Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Sport
6.9
Jersey (2022)
ဒီကားလေးက ယင်ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်....File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle ...
movie
Jersey (2022)
2022
5.7
Ghani(2022)
၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie
Ghani(2022)
2022
1080p 5.1 CH
8.5
Taanakkaran (2022)
Taanakkaran (2022)IMDb - 8.5/10Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ"အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ...ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား""ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား""အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ"အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းကသူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကိုဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။"ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖားအောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Taanakkaran (2022)
2022
5.0
David Beckham: Infamous (2022)
David Beckham: Infamous (2022)========================ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ဘောလုံးအားကစား ကို ချစ်မြတ်နိုးတဲ့သူတွေရော၊ဘောလုံးအကြောင်း ဘာဆိုဘာမှ မသိတဲ့လူတွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန် ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး အသင်းတွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊ အက်ဖ်အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား ၁လုံးအပြင် ဆုဖလားပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ အောင်မြင်မှုဟာ မေးခွန်းထုတ်စရာမရှိပါဘူး။ဒါအပြင် ဗြိတိန်နာမည်ကျော် Spice Girlsအဆိုတော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီးနောက် ဘက်ခမ်းဟာ ဘောလုံး သမားတစ်ယောက်ရဲ့အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့ အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှုတွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။ဒီလိုအောင်မြင်မှုတွေ ရရှိလာခြင်းနဲ့အတူ သူပေးဆပ်လိုက်ရတဲ့ အရာတွေကို ဒီ documentaryထဲမှာ အတိအလင်းဖော်ပြထား ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံးအောင်မြင်မှု မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့imageကို ဘောလုံးကစားတာထက် ပိုအလေးပေးတာလို့ နောက်ဆက်တွဲဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ ဇာတ်လမ်းတွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီးဘောလုံးသမားဘဝမှ ...
movie
David Beckham: Infamous (2022)
2022
7.5
Godha (2017)
ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူလေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie
Godha (2017)
2017
5.6
Heart of Champions (2021)
Heart of Champions (2021)===================Drama ပရိသတ်တွေအတွက် 2021 ခုနှစ်ထွက် ဇာတ်ကားကောင်းလေးတစ်ကားကို CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းလေးကတော့ တက္ကသိုလ်က လှေလှော်အသင်းလေးတစ်သင်း အကြောင်းပါ အဲလက်စ် ဦးဆောင်တဲ့ တက္ကသိုလ်လှေလှော်အဖွဲ့ဟာ ကျောင်းပေါင်းစုံယှဉ်ပြိုင်ပွဲမှာ ဟားဗတ်ကျောင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ခေါင်းဆောင်မှုအရည်အချင်းပြည့်၀မှုမရှိတဲ့ အဲလက်စ်တစ်ယောက်ဟာ ရှုံးနိမ့်မှုအတွက် အသင်းသားတွေကို အပြစ်တင်နေခဲ့တာပေါ့။ အသင်းသားတွေဟာလည်း အဲလက်စ်ကို ခေါင်းဆောင်အဖြစ်နဲ့ သဘောမကျဘဲ စည်းလုံးမှု မရှိတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့တာပေါ့။ ဒီလိုနဲ့ သူတို့အသင်းကို နည်းပြအသစ်တစ်ယောက် ရောက်လာပါတယ် သူကတော့ စစ်ပြန်ဟောင်း မာဖီပါ။ ဒါ့အပြင် ရွှေ့ပြောင်းကျောင်းသား အသစ်တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆိုသူဟာလည်း အသင်းထဲ ရောက်ရှိလာခဲ့ပြန်တယ်။ခေါင်းဆောင်ရည် မပြည့်၀ဘဲ လူမုန်းများတဲ့ အဲလက်စ်ရယ် အသင်းသားတွေသဘောအကျဆုံးဖြစ်တဲ့ လှော်သား ဂျွန်ရယ် သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာမယ့် ကတောက်ကဆတွေကို မြင်ရမှာဖြစ်ပြီး ရွှေ့ပြောင်းကျောင်းသား ခရစ္စရဲ့ အတိတ်ဇာတ်ကြောင်းတွေကရော ဘာတွေဖြစ်ဦးမလဲ ဆိုတာ ကြည့်ရှုရဦးမှာပါ။ စစ်ပြန်ဟောင်းနည်းပြ မာဖီတစ်ယောက် ဒီလို ဗရုတ်သုက္ခဖြစ်နေတဲ့ လှေလှော် အသင်းတစ်သင်းကို ပါးပါးနပ်နပ်ကိုင်တွယ်ပြီး ဟားဗတ်ကိုအနိုင်ရ ဗိုလ်စွဲအသင်းတစ်သင်းဖြစ်အောင် တွန်းပို့ပေးနိုင်မလားဆိုတာ ပရိသတ်ကြီးတို့ကပဲ ...
