Channel Myanmar

Sci-Fi

Jango (2021) 7.0
Jango (2021) ဒီတစ်ခါမှာတော့ 2021 ထွက် Tamil သိပ္ပံစိတ်ကူးယဥ်science fiction film လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတဲ့ ခွဲစိတ်ဆာဂျင်တစ်ယောက်ဟာထူးဆန်းတဲ့လူသတ်သမားတစ်ယောက်လက်ကနေ သူ့မိန်းမကိုကယ်ဖို့ကြိုးစားတာကို သိပ္ပံသဘောတရားတွေနဲ့ ချိန်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာတော့ ဂူအာရမ် တစ်ယောက် သူ့ရဲ့ကွဲကွာသွားတဲ့ ဇနီး နီရှား နဲ့ပြန်ပေါင်းထုပ်ဖို့ ကြိုးစားတာနဲ့ အစပြုထားပါတယ်အဲ့နောက်မှာတော့ ဂူအာရမ် တစ်ယောက် time frame တစ်ခုတည်းမှာပဲပိတ်မိသွားပြီး သူနိုးလာတိုင်း တူညီတဲ့နေ့တစ်ရက်တည်းကိုပဲ ပြန်ဖြတ်သန်းနေရပါတော့တယ်ဒီလို ပိတ်မိ​နေတဲ့ အချိန်စက်ဝန်းထဲကနေ ဂူအာရမ် တစ်ယောက် ရုန်းထွက်နိုင်ပါ့မလားအရာအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ ဂူအာရမ် တစ်ယောက် ဘယ်လိုအဖြေရှာမလဲသူ့မိန်းမကိုရော လူသတ်သမားရန်ကနေ ကယ်ထုတ်နိုင်ပါ့မလားသိပ္ပံဆန်းကြယ်အပြင် Killer Concept လေးလည်း ပါတာမို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့CM ပရိသတ်တွေလည်း လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်းကို Nadi Myint Naing ကရေးသားထားပြီး ဘာသာပြန်ကတော့Murphy ~ Nadi Myint Naing ...
movie

Jango (2021)

2021
Lorelei: The Witch of the Pacific Ocean (2005) 5.3
Lorelei: The Witch of the Pacific Ocean (2005) Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie

Lorelei: The Witch of the Pacific Ocean (2005)

2005
Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020
Babylon A.D. (2008) 5.6
Babylon A.D. (2008) Babylon A.D. (2008)မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။ခေတ်လွန်နှောင်းပိုင်းအခြေ‌အနေတွေမှာ လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ ...
movie

Babylon A.D. (2008)

2008
Ready Player One (2019) 7.8
Ready Player One (2019) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie

Ready Player One (2019)

2018
4K HEVC
Alita: Battle Angel (2019) 7.5
Alita: Battle Angel (2019) အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကိုကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။Review … နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။အရာအားလုံးက ...
movie

Alita: Battle Angel (2019)

2019
4K HEVC OpenMatte
Nineteen Eighty-Four (1984) 7.1
Nineteen Eighty-Four (1984) 1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie

Nineteen Eighty-Four (1984)

Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
Multiverse (2021) 4.1
Multiverse (2021) Multiverse (2021)Time traveller ဇာတ်ကား​တွေ၊ Multiverse theory​တွေဟာ Back to the Future trilogyကစလို့ ဒီဘက်​ခေတ် Interstellar၊ ဂျာမန်စီးရီး Dark၊ Tenetတို့လို ကားမျိုး​တွေက​နေ လက်ရှိ Box office ရဲ့ဆရာတစ်ပါးလို ဖြစ်​နေတဲ့ MCU franchise​ တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသလို ဒီtheory​ရဲ့ နက်ရှိုင်းမှုနဲ့ ဒါရိုက်တာအသီးသီးရဲ့ ပညာစွမ်း​​တွေကြောင့် Time travelကား​ဟေ့၊ multiverseကား​ဟေ့လို့ဆိုတာနဲ့​ ပေါက်တာ များသလို တကယ်လည်း ကြည့်​ကောင်းကြတာ များပါတယ်ဒီဇာတ်ကားဟာလည်း Budgetနိုင်နိုင်သုံးတဲ့ Amazon Primeက ရိုက်ကူးထားတဲ့ Sci-fic ,Dramaပဲဖြစ်ပါတယ်၊ ဇာတ်လမ်းနာမည် အတိုင်းပဲ Multiverse​ themeပေါ်မှာ အ​ခြေခံရိုက်ကူးထားတာပါ​Loretta, Amy, Dannyနဲ့ Jerryတို့ သူငယ်ချင်း​လေး​ယောက်က ကိုယ်လက်ရှိ​နေတဲ့ စကြဝဠာနဲ့ ထပ်တူညီတဲ့စကြဝဠာ​တွေရှိတယ်လို့ တထစ်ချယုံကြည်ထားပြီး အဲဒီကမ္ဘာ​တွေကို ရှာဖို့ဆုံးဖြတ်ထားတဲ့ စိတ်တူကိုယ်တူသူငယ်ချင်း​​​တွေပါ၊သူတို့ရဲ့သီအိုရီမှန်ကန်​ကြောင်း လမ်းစ​တွေ့တဲ့အချိန်မှာပဲ ...
movie

Multiverse (2021)

Adbhutham (2021) 8.0
Adbhutham (2021) Abdhutham 2021 IMDb (8/10)Your Name Animated Movie လေးလာပါပြီ :PJapan Anime ကားဖြစ်တဲ့ Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။ တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်းလိုမယ်မထင်ပါဘူး။၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာ Time slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလား တစ်ယောက်အခက်အခဲကိုတစ်ယောက်ဖြေရှင်းနိုင်မလား ဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊ ၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေ‌ကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။ File size…(2.4 GB) / (1.2 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy ...
movie

Adbhutham (2021)

HEVC 1080p
Night Raiders (2021) 5.4
Night Raiders (2021) ဒီရုပ်ရှင်ဟာ Genreများပါတယ်၊ အနာဂတ်စစ်ပြီး​​ခေတ်Post-apocalypticကာလမှာ အ​ခြေခံထားတဲ့ Sci-drama အမျိုးအစားပါ၊ဒါ​ပေမဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ အယူဝါဒ ဆိုင်ရာ၊ လူမျိုး​ရေးဝါဒ၊အရင်းရှင်နဲ့ မျက်နှာမွဲ​ ကျောခင်း ဘဝ​တွေစသဖြင့် ရှု​ထောင့်တိုင်းမလွတ်​စေရ​အောင် ဒါရိုက်တာမှ အစွမ်းပြထားပါတယ်၊ဒါ့အပြင် ရှိတာနဲ့ လှ​​အောင်ဆင်ထားတဲ့ ရိုက်ကွင်းsettingနဲ့soundtracks ​တွေ​က post apocalyptic ဆိုတဲ့အရသာကို ပို​ပေါ်​လွင်​စေပါတယ်စစ်ပြီး​​ခေတ်ကာလ 2039ခုနှစ်မှာ Emerson stateလို့ ​​ခေါ်တဲ့အရင်းရှင်ပြည်နယ်တစ်ခုဟာ အင်အားနည်းတဲ့ လူမျိုးစု​တွေအ​ပေါ်ဓနအင်အား​ရော၊ စစ်​ရေးအင်အားနဲ့ပါ ဖိနှိပ်ထားပါတယ်၊ဖိနှိပ်တဲ့ပုံစံက အင်အားနည်းလူမျိုးစုနဲ့ ပြည်သူ​တွေထဲကအသက်မပြည့်​သေးသူ က​လေး​တွေကို နိုင်ငံ​တော်ပိုင်အ​နေနဲ့ ​ခေါ်​ဆောင်ပြီးပညာသင်ကြား​စေခြင်း ဆိုတဲ့ အ​ယောင်ပြပုံစံပဲဖြစ်ပါတယ်၊ကိုယ့်ရင်​သွေးကို မ​စေလွှတ်တဲ့မိဘ​တွေကိုလည်းနိုင်ငံ​တော် ပုန်ကန်မှုနဲ့ ဖမ်းဆီး​ထောင်ချတဲ့အထိတရားမဲ့စွာ အုပ်ချုပ်​​နေတာပါ၊ ဒီလို မတရားမှုဟာ တစ်​နေ့မှာNiskaနဲ့ သူမရဲ့ သမီးဖြစ်သူWarseseတို့ဆီ တည့်တည့်​ရောက်လာပါတယ်၊သမီးကို Emersonပြည်နယ်ထဲ ပို့လိုက်ရတဲ့ Niskaလည်းသမီးကိုပြန်လည်ကယ်တင်ဖို့ ​ဒေသခံလူမျိုးစုတစ်စုနဲ့ ပူး​ပေါင်းရင်းEmerson stateရဲ့အ​ယောင်ပြပညာ​​ရေးနဲ့ ​နောက်ကွယ်ကအကြံအစည်က ဘာ​တွေဖြစ်​နေမလဲ၊ အခက်အခဲ​ပေါင်းများစွာကြားက Niskaနဲ့ Warseseတို့ ပြန်ဆုံ​နိုင်မလားဆိုတာကိုစိတ်ဝင်စားစရာ တင်ဆက်မှုနဲ့ ...
movie

