Channel Myanmar

Sci-Fi

The Mill (2023) 5.5
The Mill (2023)  ဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ သင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုနေရာတစ်နေရာကိုပြန်အမှတ်ရသွားလောက်ပါတယ်...။ဘာလို့ဆို ကိုယ်က အလုပ်ကြိုးစားရင်လည်းကြိုးစားသလောက်ပြန်မရတာတွေ...ဆက်ကြိုးစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတွေ၊မဖြစ်နိုင်လည်း ဆက်လုပ်နေရတဲ့အခြေအနေတွေကို စုံစုံလင်လင် မြင်တွေ့ရမှာမလို့ပါ...။တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေရတယ် အ‌ရေးမပါသလိုပဲ မလုပ်လို့လည်းမဖြစ်ပြန်ဆိုတာမျိုးပေါ့....။ဇာတ်လမ်းထဲမှာတော့ အခြေခံအားဖြင့် လူတစ်ယောက်နဲ့ ကြိတ်စက်တစ်လုံးသာပါပါတယ်...။နေ့သစ်တစ်ရက်စတာနဲ့ သူဟာ ကြိတ်စက်ကိုတွန်းပါတယ်...။အစောက ပြောခဲ့သလို မလုပ်လို့မဖြစ်ပြန်လို့ တွန်းနေရတာမျိုးပါ...။ကျွန်တော်တို့ဘဝမှာရော ဒီကြိတ်စက်ကြီးကို ဘယ်လောက်များတွန်းခဲ့ပြီးပြီလဲ...။ဘာကြောင့် ဘာအတွက် ဒီကြိတ်စက်ကိုပဲ တွန်းနေခဲ့လဲ..ဘယ်အချိန်ထိဒါတွေပဲလုပ်နေရမလဲဆိုတာကို စဥ်းစားတွေးခေါ်ရင်းကြည့်ရှုလို့ရပါပြီ...။  File size…2.51GB / 469MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Mill (2023)

Stone Turtle (2023) 6.4
Stone Turtle (2023) Stone Turtle (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ လျို့ဝှက်ပြီးပဟေဠိဆန်တဲ့ဇာတ်ကားလေးပါ အာရစ်ဖ်ဆိုတဲ့လူတစ်ယောက်ကသူ့ညီလေးဟာကျွန်းတစ်ကျွန်းကိုသွားရင်းမတော်တဆပျောက်ဆုံးသွားလို့ သူ့ညီရဲ့ပျောက်ဆုံးမှုကိုရှာဖွေဖို့ ဒဏ္ဍာရီပုံပြင်ပေါင်းများစွာရှိတဲ့အဲ့ဒီကျွန်းကို ရောက်လာခဲ့ပါတယ် အဲ့ကျွန်းပေါ်မှာတော့အမျိုးသမီးတစ်ဦးနဲ့ကလေးမလေးတစ်ဦးတို့နေထိုင်ကြပြီးထိုအမျိုးသမီးကတော့သူ့ကိုသတ်ချင်နေပါတယ် အဲဒီအမျိုးသမီးရဲ့နောက်ကြောင်းကရောဘာလဲ အဲဒီအမျိုးသားကရော သူ့ကိုသတ်မယ့်သူရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလား အဒီအမျိုးသမီးကရော သူ့ကို ဘာကြောင့်သတ်ချင်နေတာလဲ အာရစ်ဖ်နဲ့အဲ့အမျိုးသမီးရဲ့ပက်သက်မှုကဘယ်လိုလဲဆိုတာပဟေဠိဆန်ဆန်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွန်းကိုတော့ Thae Thae မှရေးသားထားပါတယ်Genre..... Drama, Mystery, Sci-fi Quality…. 1080p | 720p File size… 1.5GB | 574MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Stone Turtle (2023)

2022
57 Seconds (2023)
57 Seconds (2023)   ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း..... ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ... ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

57 Seconds (2023)

They Live (1988) 7.2
They Live (1988) They Live (1988) ============= IMDb Rating - 7.2/10နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ'လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့...ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ... ကျောင်းကရော ဘာတွေ လုပ်နေတာလဲ... နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating ...
movie

They Live (1988)

1988
Beyond Existence (2022) 5.7
Beyond Existence (2022)  ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကိုရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကိုတွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်ကပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်းအန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲသူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲသူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရောဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.37GB / 588MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Beyond Existence (2022)