movie
Heart of Champions (2021)
2021
7.5
King Richard (2021)
2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie
King Richard (2021)
6.2
AWAKE (2020)
Awake (2020)၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်းကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်းတဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့်သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက်မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကိုအခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကိုအဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့်Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီးစီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ...
movie
AWAKE (2020)
7.0
Rooney (2022)
ဝိန်းရွန်နီ (သို့) Wazza (သို့) လူသားအဆန်ဆုံးတိုက်စစ်မှူး +++++++++++++++++++++++++++++++++++၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါမန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး ...
movie
Rooney (2022)
7.4
American Underdog (2021)
American Underdog (2021) အညွှန်း******************************IMDb - 7.4 DC ရဲ့ Shazam ကို မှတ်မိကြသေးလား? အဲ့ဒီထဲက မင်းသားကြီး အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ NFL ကစားသမား တစ်ယောက်အကြောင်း အတ္ထုပ္ပတ္တိ လာပါပြီ။ အမေရိကန် National Football League (NFL) မှ ကစားသမားဟောင်း Kurt Warner ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။အားကစား စင်မြင့်ထက်မှာ နာမည်ကြီးပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကစားသမားတချို့ရဲ့ နာမည်မကြီးခင် အားကစားသမား မဖြစ်ခင် ကာလတွေက လူတွေထင်သလို မလွယ်ကူကြပါဘူး။အခုလည်း ဒီဇာတ်လမ်းလေးမှာ အမေရိကန်ဘောလုံးကစားနည်းရဲ့ နာမည်ကျော် ကစားသမား Kurt Warner တစ်ယောက် နာမည်မကြီးခင် အားကစားသမား မဖြစ်ခင် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာနဲ့ ကစားမားဘဝတစ်လျှောက် သူ ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားဖွယ် ...
movie
American Underdog (2021)
6.0
Home Team (2022)
Home Team (2022) အညွှန်း********************** IMDb - 6 ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။ ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size : ...
movie
Home Team (2022)
2022
8.0
14 Peaks: Nothing Is Impossible (2021)
14 Peaks: Nothing Is Impossible (2021)=======================================IMDb Rating - 8.0/10"ဘ၀မှာ အိပ်မက်ကြီးကြီးမက်ဖို့ မကြောက်ပါနဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ လောကကို သက်သေပြလိုက်ပါ" ကမ္ဘာပေါ်မှာ မီတာ ၈၀၀၀ အထက်မြင့်တဲ့ တောင် ၁၄ လုံးပဲ ရှိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဒီ မီတာ ၈၀၀၀ အထက်ကို တက်ရတာ ကြေးကြီးတဲ့ ကစားပွဲတစ်ခုလိုပါပဲ။ ဒီ တောင် ၁၄ လုံးကို ပထမဆုံး တက်နိုင်ခဲ့သူက တောင်တက်သမား Reinhold Messner ပါ။ ၁၆ နှစ်တာအချိန်ယူခဲ့ရပါတယ်။ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ နီပေါက လူထူးဆန်းတစ်ယောက်အကြောင်းကို တောင်တက်သမား လောကမှာ တပြောပြောဖြစ်လာကြတယ်။ သူ့နာမည်က Nims Purja တဲ့။သူက ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးကို ၇ လအတွင်း အပြီးတက်ပြမယ်လို့ ကြွေးကြော်လိုက်တယ်။ ဒီဇာတ်လမ်းဟာ စိတ်၀င်စားစရာကောင်းတဲ့ လူတစ်ယောက်အကြောင်းပါ။ ...
