Channel Myanmar

Thriller

V/H/S/94 (2021) 6
V/H/S/94 (2021) အရင်ဆုံး ကြိုတင်မှာထားချင်တာက ဒီဇာတ်လမ်းဟာ သွေးထွက်သံယိုတွေ ဆိုးဆိုးဝါးဝါးပါ၀င်တာကြောင့် ကလေးတွေ ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး ပြီးတော့ ဒီကားကို ကြည့်မယ်ဆို ထမင်းသာအရင်ပြေးစားထားလိုက်ပါဗျဒီဇာတ်လမ်းဟာ V.H.S series တွေရဲ့ 4th installment ဖြစ်ပြီး footage anthology horror film ဖြစ်တဲ့အတိုင်း ဇာတ်လမ်းတစ်လျှောက်လုံးကို ဗီဒီယိုတိတ်ခွေ သဏ္ဍာန်နဲ့ အများဆုံးမြင်ရမှာပါဇာတ်လမ်းအကျဉ်းကတော့S.W.A.T အဖွဲ့ဟာ ထူးဆန်းတဲ့ VHS tape တစ်ခုရဲ့ နောက်ကြောင်းကို စူးစမ်းလေ့လာရာကနေ ဆိုးရွားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို ရှာဖွေတွေ့ရှိသွားကြပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ သာမန်လူ့ဘ၀တွေနဲ့ ကွာခြားတဲ့ အခြေအနေတွေ သဘာ၀ကို လွန်ဆန်နေတဲ့ စမ်းသပ်မှုတွေကို ကြောက်ခမန်းလိလိ မြင်တွေ့ရမှာဖြစ်ပါတယ်File Size : (1.8 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:43:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie

V/H/S/94 (2021)

Nizhal(2021) 6.4
Nizhal(2021) Nizhal (2021)-------------ဒီနေ့မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ မင်းသမီးNayantharaရဲ့ Thrillerကလေး တင်ဆက်ပေးလိုက်ပါတယ် Imdb အနေနဲ့လဲ ၆.၄/၁၀ ရှိပြီး user 2.4kထိ votingပေးထားတာမို့ ကြည့်ရှုရကျိုူနပ်မယ်ရုပ်ရှင်ကားလို့ မျှော်လင့်ရပါတယ် အညွှန်း******************** မာလာရာလမ် ရုပ်ရှင်တွေကို ဇာတ်အိမ်ခိုင်မှုကြောင့် သဘောကျမိတာကြာပါပြီ။ ဇာတ်လမ်းက မြူးချင်မှမြူးပေမယ့် သဘာ၀ကျကျ စိတ်၀င်စားဖို့ကောင်းအောင် တကွက်ခြင်း ဆွဲဆောင်တာက မာရာလာရမ် ရုပ်ရှင်တော်တော်များများရဲ့အသက်ပါပဲ။ ဒီရုပ်ရှင်မှာလဲ မတော်တဆမှု့ကြောင့် ပုံမှန်မဟုတ်တဲ့ တရားသူကြီးတစ်ဦးနဲ့ ထူးထူးဆန်းဆန်း လူသတ်မှုတွေကို ချရေးထားတဲ့ကလေးလေးတစ်ယောက်တို့ ဆုံတွေ့ရင်း ဖြစ်လာတဲ့ အံဩဖွယ်ရာတွေကို အစအဆုံး သိချင်စိတ်ဖြစ်လာအောင် ရိုက်ပြရင်းဆွဲခေါ်သွားနိုင်တဲ့ မာရာလာရမ် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်  File size…1.9GB / 1.1GB Quality…1080p HD RIP 5.1CH / 720p Format…Mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK  Translated by Lwin Htoo Aung & Sai ThuRein 
movie

Nizhal(2021)

