Channel Myanmar

Romance

Tu Jhoothi Main Makkaar (2023) 6.7
Tu Jhoothi Main Makkaar (2023) Tu Jhoothi Main Makkar (2023) IMDb - 6.7 / 10ဒီတစ်​ခေါက်မှာက​တော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်း​လေးကို သ​ဘောကျကြသူ​တွေအတွက် နာမည်ကြီးမင်းသား​ချော Ranbi Kapoor နဲ့ မင်းသမီး​ချော​လေး Shraddha Kapoor တို့ ပါဝင်သရုပ်​ဆောင်ထားပြီး Box Office ၂၁၉.၇၂ကု​ဋေအထိရရှိထားတဲ့ Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ ဟာသအချစ်ဇာတ်ကား​ကောင်း​လေးနဲ့ တင်ဆက်​ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူ​ဌေးသား​လေးဟာ ချစ်သူ​တွေကိုလမ်းခွဲရာမှာ ကူညီ​ပေးတဲ့ လမ်းခွဲ​​ရေးသမား​လေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကား​ပြောဖို့ အခက်​တွေ့​နေသူတိုင်းက မစ်ကီကိုအကူညီ​တောင်း​​လေ့ရှိပါတယ် ဒီလိုသူများအကျိုး​ဆောင်ရာမှာ ​အောင်မြင်ခဲ့တဲ့မစ်ကီတစ်​ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့​ကောင်မ​လေးနဲ့ လမ်းခွဲ​ပေးဖို့ကူညီရာမှာ​တော့ ဒုက္ခလှလှ​တွေ့ပါ​တော့တယ်အ​ကြောင်းက​တော့ မန်နူရဲ့သတို့သမီး​လောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ ​မိန်းမလှ​လေးကိုမြင်မြင်ချင်း​ချစ်မိသွားတဲ့အတွက်​ကြောင့်ပါပဲ မစ်ကီတစ်​ယောက်သူ့သူငယ်ချင်းကို လမ်းခွဲ​ပေးဖို့အတွက် ဆက်ကူညီ​ပေး​လေမလား ဘယ်လိုအလွဲလွဲ​အ​ချော်​ချော်​တွေကြုံပြီး ​ ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှ​လေးတင်နီနဲ့လမ်းခွဲ​ရေးသမား​လေးမစ်ကီကြားက ကွာခြားချက်​တွေ​ကြောင့်ဘယ်လိုကိစ္စ​တွေကြုံရမလဲဆိုတာ ဟာသ​နှောပြီးရိုဆန်ဆန်​​လေးဖြစ်တဲ့အချစ်ဇာတ်လမ်း​လေးကို ရင်ခုန်စွာကြည့်ရှူ့ရ​အောင် File size…10GB /2.71GB / 1.4GB Quality…4k NF WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (HardSub) Encoder….YK Translated by KhinKhin~Yunni~BpL~Sai~ThaikSan
movie

Tu Jhoothi Main Makkaar (2023)

2023
4K HEVC
Seasons (2023)
Seasons (2023) Seasons (2023)သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ "၅၂၈" အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။ဒီလိုပါပဲ... ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈" အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, ...
movie

Seasons (2023)