Night Raiders (2021)

Race to Witch Mountain (2009) 5.7
Race to Witch Mountain (2009) Race To Witch Mountain (2009)ကိုယ်နေထိုင်ရာဂြိုလ်ကြီးက ပျက်ဆီးသေဆုံးတော့မယ်ဆိုတော့ စကြာဝဠာကို ခြေဆန့်ခရီးထွက်ပြီး အိမ်အသစ်ရှာကြမယ့် ဂြိုလ်သားများ ကမ္ဘာမြေပေါ်ကို တည့်တည့်ကြီး ရောက်လာပါတော့တယ်တစ်ချို့က ကမ္ဘာပေါ်က ဇီဝရုပ်တွေကိုလေ့လာပြီး မိမိတို့ဂြိုလ်ကို ပြန်အသက်သွင်းဖို့ ကြံစည်ကြတဲ့ သိပ္ပံပညာရှင်ဂြိုလ်သားတွေရှိသလို လက်နက်အားကိုး ကမ္ဘာကိုသိမ်းပြီး ကျူးကျော်နေထိုင်မယ့် စစ်သားဂြိုလ်သားတွေလည်းရှိတာပေါ့။အဲဒီကြားထဲကမှာ မိမိတို့ဂြိုလ်ကိုပဲ ကယ်တင်ချင်တဲ့ ဂြိုလ်သား ကလေးအရွယ် နှစ်ယောက်ဟာ ကမ္ဘာပေါ်က သူတို့မိဘတွေ လုပ်လက်စ စမ်းသပ်မှုတွေကို လာယူမှာပါ။ အဲဒီစမ်းသပ်မှုက သူတို့ဂြိုလ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တာကို ခေါင်းဆောင်တွေကို ပြန်ပြလို့ ကမ္ဘာမြေကို ဒုက္ခမပေးမယ့်လမ်းကို ရွေးချင်သူတွေပါ။သူတို့ရဲ့ ကမ္ဘာမြေခရီးမှာ ရာဇဝတ်မှုတွေနဲ့ ကြီးပြင်းလာပြီးမှ ရိုးရိုးသားသား အငှားယာဉ်မောင်းစားနေတဲ့ ကျွန်တော့်အကြိုက်ဆုံးမင်းသား Dwayne Johnson ရယ်၊ နက္ခတ္တရူပဗေဒပညာရှင် ဒေါက်တာမမရယ်တို့နဲ့ ပေါင်းမိပြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်ကြမယ်ဆိုတာ ကြည့်ရှုရပါမယ်။Fantasy ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Walt Disney ...
movie