2021
1080p 5.1 CH
My Boss is a Serial Killer(2021) 7.0
My Boss is a Serial Killer(2021) My Boss is a Serial Killer(2021)အညွှန်း********************************** I Fine..Thank You..Love You နဲ့ အားလုံးရဲ့အသည်းကိုဖမ်းစားနိုင်ခဲ့တဲ့Ice လေးအဓိကပါဝင်ထားသလို ကျန်တဲ့ main cast တွေကလည်းထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်တွေပါပဲ....ရုပ်ပြောင်တွေလုပ်လို့ နာမည်ကြီးပြီး မြန်မာပရိတ်သတ်တွေနဲ့ လူသိများတဲ့ အခွီကောင်တာပါပါသေးတယ်..ဆိုတော့ ဒီဇာတ်လမ်းဟာ တော်တော်ကြီးကို ရယ်ရလိမ့်မယ်ဆိုတာ မှန်းမိလောက်ရောပေါ့...ကုမ္ပဏီတစ်ခုရှိတယ်....ရပ်တည်လာတာလည်းကြာပြီ... အခိုင်အမာသုံးစွဲသုံးစွဲသူတွေကလည်းရှိနေတယ်ဆိုပေမဲ့ပြိုင်ဘက်တွေများလာတာရော မာကတ်တင်းပိုင်းက တခြားသူတွေက သာတာကြောင့်ရောကြောင့်သူတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်ရောင်းအားဟာ တဖြည်းဖြည်းကျဆင်းလာတယ်...ဒါကြောင့်ဘုတ်အဖွဲ့က လူငယ်တွေရဲ့ အားကိုယူပြီး  ဈေးကွက်ကိုအသစ်တစ်ဖန်ဖောက်ဖို့ကြိုးစားလာတယ်...အဲ့ဒီနောက်မှာတော့ ထင်မှတ်မထားတဲ့ပြဿနာအကြီးကြီးတွေဆက်တိုက်ဖြစ်လာပါတော့တယ်.....File Size :(974 MB) and (346MB) Quality : WEB-DL 720p Format…mp4 Duration…01:52:00 Genre : Thriller, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nang Phwe Hom & Niikaato Encoded by Phyo Pyae
movie

My Boss is a Serial Killer(2021)

Paranormal Activity: Next of Kin (2021) 5.4
Paranormal Activity: Next of Kin (2021) Paranormal Activity: Next of Kin (2021)============================ပါရာနော်မယ် ရုပ်ရှင်တွဲတွေကို ဟော်ရာပရိသတ်အတော်များများ သိကြမှာပါ။ဒိုကူမန်ထရီဆန်ဆန် မြင်ကွင်းလေးတွေနဲ့ ကြောက်စရာ မြင်ကွှု်းတွေ သရဲတွေကိုဇာတ်လမ်းကောင်းကောင်းတွေနဲ့ ရိုက်ကူးလေ့ရှိပါတယ်။ဒီရုပ်ရှင်မှာတော့ မာဂေါ့ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို အဓိက ပြသထားတာပဲ ဖြစ်ပါတယ်။မာဂေါ့ဟာ ငယ်ငယ်က သူ့အမေက စွန့်ပစ်တာခံခဲ့ရပြီး မွေးစားမိဘတွေဆီမှာပဲ ကြီးပြင်းလာတာပါ။အသက်ကြီးလာချိန်မှ သူ့အမေ နေခဲ့တဲ့ ထူးဆန်းတဲ့ ရွာလေးကို ရှာတွေ့ခဲ့ပြီး အဲဒီမှာ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ထွက်လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းရွာထဲကိုရောက်ပြီး ထူးထူးဆန်းဆန်းကြောက်စရာတွေနဲ့ ကြုံလာတဲ့အခါ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson, Lai Laii မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 38minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Paranormal Activity: Next of Kin (2021)

