Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
7.0
Mr. Deeds(2002)
Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie
Mr. Deeds(2002)
6.2
The Stolen Years (2013)
The Stolen Years (2013) (အညွှန်း)လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။“ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” ...
movie
The Stolen Years (2013)
2013
7.0
Another Way(2015)
Another Way(2015) အညွှန်း************************" အဆုံးစီရင်ခြင်းက အဖြေလား " ..... ပင်ပန်းလာတဲ့အခါ ကိုယ်လွတ်ရုန်းထွက်သွားခြင်းက အဖြေလား?ဘဝမှာအခက်အခဲတွေရှိလာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တွေမတူညီကြပုံ နဲ့ လူ့သဘာဝ ၊လူ့စရိုက်တွေကိုချပြထားတဲ့ Life style drama အမျိုးအစားဖြစ်ပါတယ်။Main lead တွေအနေနဲ့တော့ Actor Kim Jae Wook , Actress Seo Ye Ji တို့ပဲဖြစ်ပါတယ်။ အချိန်ပိုင်းအကမယ်ကောင်မလေးတစ်ယောက်နဲ့ ယာဥ်ထိန်းရဲကောင်လေးတစ်ယောက်... Suicide site တစ်ခုကနေ သိကျွမ်းခဲ့ရာကနေ အပြင်မှာအတူတူအဆုံးစီရင်ဖို့ ချိန်းဆိုထားတဲ့အတိုင်းကျွန်းလေးတစ်ခုမှာ အတူဆုံဖို့ဖြစ်လာခဲ့တယ်။ စိတ်ခံစားချက်တစ်ခုတည်း အကြံတစ်ခုတည်းရှိနေကြတဲ့သူစိမ်းနှစ်ယောက် လောကကြီးကိုမနှုတ်ဆက်ခင်မှာနောက်ဆုံးအနေနဲ့ စိတ်လွတ်လက်လွတ်နေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ.... File Size : (999MB) and (361 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Drama , Romance Subtitle : Myanmar Subtitle ...
movie
Another Way(2015)
8.5
Tees Maar Khan (2022)
Tees Maar Khan 2022 =============== 8.5/10 IMDb ဒီတစ်ခါတော့ တေလေဂူဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်း.. သာယာမှုမရှိတဲ့မိသားစုနှစ်စုက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် တစ်ညမှာဆုံမိကြပြီး တစ်ယောက်နဲ့တစ်ယောက်အကူအညီပေးဖို့ကတိပြုခဲ့ကြပါတယ်အမေတစ်ယောက်ထက်သူ့အပေါ်မှာပိုကောင်းတဲ့အမကြီးကို အာဒီက အမေလို့ပဲခေါ်ခဲ့ပါတယ်... သူ့အမေကိုထိဓားကြည့်ဆိုတဲ့အတိုင်းသူ့အမေကိုလူတစ်စုက ထိပါးစော်ကားလို့အဲ့ဒီလူအယောက်သုံးဆယ်ကိုဆုံးမလိုက်ရာကနေ (Aadi)တီးစ်မာခန်းလို့အမည်တွင်လာခဲ့ပါတယ်...တစ်နေ့သူ့သူငယ်ချင်းရဲ့ကိစ္စတစ်ခုကိုလိုက်ဖြေရှင်းပေးရင်း အာနာဂါ (Payal Rajput)ဆိုတဲ့မိန်းကလေးတစ်ယောက်က သူကတဲ့ကကွက်တွေအတိုင်းလိုက်ကနေတာကိုမြင်ပြီး ချစ်မိသွားရာက ကျောင်းအထိပါလိုက်ကပ်ပါတော့တယ်သူတို့မြို့မှာ ဂီဂျာ (Thakur Anoop Singh)လို့ခေါ်တဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့လူဆိုးတစ်ယောက်ရှိနေလို့ ဝန်ကြီးချုပ်က သူ့ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်နှိမ်နင်းဖို့ အစီအစဥ်ဆွဲကြိုးစားခဲ့ပါတယ်..ဒီဇာတ်လမ်းထဲမှာ သူတို့ဘယ်လိုတွေထိပ်တိုက်တွေ့လာကြမှာလဲ.. တီးစ်မာခန်းကရော ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာ...ဆက်လက်ရှုစားပေးကြပါဦး File size…2.16GB / 1.06GB Quality…1080p AVC / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Kevin
movie
Tees Maar Khan (2022)
2022
7.4
To Catch a Thief (1955)
To Catch A Thief (1955)IMDb Rating (7.4) / Rotten Tomatoes (94%)Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့ ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပနေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ...