Race to Witch Mountain (2009)

2009
I’m Your Man (2021) 7.1
I’m Your Man (2021) အယ်မာဖာဆာဆိုတဲ့ ဂျာမန်သမိုင်းသုတေသနပညာရှင်ဟာသူ့ရဲ့သုတေသန ပရောဂျက်တွေမှာ ရံပုံငွေရဖို့အတွက်လူသားပုံစံဖန်တီးထားတဲ့ တွန်ဆိုတဲ့ စက်ရုပ်ကိုစစ်ဆေးအကဲဖြတ်ပေးဖို့ ပရိုဂရမ်တစ်ခုမှာ ပါဝင်လိုက်ရပါတယ်.ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ်ဟာ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ်ဖန်တီးထားတာဖြစ်ပြီး အပျိုကြီး အယ်မာကို ပျော်ရွှင်အောင် လုပ်ဖို့ပါ.အယ်မာကလည်း အရမ်းကို ဆက်ဆံရခက်တဲ့လူတစ်ယောက်ဖြစ်ပြီးအထီးကျန်ဆန်နေသူတစ်ယောက်ဖြစ်ပါတယ် .အယ်မာဟာ တွန်နဲ့ ၃ ပတ်တာအတူနေရမှာဖြစ်ပြီးကောင်းမွန်တဲ့ ဘဝလက်တွဲဖော်ဟုတ်မဟုတ်အကဲဖြတ်စစ်ဆေးရမှာဖြစ်ပါတယ် တွန်ဟာလည်း သူထင်ထားတာထက်အများကြီးထူးကဲတဲ့ လူသားအသိဉာဏ်နဲ့ စိတ်ခံစားမှုရှိတဲ့စက်ရုပ်တစ်ရုပ်ဖြစ်နေခဲ့ပါတယ်.လူသားနဲ့စက်ရုပ်ကြားက ဘဝအဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ပုံဖော်သွားမယ့်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ တိုက်တွန်းချင်ပါတယ်(ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:48:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Sci-fi, ...
movie

I’m Your Man (2021)

The Siren (2021) 4.5
The Siren (2021) The Siren (2021)ဇွန်ဘီးကားထဲက ဘီဘီအာဂျောရှီး အဓိကသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ရောက်ရှိလာပါပြီအခြား ပူးတွဲသရုပ်ဆောင်ကလည်း Mine ဇာတ်လမ်းတွဲထဲက အိမ်တော်ထိန်းကြီး အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Park Sung Yeon ပဲ ဖြစ်ပါတယ်။"The Siren" ဆိုတဲ့ ဒီကားထဲမှာတော့ ဘီဘီအာဂျောရှီး ကို သူ့ကို စုံထောက်ရူးတစ်ယောက်အနေနဲ့တွေ့ရမှာပါ။ စုံထောက်အရှိန် မသေသေးဘူးလို့ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ .....Nautic Wave ဆိုတဲ့ ကုမ္ပဏီတစ်ခုကစတင်ခဲ့တဲ့ အဓိပ္ပာယ်လွဲမှားစွာ တီထွင်ထားကြတဲ့ ပစ္စည်းကြောင့်လားဆိုတဲ့ သံသယနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုကို တိုက်ဆိုင်စွာနဲ့ ဖော်ထုတ်ဖို့ကြိုးစားရင်း အသံလှိုင်းတွေကနေ ဘယ်လိုအကျိုးသက်‌ရောက်စေတယ် လူကိုပါသေစေနိုင်တယ်ဆိုတာတွေ တွေ့ရှိလာရပြီးဒီအမှုရဲ့ ကြိုးကိုင်သူက ဘယ်သူဆိုတာ ဖော်ထုတ်ရင်း အလွဲလေးတွေနဲ့ အာဂျောရှီး ဘယ်လိုဖြစ်သွားမလဲဆိုတာကို ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကြည့်ရမှာပါMystery , Thriller ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားလေးပါအညွှန်းကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။Original siteGenre.....Horror, Mystery, Thriller, Sci-Fi Quality….WEB-DL 1080p and 720p File size…1.35GB, 866MB and 475MB Format…mp4 Duration….1h 29min Subtitle….Myanmar ...
movie