Aporia (2023) 5.3
Aporia (2023) Aporia (2023)ဆိုဖီဟာ ခင်ပွန်းဖြစ်သူ မယ်လ်ကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးထားရပြီးနောက်ပိုင်းမှာ သမီးလေး ရိုင်လီနဲ့ သူဟာ ဦးတည်ရာမဲ့ စိတ်လေလွင့်နေခဲ့ကြပါတယ်။ အမေနဲ့ သမီး အစေးမကပ် နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းနေကြရင်းက မယ့်လ် သူငယ်ချင်း ဂျဘီးယားက ဆိုဖီိ့ကို သူနဲ့ မယ်လ် တီထွင်ထားတဲ့ အချိန်သွားခရီးစက်ကို ပြသပါတော့တယ်။အချိန်သွားခရီးစက်ဆိုတာထက် ဒီစက်ဟာ အတိတ်က လူတွေကို သတ်ပစ်နိုင်တဲ့စက်ပေါ့... ဆိုဖီဟာ ချက်ချင်းဆိုသလို ဒီစက်ကိုအသုံးပြုပြီး မယ့်လ်ကို ပြန်ခေါ်ခဲ့ပါတယ်.... ဒါပေမယ့် အကြောင်းကြောင့် အကျိုး… အရာရာတိုင်းဟာ ဆက်စပ်မှုတွေ ရှိနေစမြဲပါ... ဒီစက်ကို အသုံးပြုလိုက်တဲ့အတွက်ကြောင့် ဘာတွေ ဖြစ်လာသလဲ... မယ်လ်တစ်ယောက်ပဲ ပြန်လာတာလား.... ဒီလူတစ်ယောက်ကနေ ဘာတွေ ဆင့်ပွားဖြစ်လာခဲ့သလဲ... မယ်လ်ကရော ဆိုဖီသိတဲ့ မယ်လဲပဲလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...Timelineeနဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဒိကားကို ကြည့်ရှုဖို့ လုံးဝ recommend ပေးပါတယ်ခင်ဗျအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ...
movie

Aporia (2023)

2023
Adiyae! (2023) 6.4
Adiyae! (2023) Adiyae (2023)IMDb-6.6/10ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါတစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ဇာတ်လမ်းအကျဉ်းဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ...ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ...
movie

Adiyae! (2023)

2023
The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

Gremlins (1984) 7.3
Gremlins (1984) Gremlins (1984) ============ IMDb Rating -- 7.3/10တရုတ်တန်းက စတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သူ့ခေတ် သူ့အခါမှာတော့ Rating 7 ကျော်ရရှိခဲ့ပါတယ်။ တီထွင်ဖန်တီးရှင် တစ်ဦးဟာ သူလက်ဆော့ထားတဲ့ ပစ္စည်းရောင်းဖို့သွားရင်း သား အတွက် ခရစ္စမတ်လက်ဆောင်ကို တရုတ်တန်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ချစ်စရာ မှင်စာလေးတစ်ကောင်ပါပဲ။မွေးရတာ တာဝန်ကြီးတယ် မရောင်းဘူး ပြောပေမယ့် ဆိုင်ရှင်ရဲ့ မြေးလုပ်သူက ခိုးရောင်းပေးလိုက်ပါတယ်။ မှင်စာလေးကိုမွေးမယ် ဆိုရင် စည်းကမ်း(၃)ခုတော့ရှိတယ် - - နေမထိရ - ရေမထိရ - ည၁၂ကျော်ရင် အစာမကျွေးရ ဆိုတာပါပဲ။ (၃)ခုလေးဆိုပေမဲ့ အဲစည်းကမ်းတွေကိုမလိုက်နာနိုင်ဘဲ ချိုးဖောက် မိတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(3.94 GB) / (1.02 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Sci-Fi Translator......Mugiwara Ya Encoder..........SWM
movie

Gremlins (1984)

1984
The Stratum (2023) 4.1
The Stratum (2023) The Stratum (2023) ==============ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (586 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Sci-Fi Translator......Ngwe Zin Encoder..........SWM
movie

The Stratum (2023)