movie
To Catch a Thief (1955)
4K HEVC
5.8
About Fate (2022)
About Fate (2022)~ Rotten Tomatoes - 60% ~လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She's Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ ...
movie
About Fate (2022)
2022
6.9
Three Thousand Years of Longing (2022)
Three Thousand Years of Longing (2022)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy ...
movie
Three Thousand Years of Longing (2022)
2022
5.8
Fatal Love (1988)
Fatal Love (1988)မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ ...
movie
Fatal Love (1988)
1988
6.3
Haraamkhor (2015)
Haraamkhor (2015)ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး....ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Haraamkhor (2015)
2015
5.4
Aloha (2015)
Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie
Aloha (2015)
5.4
Ek Villain Returns (2022)
Ek Villain Returns (2022) Action, Romance, Thriller IMDb 6.1/10 မင်းသားကြီး ဂျွန်အာဘရာဟမ်နဲ့မင်းသားကြီးအရ်ဂျွန်ကပူးနဲ့ မင်းသမီးချောဒစ်ရှာနဲ့ heropantiကချစ်စရာစပ်စလူးစိန်မင်းသမီးလေး တာရာတို့ ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်ရပါပြီဒီကားက ဗီလိန်နှစ်ယောက်အားပြိုင်တဲ့ကား... တစ်ဖက်သတ်အချစ်တွေ နစ်မွန်းလာတဲ့အခါ လူက စိတ်ထွက်ပေါက်မရှိတော့ဘဲ လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း စိတ္တဇဆန်ဆန်ဖြစ်လာတတ်ကြပါတယ်...မပိုင်ဆိုင်ရလည်း တခြားသူလက်ထဲ မပေးအပ်နိုင်ဘူးလို့ စိတ်ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ်ချစ်ရသူကို အတ္တဆန်ဆန် အချစ်မျိုးနဲ့ ချစ်လာတတ်ကြပါတယ်...တချို့ကျတော့လည်း ချစ်တော့ချစ်တယ် ဒါပေမဲ့ အသက်အသေခံလိုက်မယ် အရှုံးတော့မခံနိုင်ဘူးဆိုတဲ့ အချစ်မျိုး...ဒီလိုအချစ်မျိုးတွေက လမ်းမှားကိုဆွဲခေါ်သွားနေပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကတော့ ဒီအချစ်မျိုးထဲမှာ ပျော်မွေ့နေတတ်ကြပါတယ်...မွန်ဘိုင်းမြို့နယ်အတွင်းမှာ ကောင်မလေးတွေ အသတ်ခံနေရတယ် လိုက်လံစုံစမ်းကြည့်တော့ လူသတ်သမားဟာ ရည်းစားရှိတဲ့မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ရွေးသတ်နေပါတယ်...ကဲ..ဇာတ်ကားကြည့်ပြီး ဆားပုလင်းနှင်းမောင်သာ လုပ်ပေတော့နော်ဒီဇာတ်ကားမှာ လှည့်ကွက်လေးတွေသုံးထားတာမို့ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် မင်းသမီးချောလေးနှစ်လက်အပြိုင်ကြဲပြီး လန်းပေးထားလို့ ကြည့်ရကျိုးနပ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.5GB / 1.1GB Quality…1080p Hindi True WEB DL / 720p Format…mp4 Duration….2h 9m Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Ek Villain Returns (2022)
