Channel Myanmar

Thriller

Phantoms (1998) 5.4
Phantoms (1998) Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie

Phantoms (1998)

1998
Losing Addison (2022) 5.1
Losing Addison (2022) Losing Addison (2022)ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း ...
movie

Losing Addison (2022)

2022
Fear (1996) 6.2
Fear (1996) Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ် သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါ လာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Fear (1996)

Kiss of Death(1995) 7.0
Kiss of Death(1995) Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie

Kiss of Death(1995)

Eden Lake (2008) 6.7
Eden Lake (2008) Eden Lake (2008)~ IMDb - 6.7/10, Rotten Tomatoes - 80% ~ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ ...
movie

Eden Lake (2008)

2008
Eastern Promises (2007) 7.6
Eastern Promises (2007) Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie

Eastern Promises (2007)

Five Fingers (2006) 6.3
Five Fingers (2006) Five Fingers (2006) ============== IMDb Rating - 6.3/10စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက် ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွား ပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့် လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်း တွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက် ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင် ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ် တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်း အများကြီးပြောပြသွားတာမို့... မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက် အဖြေရှာရအောင်ဗျာ ။ ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.89 GB) / (742 MB) / (415 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Jo ...
movie

Five Fingers (2006)

2006
Get In The Dark ( 2022 ) 6.1
Get In The Dark ( 2022 ) ဖူရွှိန်မြို့တော်မှာ တည်ရှိတဲ့ စက္ကူအရုပ်ဆိုင်လေးတစ်ဆိုင်ဆီကို ဧည့်သည်တစ်ယောက်ရောက်ရှိလို့လာခဲ့ပါတယ်....! သူကတော့ သတင်းတစ်ယောက်ဖြစ်တဲ့ လုရှောင်ရှန်းပါ ။ လာရတဲ့ အကြောင်းအရင်းကတော့ မြို့တော်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာတစ်ခုကြောင့်ပါ ။ အဲဒီ ထူးဆန်းလှတဲ့ အကြောင်းအရာက ဘာများဖြစ်နေမလဲ...?❏ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ချောင်အိမ်တော်ရဲ့ မမလေးဖြစ်သူ ချောင်ယွမ်ယွမ်ဟာ သေဆုံးခဲ့ရပါတယ်။ ချောင်အိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်သူဟာ ချောင်ယွမ်ယွမ်ကို သဂြိုလ်ဖို့ စက္ကူရုပ်ဆိုင်ပိုင်ရှင် လျိုစန်းကို စက္ကူရုပ်တစ်ရုပ်လုပ် ခိုင်းခဲ့ပါတယ် ။လျိုစန်းဟာ စက္ကူရုပ်အပေါ်ကို မျက်လုံးတပ်ပေးလိုက်တဲ့ အချိန်မှာတော့ ​ချောင်အိမ်တော် သခင်ကြီးကို လက်စားချေဖို့ ကြောက်မက်ဖွယ်ရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ...?❏ သရဲ သစ္ဆေနဲ့ပတ်သတ်လာရင် အယူသီးခြင်းမရှိလှတဲ့ လုရှောင်ရှန်း တစ်ယောက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်း စစ်ဆေးရင်း သူနဲ့ပတ်သတ်ခဲ့သမျှ လူတွေဟာ သေဆုံးပြီးသားလူတွေဖြစ်ကြောင်း သိရှိသွားတဲ့အခါ....?❏ လုရှောင်ရှန်းတစ်ယောက် ဒီအမှုရဲ့ နောက်ကွယ်အမှန်တရားကို ရှာဖွေနိုင်ပါ့မလား ...? ဆိုတာ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမဲ့ Horror ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် ။ အခုပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Get In The Dark ( 2022 )

Twelve Monkeys (1995) 8.0
Twelve Monkeys (1995) [Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie

Twelve Monkeys (1995)

The Menu (2022) 7.5
The Menu (2022) The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie

The Menu (2022)

2022
Aaja Mexico Challiye (2022) 6.8
Aaja Mexico Challiye (2022) Aaja Mexico Challiye (2022)IMDb-6.8/10ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ်ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry
movie

Aaja Mexico Challiye (2022)

2022
The Apology (2022) 5.0
The Apology (2022) သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ်File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie

The Apology (2022)

(18+) X Zone (2020)
(18+) X Zone (2020) X Zone (2020)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော်၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ဇာတ်လမ်းအကျဉ်း...။လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+) X Zone (2020)