The Siren (2021)

2021
In the Earth (2021) 5.2
In the Earth (2021)  In The Earth (2021) ============== Rotten Tomatoes Ciritic Rating - 79%High Riseတို့ Free Fireတို့ Rebecca ( 2021)တို့ရဲ့ ဒါရိုက်တာ Ben Wheatleyကရိုက်ထားတဲ့ကား။ Rotten Ratingနဲ့ Metacritic Rating အရတော့ အလယ်အလတ်အဆင့်ကားလို့ဆိုလို့ရတယ်။ လန်ပျံနေအောင် ကောင်းမနေဘူး။ သို့ပေမဲ့ ကြည့်ပျော်တယ်။ပြဿနာက Genres, Horrorလို့အမည်ခံထားပေမဲ့ Thrillerအဆင့်လောက်ပဲရှိမယ်။ Mysteryဘက်လည်း တော်တော်သွားတယ်။ Horrorကားအလန်းတစ်ကားဖြစ်တော့မလိုနဲ့ အလယ်လောက်ပြုတ်ကျသွားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိကအားနည်းချက်ကတော့ လူနားမလည်အောင် အဆန်းကြီးဖြစ်အောင်လုပ်ချင်ဇောကြီးပြီး ဟိတ်ဟန်များသွားတာကြောင့်လို့ပဲ ယူဆလို့ရတယ်။ "Plot"ဇာတ်လမ်းအစအဆုံးကို သစ်တောတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သစ်တောထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုရှိနေတယ်။ အဲဒီဘာမှန်းမသိတဲ့အရာကြီးနဲ့ ဆက်သွယ်ဖို့ သိပ္ပံပညာရှင်တစ်ယောက်က ကြိုးစားခဲ့တယ်။ သိပ္ပံပညာလိုလို မှော်လိုလို ဟို‌လိုလိုဒီလိုလို နည်းတွေနဲ့ပေါ့ ။ သူ့နည်းတွေကို သူလည်း ဘာမှန်းတော့သေချာတော့သိပုံမရဘူး။ ဒီလိုနဲ့ သစ်တောကြီးက သူ့ကို ပြန်ထွက်လို့မရအောင် လုပ်ထားသလိုလို သူကပဲမထွက်ချင်သလိုလိုနဲ့ ဘာမှန်းမသိရဘဲ ပြင်ပကလူတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဘာမှန်းမသိပျောက်သွားတဲ့ သူ့ကိုရှာဖို့ ဘာမှန်းမသိဘဲရောက်လာတဲ့ လူတစ်ယောက်က ဘာမှန်းသေချာမသိဘဲပါလာတဲ့ တောထိန်းတစ်ယောက်နဲ့အတူ ...
movie

In the Earth (2021)

Finch (2021) 7.3
Finch (2021) Finch (2021)==========IMDb Rating - 7.3/10အိုဇုန်းလွှာ ပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အဖော် အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်။ သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီးအဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်။ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့။ ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်။Finch အဖြစ်သရုပ်ဆောင်ထားသူကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (3 GB) / (2 ...
movie

Finch (2021)

2021
4K HEVC Web-DL
2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)