2021
Erida(2021) 7.4
Erida(2021)   ဇာတ်တော်ထဲက သူခိုးလင်တော်မိလို့ ချောက်ကမ်းပါးမှာသတ်ခံရတော့မလို ဖြစ်နေတုန်း ဥာဏ်ဆင်ပြီး သူ့ယောကျာ်းကို ချောက်ထဲတွန်းချလိုက်တဲ့ မိန်းမရဲ့ ပုံပြင်ကို ကြားဖူးကြလား မိန်းမတွေရဲ့ တင်္ခနုပ္ပတ္တိဉာဏ်ကို တစ်စက်မှလျှော့မတွက်သင့်ဘူးဆိုတာ ဒီဇာတ်ကားထဲက Erida က သက်သေပြပေးမှာပါ အကျဉ်းအကျပ်နဲ့ကြုံလာရင် ဘယ်လိုဉာဏ်နီဉာဏ်နက် ဉာဏ်ကလက်တွေသုံးပြီး မိန်းမတွေ​ဖြေရှင်းကြလဲဆိုတာ ကြည့်ရှုကြရမှာပါ.. ဇာတ်ကွက်သိနေရင် အရသာပျက်မှာစိုးလို့ ဆရာချစ်ဦးညိုရဲ့ စာသားနဲ့ပဲညွှန်းပါရစေ မိနိးမဆိုတာ တစ်ခါပစ်ရင်အဆိပ်လူး မြားငါးချောင်းနဲ့ပစ်နိုင်တဲ့ လေးသမားတွေပဲ အဆင်း.အသံ အနံ့ အထိအတွေ့ အရသာဆိုတဲ့ အဆိပ်လူးမြားငါးချောင်းပေါ့ ဒီဇာတ်ကားထဲမှာ အန်နူ ဆိုတဲ့ ငယ်ငယ်ချောချော မိန်းမလေးဟာ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ အသက် 60အရွယ်အဖိုးကြီးကို အကြောင်းအမျိုးမျိုးကြောင့် အများအမြင်မှာ ယူခဲ့ရပါတဲ့အချိန်မှာ ငွေကြေးရှိရင် အရာရာပြည့်စုံမှုရှိနိုင်ပါ့မလား။ ဖြစ်လာတဲ့အခြေအနေတွေကို ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းရင်းနဲ့ အပေါ်ကညွှန်းဆိုခဲ့တဲ့ မိန်းမမာယာ မြှားငါးချောင်းကို ဘယ်လိုအသုံးချ​​မြလဲဆိုတာ ဆက်လက်ရှု့စားကြရတာပေါ့ဗျာFile size…1.93GB / 1.18GB Quality....1080p True Web Dl DD+ / 720p  Format…Mp4 Duration….2h 4mins Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie

Erida(2021)

2021
(18+) House Tour (2021) 6.5
(18+) House Tour (2021)       House Tour (2021) ဒီနေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်။ အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ။ ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ် .. ဘယ်ကိုဖြင့်ခရီးသွားနေတယ် .. စတာတွေဟာ လိုသူတွေအတွက်တော့ အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့ .. မကောင်းကြံဖို့ .. စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ .. “House Tour” .. အထူးသဖြင့်နာမည်ကြီး celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့ ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။ လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ ...
movie

(18+) House Tour (2021)

2021
Cinderella (2021) Tamil 8.3
Cinderella (2021) Tamil ဒီနေ့ပဲထွက်ရှိလာတဲ့ IMDb 8.3 ရထားတဲ့ တမီးလ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Fantasy/ Thriller/Horror အမျိုးအစားဖြစ်ပြီး ဘောလိဝုဒ်ရုပ်ရှင်လောကနဲ့အပြိုင်ရိုက်ပြနိုင်တဲ့ တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဆိုပါတော့ဗျာ။ဇာတ်ကားနာမည်လေးက Cinderella ဆိုပေမဲ့လို့ ဟောလိဝုဒ် Cinderella ကားနဲ့မတူတဲ့အမျိုးအစားအနေနဲ့ရိုက်ထားသလို ဇာတ်လမ်းကျောရိုးလည်းလုံးဝမတူပါဘူး ။ တကယ်ဆို ကျွန်တော်တို့ဟာ စင်ဒရဲလားတို့ စနှိုးဝိုက်တို့နဲ့ပက်သက်ရင် အရမ်း fairy tales ဆန်ချင်ခဲ့ကြလို့ fairy tales တွေနဲ့ပဲညားခဲ့ရတယ်မလား။ တကယ့် စင်ဒရဲလား၊ စနိုးဝိုက်ဇာတ်လမ်းတွေဟာ တကယ့်အပြင်လောကမှာ ကျွန်တော်တို့သိတဲ့ဇာတ်လမ်းလေးတွေထဲကလိုဟုတ်နိုင်ပါ့မလားပေါ့လေ။တကယ့်ကမ္ဘာ့လောကကြီးဟာ တွေးကြည့်ရင်တွေးကြည့်သလောက် အရမ်းရက်စက်ကြမ်းကြိုက်တယ်မလား။ ဒီတော့ ဒီတမီးလ်စင်ဒရဲကားလေးကို ဘာလို့စင်ဒရဲလားလို့နာမည်ပေးထားတယ်၊ ဘယ်လိုဇာတ်လမ်းမျိုးဇာတ်ကွက်မျိုးတွေပါတယ်ကတော့ ဒီဇာတ်ကားလေးထဲမှာရှုစားရင်အကောင်းဆုံးမို့ သိပ်မညွှန်းနေတော့ပါဘူး။ ဒီဇာတ်ကားရဲ့စင်ဒရဲလားလို့တင်စားရမယ့် ဇာတ်လိုက်တမီးလ်မင်းသမီးလေးဟာ တကယ့်စင်ဒရဲလားဆိုတဲ့နာမည်နဲ့လိုက်ဖက်သလို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ရိုက်ထားတယ်ဆိုတာတော့လုံးဝအာမခံပါတယ်ခင်ဗျာ။ဒီတော့တစ်ချို့ဘောလိဝုဒ်ကားကောင်းတွေနဲ့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်စင်ဒရဲလားကားလေးကိုလည်း ရှုစားရင်ခုန်ပေးလှည့်ပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung & Sai Thu Rein Lynn မှ တင်ဆက်ထားတာပါ။) File size…(1.9 ...
movie

