Channel Myanmar

Sport

Lamborghini: The Man Behind the Legend (2022) 5.3
Lamborghini: The Man Behind the Legend (2022) Lamborghini: The Man Behind the Legend (2022) ===================================2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ ...
movie

Lamborghini: The Man Behind the Legend (2022)

2022
Cristiano Ronaldo interview – Piers Morgan Uncensored (2022)
Cristiano Ronaldo interview – Piers Morgan Uncensored (2022) လွန်ခဲ့တဲ့ တနင်္လာ​နေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & ...
movie

Cristiano Ronaldo interview – Piers Morgan Uncensored (2022)

Aadukalam (2011) 8.1
Aadukalam (2011) Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie

Aadukalam (2011)

2011
Conor McGregor: Notorious(2017) 7.1
Conor McGregor: Notorious(2017) Conor McGregor: Notorious(2017) အညွှန်း*************************************Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကိုမကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီးသတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်..Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle ...
movie

Conor McGregor: Notorious(2017)

The Karate Kid Part II (1986) 6.1
The Karate Kid Part II (1986)  ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ ...
movie

The Karate Kid Part II (1986)

The Longest Yard(2005) 7.0
The Longest Yard(2005) The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့...  File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Longest Yard(2005)

True Sight : The International (2021) 10

True Sight : The International (2021)

The Royal (2022) 6.8
The Royal (2022) The Royal (2022)~ IMDb rating - 6.8/10 ~ဒါကတော့ မိဘမေတ္တာဖွဲ့ မိသားစု ဒရာမာကားကောင်းလေးပါ။ ဝီလီဟာ ကမ္ဘာကျော် ဘေ့စ်ဘောသမားတစ်ယောက်ဖြစ်ခဲ့ပြီး... လောကဓံတရားကို မတွန်းမလှန်နိုင်တဲ့အခါ မူးယစ်ဆေးနွံနစ်ပြီး ထောင်နန်းစံခဲ့ရပါတော့တယ်။ထောင်ဒဏ်ဟာလည်း မသေးလှ၊ ၂၁နှစ်ဆိုပေမယ့် သူ့ရဲ့ကောင်းကောင်းမွန်မွန် နေထိုင်မှုကြောင့် ခံဝန်နဲ့ ၁၄နှစ်သာနေခဲ့ရပြီး လွတ်မြောက်လာခဲ့တယ်။ ဒီအပြစ်တွေကြောင့် သူလက်လွှတ်လိုက်ရတဲ့ မိသားစုတွေနဲ့ သူသိပ်မြတ်နိုးရတဲ့ ဘေ့စ်ဘောနောက်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ မိန်းမဖြစ်သူက နားလည်ခွင့်လွှတ်ပေးလိုက်ပေမယ့် သမီးလေး ကာမီလာကတော့ တစ်ဘဝလုံးပျောက်နေတဲ့အဖေကို တော်ရုံ ခွင့်မလွှတ်သလို လက်လည်းမခံပါဘူး။နောက်ပြီး ဘေ့စ်ဘောလောကကို ပြန်ဝင်ရောက်ချင်ပေမယ့် ငယ်ရွယ်နုပျိုမှုတွေ မရှိတော့တဲ့ ဝီလီတစ်ယောက် ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်ရောက်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။Kansas City Royal အသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်း အ​​မေရိကန် ဘေ့စ်ဘောသမား Willie Mays Aikens ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ...
movie

The Royal (2022)