2022
5.0
JGA: Jasmin. Gina. Anna. (2022)
JGA: Jasmin. Gina. Anna. (2022) ========================="စင်ဂယ်တွေဆိုတာ သစ်သီးတွေလိုပဲ ပထမတော့ ချိုမြမြအနံ့လေးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ကြာလာလေလေ ပုပ်ဖို့မြန်လာ လေလေပဲ၊ အဲဒီနောက် ယင်ကောင်တွေရောက်လာပြီး မှိုတက်စပြုလာမယ်" ။ ဒါကတော့ စင်ဂယ်အဖြစ် ကြာရှည်စွာ ရပ်တည်နေတဲ့ ယက်စမင်၊ ဂျီနာ နဲ့ အန်နာ ဆိုတဲ့ ကောင်မလေး သုံးယောက်ရဲ့ စကားတွေပါ။အိမ်ထောင်ပြုတော့မယ့် ဟယ်လင်နာအတွက် ဘက်ချလာပါတီလုပ်ပေးဖို့ စီစဉ်ထားပေမယ့် ဟယ်လင်နာက ကလေးအရင်ရသွားတဲ့အခါ အဆိုပါ သုံးယောက်ရဲ့ ပါတီလည်း ပျက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ သတို့သမီးမရှိလည်း ကိုယ့်ဘာသာ ဘက်ချလာပါတီကြမယ်ဆိုပြီး အီဘစ်ဇာကျွန်းကို ထွက်လာ ခဲ့ကြတာပေါ့။အဲဒီကျွန်းမှာ ယက်စမင်ရဲ့ ရည်းစားဟောင်း တင်မ်နဲ့ ပြန်တွေ့ပြီး ဇာတ်လမ်း မပြတ်နိုင်ဖြစ်နေတဲ့ ယက်စမင်ကို ဂျီနာတို့က နင်မမှတ်သေးဘူးလားဆိုပြီး ပညာတွေပေးကြမယ့် ဇာတ်ကားလေးပါ။ အဲဒီမှာပဲ အဆင်လေးတွေ တစ် ယောက်ပြီးတစ်ယောက်နဲ့ တွေ့ပြီး စင်ဂယ်ဘဝက ကျွတ်ဖို့ အစွမ်းကုန် ကြိုး စားကြမယ့် သူငယ်ချင်းမသုံးယောက်ကို မြင်တွေ့ရဦးမှာပါ။ အားလုံး sold out ဖြစ်သွားမလား အရင်ကပြောခဲ့ကြသလို ...
movie
JGA: Jasmin. Gina. Anna. (2022)
2022
5.2
That’s Amor (2022)
That's Amor (2022) ===============ဂရက်ဖစ်ဒီဇိုင်နာမလေး ဆိုဖီယာတစ်ယောက် အလုပ်မှာအဆင် မပြေလို့ အလုပ်ထွက်လိုက်ရတဲ့အပြင်၊ အိမ်ပြန်လာတဲ့အချိန်မှာ သူ့ ချစ်သူက သူ့အပေါ် ဖောက်ပြန်နေတာကို ကိုယ်တိုင်မြင်လိုက် ရပါတယ်။ အဲ့တော့ စိတ်နာနာနဲ့ လှေကားကအဆင်း ခြေချော်ပြီး ခြေထောက်ထိခိုက်သွားလို့ အမေဖြစ်သူရဲ့အိမ်မှာ ပြန်သွားနေလိုက် ရတဲ့အထိပေါ့။ အမေဖြစ်သူက သူ့သမီးလေးပျော်အောင်ဆိုပြီး သူသွားနေကျ Zumba အကသင်တန်းကို ခေါ်သွားတယ်။ အဲ့က အပြန်မှာ ဟင်းချက်သင်တန်း ကြော်ငြာစာရွက်တွေ့တော့ သူ့သမီးကို သူနဲ့အတူလိုက်တက်ပေးဖို့ ဆွယ်ပါလေရော။ သမီးဖြစ်သူကလည်း မလွန်ဆန်နိုင်တဲ့အဆုံး အတူလိုက်တက်လိုက်ရတယ် ဘာညာပေါ့ဗျာ။ဇာတ်လမ်းက အခုမှစမှာပါ အဲ့သင်တန်းမှာ သင်တန်းဆရာရဲ့ တူလေး ဖြစ်တဲ့ မက်တီးယက်စ်ဆိုသူနဲ့စတင်တွေ့ဆုံးပြီး ထုံးစံအတိုင်း ဆိုဖီယာ ဘဝထဲ ဝင်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ဒီအချစ်ဟာသ ဇာတ်ကားလေးမှာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း လေးကလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်ပြီး ဟင်းချက်ဝါသနာပါတဲ့လူတွေ အတွက် ကြည့်ပျော်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(2.67 GB) / (922 MB) / (566 MB) Quality............WEB-DL 1080p / ...