2023
Alien Planet (2023) 5.5
Alien Planet (2023)  ဇာတ်လမ်းလေးကတော့ ရာစုနှစ်ပေါင်းများစွာ ခမီးန်မျိုးနွယ်တွေကလို့ခ်ကိုင်းမျိုးနွယ်ကို ဖိနှိပ်ထားတဲ့အတွက် လို့ခ်ကိုင်းတွေမကျေနပ်တော့တွန်းလှန်တဲ့အခါ စစ်ပွဲတွေစဖြစ်ပါတော့တယ်။လို့ခ်ကိုင်းတွေဟာ စစ်ပွဲမှာအများအပြားကျဆုံးခဲ့ကြပြီး စစ်ရှုံးကာရော့ကာချီဆိုတဲ့ဂြိုလ်ကိုထွက်ပြေးပါတော့တယ်။အဲ့ဂြိုလ်မှာက အာဟာရဓာတ်မပြည့်စုံတဲ့အတွက် ဇာ့ထ်ဆိုတဲ့ရေကိုပဲသောက်ရတဲ့အတွက် Rejuvenation Vial ဆေးရည်ကို အသုံးပြုပြီးလိုအပ်တဲ့ရေကိုရယူကြရတယ်။ တစ်ဖက်မှာ ခမီးန်တွေနေထိုင်တဲ့ဂြိုလ်ဟာ တလွဲအသုံးချမှုတွေကြောင့် ရေအရင်းအမြစ်ဆုံးရှုံးလာပါတော့တယ်။ခမီးန်ခေါင်းဆောင်ဟာ လို့ခ်ကိုင်းတွေမှာရှိတဲ့ Rejuvenation Vial ဟာဂြိုလ်တစ်ခုလုံးကိုပြန်လည်ရှင်သန်လာအောင်လုပ်နိုင်တယ်ဆိုတာသိထားတဲ့အတွက် အတော်ဆုံးစစ်သည်တော်ဖြစ်တဲ့ ဘရိုချိကိုသွားယူခိုင်းလိုက်ပါတယ်။ဘရိုချိတစ်ယောက်တည်း ဆေးရည်ကိုအရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။  File size…2.16GB / 796MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Alien Planet (2023)

Marjorie Prime (2017) 6.3
Marjorie Prime (2017) ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size…  1.5 GB /  569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Marjorie Prime (2017)

2017
Evinced (2022) 4.2
Evinced (2022) Evinced (2022) ===========ဒီ thriller/ Sci-Fi ဇာတ်လမ်းလေးကိုတော့ ဒါရိုက်တာ Richeler Aladin ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမည်မသိလူတစ် ယောက်ဟာ လိုင်းပေါ်မှာသွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကိုတင်ပြီး နာမည်ကြီးနေပါတယ်။ အဲဒီလူခန့်မှန်းလိုက်တိုင်း ဒုစရိုက်မှုတွေဖြစ်နေလို့ သူဟာ ဒုစရိုက်မှုတွေရဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့သူလို့ ထင်ပြီး စုံထောက်‌ တွေဖြစ်ကြတဲ့ မယ်လ်ကွန်၊ ၀က်လ်လေ၊ ရေး တို့က‌ ‌ဒီကိစ္စကိုလိုက်ကြပါတော့ တယ်။ဟောကိန်းတွေထုတ်ပြီး နာမည်ကြီးနေတဲ့သူကတော့ အက်ရှ်တွန် ပါ။ သူဟာ အနာဂတ်ကနေ လာခဲ့တာဖြစ်ပြီး အတိတ်ကအရာတစ်ချို့ကို ပြောင်းလဲဖို့ ပြန် လာခဲ့တာပါ။ အဲဒီနောက်တော့ သူအတိတ်ကိုပြောင်းလဲဖို့အတွက် မယ်လ်ကွန်၊ ၀က်စ်လေ တို့ရဲ့အကူညီကိုယူရဖို့ဖြစ်လာပါတော့တယ်။ အက်ရှ်တွန်က မယ်လ် ကွန် တို့ရဲ့အကူအညီနဲ့ တကယ်ပဲအတိတ်ကိုပြောင်းလဲနိုင်မှာလား၊ သူလာခဲ့တဲ့ အချိန်ကာလမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ‌ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.52 GB) / (592 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Sci-Fi, Thriller Translator......Theo Katt Encoder..........SWM
movie

Evinced (2022)

2022
No One Will Save You (2023) 6.5
No One Will Save You (2023)     ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလိုအတုလိုလို စဉ်းစားရခက်နေတာပါ။ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရောဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့The Divergent Series: Insurgent တို့ Love and Monsters တို့ကိုဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable  ဆိုတဲ့စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။သူနာမည်ကြီးခဲ့တဲ့ Unbelievable  စီးရီးကိုလည်းချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲသူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။  File size…  3 GB / 1 GB ...
movie

