Channel Myanmar

Thriller

Good Wife’s Guide to Murder (2023)
Good Wife’s Guide to Murder (2023)  ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။ File size…(644 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre...Drama, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Good Wife’s Guide to Murder (2023)

After.Life (2009)
After.Life (2009) အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်‌တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

After.Life (2009)

Paper Bride ( 2023 ) 5.9
Paper Bride ( 2023 ) မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Paper Bride ( 2023 )

Clinic (2023)
Clinic (2023)  လီဆာက နိုက်ကလပ်တစ်ခုမှာ ဖော်ချွတ်အကမယ်အဖြစ်လုပ်ကိုင်တဲ့ Single mother ပါ။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက တင်ကိတ်ရင်ကိတ်ဖြစ်အောင်ပြုပြင်တာကြောင့် တစ်ညတစ်ည ဧည့်သည်တွေဆီက ဘောက်ဆူးအများကြီးရပေမယ့် ဘာမှမပြုပြင်ထားတဲ့ လီဆာတစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ မကိတ်တဲ့အတွက် တစ်ညတစ်ည တစ်ပဲခြောက်ပြားပဲရပါတယ်။ဒါကြောင့် သားတစ်ယောက်နဲ့ရုန်းကန်နေရတဲ့သူမဟာ သူများတွေလို ဘောက်ဆူးတွေအများကြီးရပြီး ကိတ်ထလာအောင် တင်နှင့်ရင်ခွဲစိတ်ပြုပြင်ဖို့ ကျွမ်းကျင်ဆရာဝန်ဆီသွားခဲ့ပေမယ့် သူမမှာ သွေးမတိတ်တဲ့ရောဂါရှိတာကြောင့် ခွဲစိတ်ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ဆေးခန်းကပြန်အထွက်မှာ ဆေးခန်းက ဧည့်ကြိုကောင်မလေးတစ်ယောက်က ဒီဆေးခန်းထက် ဈေးထက်ဝက်သက်သာပြီး ခွဲစိတ်ပေးနိုင်တဲ့ဆေးခန်းရှိ ကြောင်း၊ စိတ်ပိုင်းဖြတ်ပြီးပါက ဆက်သွယ်ဖို့လိပ်စာကတ်ပေးလိုက်ပါတယ်။မတရားကိတ်ချင်နေတဲ့လီဆာတစ်ယောက် ဒီကောင်မလေးပြောသလို နာမည်လည်းမရှိ ဈေးလည်းသက်သာလွန်းတဲ့ ဆေးခန်းကို သွားလိုက်တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခေါင်းကြီးတို့ပဲ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1 GB)/(478 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Clinic (2023)

Carriers (2009)
Carriers (2009)  ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie

Carriers (2009)

Garudan (2023) 7.5
Garudan (2023) Garudan 2023 အမှန်တရားဘက်တော်သား IMDb 7.5/10အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲ‌တွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ်ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့ သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် ..တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု.. နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲ သူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားက အမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 913MB Quality…1080p WEB DL / ...
movie

Garudan (2023)

2023
Horror in the High Desert (2021) 5.4
Horror in the High Desert (2021) Horror in the High Desert (2021)Documentary အမျိုးအစားကို နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ 2021 ထွက် Horror Documentary တစ်ကားဖြစ်ပါတယ်။ Gary Hinges ဆိုတဲ့ တောင်တက်သမား YouTuber တစ်ယောက် ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်ပုံစံကိုရိုက်ကူးထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအစမှာဆိုရင် ဂယ်ရီ စတင်ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အစပျိုးထားပါတယ်။ဂယ်ရီက နီဗာဒါပြည်နယ်ရဲ့ မြို့သေးသေးလေး ရုသ်မှာ နေထိုင်တဲ့ လူငယ်တောင်တက်သမားတစ်ယောက် ဖြစ်ပြီးတော့ ရထားပုံစံငယ်တွေ လုပ်ရတာနဲ့ တောထဲမှာ စွန့်စားသွားလာပြီး အသက်ရှင်နေထိုင်ရတဲ့ Survivalist ဘဝကို တော်တော်လေး နှစ်သက်ပါတယ်။ သူ့မှာ နာမည်ရင်းနဲ့မဟုတ်ဘဲ ဖွင့်ထားတဲ့ YouTube Channel တစ်ခုရှိပြီးတော့ Survival နဲ့ပတ်သက်တဲ့ Tips တွေကို Video ရိုက်ကာ မျှဝေလေ့ရှိပါတယ်။တစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုကို ထိတ်လန့်ဖွယ်ရာ ကြုံတွေ့လာရပြီးတော့ အဲဒီအကြောင်းကို ...
movie