Cinderella (2021) Tamil

HEVC 1080p
Dark Skies (2013) 6.3
Dark Skies (2013) Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie

Dark Skies (2013)

2013
Blu-Ray 1080p 5.1 CH
L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008
1080p Bluray 5.1CH
Death Note: The Last Name (2006) 7.2
Death Note: The Last Name (2006) Death Note: The Last Name (2006) -------------------------------Death Note 2006ရုပ်ရှင် ထွက်ပြီးနောက်ဆက်ထွက်လာတဲ့ ရုပ်ရှင်ကားတခုပဲဖြစ််ပါတယ်....ဒီရုပ်ရှင်မှာတော့ ဇာတ်ရှိန်ဟာ ပိုမိုတက်လာပြီးနောက်ထပ် သေမင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့လူသားတစ်ယောက်ထပ်တိုးလာမှာပါ...ဇာတ်လမ်းအကျဉ်း ------------လူတွေအားလုံးဟာ တနေ့မှာသေကြရမှာပါပဲ...ဒိတော့သေမင်းကို ကြောက်ရတာပေါ့..ဒါပေမယ့် သေမင်းနဲ့သာမိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင်ရော...အာဆာနဲမီဆာက သေနေ့စေ့ပြီဖြစ်တဲ့မိန်းကလေးတစ်ယောက်.သူက စိတ္တဇလူသတ်သမားရဲ့လက်မှာ သေရမှာဖြစ်ပေမယ့်ကံကြမ္မာအလှည့်ပြောင်းနဲ့မသေရတော့ပဲ သေမင်းနဲ့မိတ်ဆွေဖြစ်ပြီးသေမင်းတမန်စာအုပ်ကိုပါပိုင်ဆိုင်ခွင့်ရလာတဲ့အခါ...သူမရဲ့ခံယူချက်ကလဲ ကီရာလိုပါပဲလောကကြီးကို ဥပဒေဘောင်ပြင်ကနေတရားစီရင်ချင်လာတဲ့အခါ...မီဆာကလဲ ညဏ်နီညဏ်နက်များပြီးကီရာနဲ့ဆုံတွေ့ရတဲ့အခါ စုံထောက်Lတစ်ယောက်ဘယ်လိုဘယ်ခြေနေထိ ခေါင်းသုံးဖြေရှင်းရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားကြပါခင်ဗျာ  File size…2.2GB / 1.28GB Quality…1080p Blu Ray Remux DTS 5.1 Ch and 720p Format…Mp4 Duration….2h 21min Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Aung Tay Za
movie

Death Note: The Last Name (2006)

