Channel Myanmar

Romance

My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
Fearless Rescue 2022 6
Fearless Rescue 2022 မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မုယင်းဟာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီး မြို့ပြဘဝကို နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတော့တယ် ။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြို့ရဲ့ မျက်နှာဖုံး သူဌေးတစ်ဦးရဲ့ သမီးဖြစ်သူ ချန်ယန့်ယွီကိုပါ ကယ်တင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ယဲ့လင်ကျွင်းဟာ အညှိုးကြီးစွာနဲ့ ချန်ယန့်ယွီကို လူလွှတ်ပြီး လိုက်သတ်ပါတော့တယ် ။သူကြံစည်သမျှ အကြံအစည်တွေအားလုံးကိုလဲ မုယင်းဟာ တစ်ခုပြီး တစ်ခု ဖျက်ဆီးလာခဲ့တဲ့အခါမှာ...? ❏ မုယင်း နဲ့ ချန်ယန့်ယွီတို့ နှစ်ဦးသား အတူတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ? ❏ မုယင်းဟာလဲ ကိုယ်ရံတော်တပ်မှူးလေးအဖြစ် ချန်ယန့်ယွီကို ဘယ်လိုကာကွယ်သွားဦးမလဲဆိုတာ အခုပဲ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Romance Runtime : ...
movie

Fearless Rescue 2022

Christy(2023) 5.3
Christy(2023) Christy 2023IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ်ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်.... လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ.... မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်.... လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ.... မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ.... တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်...ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့ File size…1.76GB / 883MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~BpL~ Yunni~ Cherry
movie

Christy(2023)

2023
Made for Each Other(2023) 6.7
Made for Each Other(2023) Made for Each Other(2023)*************************Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီးထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်....သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ... အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီကအဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့..... File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Made for Each Other(2023)

Butta Bomma (2023) 6.8
Butta Bomma (2023) Butta Bomma 2023 Drama/ Romance IMDb 7.8/10အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.5GB / 1.05GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ ...
movie

Butta Bomma (2023)

2023
Maybe I Do (2023) 4.9
Maybe I Do (2023) Maybe I Do (2023) ===============တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.45 GB) / (484 MB) / (267 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr ...
movie

Maybe I Do (2023)

2023
Biko(2022) 6.7
Biko(2022) Biko(2022)**********အစ်ဇ်ဝမ်က Single Father တစ်ယောက်ဖြစ်ပြီး သူ့သားလေးဘီကို ကိုပြုစုစောင့်ရှောက်နေရတယ်။ အခုတော့ အိမ်ငှားခတောင်မပေးနိုင်ဘဲ သားအဖနှစ်ယောက်လုံးအိမ်ပေါ်ကနှင်ချခံလိုက်ရတယ်။ ကုန်ကားမောင်းတော့ နှစ်ယောက်သားမြို့အပြင်မှာထွက်ပြီးကားပေါ်မှာပဲနေကြတယ်။ အစ်ဇ်ဝမ်ရဲ့ မိတ်ဆွေ ရှယ်ရီက ရုပ်ရှင်ရိုက်ကွင်းမှာ မန်နေဂျာလုပ်ပြီးအချိန်အားရင်တော့ ဘီကို ကိုလာကြည့်ပေးတယ်။ တစ်နေ့မှာ ရှယ်ရီက နာမည်ကြီးအဆိုတော် ဆာရာရဲ့ဗီဒီယိုသရုပ်ဆောင်မှာကလေးသရုပ်ဆောင်ရွေးပွဲကို ဘီကို ကိုခေါ်သွားပြီး ပြိုင်ခိုင်းတယ်၊ ဘီကို ကအရည်းအချင်းရှိလို့ နောက်ကြောင်းကိုဆာရာတစ်ယောက် စုံးစမ်းလိုက်တဲ့အခါမှတော့ သူနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလက်ထပ်ခဲ့တဲ့အစ်ဇ်ဝမ်မှန်းသိသွားခဲ့တယ်။ အစ်ဇ်ဝမ် ဟာ စားဝတ်နေရေးအခက်အခဲကြောင့် ဘီကို ကိုသရုပ်ဆောင်လုပ်ဖို့ခွင့်ပြုပေးခဲ့ပေမယ့် ဆာရာနဲ့ နီးစပ်သွားမှာမလိုပါဘူး။ အကြောင်းကတော့ ဘီကို ဟာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မွေးခဲ့တဲ့ ဆာရာရဲ့သားအရင်းဖြစ်နေလို့ပါပဲ။ ဘယ်လောက်ရှောင်လွှဲနေပါစေ ဆာရာဟာ ဘီကို ကို သူ့သားအရင်းဖြစ်မှန်းသိသွားတဲ့အခါမှတော့......        File Size :(1.5GB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:38:00 Genre : Family, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo ...
movie

Biko(2022)