movie
14 Peaks: Nothing Is Impossible (2021)
2021
5.6
Patiala House (2011)
ဆို့ဆို့နင့်နင့်နဲ့ ဖော်ကျူးထားပေမဲ့ မေတ္တာတရားနဲ့ အနစ်နာခံမှုတို့ကို ကြည်နူးဖွယ်ဖော်ပြပေးသွားနိုင်တဲ့ ဇာတ်ကားမျိုးဆိုလျှင် သင် မကြည့်ချင်ဘူးလားမိတ်ဆွေ။ (ဇာတ်လမ်းအကျဉ်း) အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းဒေသလေးမှာ ဂတ်တူ ဟာ ကုန်စုံဆိုင်ပိုင်ရှင်အဖြစ် လူသိများခဲ့ပါတယ်။ လူသိမများတာကတော့ သူဟာ နာမည်ကျော် ခရစ်ကတ်ကစားသမား ဖြစ်ခဲ့ခြင်းကိုပါ။ ခရစ်ကတ်ကစားခြင်းဟာ ဂတ်တူအတွက် ရွှေရောင်လင်းလက်တဲ့အိပ်မက်ငယ်လေးပါ။ ဂတ်တူဟာ မိသားစုရေးရာမှာလည်း အဖေချစ်သားအဖြစ်နဲ့ အဖေ့စကား မပယ်ရှားဝံ့တဲ့သားလိမ္မာအဖြစ် ချီးကျုးခံရခဲ့တယ်။ အတိတ်မှာဖြင့် ဂတ်တူရဲ့ဦးလေးဟာ ဗြိတိသျှတွေရဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရင်း အသတ်ခံခဲ့ရပါတယ်။ အဲဒီ့နောက် ဂတ်တူအဖေဟာ ဗြိတိသျှတွေနဲ့ ပတ်သက်သူမှန်သမျှကို မျက်မုန်းကျိုးခဲ့ရင်း အရိုးစွဲမူဝါဒအဖြစ် စွဲကပ်ကျန်နေခဲ့ပါတော့တယ်။ ထို့နောက် ဂတ်တူကိုလည်း ခရစ်ကတ်ကစားခွင့်ကို ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ လောင်းရိပ်မိနေတဲ့ဂတ်ဒူအတွက် အဆိပ်ရည်လောင်းပစ်သလိုပါပဲ။ အဖေကို ချစ်လွန်းပြီး အဖေ့အတွက် သားလိမ္မာဖြစ်နေသော ဂတ်တူအတွက်တော့ အိပ်မက်ကိုသာလျှင် ရေစုန်မျောလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ဂတ်တူဟာ မောင်နှမတွေရဲ့ငြိုငြင်မှုကိုခံခဲ့ရတယ်။ ဂတ်တူဟာ အဖေရဲ့ဥပမာပေး သားဖြစ်သလို မောင်နှမတွေရဲ့ စိတ်ဆန္ဒတားဆီးသူလို့ အပြစ်တင်ခံနေရသူပါ။ တစ်နေ့မှာတော့ သတင်းစဉ် တစ်ခုမှာ အင်္ဂလန်အသင်း ခရစ်ကတ်ကစားသမား