Channel Myanmar
Thriller
Let’s Scare Julie (2019) 5.5
Let’s Scare Julie (2019) Let's Scare Julie--------------------------------အမ်မာဟာ မိဘတွေဆုံးပါးသွားတဲ့အခါ၊အစ်မဝမ်းကွဲဖြစ်သူ တေလာရဲ့အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။တစ်ညမှာ သူတို့အိမ်ကို၊အစ်မဝမ်းကွဲတေလာရဲ့ အစအနောက်သန်တဲ့သူငယ်ချင်းတွေရောက်လာပြီး၊ အမ်မာနဲ့မိတ်ဆက်စကားပြောရင်း အိမ်ရဲ့မျက်နှာချင်းဆိုင်ကထူးဆန်းတဲ့အိမ်အကြောင်း စကားဆက်မိသွားကြပါတယ်။ အဲ့အိမ်မှာအဖွားကြီးတစ်ယောက်နေထိုင်ခဲ့ပြီး၊သူနေခဲ့တဲ့တစ်လျှောက်လုံးမှာသူ့ကိုဘယ်သူမှမမြင်ဖူးကြောင်း၊ အဲ့အဖွားကြီးကိုမြင်ဖူးခဲ့သူတစ်ယောက်လည်းထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်သွားခဲ့ကြောင်း၊အခုအဲ့အဖွားကြီးသေဆုံးသွားပြီမို့အဲ့အိမ်ကို သားအဖနှစ်ယောက် ပြောင်းလာကြောင်း တေလာကပြောခဲ့ပါတယ်။ ညီမဝမ်းကွဲဖြစ်သူအမ်မာကလည်း သူ့အစ်မဝမ်းကွဲ တေလာရဲ့အဖေမှာ အဲ့အိမ်ရဲ့သော့ရှိကြောင်းပြောပြလိုက်ပြီး၊တေလာနဲ့သူ့သူငယ်ချင်းတွေဟာ အဲ့အိမ်ကိုပြောင်းလာတဲ့ ကလေးမလေး ဂျူလီတစ်ယောက်တည်းရှိနေချိန် ခိုးဝင်ပြီး၊ခြောက်လှန့်နောက်ပြောင်ဖို့ အကြံရလိုက်တဲ့အခါ... Translated by : Pyi T NyeinEncoded by ; YKFile Size : 1.5GB and 689MBQuality : 1080p BluRay and 720pSubtitles : Myanmar Hardsub 
movie
Let’s Scare Julie (2019)
2019
Broken Arrow ( 1996 ) 6.0
Broken Arrow ( 1996 ) 1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 6 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Old But Gold လေးတွေကို ပြန်လည်ခံစားကြည့်ပါဦး..မကြည့်ရသေးရင်အသစ်ပါပဲအမေရိကန်လေတပ်အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဒစ်ကင်နဲ့ကပ္ပတိန်ဟေးလ်တို့ဟာ နျူကလီးယားဗုံး ၂လုံးကိုလျှို့ဝှက်သယ်ဆောင်ရန်တာဝန်ပေးအပ်ခံခဲ့ရတယ် ပို့နေတဲ့လမ်းမှာ ဗိုလ်ကြီး ဒစ်ကင်ကနျူကလီးယားလက်နက်တွေကို ခိုးယူဖို့ကြိုးစားပြီးကပ္ပတိန်ဟေးလ်ကို သတ်ဖို့လုပ်ခဲ့ပါတယ် ကံကောင်းချင်တော့ဟေးလ်မှာ အသက်မသေပဲ ပန်းခြံစောင့်အရာရှိမလေးတယ်ရီနဲ့တွေ့ဆုံခဲ့ပြီး တယ်ရီအကူအညီနဲ့ ဒစ်ကင်ခိုးယူသွားသောနျူကလီးယားလက်နက်ကို ပြန်လည်ရယူရန်ကြိုးစားပါတော့တယ်။ဉာဏ်ကောင်းတဲ့ဒစ်ကင်က နျူလက်နက်ကို ဘယ်လိုတွေသယ်ယူရန်ကြိုးစားမလဲ၊ ဟေးလ်ကရော နျူလက်နက်ကိုပြန်ယူဖို့ကြိုးစားရာမှာ ဘာအန္တရာယ်တွေ ရင်ဆိုင်ရမလဲနျူလက်နက်ကို ပြန်ယူနိုင်ပါ့မလားဆိုတာကိုအက်ရှင်ကားစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် Quality : Bluray 1080p ( HEVC )Format : mp4During : 108 minSubtitle : Myanmar Subtitle ( Hardsub )Translator : Ei PyaeEncoder : LK
