Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Night at The museum Trilogy
6.4
Night at the Museum (2006)
Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie
Night at the Museum (2006)
2006
6
Night at the Museum: Battle of the Smithsonian (2009)
Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie
Night at the Museum: Battle of the Smithsonian (2009)
2009
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014