တစ်ယောက်အလိုရှိနေခြင်းကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂတ်တူ အတွက်တော့ ပန်းခြံလေးမှာခိုးပစ်ကစားနေခြင်းထက် မထူးဆန်းလှတော့ပါဘူး။ တကယ်တော့ ပျက်သုန်းနေတဲ့အိပ်မက်ကို သူ့အဖေ ရှူးဖိနပ်အောက်မှာပဲထားချင်ခဲ့သူပါ။ သို့ရာတွင် ---- မပြီးဆုံးသေးတဲ့ အိပ်မက်အပိုင်းအစကို ဆက်ပေးချင်တဲ့လူနှစ်ဦး ပေါ်ပေါက်လာခဲ့ပါတယ်။ ဇီးနဲ့ ဆိုင်ရမ် တို့မောင်နှမနှစ်ဦးပါ။ ဇီး ကလည်း ခရစ်ကတ်ကစားသမား ဖြစ်ချင်လွန်းသူတစ်ယောက်ပါ။ ဇီးက ဂတ်တူရဲ့နောက်ကြောင်းကိုသိရှိပြီး အင်္ဂလန်ကစားသမားအဖြစ် ခရစ်ကတ်ပြန်ကစားရန် တိုက်တွန်းခဲ့သည်။ ဆိုင်ရမ် မိန်းမချောလေးကလည်း ဂတ်တူရဲ့အိပ်မက်အား ပြန်လည်ထူမတ်ပေးရန် ကြိုးစားခဲ့သည်။ သို့သော် ----????? ဒီဇာတ်ကားလေးမှာဖြင့် ဂတ်တူ ရဲ့ဒွိဟစိတ်တွေနဲ့ သူရဲ့ဘဝရဲ့ကြမ္မာကို ဘယ်လိုများ အဆုံးသတ်စေခဲ့မှာလဲ။ အိပ်မက်တွေကိုပဲ အဆုံးသတ်စေခဲ့မှာလား။ ပြန်လည်ရှင်သန်စေခဲ့မလား။ ထို့ပြင် အဖေကို ချစ်လွန်းအားကြီးလှသော သားတစ်ယောက်အနေနဲ့ မိသားစုရေးဆိုင်ရာတွေက မည်သို့ဖြစ်စေခဲ့မည်နည်း။ အဖေ့အတွက် ဂတ်တူဟာ မည်သို့သော အင်အားမျိုးနှင့် မြင်တွေ့ရမည်နည်း။ ခရစ်ကတ်နဲ့ အဖေ / အဖေနဲ့ ခရစ်ကတ် ကြားမှာ ဆုံးဖြတ်ရခက်ခဲ့တဲ့သားတစ်ယောက်၊ နှလုံးသားအပိုင်းပိုင်းအစစနဲ့ အဖေချစ်သားတစ်ယောက်အတွက် ကံကြမ္မာ ကဘယ်လိုများအဆုံးသတ်ပေးခဲ့မလဲဆိုတာ ရင်မောဖွယ် ကြည့်ရဦးမှာပါ။ ဒီဇာတ်ကားလေးဟာဖြင့် စိတ်ဓာတ်တို့ လွန်ဆွဲမှုဆန်ပြီး မေတ္တာတရားနဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှု၊ မြတ်နိုးတန်ဖိုးထားတတ်မှုတို့ ရောပြွမ်းနေတဲ့ ကြည်နူးဖွယ် ဇာတ်ကားကောင်းလေးပါ။ လူမျိုးရေးခွဲခြားမှုနဲ့ အရည်အချင်း တို့အားပြိုင်မှုတို့ကိုလည်း တစ်စိတ်တဒေသ ...