No One Will Save You (2023)

2023
4K HEVC
Blue Beetle(2023) 6.7
Blue Beetle(2023) Blue Beetle(2023)**************** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာစူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင်ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movieမဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ဇာတ်လမ်းအကျဉ်းမက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။မိသားစုက ...
movie

Blue Beetle(2023)

4K HEVC
Landscape with Invisible Hand (2023) 6.1
Landscape with Invisible Hand (2023)   လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Landscape with Invisible Hand (2023)

Jules (2023) 7.1
Jules (2023) Jules (2023)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ ...
movie

Jules (2023)

2023
Here Alone (2016) 5.6
Here Alone (2016)  အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီhorror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပိုအကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်းသူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကိုလိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲအခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီးရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲအေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက်ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။  File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , ...
movie

Here Alone (2016)

7:11 PM (2023) 7.4
7:11 PM (2023) 711 PM (2023)IMDb- 7.1/10ယခုတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယဇာတ်ကားထဲမှာ ရှားရှားပါးပါး Genere Sci-Fi အမျိုးအစားပဲဖြစ်ပါတယ်ဒီ‌တီလဂူးရုပ်ရှင်က ပုံမှန်ရိုက်နေကျပုံစံမဟုတ်ပဲ သိပ္ပံရုပ်ရှင်ဆိုပေမဲ့ ချာတူးမလန်သွားတဲ့အပြင် rating 7.1/10 ထိရရှိထားပါတယ် သိပ္ပံရုပ်ရှင်ဆိုပေမဲ့ space ship တွေ တဝီဝီနဲ့ light saber တွေ ထုတ်ပြီး ခုတ်ကြမဲ့ Sci-Fi အမျိုးအစားတော့မဟုတ်ပါဘူးအနာဂတ် 2400ခုနှစ်မှာ အခက်အခဲကြုံနေရတဲ့ လူသားမျိုးနွယ်ဟာ အတိတ်ကို အချိန်ခရီးသွားပြီး အဖြေရှာတော့ သူတို့ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ တီထွင်မှုတစ်ခုရှိနေတာကို သိလိုက်ရပါတယ်မျက်မှောက်ခေတ် 1999 ခုနှစ်မှာလည်း အဲဒီမြို့လေးမှာ အိန္ဒိယထုံးစံအတိုင်း နိုင်ငံရေးတွေ အာဏာတွေပါဝါတွေနဲ့ တိုင်ပတ်နေတဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ရှုစားကြရမှာပါ Sci-Fi ကားဆိုပေမဲ့ အိုဗာတွေတလွဲတွေ သိပ်မပါပဲ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ အကွက်ကျကျရိုက်ကူးပြထားတာမို့ ပရိသတ်များခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးထားတာကတော့ BpL~ Saii ~ Zwe V ~YH တို့ပဲဖြစ်ပါတယ် File size…2.16GB /1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

7:11 PM (2023)

2023
Equilibrium (2002) 7.3
Equilibrium (2002) Christian Bale ကို ကျွန်တော့် fav; မင်းသားစာရင်းထဲ ပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ...ကျွန်တော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ အာဃာတတရားတွေ မနာလိုမှုတွေ အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲ..... အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် ခံစားမှု  ခံစားချက် တွေကဘယ်လိုတောင်အရေးပါသလဲ.... ဒါတွေကို Sci- Fi ရုပ်ရှင်တစ်ခုအနေနဲ့ရှုထောင့်တစ်မျိုးကနေ ပြောပြသွားပါတယ်2002 ခုနှစ်ကထွက်ရှိထားပေမယ့် လူနဲ့ခံစားချက်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ရုပ်ရှင်ကားပါ။IMDb Rating 7.3 ရရှိထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို YeWai LynnHtut မှတင်ဆက်ထားတာပါ။)အသစ်ထွက်ရှိလာတဲ့ BluRay Open-Matte Version နဲ့တင်ဆက်ထားတာကြောင့် မြင်ကွင်းကျယ် Screen အပြည့် ကြည့်ရှုခံစားရမှာဖြစ်ပြီး သိမ်းထားချင်သူများအတွက်လဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version ဖြစ်ပါတယ်။ File size…(2.3 GB)/ (1 GB) Quality….BluRay OpenMatte 1080p /720p Format…mp4 Duration….01:46:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by YeWai LynnHtut
movie

Equilibrium (2002)

2002
OpenMatte