movie
Broken Arrow ( 1996 )
1996
Pixie (2020)
Pixie (2020)  Pixie (2020)IMDb Rating(5.9)/ Rotten Tomatoes (93%)ဇာတ်လမ်းအညွှန်းဇာတ်ကားနာမည် ပစ်စီဆိုတာက ဖျတ်ဖျတ်လတ်လတ်နဲ့ ဘာမဆို လက်ရဲဇက်ရဲလုပ်ရဲတဲ့ လည်လည်ဝယ်ဝယ် ကောင်မလေးတစ်ယောက်ပါဆန်ဖရန်စစ္စကိုသွားပြီး ဘဝကိုအသစ်ကပြန်စဖို့ ကြိုးပမ်းနေတဲ့အစီအစဥ်​ပျက်သွားပြီးနောက်ပိုင်းမှာ သူ့ဘဝအရှုပ်တော်ပုံထဲ ပြန်ပြီးခြေချရပါတော့တယ်သူ့ကိုဘားမှာတွေ့ပြီး လာကြောင်တဲ့နှစ်ယောက်ခမျာမှာလည်း မသိမသာနဲ့ ပစ်စီ့အရှုပ်တော်ပုံထဲ ယောင်လည်လည်ပါသွားပြီး သုံးယောက်ပေါင်းလောင်းကျော်ကြပါတော့တယ်ဆိုတော့ ပစ်စီ့ဘဝမှာ ဘာတွေကရှုပ်ထွေးနေတာလဲဇာတ်လမ်းအစမှာ အမေ့အုတ်ဂူရှေ့ရပ်ပြီး အမေ့အ​ပေါ်သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်လက်စားချေမယ်ဆိုတော့ အဲဒီ "သူတို့" ဆိုတာကရော ဘယ်သူလဲဆိုတာတွေကိုတော့ ပစ်စီကိုယ်တိုင်ပဲဖြေပေးသွားပါလိမ့်မယ်Crime comedy ဆိုတော့ အရမ်း serious မဖြစ်ဘဲ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲကြည့်ရမယ့်ဇာတ်ကားမျိုးပါပဲ။  File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by MTA
movie
Pixie (2020)
Gatham (2020) 6.1
Gatham (2020) Gatham ( 2020 ) IMDb 6.1အိန္ဒိယရုပ်ရှင်ကြိုက်သူတွေအတွက် ဇာတ်ကွက်အလှည့်အပြောင်းကောင်းကောင်းနဲ့ Thriller ဆန်ဆန်ရုပ်ရှင်တစ်ကားညွှန်းပေးချင်ပါတယ်ဇာတ်လမ်းက ရစ်ရှီဆိုတဲ့မင်းသား အတိတ်မေ့နေရာကနေ ပြန်သတိရလာတာက စပါတယ် သူ နိူးလာတဲ့အချိန် သူ့ဘေးနားမှာဆရာဝန်တစ်ယောက်နဲ့သူ့ချစ်သူအာဒီသီ တို့သာရှိပါတယ် သူကလည်း မိဘတွေကအစ ဘာမှမမှတ်မိတော့တာဆိုတော့ သူ့မိဘတွေအကြောင်းအာဒီသီကို မေးကြည့်လိုက်တယ် အာဒီသီက နင့်အမေကတော့ ဆုံးသွားပြီ အဖေတော့ ရှိသေးတယ်ဆိုတာနဲ့ သူ့အဖေကိုတွေ့ချင်တယ်ဆိုပြီး အာဒီသီကို လိုက်ပို့ခိုင်းပါတယ် သူတို့သွားနေရင်း သူ့အဖေအိမ်ရောက်ဖို့ မိုင် ၃၀၀လောက်မောင်းရဦးမယ့်နေရာမှာ ကားပျက်သွားပါတယ် အဲ့ဒီအချိန် အာဂျွန်ဆိုတဲ့ အသက်ခပ်ကြီးကြီး လူတစ်ယောက်ရောက်လာပြီး အချိန်ကလည်း မရှိတော့ဘူး သွားရမှာလည်း ဝေးသေးတယ်ဆိုတော့ သူ့အိမ်မှာလိုက်တည်းဖို့ ခေါ်ရာကနေ စိတ်လှုပ်ရှားစရာတွေ စပါတော့တယ် အာဂျွန်က အစပိုင်းမှာ အိမ်ရှင်ကောင်းပီသသလိုနဲ့ သူ့သားရောက်လာတဲ့အချိန်မှာတော့ တစ်မျိုးဖြစ်သွားပါတယ် သူ့သားဖြစ်သူက ရစ်ရှီရဲ့ ချစ်သူအာဒီသီကို မုဒိန်းကျင့်ဖို့ကြိုးစားသလို