movie
Patiala House (2011)
1080p HEVC
7.4
Azzurri: The Road to Wembley (2021)Blue Dream
Azzuri.Road to Wembleyအီတလီစကားဖြစ်တဲ့ Azzuri ဆိုတာ The Blues လို့အဓိပ္ပာယ်ရပါတယ်၊ အပြာသားတွေပေါ့လေ။၂၀၂၀ ကတည်းကကျင်းပရမယ့် Euro 2020 ဖလားဟာ၊ Covid ကြောင့် တစ်နှစ်ရွေ့ဆိုင်းပြီး မနှစ်က အင်္ဂလန်မှာကျင်းပခဲ့ပါတယ်။ အသင်းတိုင်းလည်းအကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေနဲ့ အင်္ဂလန်တို့ကလည်း ဗိုလ်လုပွဲထိတက်လာနိုင်ခဲ့ပြီး၊ တစ်ဖက်မှာလည်း အုပ်စုကို ပေးဂိုးမရှိနဲ့တက်လာခဲ့တဲ့ ရော်ဘတ်တို မန်ချီနီရဲ့ အီတလီသားတို့ကလည်း ဗိုလ်လုပွဲထိကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်သားတို့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုနဲ့ အီတလီသားဂိုးသမား ဒွန်နာရာမာရဲ့ အကောင်းဆုံးပုတ်ထုတ်ကာကွယ်မှုတွေကနေ အီတလီသားတို့ အပြာရောင်အိပ်မက်ကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ဒီ Documentary ကတော့ အီတလီသားတို့ရဲ့ ဗိုလ်လုပွဲအထိဖြတ်သန်းလာပုံတွေကို အီတလီသားတစ်ယောက် အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဘောလုံးသမားတွေရဲ့ ကမ်ပိန်းအတွင်းမှာ တစ်နေ့တာဖြတ်သန်းပုံ၊ နေ့စဉ်နေထိုင်ပုံ၊ လေ့ကျင့်ရေး ဆင်းပုံတွေကို အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီဖန်တွေအတွက်တော့ တကယ့်ဂုဏ်ယူစရာနဲ့ ကြည်နူးစရာအဖြစ် တသသ ပြန်ကြည့်နေရမယ့် Documentary တစ်ခုပါပဲ။ File size…(1.6 GB)/(850 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:01:00 Subtitle….Myanmar Subtitle ...
movie
Azzurri: The Road to Wembley (2021)Blue Dream
4.9
Never Back Down: Revolt (2021)
Never Back Down : Revolt (2021)ဒီကားလေးက ၂၀၀၈ခုနှစ်ကထွက်ခဲ့တဲ့ Never Back Downကို Revolt လုပ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ။ရောမခေတ်က လူတွေကိုသတ်ကွင်းထဲထည့်ပြီး အချင်းချင်းသတ်ခိုင်းပြီး ကြည့်ကြသလိုပဲ။တိုက်ရည်ခိုက်ရည်ရှိတဲ့အမျိုးသမီးတွေကို လိမ်ညာလှည့်စားခေါ်ပြီးတော့ အချင်းချင်းထိုးခိုင်းတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့အစ်ကိုဖြစ်သူက မြေအောက်လက်ဝှေ့လောကမှာ လုပ်ပွဲလုပ်ဖို့ သဘောတူခဲ့ပြီးမှ ချိုးဖောက်ခဲ့လို့ သူဌေးကြီးတစ်ယောက်ဆီမှာအကြွေးတင်သွားရာကနေစပါတယ်။အစ်ကိုနဲ့ညီမနှစ်ယောက်တည်းရှိတာဆိုတော့ အစ်ကို့ရဲ့အဲ့ဒီအကြွေးအတွက် ညီမဖြစ်သူကဆပ်ပေးဖို့လုပ်ရာကနေ..... ဒီဇာတ်ကားလေးက သကာရည်လောင်းထားတဲ့မစင်ပုံကြီးလိုမျိုး တချို့လူတွေက အပေါ်ယံချိုမြိန်မှုတွေနဲ့ ကိုယ့်ယုံကြည်မှုကို ရယူပြီး ရောင်းစားသွားတတ်တာကိုပြသွားတဲ့ အမျိုးသမီးဖိုက်တာကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Sports Quality….WEB-DL 1080p and 720p and 480p File size…1.2GB and 912MB and 479MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator .....Chit Tee Encoder .....August
movie
Never Back Down: Revolt (2021)
