Channel Myanmar

Romance

One More Time(2023) 6.7
One More Time(2023) One More Time(2023)*******************ဒီတစ်ခါတော့ Time travel တွေ time loop ကားတွေ သဘောကျတတ်တဲ့လူတွေ အတွက်ကားလေးပါ Amelia ဆိုတဲ့‌အမျိုးသမီးဟာ သူ့ အသင် ၄၀ ပြည့်မွေးနေ့မှာ သူငယ်ငယ်ကသူ့သူငယ်ချင်းနဲ့အတူ လုပ်ထားခဲ့တဲ့ Time capsule(စာရွက်လေးတွေ‌ပေါ်မှာ ဆုတောင်းတွေရေးပြီး မြေမြှုပ်လေ့ရှိတဲ့ ဘူး) လေးကိုဖွင့်ဖို့ သွားခဲ့ပါတယ်...အဲ့ဒါကို ဖွင့်ဖတ်နေချိန် စာရွက်လွင့်လို့ လိုက်ကောက်ရင်း ကားတစ်စီးနဲ့တိုက်မိပါတော့တယ် ဒါပေမယ့် သူမျက်လုံးပွင့်လာချိန်မှာတော့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ပြန်ရောက်သွားတာပါ...အဲ့ဒီ့လိုနဲ့  သူ့ရဲ့ အသက် ၄၀ အရွယ်ကို ဘယ်လိုပြန်ရောက်အောင်လုပ်မလဲဆိုတာကတော့.... File Size :(2.4GB) and (812MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:25:00 Genre : Drama , Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae
movie

One More Time(2023)

The Legend of 1900 (1998)
The Legend of 1900 (1998) နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Legend of 1900 (1998)

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
Perfect Addiction (2023) 5.3
Perfect Addiction (2023) Perfect Addiction (2023)"စွဲလမ်းမှုလား အချစ်လား" "ပြဿနာတွေကို ဖြတ်ကျော်ပြီး move onနိုင်တာလား စိတ်အတွင်းတစ်နေရာမှာထည့်သိုလိုက်တာလား"ကျွန်တော်တို့သူငယ်ချင်းတွေ ရည်းစားစရပြီဆိုရင်တော့ ကျွန်တော်တို့ရွဲ့ပြောနေကြစကားတစ်ခွန်းကတော့ အချိန်တန်ရင်ပြတ်တာပဲပေါ့။ Relationship တစ်ခုရယ်လို့ဖြစ်လာပြီးဆိုရင်တော့ endingက ၂ ခုတည်းရယ်ပါ။ ပြတ်တဲ့လမ်းမှာ အဆုံးသတ်ခဲ့တာတွေလည်းများသလို ရှားရှားပါးပါး အချစ်စစ်နဲ့လက်တွဲရတာတွေလည်းရှိပါတယ်။ သေချာတာတစ်ခုကတော့ လက်တွဲဖော်တစ်ယောက်ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် move onတတ်ခြင်းအနုပညာကတော့ လူတိုင်းအတွက်လိုအပ်မှာပါပဲ။စီယန်နာဆိုတဲ့မိန်းကလေးက MMA fighter တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြတစ်ယောက် လက်ရှိမှာ တစ်ချိန်က MMAလောကရဲ့ဂန္တဝင်ကြီး ဂျူလီယန်ဂျိမ်းစ်ရဲ့ကလပ်မှာ အလုပ်လုပ်နေသူပေါ့။ မိဘတွေဆုံးပါးသွားတဲ့ သူ့အတွက်တော့ ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဖြစ်တဲ့ ညီမလေးဘက်သ်က သူ့ဘဝအတွက် အရာရာပါပဲ။ဒီလိုနဲ့ နည်းပြမမကို နှလုံးသားတံခါးခေါက်ဖို့လာတဲ့ ဂျက်စ်ဆိုတဲ့ဖိုက်တာလေးကြောင့် ယစ်မူးစေတတ်တဲ့အချစ်ဆိုတဲ့အရာမှာ ပျော်ဝင်သွားခဲ့တဲ့စီယန်နာတစ်ယောက် သူ့ဘဝရဲ့နံပါတ် ၁ က ဘက်သ်ဆိုရင် နံပါတ် ၂ က ဂျက်စ်ဖြစ်လာတဲ့အထိပါပဲ။ ဒါပေမဲ့ သူ့ရဲ့အရေးအပါဆုံးလူ ၂ ယောက် ဖောက်ပြန်နေတဲ့မြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်တစ်ခဏက သူ့ရဲ့ကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတော့တာပါပဲ။သူ့ရဲ့ကမ္ဘာကြီးက သူ့ကိုသစ္စာဖောက်သွားသလို ခံစားလိုက်ရတဲ့ နာကျည်းချက်အပြည့်နဲ့ စီယန်နာတစ်ယောက် ဂျက်စ်ကိုအနိုင်ယူနိုင်မဲ့ဖိုက်တာကိုရှာရင်းနဲ့ traumaတွေနဲ့ မြေအောက်ခန်းထဲပုန်းနေတဲ့ ...
movie