သူကလည်း အိမ်ထဲကပြန်ထွက်ခွင့်မပေးတော့ဘဲ နှိပ်စက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲ ဇာတ်လမ်းက မထင်မှတ်ထားတဲ့အခြေအနေကို ပြောင်းလဲသွားတာပါ အာဂျွန်တို့သားအဖက ရစ်ရှီကို ဘာကြောင့်ဒီလိုလုပ်ရတာလဲ????? ရစ်ရှီမမှတ်မိတော့တဲ့ သူ့ရဲ့အတိတ်မှာ ဒီလူတွေနဲ့ ဘယ်လိုအရှုပ်အရှင်းတွေများရှိခဲ့လို့လဲ????? ဒါမှမဟုတ် စိတ္တဇလူသတ်သမားတွေပဲလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားပေးကြပါTranslated by Rico suaveFile ...
movie
Gatham (2020)
[James Bond] Licence to Kill (1989) 6.6
[James Bond] Licence to Kill (1989)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Timothy Dalton ရဲ့ ဒုတိယနဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Timothy Dalton အနေနဲ့ ဘွန်းဇာတ်ကား (၂) ကားသာ ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ ဘွန်းဇာတ်ကောင်ဟာ ထူးခြားပါတယ်…မကြိုက်သူတွေက လုံးဝခံစားပေးလို့မရသလိုဂျိမ်းစ်ဘွန်းကို အိလေးဆွဲမမြင်ချင်တဲ့လူတွေကျတော့လည်း သူ့ရဲ့ဘွန်းဇာတ်ရုပ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်…သူကတော့ ဘွန်းတွေထဲမှာ ရုပ်တည်ကြီးနဲ့ အပိုဆာဒါးသိပ်မလုပ်ဘဲသရုပ်ဆောင်တတ်တဲ့ ခပ်တန်းတန်းဘွန်းအဖြစ် အားလုံးက မျက်မှန်းတန်းမိကြပါတယ်။ဒီဇာတ်ကားက IMDb Rating (6.6/10) နဲ့ Rotten Tomatoes (78%) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] Licence to Kill (1989)
HEVC 1080p 5.1
Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: The Last Key (2018)
2018
Insidious: Chapter 3 (2015) 6.1
Insidious: Chapter 3 (2015) ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာသူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ်အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက်အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်...အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာဝိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်...တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင်မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ....ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: Chapter 3 (2015)
2015
Insidious (2010) 6.8
Insidious (2010) အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious (2010)
2010
[18+] Grotesque (2009)