2022
The Replacements(2000) 7.0
The Replacements(2000) The Replacements(2000) အညွှန်း****************************John Wick ဇာတ်ကားတွေရဲ့ စတား မင်းသားကြီး Keanu Reevesခေါင်းဆောင်ပါတဲ့ american football ကားပါ.... ဇာတ်လမ်းကတော့ ဝါရှင်တန်ဘောလုံးအသင်းက ကစားသမားတွေကပိုက်ဆံပိုလိုချင်လို့ ပိုင်ရှင်တွေကိုငွေပိုတောင်းပြီး ဆန္ဒပြတာပါ... ပိုင်ရှင်က မကျေနပ်ရင်ထွက်ဆိုပြီး တစ်သင်းလုံးကို အစားထိုးကစားသမားတွေငှားလိုက်ပါတယ် သူတို့နဲ့အတူ Coach အသစ်တစ်ယောက်ရောပဲ....Keanu က ခေါင်းဆောင်ကစားသမားအနေနဲ့အရွေးခံရပါတယ်.....သူတို့အသင်းက ၄ပွဲပဲ ကစားရမယ် ၃ပွဲနိုင်မှ ထိပ်ထဲပါမှာပါ....အသင်းစဖွဲ့ပြီးချိန်တစ်ပတ်တောင်အချိန်မရတဲ့အခါဘယ်လိုဆော့ကြမလဲ ဘယ်လို ရုန်းကန်ကြမလဲဆိုတာကိုတော့.....  File Size :(4.89GB) (1.72GB) and (492MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:58:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie

The Replacements(2000)

Crying Fist(2005) 7.2
Crying Fist(2005) Crying Fist(2005) အညွှန်း*********************မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလိုRating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင်ကားဖြစ်ပါတယ်...ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။  File Size :(3.6GB)(1.2GB) and ...
movie

Crying Fist(2005)

Shabaash Mithu (2022) 6.2
Shabaash Mithu (2022) Shabaash MithuIMDb-7/10ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni
movie

Shabaash Mithu (2022)

2022
The Phantom of the Open(2022) 7.2
The Phantom of the Open(2022)   ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဂေါက်သီးရိုက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမာရိစ်ဆိုတဲ့သင်္ဘောကျင်းမှာ ကားမောင်းတဲ့ အဖိုးကြီးတစ်ယောက်က သူတို့အလုပ်ကို နိုင်ငံတော်ပိုင်သိမ်းတော့မှာ ကြိုသိသွားတော့ တခြားအလုပ် တစ်ခုကိုရှာဖွေရင်း ဂေါက်ရိုက်ဖို့ စတင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပေါ့ဗြိတိသျှအိုင်းပင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးစားရင် အလွဲလွဲဖြစ်ခဲ့တာပေါ့ တကယ့်ကို မကြုံဖူးတဲ့ စံချိန်တွေချိုးခဲ့သူတစ်ယောက်ပါပဲ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး မိဘတစ်ယောက်က သားသမီးတွေကို ဘယ်လောက်တောင် အနစ်နာခံ ပြုစုရလဲ ဆိုတဲ့အကြောင်းလေးကို မီးမောင်းထိုးပြချင်တာပါ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ တကယ့်ကိုရင်ထဲခံစားရအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားဆိုတော့ မလွတ်တန်းကို ကြည့်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.83GB)/(876MB)/(406MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Comedy/ Drama / Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Phantom of the Open(2022)

North Hollywood (2021) 5.9
North Hollywood (2021) ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ဇာတ်လမ်းအကျဉ်း==================လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ်ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကိုအထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရအဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကိုပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH ...
movie

North Hollywood (2021)