2023
An Unforgettable Year – Spring (2023)
An Unforgettable Year – Spring (2023) An Unforgettable Year : Spring (2023)******************************************ဒီတစ်ခါတော့ An Unforgettable Yearရာသီလေးခုထဲက Springမှာ ပေါက်ဖွားခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို ရှုစားရမှာပါ...။ပန်းတွေပွင့်ကြတဲ့ နွေဦးအလှဟာဆိုရင် ပန်းချီလေးဆွဲ ဘောင်လေးသွင်းထားသင့်တဲ့အလှလေးဗျ..။ဒီဇာတ်လမ်းထဲမှာလည်း ဂျက်စမင်ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီပညာကို ရူးသွပ်သူ..၊အချိန်ပြည့် ပန်းချီကိုရူးသွပ်သူပေါ့...။သို့ပေမဲ့ ဂျက်စမင်ရဲ့ အမေဖြစ်သူကတော့ သမီးကို စီးပွားရေး ကောလိပ်သာဆက်တက်စေချင်ပြီးပန်းချီပညာနောက်ကိုလိုက်ခွင့်မပေးပါဘူး...။ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် စာကိုသာကြိုးစားခဲ့ရပေမယ့် အထက်တန်းနှစ်မှာတော့သင်္ချာကို တဗုန်းဗုန်းကျပါလေ‌ရော...။ဘယ်လောက်ထိဆိုးသလဲဆိုရင် သင်္ချာစာမေးပွဲဖြေရင် စာမေးပွဲကိုစိတ်မပါနိုင်ဘဲအဖြေလွှာမှာ ပုံတွေချည်း ဆွဲနေလို့ သုညရခဲ့သူလေးပါ..။သူ့အတွက်က သင်္ချာအောင်မှ အထက်တန်းအောင်ပြီးအမေဖြစ်သူတက်စေချင်တဲ့ စီးပွားရေးကောလိပ်တက်နိုင်မှာပါ...။ဒါမှမဟုတ် သင်္ချာမအောင်မယ့် အတူတူ အိမ်ကို ပုန်ကန်ပြီးပဲအနုပညာသင်တန်းတက်လိုက်ရမလားနဲ့ဝေခွဲမရဖြစ်နေပြီပေါ့...။ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် သင်္ချာအောင်ဖို့ ဂိုက်ဆရာလေး ဒါဗီနဲ့ဆုံတွေ့ခဲ့ပြီး...ဒါဗီကပါ ပန်းချီပညာဘက်ကိုလိုက်သင့်ကြောင်း အားပေးအားမြှောက်ပြုလာတဲ့အခါမှာတော့ Springကာလ မမေ့နိုင်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် အစချီခဲ့ပါတော့တယ်...။File size : 1.56GB / ...
movie

An Unforgettable Year – Spring (2023)

2023
Art Museum by the Zoo (1998) 7
Art Museum by the Zoo (1998) Art Museum by the Zoo (1998)တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်းစိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို... အရိုးခေါင်းကျွန်းက ကင်းကောင်လို... လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့... ငါ့ဘဝရဲ့ ...
movie

Art Museum by the Zoo (1998)

1998
The Recipe (2010) 6.6
The Recipe (2010)  Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie

The Recipe (2010)

Carmen (2022) 6.0
Carmen (2022)  ဒီဇာတ်လမ်းလေးကတော့ Carmenဆိုတဲ့ အမျိုးသမီးလေးအကြောင်းကို ရိုက်ကူးထားတဲ့ Musical၊ Drama movieလေးဖြစ်ပါတယ်။ဇာတ်ကားဆိုတာထက် အော်ပရာပိုဆန်တယ်ဗျ။ဘာလို့ဆို ၁၈၇၅ခုနှစ်လောက်က Carmenဆိုတဲ့နာမည်နဲ့ပြင်သစ် အော်ပရာကိုအခြေခံကာ ပြန်ရိုက်ကူးထားတာပါ...။သို့ပေမဲ့ အော်ပရာထဲက စာသားအချို့ကိုသာယူသုံးထားပြီးဇာတ်ကွက်တွေ ခေတ်ကာလတွေကိုတော့ အကုန်ပြောင်းလဲထားပါတယ်။အော်ပရာကြည့်သလို ငြိမ်ငြိမ်လေး ထိုင်ကြည့်ချင်သူတွေအတွက်တော့အကြိုက်တွေ့စရာပါပဲ...။ ဇာတ်လမ်းအကျဥ်းကတော့ကာမန်ဆိုတဲ့ ဂျစ်ပစီမလေးဟာ ဆုံးသွားတဲ့ မိခင်ကြီးရဲ့အမှာစကားအတိုင်း အ‌‌ဒေါ်ဖြစ်သူကိုရှာဖို့ မက်ဆီကိုကနေ အမေရိကန်ကိုခိုးဝင်လာပါတယ်...။ ဖြစ်ချင်တော့ အမေရိကန်နယ်စပ်စောင့်ရဲတွေဟာခိုးဝင်လာသူတွေကို အမဲလိုက်သလို ပစ်ခတ်သတ်ပစ်လေ့ရှိပါတယ်...။ဒီတော့ ကာမန်အတွက်က ဖမ်းမိသွားရင် အသက်ဆုံးမယ့်အခြေအနေပေါ့...။ကံတရားလို့ပဲ ပြောမလား ဒီအခြေအနေက ကာမန်ကိုကယ်တင်ပေးခဲ့သူက အေဒင်ဆိုတဲ့ မရိန်းတပ်သားဟောင်းလေးပါ...။အေဒင်ဟာ ကာမန်ကို ကယ်တင်ရင်းနဲ့ ရဲတစ်ယောက်သတ်မိပြီးဝရမ်းပြေးဖြစ်ခဲ့ရပါတယ်..။ဒီလိုနဲ့ ကာမန်နဲ့ အေဒင်တို့နှစ်ဦးသား ဥပဒေလက်ကလွတ်အောင်ပြေးရင်းလွှားရင်း...ဂျစ်ပစီဆန်ဆန်လေလွှင့်ကြရမယ့်ဇာတ်လမ်း အော်ပရာလေးကို ခံစားကြည့်လိုက်ပါဦး...။  File Size : (1.44 GB) and (616 MB) Quality : Blu-Ray 1080P 5.1 CH ,720p Format…mp4 Duration…01:48:00 Genre : Comedy , ...
movie

