Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
School
4.7
Cryo (2022)
Cryo (2022) =========Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.32 GB) ...
movie
Cryo (2022)
2022
7.5
Stay With Me (2022)
ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You're the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You're the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You're the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။ ပိုစတာမှာသာ လူရုပ်ထွက်မနေတာပါ အထဲမှာလူရုပ်ပါပဲ။ လှပေမဲ့ အပြင်မှာ ဘယ်သူမှပါးစပ်က ထုတ်ပြောမှာမဟုတ်တဲ့ စကားတွေ တစ်ချက်တစ်ချက်ပြောတတ်တာကလွဲလို့ နည်းနည်းပေါတာကလွဲ ကြည့်ပျော်တဲ့ လိုက်ဖီးလ်လို့ကောင်းတဲ့ မဆိုးတဲ့ ရုပ်ရှင်ပါပဲဒီရုပ်ရှင်မှာ ...
movie
Stay With Me (2022)
7.9
My Best Friend’s Breakfast (2022)
နောက် ၁၅ နှစ်နေရင် ဘယ်လိုတွေဖြစ်ကြမှာလဲ...ဒီဇာတ်ကားလေးရဲ့ အဓိကစာကြောင်းလေးပေါ့။ နောက် ၁၅ နှစ်နေရင် အောင်မြင်မှာလား၊ အခုထက်ပိုဝမှာလား၊ အခုလက်ရှိတွဲနေတဲ့ချစ်သူနဲ့ရော ဆက်တွဲဖြစ်ပါ့မလား... စသည်ဖြင့်မသိနိုင်တဲ့အချိန်ကာလတစ်ခုပေါ့တွေးရင်း စဉ်းစားရင်းနဲ့ ခံစားလို့ကောင်းဦးမယ့် ထိုင်ဝမ်ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားကားတွေဆို ထိုင်ဝမ်ကားတွေကပဲ ကြည့်လို့ပိုကောင်းတယ်လို့ထင်မိတယ်။ ပိုပြီးလည်း ယုတ္တိဆန်သလို ဆယ်ကျော်သက်အရွယ်ခံစားချက်ကိုလည်း ထိထိမိမိရိုက်ပြနိုင်တတ်ကြပါတယ်။ ဒီကားကလည်း အဲ့ဒီလိုမျိုးပါပဲ။အစားအသောက်ဆို မီးလိုတောက်တဲ့ ရှန့်ဝေရှင်းကတော့ သူ့သူငယ်ချင်းကို ပိုးကြေးပန်းကြေးနဲ့ လာပို့ပေးတတ်တဲ့ မနက်စာကိုတောင် အကုန်စားပစ်တတ်တဲ့ သူပါ။ အစားအသာက်ရှိနေမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူက နောက် ၁၅ နှစ်ကြာရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားနေရင်းနဲ့ အခုလို အချစ်၊ဒရာမာ၊ လူငယ်ဆန်ဆန်ရုပ်ရှင်ကားလေးဖြစ်တည်လာပါတော့တယ်။ ရိုးရှင်းမလိုလိုနဲ့ ရှုပ်ထွေးတဲ့အထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။ အတွေးစတစ်ခုခုရရှိစေပြီး စာအရှည်ကြီးရေးချင်လာတဲ့ဖီလင်ဖြစ်လာမှာပါ။ကဲ... ဒီကားလေးကြည့်ရင်းနဲ့ ပရိသတ်ကြီးလည်း နောက် ၁၅ နှစ်နေရင် ဘယ်လိုပုံစံဖြစ်မလဲ စဉ်းစားကြည့်ရအောင်လားဗျာ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(2.1GB) / ...