2022
Jungle Cry (2022) 8.1
Jungle Cry (2022) ဒီတစ်ခေါက်မှာတော့ Super 30 တို့လိုပုံစံ Hindi ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 8.1 ထိရရှိထားပြီး NDTV မှာလဲ 4.6/5 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ============ကလေးတွေကို စာနဲ့ အားကစားသင်ပေးတဲ့ အင်စတီကျုတစ်ခုမှာ ရုဒရာဟာ အားကစားဆရာတစ်ယောက်ပါ။ ခရစ်ကတ်သည်သာ နိုင်ငံရဲ့အလေးအထားဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ဘောလုံးအားကစားတိုးတက်ဖို့ အသင်းထောင်ဖို့ ရွာတွေအထိ မိုင်ပေါင်းများစွာ သွားပြီးရွက်ပုံးသီးကစားသမားလေးတွေကိုရှာဖွေခဲ့သူပါ။ ဒါပေမယ့်တစ်နေ့မှာတော့ ပေါလ် ဆိုတဲ့သူရောက်လာပြီး လေးလ အတွင်း လန်ဒန်မှာကျင်းပမယ့် အမေရိကန်ဘောလုံး ရတ်ဘီပြိုင်ပွဲအတွက် သူရှာထားတဲ့အသင်းကို လုသွားတဲ့အခါမှာ ရတ်ဘီအားကစားကိုမကြားဘူးတဲ့ကလေးတွေ လန်ဒန်မှာ ဘယ်လိုပြိုင်ကြမလဲ။ ခရီးဝေးတောင်မသွားဘူးတဲ့ရွာကကလေးတွေလန်ဒန်မှာ ဘယ်လိုကြုံကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျော ခံစားလိုက်ကြပါဦး  File size…2.08GB / 1.03GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by ThuRa & Allena & OeliuJ & Lwin Htoo
movie

Jungle Cry (2022)

2022
1Up (2022) 6.5
1Up (2022) 1UP(2022) အညွှန်း****************** ဒီကားက Comedy, Gaming, Sport ကားပါ... Kissing booth ထဲက Marco လည်းဒီကားထဲပါတယ်နော်...ဇာတ်လမ်းကတော့ တက္ကသိုလ်တက်နေတဲ့ V ဆိုတဲ့ကောင်မလေးဟာကျောင်းရဲ့ဂိမ်းကစားတဲ့အဖွဲ့မှာ အရန်နေရာမှာ နေရပါတယ်... V ကတရားဝင် နိုင်ငံ့အဆင့် ဂိမ်မာဖြစ်ပြီး တက္ကသိုလ်ကစကော်လားရှစ်ရထားပေမယ့် အဖွဲ့ထဲမှာ ယောကျ်ားလေးများပြီးမိန်းကလေးတွေက နေရာမရပါဘူး... အဖွဲ့ခေါင်းဆောင်ကလဲအသေနှိပ်ပြီး စီးပိုး ချဉ်စရာကောင်းတဲ့ကောင်ပါ...အဲ့တော့ သူငယ်ချင်းနဲ့အတူ V က အဖွဲ့ကထွက်ပြီးကိုယ်ပိုင်အဖွဲ့ထောင်ပါတယ်... မိန်းကလေးတွေပဲထည့်ပြီး ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားပါတယ်... ပြိုင်ပွဲနိုင်ရင် နိုင်ငံအဆင့် ချန်ပီယံရပြီး အခွင့်အရေးတွေအများကြီးရမှာပါ..ယောကျ်ားလေးအဖွဲ့ကိုရော တစ်နိုင်ငံလုံးကအဖွဲ့တွေကိုရော နိုင်ပါ့မလားဆိုတာ ကြည့်ကြပါဦး... File Size : (2.51 GB)(1.17 GB) and (280MB) Quality : WEB-DL  1080p, 720p Format…mp4 Duration…01:22:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

1Up (2022)