Carmen (2022)

Restart After Come Back Home (2020) 7.2
Restart After Come Back Home (2020) Restart After Come Back Home (2020) ============================ IMDb Rating - 7.2/10LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေ တတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက် တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေ တတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei) နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့ တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ် ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီး လာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူ တွေဖြစ်လာတဲ့အခါ...Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ...
movie

Restart After Come Back Home (2020)

2020
The Out-Laws (2023) 5.5
The Out-Laws (2023) The Out-laws (2023)ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. ...
movie

The Out-Laws (2023)

2023
In Your Eyes (2014) 6.9
In Your Eyes (2014)  Genre – Fantasy, Romance IMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ်ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲကတစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျLake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ TimeTraveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ်ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုးတစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင်ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင်အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကားဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ရှိပြီး ...
movie

In Your Eyes (2014)

[18+]Paraluman (2021)
[18+]Paraluman (2021) Paramulan 2021ဒီဖိလစ်ပိုင်ကားလေးကို စကားလုံးတစ်ခုတည်းနဲ့ ဖော်ညွှန်းပေးရမယ်ဆိုရင် "စည်းခြားထားတဲ့အချစ်"လို့ပြောရမှာပါပဲအဖေဆုံးသွားလို့ အကိုကြီးဆီမှာ ပြောင်းနေခဲ့တဲ့ မီယာဆိုတဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်လေးဟာ ပီတာဆိုတဲ့ အကိုကြီးကို တမ်းတမ်းစွဲကြွေသွားခဲ့ရတဲ့အကြောင်းပေါ့ပီတာလိုမျိုး ဂစ်တာတီးသီချင်းလေးတွေ ဆိုပြတတ် ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ အကိုကြီးကို မီယာတစ်ယောက်ရင်ခုန်ရာကနေ တကယ်ချစ်မိသွားခဲ့တယ် ဒါပေမဲ့လည်း ပီတာဟာ အတူနေချစ်သူရှိနေတဲ့အခါအချစ်ဆိုတာ ငှက်တစ်ကောင်လိုပဲ လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ပါ ကိုယ့်အတွက်ဆိုရင် ပြန်လာမှာပါ ပြန်မလာတော့ရင်လည်း လာတဲ့အထိစောင့်နေပါတဲ့.....သူပြန်မလာတော့မဲ့ ညိုကီတွေကိုလက်တို့ပေးချင်တာ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပေမဲ့ တော်တော်ရိုတဲ့ အချစ်ကားလေးမို့ စော်ကိုလွမ်းရင်းငိုရင်း အားပေးကြပါလို့.... File size…1.2GB / 606MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+]Paraluman (2021)

2021
My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

(18+)Revenge Porn: PAIN OF LOVE (2019)
(18+)Revenge Porn: PAIN OF LOVE (2019) နာမည်လေးက ရီ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံ သူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ် ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ်ကိုကိုမှ ကိုကိုဖြစ်နေတာ တနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ် သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှ မီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလား ဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကို ကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့ တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…500MB Quality…720p Format…mp4 Duration….1h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+)Revenge Porn: PAIN OF LOVE (2019)

2019
SEE HEAR LOVE (2023) 6.5
SEE HEAR LOVE (2023) See Hear Love (2023)ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | ...
movie

SEE HEAR LOVE (2023)