2006
1080p Bluray 5.1CH
Death Note (2006) 7.6
Death Note (2006) Death Note 2006 -----------------------2006ခုနှစ်က ထွက်ခဲ့တဲ့ Animationကို adaption ပြန်လုပ်ပြီးရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ လူငယ်တွေကြားအတော်လေးရေပန်းစားခဲ့ပြီး ဆု၄ဆုနဲ့ စကာတင်ဆုတချို့လဲရခဲ့ပါတယ်.Ratingပိုင်းမှာလဲ ပြောစရာမရှိအောင်ကောင်းတာကြောင့်ကျွန်တော်တို့ Channel MyanmarကနေQuality အကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်.ဇာတ်လမ်းအညွန်း -------------------တိုကျိုရဲ့သာမန်မနက်ခင်းတခုရဲ့ သတင်းစာမှာ ရာဇဝတတ်သားတွေရဲ့နာရေးသတင်းတွေ တန်းစီတက်နေတာကြောင့်် ပြည်သူလူထုတချို့ရဲ့အံ့ဩတုန့်လှုပ်မှုက အတော်လေးမြင့်တက်နေပါတယ်. သေဆုံးပုံကလဲတပုံစံတည်းဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေကြပါတယ်..သူတို့ရဲ့သေဆုံးပုံကတော့ နှလုံးရပ်ပြီး ရုတ်တရက်ပဟေဌိဆန်ဆန်သေဆုံးကြတာပါပဲ. လူသတ်မှုနဲ့အကျဉ်းကျနေသူတွေ မုဒိန်းကောင်တွေလာဘ်လာဘ်ယူလုပ်ခဲ့တဲ့ ဝန်ကြီးတွေ ခရိုနီတွေနဲ့သူတို့ရဲထင်တိုင်းကြဲနေတဲ့သားသမီးတွေပါ သေဆုံးနေတာကြောင့်် တချို့သောလူတွေကလဲ ဒါကမှတရားမျှတမှု တချို့လူတွေကတော့ ဒါက အစွန်းရောက်မှုဆိုတဲ့ငြင်းခုန်မှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်. ဒါတွေက သမားရိုးကျတိုက်ဆိုင်မှုလေလား လူတစ်ဦးတစ်ယောက်ရဲ့ ပယောဂလားဆိုတာကိုတော့ဇာတ်အိမ်ခိုင်ခိုင်အပေါ် သရုပ်ဆောင်တွေရဲ့လေးနက်တဲ့သရုပ်ဆောင်မှုနဲ့ကြည့်ရှုခံစားသွားရမှာပါ…..File size…1.98GB / 1.15GB Quality…1080p Blu Ray Remux DTS 5.1CH Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung TayZa
movie

Death Note (2006)

2006Shûsuke Kaneko
1080p Bluray 5.1CH
Flight(2021) 8.0
Flight(2021) Flight(2021) အညွှန်း********************IMDb...8.0 ရန်ဗီးမနိုးသရားဟာ အိန္ဒိယရဲ့ နာမည်ကျော်လေယာဉ်တည်ဆောက်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Adityaraj Aviations ရဲ့ MD တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုတစ်ခုကြောင့်ကုမ္ပဏီဟာ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှုတွေကြုံနေရချိန်ဖြစ်ပါတယ်။ဒီကိစ္စကို သူကိုယ်တိုင်စုံစမ်းမိချိန်မှာ ဈေးပေါပေါနဲ့တင်သွင်းထားတဲ့အစိတ်အပိုင်းတွေကြောင့်ဆိုတာ သိရှိသွားပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက်ကိုယ်ပိုင်လေယာဉ်နဲ့ဒူဘိုင်းကိုထွက်လာခဲ့ပါတယ်။လေယာဉ်ပေါ်ရောက်တဲ့ခဏ အရက်တစ်ခွက်နဲ့အတူမှေးကနဲဖြစ်သွားပြီးသူပြန်နိုးလာတဲ့အချိန်မှာတော့ လေယာဉ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပြီး လေယာဉ်မယ်လေးနှစ်ယောက်သေဆုံးနေတာကိုတွေ့လိုက်ရတဲ့အပြင်၊ပြင်ပကမ္ဘာလောကကြီး တစ်ခုလုံးနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေပြီးတော့ လေယာဉ်ဟာမောင်းသူမရှိပဲပျံသန်းနေတာကို တွေ့လိုက်ရတဲ့အခါ..။ ဒီကိစ္စဟာ လေယာဉ်ပြန်ပေးမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သူ့အပေါ်မလိုမုန်းထားမှုနဲ့အကောက်ကြံခဲ့တာဖြစ်မလား၊သူ့ကိုလုပ်ကြံချင်တာ ဆိုရင်လဲ အပြစ်မဲ့လေယာဉ်မယ်နှစ်ယောက်ကိုသတ်သွားပြီး သူ့ကိုချန်ထားခဲ့တဲ့ ကိစ္စရဲ့နောက်ကွယ်မှာဘယ်လိုအကြောင်းချင်းရာတွေရှိမလဲ၊ စတဲ့ ပဟေဠိတွေများစွာကို အကူအညီမဲ့ တစ်ယောက်တည်းဖြေရှင်းရပါတော့မယ်။Flight ဟာလှည့်ကွက်တွေ အချိုးအကွေ့တွေ စွန့်စားခန်းတွေနဲ့ ရင်မသည်းဖိုကြည့်ရှုရမယ့် action/thiriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Alias ပဲဖြစ်ပါတယ်...    File Size : (2.16GB)(1.04GB) &(303MB) Quality :Web-Dl 1080p ,720p Format…mp4 Duration…01:56:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