[18+] Grotesque (2009) ဘာမှမပြောခင် ကြိုပြောချင်တာကတော့ ဒီဇာတ်ကားကို မိတ်ဆွေတို့ တတ်နိုင်ရင် မကြည့်ပါနဲ့...မတတ်နိုင်လို့ ကြည့်ဖြစ်သွားလို့ တစ်ချက်စိတ်ထင့်သွားတာနဲ့ ဆက်မကြည့်ပါနဲ့...ဒီဇာတ်ကားရဲ့ Label ကိုလဲ Don't Watch ဆိုပြီး တပ်ပေးထားပါတယ်...အခုနောက်ပြန်လှည့်ဖို့ အချိန်မှီပါသေးတယ်။အညွှန်းတောင်မဖတ်စေချင်ပါဘူး..ဖတ်ချင်သပ ကြည့်ချင်သပဆိုရင်တော့ မိတ်ဆွေတို့ ပြသနာနဲ့ မိတ်ဆွေတို့ပါပဲ။+++++++++++++++++++++++++++++++Grotesque(2009)ကောင်မလေးနဲ့ချိန်းတွေးတဲ့ ပထမဆုံးDateမှာပဲ စိတ္တဇလူသတ်ကောင်တစ်ယောက် အဖမ်းခံရပြီး ကိုယ်မနမ်းဖူးသေးတဲ့ ကိုယ်ချစ်ရတဲ့ကောင်မလေးကို လူသတ်ကောင်က Abuse လုပ်နေတဲ့အဖြစ်ကို တွေးကြည့်လိုက်ပါ။ ဒီထက်ဆိုးတာရှိနိုင်ပါဦးမလား။ ရှိပါသေးတယ်။ လာပါဦးမယ်။အရူးတစ်ယောက်က ခုတ်ချင်သလိုခုတ်သတ်တာလောက်ကို အဆိုးရွားဆုံးလို့ သင် ထင်နေပါသလား။ မထင်ပါနဲ့ဦး။ ဒီကားထဲက နှိပ်စက်မယ့်လူဟာ အတော်ဆုံးအနာကုပါရဟူ ဆုကိုပါရထားပြီး အပိုင်းပိုင်းအတစ်တစ်လှီးပြီးတာတောင် မသေအောင်ကုပေးနိ်ုင်တဲ့ ဆရာဝန်တစ်ယောက်ပါ။ ဝှေးကို သံနဲ့ရိုက် Penisကိုဖြတ်ပစ်ပြီးတာတောင် အေးဆေးပြန်ကုနိုင်ပါတယ်။စိတ္တဇလူသတ်ကောင်လက်ထဲ သေတော့မယ်ဆိုပြီး စိတ်ဒုံးဒုံးချသေလိုက်ရတာထက် ဆိုးတာရောမယ်ထင်ပါသလား။ ရှိပါတယ် လွတ်မြောက်ပြီထင်အောင်လုပ်ပြီး စည်းစိမ်တွေမက်လုံးပေးပြီးမှ မျှော်လင့်ချက်ကိုပြန်သတ်ခံရတာက ပိုဆိုးပါတယ်။စအိုတစ်ဖက်ကအူအဆုံးကိုချိတ်နဲ့ချိတ်ခံထားရင်းက ဗိုက်ထဲက အူကုန်အောင်တွားသွားသွားရင်း ကိုယ်ချစ်တဲ့မိန်းကလေးကို ကယ်ရတဲ့အရာအပါအဝင် ကျွန်တော်မပြောပြရသေးတဲ့ ရက်စက်မှုတွေ အများကြီးပါပါသေးတယ်။Ratingနည်းပေမယ့်လည်း ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ စိတ္တဇလူသတ်ကားတွေရဲ့ ဘုရင်ကားလို့ဆိုကြပါတယ်။ ကြမ်းတမ်းလွန်းတဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ သွေးယိုသံစီး ကိုယ်ပြတ်မျက်ကန်း နှိပ်စက်မှုတွေ ဒီရုပ်ရှင်ဟာ Bannedခံထားရတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် အသည်းငယ်တတ်သူတွေ ၁၅နှစ်အောက်တွေ မကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပဲဖြစ်ချင်ပါတယ်။ ကိုယ်တိုင်ကိုက သွေးသံရဲရဲတွေ နှိပ်စက်မှုတွေကို အရသာခံကြည့်တတ်တဲ့ Sadistတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အတော်ကြည့်လို့ကောင်းမယ့်ကားလို့ မြေကြီးလက်ခတ်မလွဲ အာမခံပါတယ်။P.S.... ဒီရုပ်ရှင်ကို ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘာသာပြန်ခဲ့တာပါ။ ...