movie
My Best Friend’s Breakfast (2022)
7.2
It’s Your Fault that My Heart Beats (2021)
It's your fault that my heart beats (2021)အထက်တန်းကျောင်းရဲ့ နွေရာသီ ချစ်ဦးပုံပြင်လေးတစ်ပုဒ်ပါ။ ငယ်ချစ်ဦးဇာတ်လမ်းတွေကိုသဘောကျတဲ့သူ၊ လူငယ်ဘဝdramaတွေ သေချာပေါက်ကြိုက်နှစ်သက်မဲ့ ဂျပန်ဇာတ်ကားလေးပါပဲ။"ဆုကစ"ဆိုတဲ့ကျောင်းသူလေးက ကျောင်းအမြဲနောက်ကျတတ်ပြီး ဖရိုဖရဲနိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။ အထက်တန်းကျောင်း ပထမနှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် "အရိမ"က သူ့ကိုအမြဲကူညီပေးတတ်တဲ့သူတစ်ယောက်ပေါ့။ ဆုကစရဲ့သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်က အပြန်အလှန်ကြိုက်တာသေချာတယ်လို့ပြောတာကြောင့် သူလည်း ကြင်နာတတ်တဲ့ အရိမကို ဖွင့်ပြောခဲ့ပါတယ်။ အရိမ က "နင်နဲ့အတူရှိနေရင်တောင် ယောက်ျားလေးသူငယ်ချင်းနဲ့ရှိနေတယ်လို့ပဲ ခံစားရတယ်"လို့ပြောပြီးငြင်းလိုက်ပါတယ်။ ဒါပေမဲ့ ဆုကစကတော့ ငြင်းရင်တောင် ဆက်ပြီးချစ်နေမှာပဲလို့ပြောပြီး အနားမှာဆက်ရှိနေပေးခဲ့ပါတယ်။ ဆုကစကို ဂရုစိုက်တဲ့သူနောက်တစ်ယောက်ကတော့ playboyလေး "ဟဆဲဘဲ" ပါပဲ။ မိန်းမရှုပ်ပေမဲ့ ဆုကစကိုတော့ တိတ်တခိုး ဂရုစိုက်ပြီး ချစ်နေခဲ့တဲ့သူပါ။ဒီလိုနဲ့ ၃ယောက်သား ကျောင်းကနွေရာသီcampကိုသွားကြတဲ့အခါ အရိမရဲ့ရည်းစားဟောင်းနဲ့ပြန်ဆုံခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက ဆုကစတို့ ကမ်းခြေကိုခရီးထွက်တဲ့အခါမှာလည်း သူတို့နဲ့အတူလိုက်လာခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက အရိမကိုပြန်လိုချင်တာကြောင့် ဆုကစကို အောင်သွယ်လုပ်ပေးဖို့ပြောတဲ့အခါ ဆုကစတစ်ယောက် ခံစားချက်တွေကိုဖုံးကွယ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ ကူညီဖို့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း အရိမက ဆုကစကို တကယ်မချစ်တာမဟုတ်ဘဲ သူကအချစ်နဲ့မထိုက်တန်သူလို့ ...
movie
It’s Your Fault that My Heart Beats (2021)
6.2
Runt (2021)
လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie
Runt (2021)
7.0
Mean Girls (2004)
IMDb Rating (7/10) / Rotten Tomatoes (84%)နာမည်ကျော်မင်းသမီး လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်ထားတဲ့ Rating မြင့် Teen School ကျောင်းသား အချစ် ဟာသ ရုပ်ရှင်ဇတ်မြူးလေး ဖြစ်ပါတယ်... ဒီရုပ်ရှင်ကားကို April 30, 2004 (USA) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ရိုက်ကူးစဉ်က Budget $17 million သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ $130 million ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ... ဇာတ်လမ်းကတော့... နယ်ကပြောင်းလာပြီး သက္ကသိုလ်ကျောင်းတက်ရတဲ့ ကေဒီ တစ်ယောက် ကျောင်းမှာ ထူးထူးဆန်းဆန်းတွေသာ မြင်ရပါတယ် သူမြင်နေကြ မဟုတ်တဲ့ ဂုဏ်အရှိန်အဝါ ပြိုင်ဆိုင်တာတွေ အလှပြိုင်တာတွေ အဆင့်အတန်း ခွဲတာတွေ နဲ့ အုပ်စုလိုက် သွားလာတက်တာတွေကို စတင် လေ့လာရပါတော့တယ်.. သူတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ပလစ်စတစ် ကောင်မလေး အဖွဲ့က ကေဒီ ရဲ့ အလှကို စတင် သတိထားမိသွားပြီး ကေဒီ ကို သူတို့ အဖွဲ့ထဲ စတင်ခေါ်ပါတော့တယ်… ရိုးသား ...
movie
Mean Girls (2004)
1080p Untouched
7.7
If We Were A Season (2017)_Drama Special
movie