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022
(21+)Reijo niku-dorei (1985) 6.8
(21+)Reijo niku-dorei (1985) မပွင့်လင်းတာက မိန်းကလေးတွေရဲ့ပြယုဒ်တစ်ခုလား မိန်းကလေးတွေအတွက် အချစ်ဆိုတာ ထွက်ပေါက်တစ်ခုလား သူ့တို့အတွက် အချစ်ဆိုတာရောရှိလား ခံရောခံစားဖူးလား ဒီဇာတ်ကားလေးကိုကြည့်ကြည့်ပါ ပြည့်စုံပေမဲ့ မပြည့်စုံတဲ့ လှပချောမောတဲ့ သူဌေးသမီးလေးသူအဖေရဲ့ဆန္ဒတစ်ခုကြောင့် ကောင်လေးတစ်ယောက်နဲ့ စေ့စပ်ထားလိုက်တယ် ပြီးတော့ သူဝါသနာပါတဲ့ ပန်ချီဆွဲတဲ့အလုပ်ထဲနှစ်ထားပြီး နာမည်ကြီးတဲ့တစ်နေ့မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားလိုက်တယ် သူ့မှာလည်းသူ့ခံစားချက်နဲ့သူလေ သူကမွေးစားသမီး သူဌေးမှာက သမီးရင်းတစ်ယောက်ရှိနေတာ သူ့ကိုယ်သူ သိမ်ငယ်နေတယ်လေ သူက အိမ်ကြီးတစ်လုံးထဲမှာတစ်ယောက်တည်းနေပြီး အစေခံ တစ်ယောက်လည်းရှိပါတယ်တစ်နေ့ ညီမဖြစ်သူက အစေခံကောင်လေးကို တီးတိုးကပ်ပြီးအကူညီတောင်းပါတယ် ဇာတ်လမ်းလေးက အချစ်ရဲ့သဘောသဘာဝ တွေကို ဖေါ်ကြူးထားပြီး လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမငြင်းနိုင်ဘူးဆိုတာကို ခဏခဏပြထားတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.4GB / 631MB Quality…1080p  / 720p Format…mp4 Duration….1h 7m Subtitle….Myanamr Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(21+)Reijo niku-dorei (1985)

1985
A Sunday Affair (2023) 4.6
A Sunday Affair (2023) A Sunday Affair (2023) ================= Romance, DramaNetflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေ မဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက် နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။ အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင် စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက် ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲ ရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.7 GB) / (755 MB) / (447 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance, Drama Translator.......Thiha ...
movie

A Sunday Affair (2023)

2023
Summer Palace (2006) 7.1
Summer Palace (2006) Summer Palace (2006)~ IMDb - 7.1/10, Rotten Tomatoes - 72% ~Directed By "Lou Ye"Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ ...
movie

Summer Palace (2006)

2006
Temptress Moon (1996) 6.7
Temptress Moon (1996) Temptress Moon (1996)~ IMDb - 6.7/10, Rotten Tomatoes - 62% ~Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ ...
movie

Temptress Moon (1996)

1996
Something Borrowed(2011) 5.8
Something Borrowed(2011)  IMDb 5.8 / Rotten Tomatoes 15%Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီအနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ...တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်...လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ...လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့...ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB ...
movie

Something Borrowed(2011)

Life As We Know It(2010) 6.5
Life As We Know It(2010)   ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie

Life As We Know It(2010)

Love My Scent (2023) 6.1
Love My Scent (2023) Love My Scent (2023)“ကြည်မြမွှေးတဲ့ ပီယဆေး” လေး တစ်ဖုံလောက်များ မလိုချင်ကြဘူးလား ညိုကီတို့ဘာမှလုပ်တတ်တာမရှိပေမဲ့ ချစ်တော့ချစ်တတ်တယ်ဆိုတဲ့သူတွေအတွက် မှော်ဆန်တဲ့အခွင့်အရေးမျိုးက ရောက်လာတတ်ပါတယ် ဒီဇာတ်ကားလေးထဲမှာဆိုရင် ဘဝကြီးကို နမော်နမဲ့နဲ့ဖြတ်သန်းနေရတဲ့ အချစ်ရူးလေးဂင်ချန်းဆူက ရေမွှေးလေးတစ်မျိုးကြောင့် စော်ကြည်ဘဲလေးဖြစ်သွားတာကို မြင်ရမှာပါဒါပေမဲ့ ရေမွှေးဆွတ်မှရမယ့်အချစ်ကို သူကိုယ်တိုင်က တကယ်ပဲလိုချင်ရဲ့လား… ဒီရေမွှေးကြောင့် ဂင်ချန်းဆူရဲ့ဘဝကြီးက ဘယ်လိုအလွဲအမှားတွေများ ဆက်ဖြစ်နေဦးမလဲဆိုတာ အခွီတစ်လိုင်းကြည့်ရှုခံစားရမှာမို့ Rom-Com ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီး ဆက်ဆက်ကြည့်ရှုခံစားလိုက်ကြပါဦးCasts တွေအနေနဲ့ကတော့ မင်းသားချော Yoon Si-Yoon နဲ့ Business Proposal ထဲကမင်းသမီးလေး Seo In Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ အချောလေးတွေရဲ့ဇာတ်ကားကို လက်လွှတ်မခံလိုက်နဲ့နော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 528MB ...
movie

Love My Scent (2023)