One More Shot (2021)
One More Shot (2021) ဟောင်ကောင်မင်းသားကြီး Louis Fan ရဲ့  Action ,Sci-Fi ဇာတ်ကားသစ်လေးကို တင်ဆက်လိုက်ပါတယ်....ဇနီးသည်သတ်ခံရပြီးနောက် စိတ်ကျရောဂါဖြစ်နေတဲ့ ပရော်ဖက်ရှင်နယ် သက်တော်စောင့်ဖိုက်တာကြီးဟာသမီးကလဲ ရောဂါနဲ့မို့ ဆေးကုသဖို့ စရိတ်တွေကို ခက်ခက်ခဲခဲရှာနေရတာပါ...တစ်နေ့မှာတော့ အေမီဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုကယ်တင်မိခဲ့ပြီးသက်တော်စောင့်ရဲ့ဖိုက်တာစကေးတွေကို ကြိုက်သွားတာကြောင့် အေမီက သူ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အလုပ်ကတော့ Virtual Reality VR တွေနဲ့ အလုပ်လုပ်ရမှာဖြစ်ပြီးအဲ့ VR မှာ သူ့ဇနီးသည် ပုံပေါ်လာတဲ့အပြင် အကြမ်းဖက်သမားတွေကပါ ရန်ရှာလာတဲ့အခါမှာတော့...။Action,Sci-Fi ဆိုတဲ့အတိုင်း ပွဲကတော့ရှယ်ကြမ်းကြမှာပါ။ File size…(950 MB) Quality….WEBRip 1080p Format…mp4 Duration….01:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

One More Shot (2021)

Re-Animator (1985) 7.2
Re-Animator (1985) Re-animator (1985) ================"တစ်ခါတလေမှာ... သေနေတာကမှ ပိုကောင်းသေးတယ်" - စတီဖင်ကင်း (Pet Semetry)H.P Lovecraft ရဲ့စာအုပ်တွေဟာလည်း Hollywood အနေနဲ့ ရိုက်နိုင်ရင်ရိုက်သလောက် ထွက်လာနိုင်တဲ့ Horror, Mystery, Sci-fi Genre အမျိုးစုံရှိနေတဲ့ ရတနာသိုက်တစ်ခုလိုပဲ။ သူ့ရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ထားတဲ့ ဒီကားဟာလည်း ကျွန်တော်တို့ ငယ်ငယ်က သိပ်ကို လန့်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပေါ့။IMDB - 7.2/10, Rotten Tomatoes - 93%အဲဒီခေတ် အဲဒီအခါက Re-Animator ဟာ အားလုံးနဲ့ ကွဲပြားပြီး ထူးခြားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ခဲ့သလို အခုချိန်ပြန်ကြည့်မယ်ဆိုရင်လည်း စိတ်ဝင်စားဖို့ကောင်းပြီး ပါးစပ်အဟောင်းသားနဲ့ ပြန်လွမ်းရမယ့်ကားမျိုးပါပဲ။ တစ်ချို့အတွက်ကတော့ ငယ်ငယ်က ငါဒီလိုကားမျိုးနဲ့ ခြောက်ခြားခဲ့ပါလားဆိုပြီး ကိုယ့်ဘာသာ အံ့သြကောင်း အံ့သြမိနေပါလိမ့်မယ်။ တချို့က​တော့ ဇာတ်ဝင်သံစဉ်ကြားရုံတင် ​တုန်လှုပ်မိတဲ့ လွမ်းစရာခံစားမှုမျိုး ရမိကြလိမ့်မယ်။ဇာတ်လမ်းကတော့ ထူးချွန်တဲ့ ​ဆေးကျောင်းသား တစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်တဲ့ ...
movie

Re-Animator (1985)

1985
Oxygen (2021) 6.5
Oxygen (2021) Oxygen (2021)=============IMDb Rating - 6.5/10သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ်ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်။ သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး ...သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ။ သူဘာကြောင့် ဒီထဲကိုရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့  မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ် . အလုံပိတ် Cube တစ်ခုနဲ့တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ။ အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံးသူဘယ်သူလဲသိလိုက်ရချိန်ဟာတော့ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p ...
movie

Oxygen (2021)

2021