sugar Factory (2023) 9.5
Sugar Factory (2023) Sugar Factory (2023) "ဟန်ဆောင်အချစ်ဇာတ်လမ်း" IMDb - 9.5/10Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။"Single is the best"လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကို တစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။ အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။ အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့ အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့် ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.8GB / ...
movie

Sugar Factory (2023)

2023
Ready or Not 2 ( 2023 )
Ready or Not 2 ( 2023 ) မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie

Ready or Not 2 ( 2023 )

Baby Mama (2008) 6.0
Baby Mama (2008) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။  File size…   1.9 GB /   934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Baby Mama (2008)

2008
This Is 40 (2012) 6.2
This Is 40 (2012) This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့   Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie

This Is 40 (2012)

2012
(18+) Teddy (2020)
(18+) Teddy (2020) Teddy (2020)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူကြီးတွေသာ ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ဘဝသက်တမ်းတစ်လျှောက်လုံး လက်သမားဘဝနဲ့ ဝက်ဝံရုပ်လေးကိုသာ အားကိုးနေရတဲ့ ဘဗ်လူးဟာ ရုတ်တရက် မိန်းမရသွားခဲ့ပါတယ်။ဇရက်တောင်ပံကျိုးနေတဲ့သူ့ဘဝအတွက် မှော်လိပ်ပြာလေးပေါ့နော်။ ယောက်ျားတို့ရာဂရှိသမျှခြစ်ထုတ်ပါ့မယ်ဆို သူ့ညီလေးက ခဲသာခဲထားရတယ် မစွမ်းပါဘူး။အဲ့ဒီမှာပဲ အိမ်ထောင်မှုဘဝဖြစ်တတ်တဲ့သဘောတွေနဲ့ သူစိမ်းတွေက ကြောင်တောင်နှိုက်လာတဲ့အခါမှာတော့....။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…600MB Quality… 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+) Teddy (2020)

2020
(18+) The Girl Next Door 3 (2019)
(18+) The Girl Next Door 3 (2019) The Girl Next Door 3ဘေးအိမ်ကကောင်မလေးကို မလိုအပ်ပဲ မေတ္တာတွေပေးချင်နေတဲ့ အိမ်ထောင်သည်ယောကျာ်းရယ် ဘေးအိမ်ကကောင်မလေးချောချောလှလှလေးရယ် ဘယ်လိုတွေအရှုပ်စခန်းဖွင့်ကြမလဲဆိုတာ မျက်စိပဒေသာဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းတပုဒ်ပါမိန်းမနဲ့ အိမ်စာပဲ စားနေရတဲ့ ဘဲကြီးက မိန်းမ လှလှ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပေမယ့် ဘေးအိမ်က ဖွံ့ဖွံ့ထားထား ဂစ်တာရှိတ်ကျောင်းသူလေးကို မေတ္တာစိတ် ယိုဖိတ်လာတဲ့အခါ စားရအောင် ဘယ်လိုကြံလဲဆိုတာကို တွေ့ရမယ့်အပြင် ကျောင်းသူမလေးလည်း just fri ကောင်လေးနဲ့ ဘယ်လိုတွေခိုးစားကြတယ်ပြီးတော့ အတွဲချင်း ဘယ်လိုတွေ ပညာချင်းဖလှယ်ကြမလဲ ပျော်ပျော်ကြီးကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့ အမှောင်လောက ဘဒိုတို့အကြိုက်တွေ့မယ့် ကားလေးတစ်ကားပါ(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…725MB Quality…720p Format…mp4 Duration….1h 34mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by FOX
movie

(18+) The Girl Next Door 3 (2019)

2019
Son of Sardaar (2012) 4.2
Son of Sardaar (2012) Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Son of Sardaar (2012)

2012
Rescuing Christmas (2023) 6.4
Rescuing Christmas (2023) Rescuing Christmas (2023) ==================== IMDb Rating - 6.4/10ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် ...
movie

Rescuing Christmas (2023)

2023