movie
That’s Amor (2022)
2022
7.5
Move to Mind (2022)
Move To Mind (2022)ပျော်ရွှင်ရင် ရယ်မောကြပြီး ဝမ်းနည်းရင် ငိုကြွေးကြရတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ်ဟာ စိတ်တိုင်းကျပျော်ရွှင်ရယ်မောခွင့်တောင် မရတဲ့လူတစ်ယောက်သာဖြစ်နေခဲ့ရင် ဘယ်လိုရှင်သန်နေထိုင်ရပါ့မလဲဂျောင်ဘိုယောင်းကတော့ "ခံစားချက်ရောဂါ" လို့ခေါ်တဲ့ ရောဂါဆန်းတမျိုးကို ခံစားနေရသူပါဒီရောဂါကတော့ အရမ်းပျော်ရွှင်ပြီး ခံစားချက်တွေပြင်းထန်လာတဲ့အခါမျိုးမှာ အသက်အန္တရာယ်အတွက်တောင် စိုးရိမ်ရတဲ့ရောဂါတမျိုးပါပဲငယ်ငယ်လေးကခံစားနေရတဲ့ဒီရောဂါကြောင့် ဂျောင်ဘိုယောင်းတစ်ယောက်ကတော့ နေရာကောင်းတွေကိုလည်း မသွားနိုင်သလို သီချင်းကောင်းတွေကိုလည်း နားထောင်လို့မရနိုင်ခဲ့ပါဘူးဒီလိုနဲ့ တစ်နေ့မှာတော့... ဆင်းရဲနွမ်းပါးပေမဲ့ ဘက်စုံထူးချွန်တဲ့ ချွဲချောလ်ဂီဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဂျောင်ဘိုယောင်း ဆိုတဲ့ ကောင်မလေးတို့ဟာ အမှတ်မထင်တွေ့ဆုံကြရင်း အချင်းချင်းခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ကြပြီးတဲ့နောက် ဂျောင်ဘိုယောင်းအနေနဲ့ ဘဝကို ဘယ်လိုရှေ့ဆက်သွားမလဲ?ပျော်ရွှင်ကြည်နူးစရာ ခံစားချက်တွေကို မခံစားနိုင်တဲ့ ဂျောင်ဘိုယောင်း ဟာ ချောလ်ဂီနဲ့ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားဖို့ ဖြစ်နိုင်ပါ့မလား? သာမန်လူတစ်ယောက်လို နေထိုင်နိုင်မယ့်အခွင့်အရေမျိုး ရှိလာပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်Descendants of the Sun နဲ့ Goblin တို့လို့ နာမည်ကြီးဇာတ်ကားတွေမှာ Support Role အနေနဲ့ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Choi Woong နဲ့ မင်းသမီး ...
movie
Move to Mind (2022)
2022
6.5
White Night (2009)
White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie
White Night (2009)
2009
5.3
Love in the Villa (2022)
Love in the Villa (2022) =================အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.95 GB) / ...
movie
Love in the Villa (2022)
2022
Little Love Song (2019)
Little Love Song (2019)ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း ...
movie
Little Love Song (2019)
5.6
Ride or Die (2021)
Ride or Die (2021)IMDb - 5.6/10 Indie Wire - 3.5/5 Rotten Tomatoes - 69%ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာNanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူအပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစားရစေမှာပါ ဒါကြောင့် Japanese ...
movie
Ride or Die (2021)
2021
6.5
Dilan 1991 (2019)
Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie
Dilan 1991 (2019)
2019
6.2
Milea (2020)
ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle - burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant
movie
Milea (2020)
2020
First
62
63
64
65
66
Last
Previous
Next