movie
[18+] Grotesque (2009)
Don't Watch
Fear Pharm (2020)
Fear Pharm (2020)   Horror သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းကြိုက်တတ်သူတို့အတွက် ဇာတ်ကားကောင်းလေး သူငယ်ချင်းလေးယောက်တစ်စုကို ပွဲတော်တစ်ခုရဲ့ ဝင်္ကဘာပြောင်းခင်းပိုင်ရှင်က VIP အနေနဲ့ အထူးအခွင့်အရေးကမ်းလာတယ်။ ဝင်္ကဘာကို 1နာရီအတွင်းပြန်ထွက်နိုင်ရင် $10,000 ရမယ့် စိန်ခေါ်မှု ကို ကြုံရတဲ့အခါ လူငယ်ပီပီ အသစ်အဆန်းကို စမ်းကြည့်ချင်စိတ်နဲ့ လက်ခံလိုက်ကြတယ်။ ဒီဝင်္ကဘာကြီးက သူတို့ထင်သလို ရိုးရိုးသာမန်မဟုတ်ပဲ ကံဆိုးမှုတွေအသက်အန္တရာယ်တွေကြုံလာရတဲ့အခါ ... သူငယ်ချင်းတစ်စု အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလား... ဘယ်လိုအသက်အန္တရာယ်ကို ရင်ဆိုင်ကြရမလဲ... ဝင်္ကဘာရဲ့ပိုင်ရှင်မှာ ဘယ်လို ကောက်ကျစ်တဲ့အကြံအစည်တွေရှိနေမလဲ... ဘာလို့ ဒီလူငယ်တစ်စုကို ပစ်မှတ်ထားရတာလဲ... ဆိုတာကိုတော့ ရုပ်ရှင်ဇာတ်ကား ချစ်ပရိတ်သတ်ကြီး ကိုယ်တိုင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ။  File size…(1.3 GB) and (700 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Htet
movie
Fear Pharm (2020)
The Hunt (2016) 5.1
The Hunt (2016) The Hunt 2016 =============   2016 ထွက် the hunt ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာ မင်းသားကြီး Ahn Sung-Ki နဲ့ Cho Jin-Woong တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ် ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီး သူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ် သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ် အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ် ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့ အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ....... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်   File Size –  1.63 GB Quality –  WEB-DL 1080p File Type – mp4 Duration – 1h 33min Translator – Hay Thar Oo Encoder ...
movie
The Hunt (2016)
2016
[James Bond] The Living Daylights (1987)
[James Bond] The Living Daylights (1987)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Timothy Dalton ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Timothy Dalton အနေနဲ့ ဘွန်းဇာတ်ကား (၂) ကားသာ ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ ဘွန်းဇာတ်ကောင်ဟာ ထူးခြားပါတယ်...မကြိုက်သူတွေက လုံးဝခံစားပေးလို့မရသလိုဂျိမ်းစ်ဘွန်းကို အိလေးဆွဲမမြင်ချင်တဲ့လူတွေကျတော့လည်း သူ့ရဲ့ဘွန်းဇာတ်ရုပ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်...သူကတော့ ဘွန်းတွေထဲမှာ ရုပ်တည်ကြီးနဲ့ အပိုဆာဒါးသိပ်မလုပ်ဘဲသရုပ်ဆောင်တတ်တဲ့ ခပ်တန်းတန်းဘွန်းအဖြစ် အားလုံးက မျက်မှန်းတန်းမိကြပါတယ်။ဒီဇာတ်ကားက IMDb Rating (6.7/10) နဲ့ Rotten Tomatoes (73%) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] The Living Daylights (1987)
HEVC 1080p 5.1
Maximum Risk (1996) 5.5
Maximum Risk (1996) မင်းသားကြီးဗန်ဒိန်းလို့ပြောလိုက်တာနဲ့ 90s born တွေရဲ့အသည်းစွဲမင်းသားကြီးဆိုတာလူတိုင်းသိကြမှာပါ။ ဗန်ဒိန်း၊အာနိုး၊ရမ်ဘို တို့ဆိုတာ ကျွန်တော်တို့ကလေးဘဝရဲ့အကြိုက်နှစ်သက်ခဲ့ရဆုံး အက်ရှင်မင်းသားကြီးတွေဆိုလည်း မမှားပါဘူး။ သူတို့တွေရဲ့ဇာတ်လမ်းဇာတ်ကွက်ပီပြင်မှု၊အက်ရှင်သရုပ်ပီပြင်မှုတွေဟာ သူတို့ကာလမှာတော့ သူတို့ဟာ legend ပါပဲဗျ။ ကြည့်ဖူးသူတွေလည်းပြန်လည်ကြည့်ရှုခံစားရအောင် မကြည့်ဖူးသူတွေအတွက်လည်းအသစ်ဖြစ်နေစေမယ့် ဒီတစ်ခါရွေးချယ်ထားတဲ့ကားလေးကတော့ ၁၉၉၆ မှာထွက်ရှိခဲ့တဲ့ မင်သားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ၁၉၉၆ ကထွက်ခဲ့တဲ့ကားသာဆိုပေမဲ့အရမ်းခေတ်ကွာတယ်လို့မခံစားရ‌စေဘဲ အလွန်ကြည့်လို့ကောင်းတဲ့အက်ရှင်ကားကောင်းတစ်ကားဆိုလည်းဟုတ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အယ်လိန်ဟာ အလွန်တော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူနဲ့ရုပ်ချင်းအရမ်းတူပြီး မွေးနေ့ပါတူနေတဲ့သူတစ်ယောက်မတော်တဆဖြစ်သေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ ထိုသူရဲ့နောက်ကြောင်းရာဇဝင်ကဘာလဲ နယူး‌ယောက်ရဲ့ရုရှားဂိုဏ်းတွေနဲ့ဘယ်လိုပက်သက်မိသွားမလဲ ဘယ်လိုဇာတ်ရှုပ်ဇာတ်ထွေးထဲရောက်ရှိသွားမလဲကို ဇာတ်လမ်းအဖွင့်ကစလို့အက်ရှင်ခန်းမြိုင်မြိုင်နဲ့ခံစားရဦးမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒေါင်းကြည့်ရတာနောင်တမရစေမယ့် မင်းသားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ အက်ရှင်ဇာတ်ကားဟောင်းလေးကိုလည်းကြည့်ရှုခံစားပေးလှည့်ပါဦးခင်ဗျာ။  File size…(1.9 GB) and (1 GB) Quality…Blu-Ray 1080p 5.1CH & 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by San Thu Aung
movie
Maximum Risk (1996)
[18+] Save Me (1994)
[18+] Save Me (1994)  ထူးဆန်းပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ မိန်းမလှလေးတစ်ယောက်နဲ့မိန်းမနဲ့ အဆင်မပြေလို့ ကွဲရတော့မှာမို့လို့ စိတ်ညစ်နေတဲ့ ရုံးကဝန်ထမ်းတစ်ယောက် တွေ့ကြတဲ့အခါ..မိန်းမလှလေးရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ဒုက္ခရောက်နေတဲ့ဘဝကို ဘယ်လို ကယ်တင်ကြမလဲ...ဇာတ်ရှုပ်ကို ဘယ်လိုရှင်းကြမလဲ..မိန်းမလှလေးကရော ဘာလို့ ဒုက္ခရောက်နေတာလဲ ..မင်းသားနဲ့ မင်းသမီးဘယ်လိုငြိကြမလဲ...ဆိုတဲ့မေးခွန်းတွေကို အဖြေရှာကြည့်ကြရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းကို ပီပြင်စေဖို့ အဖော်အချွတ်တွေကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားတာကြောင့်မိသားစုနဲ့အတူကြည့်လို့မရပါဘူး...ကလေးသူငယ်တွေမကြည့်ပါနဲ့...၁၈ နှစ်ပြည့်မှ ကြည့်ကြပါ။  File size…(1.7 GB) and (1 GB) Quality…WEB-DL 1080p & 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Moe Htet  
movie
[18+] Save Me (1994)
From the Dark (2020) 4.4
From the Dark (2020) ရုပ်ရှင် ပိုစတာလေးကြည့်ပြီး သရဲကားလို့ထင်နေပါသလား? မဟုတ်ပါဘူးနော်.. ဆိုက်ကို လူသတ်သမားကားလားဆိုတော့လည်း... အဲ့လိုလည်းပြောလို့မရပြန်ဘူး... ဒါဆို ဘာကားကြီးလဲဆိုတော့.. စိတ်ဒဏ်ရာရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါ.. အဲ့ကောင်လေးက ဘယ်သူဆိုတာ ဇာတ်လမ်းအဆုံးသတ်ကြမှ ပြောပေမယ့် JoJo ကတော့ သိတယ်လေ... ငိငိငိ.. ဇာတ်လမ်းကဘယ်လိုစထားလဲဆိုတော့ လိုဏ်ဂူထဲကို ခရီးစဉ် လိုက်ပို့တာနဲ့စထားပါတယ်။ အဲ့မှာ တံခါးတစ်ချပ်တော့ ပိတ်ထားတယ် ၊ ထုံးစံအတိုင်းမဝင်ရပေါ့ .. ဘာလို့လဲဆိုတော့ အဲ့မှာ ကောင်မလေးတစ်ယောက်က လမ်းပျောက်ဖူးလို့ပါတဲ့ ဒီနေ့ က ဗယ်လာရီ ဆိုတဲ့ တိုးဂိုက်လေးရဲ့ အလုပ်မှာ နောက်ဆုံးရက်... နောက်ဆုံးရက်လေးမှာ  လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါးပါတီပေးရင်း နှုတ်ဆက်ကြတာပေါ့... အဲ့မှာပဲ အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ လိုဏ်ဂူမှာပျောက်ခဲ့တဲ့ ကောင်မလေး အကြောင်းရောက်သွားရော.. တစ်ယောက်ချင်းဆီက သူတို့ကြားဖူးတဲ့ ဇာတ်လမ်းလေးတွေပြန်ပြောကြတယ်။ တချို့ကြတော့ ဂူထဲမှာပဲ ဆုံးသွားတယ်၊ တချို့ကြတော့ အပြင်ပြန်ထွက်လာနိုင်တယ် စုံလို့ပါပဲ.. အဲ့ထဲကတစ်ယောက်ကတော့ တော်တော်လေးကို တိတိကျကျ ဇာတ်လမ်းလေးကို ပြန်ပြောပြနိုင်ခဲ့တယ်...  အဲ့ညမှာ မီးတွေပျက်ပြီး သူတို့အဖွဲ့ဝင်တွေက မတော်တဆမှုတွေနဲ့ ဆုံးပါးသွားကြရင်း ...