Flight(2021)

Homunculus (2021) 5.6
Homunculus (2021) Homunculus (2021) ===============2021 အစောပိုင်းလောက်က Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်...အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ... တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်... အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ...
movie

Homunculus (2021)

2021
Runt (2021) 6.2
Runt (2021)  လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie

Runt (2021)

The Man from Nowhere (2010) 7.8
The Man from Nowhere (2010) IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie

The Man from Nowhere (2010)

HEVC 1080p
Pihu (2016) 6.7
Pihu (2016) Pihu (2016) =========IMDb 6.7 ရရှိထားပြီး မိဘတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ပညာ​ပေးကားလေးတစ်ကားနဲ့ မိတ်ဆက်​ပေးပါရ​စေ....မိဘတိုင်းရဲ့ အဆိုးရွားဆုံး အိမ်မက်ကို ပုံ​ဖော်ရိုက်ကူးထားပြီး ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင် "Pihu" ဖြစ်ရပ်မှန်​ပေါ် အ​ခြေခံထားပြီး အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကား​ကောင်းဖြစ်ပါတယ်...အဓိက ဇာတ်​ဆောင်က​တော့ ၂နှစ်အရွယ် က​လေးငယ် Pihu ပါ ကလေးတွေရဲ့ ထုံးစံအတိုင်း စပ်စပ်ဆော့ဆော့နေရာက ဘေးအန္တရာယ်မျိုးစုံ ကျရောက်ရမယ့်အဖြစ်​တွေ... မိခင်ဖြစ်သူအဆုံးစီရင်သွားတာကို မသိ၊ သေဆုံးခြင်းကို နားမလည်​သေးတဲ့ ကလေးငယ်လေး တိုက်ခန်းထဲမှာ သူတစ်​ယောက်ထဲ ဘယ်လို​နေထိုင်​နေမလဲ...ဒီကားလေးမှာ မိဘဖြစ်သူတွေဟာ အိမ်အတွင်း ကလေးငယ်တွေ ဘေးအန္တရာယ်မကြုံရအောင် ဘယ်လိုတွေ ပြင်ဆင် ကာကွယ်သင့်တယ်ဆိုတာကို သင်ခန်းစာယူနိုင်မယ့်အပြင် မိဘ ၂ ဦးကြားက ပြဿနာ​တွေက အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ဘဝကို ထိခိုက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်...ကလေးငယ်လေးဟာ ဘေးအန္တရာယ်ကြီးကြီးမားမားကြုံတွေ့ရမလား၊ မိခင်ဖြစ်သူဟာ ဘာကြောင့် အဆုံးစီရင်ရတာလဲ၊ ကလေးငယ်လေးရဲ့စူးစမ်းဆင်ခြင်စိတ်တွေဟာ ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲဆိုတာကိုတော့ ...
movie

Pihu (2016)

Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

[James Bond] For Your Eyes Only (1981) 6.7
[James Bond] For Your Eyes Only (1981) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့  ၅ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..ဒီထဲက Bond Girl ပြင်သစ်မင်းသမီး Carole Bouquet ကို‌တော့ စိတ်ထဲအတော်ကြာစွဲနေမိတတ်ပါတယ်...ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.7/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

[James Bond] For Your Eyes Only (1981)