2023
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Love’s Greek to Me (2023) 5.9
Love’s Greek to Me (2023) Loves.Greek.To.Me 2023ယခုတစ်ခါအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ IMDb 6.1/10 အထိရရှိထားတဲ့အချစ်ရိုမန့်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ဘဝမှာ အချစ်ပြီးရင် အချစ်လာဖို့အတွက်ဘာတွေလိုအပ်လဲ သူ့မိသားစု ကိုယ့်မိသားစုဆိုတာရော အိမ်ထောင်ရေးမှာ ဘယ်လောက်အရေးပါလဲ ချစ်သူနှစ်ဦးလက်တွဲဖို့ဆိုတာ အချိန်နေရာ ယဉ်ကျေးမှုစတဲ့အရာတွေကရော ဘယ်လောက်အရေးပါနေလဲ.... စတဲ့အကြောင်းအရာတွေကို ပြည့်စုံနေအောင် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာ အီလာနာလို့ခေါ်တဲ့ အမေရိကန်သူတစ်ယောက် သူ့ရည်းစား ဂရိနိုင်ငံသားလေး မိုက်ခ်ဆီကို လက်ထပ်ပွဲတစ်ခုအတွက် သွားတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ မိသားစုဆိုင်ရာ အခက်အခဲတွေ မတူညီတဲ့ရိုးရာတွေ စသည်ဖြင့် အချစ်နဲ့ဘဝကြား ဗျာများနေရပုံတွေကို အေးအေးဆေးဆေးကြည့်ရှုရမဲ့ ရိုမန့်ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဂရိနိုင်ငံရဲ့အလှအပတွေကို ဖောဖောသီသီပါဝင်တာမို့ လှပတဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရှုရင်း ပရိသတ်တို့ကိုယ်တိုင်လည်း မိုက်ခ်နဲ့အီလာနာတို့နေရာဝင်ခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အချစ်ဆိုတာ အချိန်တွေနေရာတွေကို ဖြတ်သန်းသွားနိုင်တဲ့ အရာတစ်ခုပါ....ဘာသာပြန်နဲ့အညွှန်းကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 791MB | 374MB Format… mp4 Duration…. 1h 24min Subtitle…. ...
movie

Love’s Greek to Me (2023)

2023
Solar Flower (2023)
Solar Flower (2023) Solar Flower (2023)“နေမထွက်တဲ့ ကမ္ဘာမှာဆိုရင်တောင် ကျွန်တော့်ဘဝမှာ သိမ်းထားချင်မိတဲ့ အိပ်မက်တစ်ခုရှိတယ်”သိပ်မကြာခင်ကမှ ထောင်ကလွတ်လာပြီး လူမိုက်ခေါင်းဆောင်နမ်ဂယူရဲ့လက်အောက်မှာ မိုတယ်အလုပ်ကို ကြိုးစားသင်ယူရင်း ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ ဆွန်းယော့ဟာ နေမထွက်တဲ့ကမ္ဘာက ပန်းလေးတစ်ပွင့်လိုပါပဲဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ တစ်ဦးတည်းသော ညီမလေးအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေခဲ့ပေမဲ့ တစ်ဖက်မှာ သူကိုယ်တိုင်သတိမထားမိတဲ့ ရင်နင့်စရာအမှန်တရားတစ်ခု ရှိနေပါတယ်အဲဒီလိုနဲ့ အနှိပ်စက်ခံ အဖိနှိပ်ခံရင်း ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ဆွန်းယော့တစ်ယောက် ဆွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်ဆွန်းယော့ရဲ့ဘဝတစ်ဆစ်ချိုးဟာ ပိုကောင်းတဲ့အရာတွေနဲ့စောင့်ကြိုနေမလား ဒါမှမဟုတ် မှောင်မိုက်နေပြီးသားဘဝကို ပိုပြီးကံဆိုးမိုးမှောင်ကျစေမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 501 MB | 247MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle ...
movie

Solar Flower (2023)

Not Your Romeo & Juliet (2023) 5.8
Not Your Romeo & Juliet (2023) Not Your Romeo and Juliet (2023)ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။တစ်နေ့မှာတော့ မစ်ကီ‌ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က ...
movie

Not Your Romeo & Juliet (2023)

2023
Takkar (2023) 8.1
Takkar (2023) Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie

Takkar (2023)

2023
Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023
Missed Connections (2023)
Missed Connections (2023) Missed connections (2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် ‌အကျိုးရှိတဲ့ဇာတ်ကားလေးပါ။စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 829MB | 402MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae ...
movie

Missed Connections (2023)

2023