movie
From the Dark (2020)
2020
The Guest (2014) 6.7
movie
The Guest (2014)
2014
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] GoldenEye (1995) Golden Eye
HEVC 1080p 5.1
Voice of a Murderer (2007) 6.8
Voice of a Murderer (2007) Voice Of A Murderer ( 2007 )============================== ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါပဲ နိူင်ငံရဲ့ အကောင်း အဆိုးသတင်းတွေကို နေ့စဥ္တင်ဆက်နေတဲ့ အစီအစဥ္ တင်ဆက်သူတစ်ယောက်ဟာ သူ့ရဲ့ သားလေးပြန်ပေးဆွဲခံရတဲ့ သတင်းကို သူကိုယ်တိုင် ပြန်ပြီးတင်ဆက်နေရလိမ့်မယ်လို့ တွေးခဲ့မိပါ့မလား ဟန်ယောင်းဘေဟာ ကျော်ကြားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ပါ သူ့မှာ ဇနီးချောချောလေးတစ်ယောက်နဲ့ ဟန်ဆန်ဝူးလို့ ခေါ်တဲ့ ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိပြီး စံပြနိူင်ငံသားအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ် ဒါပေမဲ့ လောဘသာကောင်း မကောင်းဆိုးဝါးတွေကတော့ လူမရွေးပါဘူး ဆန်ဝူးတစ်ယောက် ညနေခင်းတစ်ခုမှာ တိုက်အောက်မှာရှိတဲ့ ကစားကွင်းလေးမှာ ကစားနေရင်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ် အဲ့ဒီနောက် မှာတော့ ပြန်ပေးသမားက ဆက်သွယ်လာပြီး ဒေါ်လာတစ်သိန်းနဲ့အပေးအယူလုပ်ခဲ့ပါတယ် ပြန်ပေးသမားတို့ ထုံးစံအတို်င်းရဲတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဆန်ဝူးအမေက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ပထမဆုံး အပေးအယူမဖြစ်ခဲ့ပါဘူး ပညာတတ်တွေ မိုက်မဲရင် ကြောက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ ပြန်ပေးသမားရဲ့ ပညာရှိရှိကလိမ်ကကျစ်ဗျူဟာတွေကြောင့် ရဲတပ်ဖွဲ့ပါအကျပ်ရိုက်ခဲ့ရတာပါ ဟန်ယောင်းဘေ ကတော့ သူ့သားလေးကိုပြန်ရဖို့အတွက် အရာရာအားလုံးပေးဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ ပြန်ပေးသမားကတော့ ငွေဆက်ညစ်နေဆဲပါပဲ သဲလွန်စတောင်ရှာမရတဲ့ တရားခံကို ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများကိုင်တွယ်မလဲ ရှင်လျက်သေနေရတဲ့ မိဘနှစ်ယောက်ရဲ့ ပူဆွေးမှုတွေကလည်း အတိုင်းမသိပါပဲ ဒီလို အခက်အခဲတွေနဲ့ လေးဆယ့်လေးရက်တာခရီးမှာ ဆန်ဝူးတစ်ယောက်အိမ်ပြန်လာနူိင်ပါ့မလား သူတို့ မိသားစုလေးပြန်ဆုံစည်းနိူင်ပါ့မလား ရင်တမမ နဲ့ ကြည့်ရမယ့် ...
movie
Voice of a Murderer (2007)
2007
The Client (2011) 6.9
movie
The Client (2011)