2020
Fatal Fandom (2022) 5.5
Fatal Fandom (2022) Fatal Fandom (2022) ================ဧဒင်ချေ့စ်ဟာ နာမည်ကြီး ပေါ့ပ်အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ လူချစ်လူခင်ပေါများသလို သီချင်းဆို လည်း ကောင်းတာမို့ ပရိသတ်တွေကတော့ အရူးအမူးပါပဲ။ ဒီလိုနဲ့ စတူဒီယိုတစ်ခုမှာ သီချင်းဗွီဒီယိုအသစ်အတွက် အသံ သွင်းပြီးအပြန် ကားပါကင်မှာ လူတစ်ယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကို ပြန်ပေးဆွဲဖို့ လုပ်တာနဲ့ ကြုံလိုက်ရပါတယ်။ အဲအချိန်မှာပဲ ဂျက်ဆန်ဆိုတဲ့ လုံခြုံရေးတစ်ယောက်က ဧဒင့် တို့ကို ဝင်ရောက်ပြီး ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ရဲတွေလည်း အဆိုပါလူကို လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် မမိ ခဲ့ပါဘူး။ ဧဒင်ရဲ့ သူငယ်ချင်းတွေလည်း ဧဒင့်အတွက် စိုးရိမ်ပြီး ဧဒင့်ကို အချိန်ပြည့်စောင့်ရှောက်ပေးနိုင်မယ့် လုံခြုံရေးတစ် ယောက်လိုတဲ့အတွက် ဂျက်ဆန့်ကို ငှားလိုက်ပါတယ်။ ဂျက်ဆန် ဟာ ဧဒင့်ရဲ့ ပရိသတ်ဖြစ်တဲ့အတွက် အလုပ်ကိုလက်ခံလိုက်ပါ တယ်။ ဂျက်ဆန်လည်း ဧဒင်နဲ့အတူ အိမ်ကြီးမှာ နှစ်ယောက်တည်း အတူနေရင်း အနီးကပ် လုံခြုံရေးပေးခဲ့ပါတယ်။ အဲနောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်းရင်းနှီးလာခဲ့ပါတယ်။ဒီလိုနဲ့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို ဂျက်ဆန်တစ်ယောက် ဧဒင့်အပေါ် စိတ်ခံစားချက်တွေ ဝင်လာခဲ့ပါ တယ်။ ဧဒင့်ကို ပြန်ပေးဆွဲဖို့ ...
movie

Fatal Fandom (2022)

2022
Mili(2022) 7.4
Mili(2022) Mili (2022)===========Drama, Thriller IMDb 7.6/10 (6.1K)ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲကမင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကိုလက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကိုအစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ်ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်းစားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကိုတစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်းတစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကိုရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာတစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန်အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ...။အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား...။ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။ File Size : (1.6 GB) and (850 MB) Quality : Blu-Ray (1080p 5.1, 720p) Running ...
movie

Mili(2022)

Notes from a Women Salesman (2021) 6.3
Notes from a Women Salesman (2021) Notes from Women Saleman (2021)~ IMDb rating - 6.3/10 ~Drama,Thriller type လေးဖြစ်ပြီး နာမည်ကြီး ဝတ္တုကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားလို့ ကြည့်ရတာ ပျင်းဖို့မ​ကောင်းပဲ တော်​တော်​လေး စိတ်ဝင်စားဖို့​ကောင်းပါတယ်။ဇာတ်​ကောင် Bravo ရဲ့အလုပ်က စော်​လေး​တွေကို စားဘဲကြီး​တွေနဲ့ ချိတ်​ပေးရတဲ့ ဝင်​ငွေများတဲ့ အလုပ်ဆို​ပေမယ့် သူ့အလုပ်အခက်အခဲ​တွေအ​ကြောင်းရယ်၊ Carla ဆိုတဲ့ အမျိုးသမီး နဲ့ တွေ့ဆုံပြီး​နောက် ဘယ်လို​​တွေ ဆက်ဖြစ်လဲ... Bravo ငယ်ဘဝက Trauma တွေကဘာ​တွေလဲ... သူ့ကို လူသတ်မှုမှာ အကွက်ချစီစဥ် ချောက်တွန်းတာ ဘယ်သူ​တွေလဲ ဆိုတာ​တွေကို လှည့်ကွက်​ကောင်း​ကောင်းနဲ့ ရိုက်ပြထားထားတာမို့လို့ တစ်ထိုင်တည်းနဲ့ ကြည့်လို့​ကောင်းမယ့်​ကား​လေးပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 990MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - ...
movie