Rise (2022) 7.2
Rise (2022) Rise (2022)==========IMDb Rating  7.2/10Disney +က​နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံက​နေ "တစ်ရွာမ​​ပြောင်း သူ​ကောင်းမ​ဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ​ရွေ​ပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂​ယောက်ဟာ သား၄​ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်​ရတဲ့ ဒုက္ခ​တွေကို ခါးစည်းခံ​နေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂​ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂​ယောက်က ဘတ်စကတ်​ဘောကို အ​တော်​ဝါသနာကြီးပြီး အဆင့် တစ်ခု​ရောက်​အောင် ကြိုးစား​နေသူ​တွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာ​​ကြောင့် ​တက်လမ်း​နှောင့်​နှေးသွားပါတယ်။ညီဖြစ်တဲ့ ဂီယန်နစ်က​တော့ ဘတ်စကတ်​ဘောမှာ လုံးဝထူးချွန်သူ မဟုတ်​ပေမယ့် ကြိုးစားမှုနဲ့အတူ ​​အေးဂျင့်​တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါ​ပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာ​တွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာ​အပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်က​နေ ကမ္ဘာ​ကျော် NBA ပြိုင်ပွဲလူ​​​ရွေးပွဲကို ကံကြမ္မာရဲ့ ​ဖေးမမှုနဲ့အတူ ဝင်​ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အ​ရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူ​ခါးစည်းခံထားတဲ့ မိသားစုပြဿနာ​တွေကို ဘတ်စကတ်​ဘောသမားဘဝက ​ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကို​တွေဟာ ...
movie

Rise (2022)

2022
Hustle (2022) 7.3
Hustle (2022) Hustle (2022) =========== IMDb Rating - 7.3/10 Comedy, Drama, SportBasketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha ...
movie

Hustle (2022)

2022
Toolsidas Junior (2022) 8.1
Toolsidas Junior (2022) Toolsidas Junior (2022) အညွှန်း ဒီတစ်ခါမှာတော့ အိန္ဒိယကားကောင်းတွေကိုပဲ စောင့်မျှော်ကြည့်ရှုတတ်တဲ့သူတွေအဖို့ အားကစားနဲ့ပတ်သက်တဲ့ ကားကောင်းလေးထပ်မံ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားကတော့ ဘိလိယက်အားကစားကိုအခြေခံတဲ့ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးဇာတ်ကားဖြစ်တဲ့ "Dangal" တို့လို မိဘကတိုက်တွန်းလို့ မဖြစ်မနေ စလုပ်ရတာမျိုးမဟုတ်ဘဲ သားအဖကြားမှာရှိတဲ့ မေတ္တာကြောင့် ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပုံစံကို တွေ့မြင်ရမှာဖြစ်လို့ သားအဖကြားကအချစ်အပြင် ဆရာနဲ့တပည့်ကြားက ၅၂၈ မေတ္တာကိုပါ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထိထိမိမိ ခံစားရမှာဖြစ်ပါတယ်။ "ငါ့သားအတွက်ပဲ ငါပြိုင်ပွဲဝင်နေတာ" လို့ကြွေးကြော်တတ်တဲ့ စနူကာကစားသမားတစ်ယောက်ဖြစ်သူ "တူလ်ဆီးဒက်စ်"၊ သူကြွေးကြော်သလိုပဲ သူပြိုင်သမျှပွဲတွေဆို မလွတ်တမ်းလိုက်စောင့်ကြည့်တတ်တဲ့ သူ့ရဲ့သားငယ်လေး "မီဒီ" ...၁၉၉၄ ခုနှစ် ပြိုင်ပွဲစဉ်မှာတော့ ကတိပေးထားသလို သူ့အဖေက ဆုဖလားကို မရယူနိုင်တဲ့အကြောင်းရင်းဟာ ပြိုင်ဖက်ဖြစ်သူက ၅ နှစ်ဆက်တိုက်ချန်ပီယံဖြစ်နေတဲ့ "ဂျင်မီ တန်ဒန်" ရဲ့စနက်ဆိုတာကို မီဒီလေးသိသွားတဲ့အခါ ...သူကိုယ်တိုင် အဖေဖြစ်သူအတွက် ဆုဖလားယူပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး "တူလ်ဆီးဒက်စ် ...
movie

Toolsidas Junior (2022)

2022
Jersey (2022) 6.9
Jersey (2022) ဒီကားလေးက ယင်​ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တ​ဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) ​လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်​နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်....File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle ...
movie

Jersey (2022)

2022
Ghani(2022) 5.7
Ghani(2022) ၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့‌ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်  File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie

Ghani(2022)

2022