Perfect Addiction (2023)

2023
American Honey(2016)
American Honey(2016) American Honey(2016)**********************အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ်ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d'Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။ စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ...
movie

American Honey(2016)

Chaahat (1996) 5.5
Chaahat (1996) Chaahat (1996) **************** ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard ...
movie

Chaahat (1996)

1996
Prom Pact (2023) 6.3
Prom Pact (2023) Prom Pact (2023) ============= IMDb Rating - 6.3/10ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေ ကြည့်ချင်သူတို့အတွက် Disney ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ rom-com ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားထဲမှာ မန်ဒီယန်းဆိုတဲ့ကောင်မလေးက "I am my own person" ဆိုတဲ့ feministလေးဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ ဟား‌ဗတ်ကိုသွားပြီး သူလေးစားရတဲ့သူ့idolဆီမှာ စာသင်ချင်တာပါတဲ့။ ဒါပေမဲ့ ဟားဗတ်ကသူ့ကို စောင့်ဆိုင်းစာရင်းထဲထည့်လိုက်ပါတယ်။ စောင့်ဆိုင်းစာရင်းဆိုတာက အငြင်းခံရတာနဲ့ သိပ်မကွာပါဘူး။ဒါကြောင့် မန်ဒီယန်းက ဟားဗတ်ကိုဝင်ခွင့်ရဖို့အတွက် ဟားဗတ်ကျောင်း သားဟောင်း အထက်လွှတ်တော်အမတ်ဆီကနေ ထောက်ခံစာတောင်းဖို့ ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက မန်ဒီယန်းအထင် သေးတဲ့ သူတို့ကျောင်းက ရေပန်းအစားဆုံး ဘတ်စကတ်ဘောကစားသမား ဂရေဟမ်လန်ဆင်းဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ဒီလိုနဲ့မန်ဒီယန်းတစ်ယောက် သူ့အိပ်မက်ကိုပဲစွန့်လွှတ်မလား ဒါမှမဟုတ် သူ့စံတန်ဖိုးတွေကို စွန့်လွှတ်ပြီး ဟားဗတ်ကိုဖြစ်တဲ့နည်းနဲ့ ရောက်အောင် သွားမလား သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.66 GB) / (729 MB) / (432 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 39Mins Subtitle...........Myanmar ...
movie

Prom Pact (2023)

2023
Virgin Story (2022)
Virgin Story (2022) Virgin Story 2022နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။" စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ '' ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ ...
movie

Virgin Story (2022)

2022
4K HEVC
Emma (1996)
Emma (1996) MDb 7 / 10 Channel Myanmar ပရိသတ်ကြီးကို ခုတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Pride and Prejudice စာရေးဆရာမ Jane Austen ရဲ့ Emma ဆိုတဲ့ဝတ္တုကို ဇာတ်ကားအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ တချို့သော ရုပ်ရှင်ပရိတ်သတ်တွေကတော့ ၂၀၂၀ တုန်းကထွက်ခဲ့တဲ့ Anya Taylor-Joy နဲ့ရိုက်ထားတဲ့ ဗားရှင်းကို ကြည့်ပြီးကြတဲ့သူတွေလည်း ရှိမှာပါ။ ခုဇာတ်ကားကတော့ ၁၉၉၆ တုန်းက ထွက်ရှိခဲ့တဲ့ဗားရှင်းဖြစ်ပါတယ်။ ဒီဗားရှင်းကတော့ မူရင်းဝတ္ထုရဲ့ ဇာတ်ဝင်ခန်းအကုန်နီးပါး ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Emma ဆိုတဲ့ သူဌေးသမီးလေးဟာ သူရဲ့ ဆရာမနဲ့ သူ့အိမ်နီးချင်းကို သူအောင်သွယ်ပေးလိုက်တာ ညားသွားတာကို အကြောင်းပြုပြီး တခြားတစ်ကိုယ်တည်းသမားတွေအတွက် အောင်သွယ်တော်လုပ်ချင်စိတ်တွေ တစ်ပွားပွားဖြစ်လာပါတယ်။ အဲဒါနဲ့ Emma ဟာ Harriet Smith ဆိုတဲ့ သူ့သူငယ်ချင်းရဲ့ အချစ်ရေးကို ဝင်စွက်ဖက်ပါလေသတဲ့။ အဲလိုစွက်ဖက်တော့ ...
movie

Emma (1996)