2023
[18+] Kiss Me (2011) 6.8
[18+] Kiss Me (2011) Kiss me (2011)~ IMDb rating - 6.8/10 ~(ဝတ်လစ်စလစ်အခန်း​တွေ ချစ်ရည်လူးခန်း​တွေ တပုံကြီးပါလို့ ၁၈ နှစ်ပြည့်မှ ကြည့်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ)2011 မှာ ထွက်ရှိထားတဲ့ ဆွီဒင်ကား​​​လေး Kiss Me ဟာ Rating ​​ကောင်း​ကောင်းရထားတဲ့ ဒရာမာ GL ကား​​လေးတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိဘချင်း​​စေ့စပ်ပွဲမှာ ​တွေ့ကြတဲ့ မီယာနဲ့ ဖရီဒါဆိုတဲ့ မိန်းက​လေးနှစ်​ယောက် အလုပ်ကိစ္စခရီးသွားကြရင်း တစ်​ယောက်ကိုတစ်​ယောက် ခံစားချက်​တွေတဆင့်ပိုလာတဲ့အခါ တစ်​ယောက်ကိုတစ်​​ယောက်မချစ်မိ​အောင် ကြိုးစားကြရတာကို မြင်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း ​နောက် ၃ လ​နေရင် ​ကောင်​​လေးဖြစ်သူနဲ့ လက်ထပ်​တော့မယ့် မီယာနှလုံးသား​နေရာမှာ ဖရီဒါအစားထိုးလာတဲ့အခါ မီယာတစ်​ယောက် ဘယ်လို​တွေဖြတ်သန်းခဲ့ရလဲ... သူကိုယ်တိုင်‌ရော မိန်းက​လေးချင်းချစ်တာကို​ရော လက်ခံခဲ့လား...ဖရီဒါအ​နေနဲ့လည်း သူ့ဘဝမှာ ပိုင်ရှင်ရှိတဲ့သူနဲ့ဘယ်​တော့မှ ​မ​ဖောက်ပြန်ဘူးလို့ ​ကြွေး​ကြော်ရင်း မီယာကိုမှချစ်မိသွားတဲ့အခါ ဘယ်လိုခက်ခက်ခဲခဲ​တွေဖြတ်သန်းခဲ့ကြမလဲဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ဒရာမာဆန်ဆန် ရိုက်ပြထားပြီး ဒရာမာကြိုက်တဲ့သူ​တွေအတွက် ကြည့်လို့​ကောင်းမယ့်ကား​လေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

[18+] Kiss Me (2011)

2011
Scent of a Ghost (2019)
Scent of a Ghost (2019) Scent Of a Ghost (2019)ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Comedy Horror ရုပ်ရှင်လေးပဲဖြစ်ပါတယ် Horror ဆိုပေမယ့် ကြောက်စရာကောင်းတာထက် ကရုဏာသက်စရာ အချစ်ဇာတ်လမ်းလေးနဲ့ ရောယှက်နေတဲ့ကားလေးပါဂျီယွန်းဆိုတဲ့ကောင်မလေးကတော့ ဂီတမေဂျာယူထားတဲ့ ခပ်လှလှတက္ကသိုလ်ကျောင်းသူလေးပါ။ ဒုံဆော့ဆိုတဲ့ကောင်လေးနဲ ချစ်သူတွေဖြစ်ခဲ့ပေမယ့်ဒုံဆော့ရဲ့မိဘတွေက ဒုံဆော့ကို နိုင်ငံခြားပညာတော်သင်လွှတ်ချင်နေကြတာမို့ ဂျီယွန်းနဲ့တွဲနေတာကို သိပ်မကြည်ဖြူခဲ့ကြပါဘူးဒါပေမဲ့ ဒုံဆောက ၆ လအကြာမှာ ပြန်လာမယ်လို့ သူ့ချစ်သူလေးကို ကတိပေးထားခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံခြားမသွားခင်တစ်ရက်အလိုမှာ ဒုံဆော့ကဂျီယွန်းဆီကို လက်ထပ်ခွင့်တောင်းဖို့သွားပေမယ့် ဂျီယွန်းက ရှိမနေခဲ့ပါဘူး မကြာခင်အချိန်အတောအတွင်းမှာပဲ ဂျီယွန်းနေထိုင်တဲ့အဆောက်အဦးဟောင်းကြီးရဲ့ အခန်း ၄၀၂ ဆိုတဲ့အခန်းမှာကောလဟာလတစ်ခုထွက်ပေါ်လာပါတော့တယ်အဲဒီကောလဟာလကဝောာ့ အဲဒီတိုက်ခန်း အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းပါပဲ သရဲမလေး ဂင်ဂျီယွန်း တိုက်ခန်းက မခွာနိုင် ဖြစ်နေရတဲ့ အကြောင်းအရင်းကဘာလဲ .. ဒုံဆော့ကရော ဘာလို့ ၆ လအကြာမှာ ပြန်မလာနိုင်ခဲ့တာလဲ အခန်း ၄၀၂ က မခွာနိုင်တဲ့သရဲမလေးနဲ့ အတူ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin ...
movie

Scent of a Ghost (2019)

2019