Notes from a Women Salesman (2021)

2021
Six Characters (2022) 7.7
Six Characters (2022) Six Characters (2022)မင်းသားMario ဖန်တွေ မျှော်နေကြတဲ့ Six Charactersဆိုတဲ့ ရုံကားကြီးဟာ ရုတ်တရက်ဆိုသလို 1080p ကြည်တောက်ရှင်းVersion ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားတဲ့အပြင် ထိုင်းထိပ်တန်း ဒါရိုက်တာကြီး M.L. Pundhevanop Dhewakul ရဲ့ နောက်ဆုံးရိုက်တဲ့ အနုပညာလက်ရာလည်းဖြစ်ပါတယ် ။ကမ်ရွန် အဖြစ် Mario Maurer နမ်ဖ ဒါရနီ အဖြစ် Taew Natapohn သူဌေးမပါရာနီ အဖြစ် Rudklao Amratisha နထီ အဖြစ် Boy Pakorn အမွန်ဖိချရတ် အဖြစ် Aff Taksaorn ဘူဖာ အဖြစ် Jiravich Pongpaijit အမရာ အဖြစ် Pancake Khemanit Jamikorn စူရိယ အဖြစ် Sakrat Ruekthamrongဇာတ်လမ်းအကျဉ်းတစ်နေ့မှာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကမ်ရွန်ဟာ ရိုက်ကူးရေးလုပ်နေရင်း ရုတ်တရက် မီးပြတ်သွားခဲ့တာမို့ ရိုက်ကူးရေး ခဏနားခဲ့ရတယ်အဲဒီချိန်အတွင်းမှာပဲ ဇာတ်ကောင်၆ခုက သူတို့အကြောင်းရေးခဲ့တဲ့ စာရေးဆရာကို ...
movie

Six Characters (2022)

Exorcist: The Beginning(2004) 5.1
Exorcist: The Beginning(2004) Exorcist The beginning (2004)====================Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရား‌ကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာ‌ပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာ‌ကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး..... File size…1.41GB / 779MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 54m Genre ..... Mystery , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Exorcist: The Beginning(2004)

Drishyam 2 (2022) 8.6
Drishyam 2 (2022) Drishyam 2 (2022)IMDb-8.6/10ကဲ တောင်းဆိုနေတဲ့ Drishyam 2 CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါဇာတ်လမ်းအညွှန်းကတော့Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူးလက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး File size…1.92GB / 847MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry
movie

Drishyam 2 (2022)

2022
The Hunting ( 2022 ) 6
The Hunting ( 2022 ) နှစ်ကူးအားလပ်ရက်မှာ ရိုစရာချိုစရာမရှိတဲ့ တစ်ကိုယ်တည်းတောက်ပနေသူလေး တွေအတွက်အသင့်တော်ဆုံး သဲထိတ်ရင်ဖိုကားလေးကို CMမှတင်ဆက်ပေးလိုက်ပါတယ်။ဝက်ဝံအမဲလိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာ ဝက်ဝံခြေရာခံတဲ့လူနှစ်ယောက်ဟာ ကောင်းကင်ကကျလာတဲ့အလင်းတန်းကြီးကိုတွေ့လိုက်ရတယ်။ဥက္ကာခဲကြီးလား ဘာတွေလဲဆိုပြီး သူတို့သွားကြည့်တဲ့အချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ထူးဆန်းသတ္တဝါတွေနဲ့ကြုံတွေ့လိုက်ရတယ်။ လူတွေကဝက်ဝံတွေကိုအမဲလိုက်တဲ့နယ်မြေဟာ လူတွေကိုပြန်ပြီးအမဲလိုက်တဲ့နယ်မြေအဖြစ်ပြောင်းသွားပါတော့တယ်။ ကောင်းကင်ပေါ်ကကျလာတဲ့သတ္တဝါတွေကိုလူတွေဟာ ဘယ်မျိုးများနှိမ်နင်းကြမလဲ..... သားကောင်ဘဝနဲ့ပဲ လူတွေဟာနေသွားရတော့မှာလားဆိုတာကို သဲထိတ်ရင်ဖိုကြည့်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Hunting ( 2022 )