The Cases of Mystery Lane (2023)
The Cases of Mystery Lane (2023) ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့…မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။File size…(1.5 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama, ...
movie

The Cases of Mystery Lane (2023)

A Winning Team (2023)
A Winning Team (2023) 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ...
movie

A Winning Team (2023)

Wait With Me (2023) 5.7
Wait With Me (2023) Wait With Me (2023)ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Wait With Me (2023)

2023
To Every You I’ve Loved Before (2022) 7.3
To Every You I’ve Loved Before (2022) IMDb 7.2/10 MyAnimeList 7.4/10To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်​ပေးဦးမှာပါ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ်ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းက​တော့Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ ...
movie

To Every You I’ve Loved Before (2022)

2022
What’s Love Got to Do with It? (2022) 6.4
What’s Love Got to Do with It? (2022) What's Love Got to Do with It? (2022) =========================== IMDb Rating - 6.4/10ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို ...
movie

What’s Love Got to Do with It? (2022)

2022
Side Seeing (2022) 5.2
Side Seeing (2022) Side Seeing (2022)You touched my heartဇာတ်ကားနဲ့ မကြာ‌သေးခင်ကမှ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားသွားတဲ့ ကလေးတို့ဖေဖေ ဦးဦးPushနဲ့ ကိုကြီးAugustတို့ရဲ့ movieအသစ်လေးထွက်ရှိလာပြီဆိုတော့ စီအမ်ထိုင်းကားချစ်သူ‌တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီတစ်ခါမှာတော့ P' Pushကို နာမည်ကြီးတစ်ယောက်အနေနဲ့ လိုက်ဖက်စွာမြင်ရဦးမှာမလို့ လက်လွတ်မခံသင့်တဲ့မူဗီလေးဖြစ်ကြောင်း ကြိုတင်လက်တို့လိုက်ပါတယ်နော်။ဖန်ဂဲလ်တစ်ယောက်အတွက်တော့ သူချစ်ရတဲ့အိုင်ဒေါလ်ကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့ခွင့်ရတဲ့အခွင့်အရေးက သူ့ဘဝအတွက် အထူးခြားဆုံး အရေးပါဆုံးလို့ သတ်မှတ်လို့ရနိုင်တာမျိုးပါ။ ဒါကပဲ ဗီယက်နမ်က သန်းကြွယ်သူဌေးကြီးရဲ့ချစ်သဲညှာလေးဖြစ်တဲ့မေတစ်ယောက် ထိုင်းကိုရောက်လာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။ သူ့ရဲ့အိုင်ဒေါလ်ဖြစ်တဲ့ ပါ့ခ်နဲ့အတူညစာစားရင်း မွေးနေ့ပွဲကိုကျင်းပနိုင်ဖို့ အဖေဖြစ်သူသူဌေးကြီး မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ပေးထားတဲ့အတွက်ပါ။အမြဲတမ်း အဖေ့အရိပ်အောက်မှာ အထိန်းတော် ကိုယ်ရံတော်တွေနဲ့နေနေရတဲ့မေတစ်ယောက် ထိုင်းကိုရောက်ချိန်မှာ မထင်မှတ်ဘဲဆုံတဲ့ ဆိုင်ကယ်သမားလေးဘွိုင်းရဲ့အကူအညီနဲ့ ကိုယ်ရံတော်တွေလက်က ထွက်ပြေးရင်း သူ့ရဲ့အိုင်ဒေါလ်ပါ့ခ်ဆီမှာ အကောင်းမြင်ခံရဖို့ ကြိုးစားပါတော့တယ်။ အဲဒီနောက်မှာတော့... ပိုးလိုဥထားတဲ့မင်းသမီးလေး‌မေနဲ့ ဘဝသမားလေးဘွိုင်းတို့ အလွဲလွဲ အချော်ချော်တွေကြားက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရ‌အောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Side Seeing (2022)

2022
Blue Gate Crossing (2002) 7.4
Blue Gate Crossing (2002) Blue Gate Crossing (2002) =================== IMDb Rating - 7.4/10ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM 
movie

Blue Gate Crossing (2002)

2002
Hard Shell, Soft Shell (Fragile) (2021) 6.3
Hard Shell, Soft Shell (Fragile) (2021) Hard Shell, Soft Shell (Fragile) (2021) =========================== IMDb Rating - 6.3/10Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင် လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီး ကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့ တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက် စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင် သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော် အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့ မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.74 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr ...
movie

Hard Shell, Soft Shell (Fragile) (2021)

2021
Julie & Julia (2009) 7
Julie & Julia (2009) Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Julie & Julia (2009)

2009
Here Love Lies (2023) 5.0
Here Love Lies (2023) Here Love Lies (2023) =================“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို ...
movie

Here Love Lies (2023)

2023