2021
5.2
Bruised (2020)
Bruised (2020)============လူတွေဟာ တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုမှီခိုအားကိုးတဲ့လူတွေကြောင့် လူစွမ်းကောင်းဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်တဲ့။ရုပ်ရှင်မင်းသမီးတစ်ဖြစ်လဲ ဒါရိုက်တာ ဟယ်လီဘယ်ရီ ရိုက်ကူးထားပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားသောအမျိုးသမီးလက်ဝှေ့ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြီးကြီးမားမားရှုံးနိမ့်ခဲ့ရလို့ ကြိုးဝိုင်းကိုကျောခိုင်းခဲ့တဲ့အမျိုးသမီးလက်ဝှေ့ကျော် ဂျက်ကီဂျက်စတစ်တစ်ယောက် အရှုံးသမားဘဝနဲ့ ရုန်းရင်းကန်ရင်း တစ်နေ့မှာမမျှော်လင့်ပဲမြေအောက်တိုက်ခိုက်ပွဲတစ်ခုကိုရောက်သွားခဲ့ပြီးတော့ မခံချင်စိတ်နဲ့ လက်စွမ်းပြခဲ့မိပါတယ်။အဲဒီနောက်မှာတော့ အိမ်ပြန်လာရင်းနဲ့ ကလေးတစ်ယောက်ကို မွေးမြူဖို့ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်ရင်သွေးအတွက်ကိုယ်ကြောက်တဲ့ ကြိုးဝိုင်းကိုပြန်လည် မျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားခဲ့တာကို ရိုက်ကူးပုံဖော်ထားပါတယ်။ဒီကားလေးဟာ အမျိုးသမီးတွေရဲ့ မိခင်မေတ္တာနဲ့ လုပ်နိုင်စွမ်းတွေကို အသားပေးရိုက်ကူးပြသထားတာမို့လို့ စိတ်ခွန်အားဖြစ်စေမယ့် ကားတစ်ကားဆိုလည်း မမှားတာမို့ လက်ဝှေ့ကြိုက်သူများ၊ Surviving Motivation လိုအပ်နေသူများအတွက် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB )Quality – ...
movie
Bruised (2020)
2020
6.6
Zero to Hero (2021)
Zero to Hero (2021)IMDb - 6.6/10ဒီဇာတ်ကားလေးကတော့ IDMP 6.6 အထိရရှိထားပြီး ၉၄ ကြိမ်မြောက် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲ အတွက် တစ်ကြိုစာရင်းပါခဲ့တဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ............................................. ဇာတ်လမ်းအကျဉ်းကို မပြောခင်မှာ မေးခွန်းလေးတစ်ခု အရင်မေးကြည့်ချင်ပါတယ်။ အားကစားနယ်ပယ်အစုံမှာ နိုင်ငံကိုယ်စားပြု ဖြစ်ဖို့ လွယ်ပါသလား။ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ တွေပေါင်းစပ်ပါမှ သာမန်လူတစ်ယောက်ဟာ အားကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်မှာပါ။ ဒီထက်ဆိုးတာက မွေးရာပါရောဂါကြောင့် ကြွက်သားတွေ ထိန်းချုပ်မရဘဲ လမ်းတောင်မနည်းလျှောက်နေရတဲ့ ဘ၀ကနေ အားကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် မဖြစ်နိုင်လောက်အောင် ခက်ခဲမှာမဟုတ်လား။ဒီဇာတ်လမ်းဟာ ဒီလိုလူတစ်ယောက်အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာမို့ စိတ်၀င်စားစရာအပြည့်နဲ့ပါ။မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါကြောင့် ကြွက်သားတွေမသန်စွမ်းဘဲ မွေးဖွားလာတဲ့ လက်ရှိ မသန်စွမ်း အိုလံပစ် မီတာ ၂၀၀ ကမ္ဘာ့စံချိန်ရှင် "ဆို၀ါဝိုက် "ရဲ့ဘ၀ဇာတ်ကြောင်းကို မွေးစမှ နောက်ဆုံးပြိုင်ပွဲအထိ သူ့မိသားစုအကြောင်းပါမကျန် ရိုက်ပြထားတာမို့ လေးစားအတုယူစရာ ဆို့နင့်ကြေကွဲစရာ ရသအစုံပေးစွမ်းတဲ့ ကွမ်တုံစကားပြော ...