Horror in the High Desert (2021)

2021
Meet The Evil Spirits ( 2023 ) 5.8
Meet The Evil Spirits ( 2023 ) CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့......အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား...... အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

Meet The Evil Spirits ( 2023 )

The Forbidden Door (2009) 6.6
The Forbidden Door (2009)  IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်....   File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie

The Forbidden Door (2009)

Sometimes They Come Back (1991) 5.7
Sometimes They Come Back (1991) Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Sometimes They Come Back (1991)

1991
Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
REC 2. (2009 ) 7.0

REC 2. (2009 )

REC . 2007 7.4
REC . 2007  အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

REC . 2007

In the Land of Saints and Sinners (2023) 6.4
In the Land of Saints and Sinners (2023) အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။သမိုင်းအကျဉ်းအိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ ...
movie

In the Land of Saints and Sinners (2023)

No Rest for the Wicked (2011) 6.4
No Rest for the Wicked (2011)  ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ...။ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိရရှိခဲ့တဲ့ကားလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီးသုံးလောင်းပြိုင်လူသတ်မိသွားပါတယ်...။စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ...အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက်သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကိုဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်...။ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့....။ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ... File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

No Rest for the Wicked (2011)

Tales Of The Seven Orders ( 2023 ) 5.7
Tales Of The Seven Orders ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကို လူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက် ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီး အသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇ ခုထဲက တစ်ခုကို ရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။ ရွှေတံဆိပ် ၇ ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီး အဲ့အခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲ့အချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား...... လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား...... ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , ...
movie

Tales Of The Seven Orders ( 2023 )

Chithha (2023) 8.6
Chithha (2023) Chithha (2023) "ဖခင်သောက"IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီ စ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါတစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ် ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ် တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား...အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါ ဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ...
movie

Chithha (2023)

2023
Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
Detective Karthik (2023) 6.8
Detective Karthik (2023) Detective Karthik 2023 (စုံထောက်ကြီးကာသစ်)Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb - 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ...တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Detective Karthik (2023)

2023
Mercy Road (2023) 4.1
Mercy Road (2023) Mercy Road (2023) ==============ညအမှောင်ထဲမှာ တွမ်တစ်ယောက် အလောတကြီးကားမောင်းနေတယ်။ တွမ့်အရင်မိန်းမရဲ့အိမ်မှာ တွမ့်သမီးရဲ့ပထွေး(မိန်းမရဲ့နောက်ယောက်ျား) အလောင်းကို ရဲတွေတွေ့တော့ တွမ့်ကိုလိုက်ရှာကြတယ်။ သူ့သမီးလေး ရူဘီလည်း ပျောက်ချင်းမလှပျောက်နေပြီး ‌ရဲတွေက ရူဘီ့ကို တွမ်ခေါ်သွား တယ်လို့ထင်နေကြတယ်။တွမ် ကားမောင်းရင်း ဖုန်းပြောနေတဲ့ လူ(၅)ယောက်ရှိတယ်။ အလုပ်ကဖုန်း ရယ်၊ သူ့အရင်မိန်းမရယ်၊ ရဲစခန်းရယ်၊ သူ့သမီးကို ကူရှာပေးနေတဲ့ သူ့သမီးရဲ့ ကောင်လေးရယ်၊ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ Unknown ဖုန်းတစ်လုံးရယ်။ Unknown ဖုန်းနံပါတ်ရဲ့တစ်ဖက် ပဟေဠိဆန်တဲ့ယောက်ျားက "ခင်ဗျားသမီး အသက်ရှင်စေချင်ရင်..."ဆိုတဲ့ စကားနဲ့ တွမ့်ကို ကြိုးကိုင်ပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.3 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Ngwe Zin Encoder..........SWM
movie

Mercy Road (2023)

2023