movie
Zero to Hero (2021)
2021
6.6
Bend It Like Beckham (2002)
IMDb Rating (6.6) / Rotten Tomatoes (85%)မင်းသမီးကီရာနိုက်တလေပါဝင်တဲ့ဒီဇာတ်ကားလေးက Sport,Comedy,Drama ပုံစံနဲ့ ဟိုးအရင်တုန်းက ကားလေးဖြစ်ပေမယ့် ကြည့်ရှုသူတွေအတွက် လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားလဲ ဖြစ်မှာပါ။ လွမ်းစရာဆိုတာကတော့ မန်ယူဖန်တွေအတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ မန်ယူနဲ့ ဘက်ခမ်းတို့ လျှမ်းလျှမ်းတောက် ကျော်ကြားစဉ်က ထွက်လာခဲ့တဲ့ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ အိန္ဒိယ၊ အင်္ဂလိပ် ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယကောင်မလေးတစ်ယောက်ဟာ ယဉ်ကျေးမှုတွေကနေ သွေဖီပြီး ဘောလုံးကန်ချင်တဲ့ ဆန္ဒပြင်းပြနေခဲ့တယ်။ သူ့ရဲ့ အိုင်ဒေါကလည်း ဒေးဗစ်ဘက်ခမ်း။ ဘက်ခမ်းကို အရူးအမူးဖြစ်ရာကနေ ဘောလုံးကန်တဲ့နေရာမှာလည်း ထူးချွန်အောင်ကြိုးစားတယ်။ ဒါပေမယ့် အိန္ဒိယတို့ရဲ့ ထုံးစံအရ ဒါဟာ မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုပြီး မိဘတွေက တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သူကလည်း တစ်ချိန်ကျရင် ဒေးဗစ်ဘက်ခမ်းလို ဝေ့ဝိုက်ကန်ကွက်တွေနဲ့ ကမ္ဘာကျော်ရမယ်လို့ စိတ်ထဲတွေးထားတာ။ အဲဒီလိုနဲ့ ကျောင်း မိန်းကလေးအသင်းက လူတွေနဲ့တွေ့တဲ့အခါ သူဘယ်လိုဖြစ်လာမှာလဲ။ ကမ္ဘာကျော်သွားမှာလား။ ဒေးဗစ်တို့နဲ့ တွေ့ရမလား၊ အိမ်ကကော အသာတကြည်ခွင့်ပြုနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ မန်ယူဖန်တွေအနေနဲ့ကတော့ ဝမ်းနည်းပက်လက်ဖြစ်စေမယ့် ကားလေးဆိုတာ အာမခံပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ...
movie
Bend It Like Beckham (2002)
7.2
Unbroken (2014)
မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie
Unbroken (2014)
HEVC 1080p 5.1
6.3
Rashmi Rocket(2021)
Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေးTaapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြတုန်းဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားနဲ့အတူ ပြန်လာခဲ့ပြန်ပါပြီဒီဇာတ်ကားမှာတော့ သူဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ရက်ရှ်မီးနေရာကနေ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ရက်ရှ်မီးဟာ မိန်းကလေးဆိုပေမယ့်လည်း မိန်းကလေးပီပီသသနေတတ်တဲ့သူမဟုတ်ပါဘူးအရပ်အမောင်းထွားတဲ့အပြင်ကို ဆံပင်ကလည်းစုတ်ဖွားနဲ့ မိန်းကလေးလို့ မြင်စရာကိုမရှိတာပါသူ့ရွာကလူတွေကတော့ ရက်ရှ်မီးကိုနောက်ထပ်နာမည်တစ်မျိုးပေးထားသေးတယ်အဲ့ဒါကတော့ ရော့ကတ်တဲ့ ဘာလို့လဲဆိုတော့ သူကပြေးရင် အရမ်းမြန်တာကိုးအဲ့လို အရမ်းမြန်တဲ့ ရက်ရှ်မီးရော့ကတ်ဟာ ငယ်စဥ်ကအကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက်အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့ယှဥ်ပြိုင်ရတဲ့အထိ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်အောင်မြင်လာတာနဲ့အမျှ မလိုမုန်းထားအကောက်ကြံစည်မှုတွေရှိလာတတ်တာ သဘာဝပဲမဟုတ်လားဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက်ဘယ်လိုဒုက္ခတွေကြုံတွေရမလဲ....??ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်ယောက်ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာ...ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်File Size - 1.6 GB / 1.3GB Quality - 1080P & 720P Subtitle - Burmese Translator - Shwe ...
movie
Rashmi Rocket(2021)
1
2
3
4
Last
Previous
Next