Channel Myanmar

Thriller

Gattaca (1997) 7.8
Gattaca (1997)  သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie

Gattaca (1997)

Girl at the Window (2022) 4.5
Girl at the Window (2022) Girl at the Window (2022)အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို ...
movie

Girl at the Window (2022)

2022
Mindcage (2022) 4.9
Mindcage (2022) Mindcage (2022)Plotကောင်းကောင်းနဲ့ စုံထောက်ကားကောင်းကောင်းတစ်ကားလာပြီ။ဇာတ်လမ်းအကျဉ်း ...ဂျိတ်နဲ့ မေရီဟာ လွန်ခဲ့တဲ့ငါးနှစ်က ဖြစ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုလိုမျိုး ပုံစံတူလိုက်လုပ်ပြီးလူတတ်တဲ့အမှုနဲ့ကြုံရပါတယ်။ အရင်အမှုတုန်းက လူသတ်သမားကိုတော့ ဖမ်းမိထားပြီး သူ့ကိုအနုပညာရှင်လို့ခေါ်ကြတာပါ။ဘာလို့ဆို သူကအမျိုးသမီးတွေကို အဆိပ်ခတ်သတ်ပြီးအလောင်းကို နတ်သမီးတွေလိုတောင်ပံတွေတပ်ပေး တာရှည်ခံအောင်လုပ်ပြီး လူမြင်သာရာမှာ အလှဆင်ထားထားခဲ့လို့ပါတဲ့။အခုအမှုမှာက အနုပညာရင်လုပ်သလိုလိုက်လုပ်တယ်။ ပစ္စည်းတွေကလည်း အတူတူပဲသုံးတာဆိုတော့ အနုပညာရှင်ဆီက သတင်းနှိုက်လို့ရအောင် မေရီသွားမေးရင်း ဘာတွေ ဆက်ဖြစ်ကြမလဲ?ထောင်ထဲက လုံးဝမထွက်ပဲ လူသတ်သွားတဲ့ geniusဆန်ဆန် psychoဆန်ဆန်အပြင် အပမီတာမျိုး religionsဆန်ဆန် ကြိုက်တတ်တဲ့သူဆိုရင် ဇာတ်လမ်းနဲ့အတူ လိုက်စုံစမ်းထောက်လှမ်းလို့ကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size          : 1.8GB, 544MB, 297MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, ...
movie

Mindcage (2022)

2022
Yugi (2022) 7.8
Yugi (2022) Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီး​နေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ​ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie

Yugi (2022)

2022
Aksar (2006) 4.9
Aksar (2006) Aksar (2006)ဒီတစ်ခါတင်ဆက်ပေးမယ့် ကားကောင်းလေးကလည်း လှည့်ကွက်လေးတွေနဲ့ တကယ်ကို ကြည့်လို့ကောင်းတဲ့ ကားလေးပါပဲ..မင်းသားအနေနဲ့ကတော့ မင်းသားချော အင်မရန်းဟက်ရှမီနဲ့ Raaz 2002 ထဲက မင်းသားချောလေး ဒီနိုမောရိယတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့ လူတွေရဲ့ဖြစ်တတ်တဲ့သဘောကို ရိုက်ကူးတင်ဆက်ထားခြင်းပါ။အောင်မြင်ကျော်ကြားတဲ့ ဓါတ်ပုံဆရာလေး ရစ်ကီဆီကို ရာဂျ်ဆိုတဲ့ လူချမ်းသာတစ်ယောက်ရောက်လာပြီး ငါ့မိန်းမ မင်းကိုချစ်လာအောင် စည်းရုံးပေးနိုင်ရင် ငွေ သိန်း ၃၀ ပေးမယ်လို့ ကမ်းလှမ်းလာတယ်။သူ့ရဲ့မိန်းမဖြစ်သူကလည်း နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရှီနားရွိုင်း...။ရှီနားနဲ့ ရစ်ကီတို့က ကတောက်ကဆဖြစ်ခဲ့ဖူးတယ်။ ဒါကို သိနေတဲ့ ရှီနားယောက်ျားက ရစ်ကီကို လာကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ရစ်ကီဆိုတာကလည်း နယ်နယ်ရရ ဓါတ်ပုံဆရာလေးမဟုတ် မော်ဒယ်တော်တော်များများရဲ့ အလှစစ်ကို အိပ်ရာထက်နဲ့ ဓါတ်ပုံပေါ်မှာ ရှာဖွေတဲ့သူတစ်ယောက်ဆိုပါတော့...။ဒီအလုပ်ကို ရစ်ကီလက်ခံခဲ့ပါတယ်...။ခုမေးစရာက ရာဂျ်က ရစ်ကီကို ဘာလို့ ကိုယ့်မိန်းမကိုမှ ချစ်လာအောင် ဖမ်းစားခိုင်းတာလဲ...။ရစ်ကီနဲ့ ရှီနားတို့ကရော ဘယ်လိုအခြေအနေဖြစ်လာမလဲ...။နောက်ဆုံး ဒါရိုက်တာရဲ့ဇာတ်လမ်းလှည့်ကွက်လေးတွေမှာ ဘယ်လိုမျောပါသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ရအောင်နော်...။ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကိုယ့်ဒူးတောင်ကိုယ်မယုံရပါလားဆိုတဲ့ စကားပုံလေးက အမှန်ပါလားလို့ သံဝေဂရမိပါတယ်ဆိုတော့ ရှုစားလို့ရပါပြီနော်...။ File size…1.8GB / 1GB Quality…1080p ...
movie

Aksar (2006)

2006
Greed (2022) 6.9
Greed (2022) Greed (2022)(1080p ရပါပြီ)ဇာတ်ကားနာမည်က Greed တဲ့ .. လောဘပေါ့။ လောဘ​တရားဟာ ဘယ်ဘာသာရေးမှာမဆိုရှိတယ်။ ခရစ်ယာန်မှာလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓဘာသာအလျောက် ပြဌာန်းထားတာတွေရှိတယ်။ လောဘ​အကြောင်းကတော့ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။ဇာတ်လမ်းအကျဉ်း ...တွမ်မီ၊ ကီချီ၊ သာဒုံ ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့၃ယောက်ဆီ ထီလက်မှတ်တစောင်ရောက်လာပြီး သူတို့ ၃ယောက်စလုံးကို ထီလက်မှတ်အသွင်နဲ့ ရောက်လာတဲ့ လောဘတရားက တဖြည်းဖြည်း ဘယ်လို ဝါးမြိုသွားမလဲ ကြည့်ရမှာပါ။ဒီဇာတ်ကားလေးက လူတွေရဲ့ လောဘဇောတွေကို အဓိက Highlight လုပ်ပြထားပြီး အဲ့ဒါကိုပဲ ပေါ်လွင်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။)File Size          : 2.5GB, 987MB, 477MB Quality        ...
movie

Greed (2022)

2022
The Distributors (2022) 6.5
The Distributors (2022) The Distributors (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက ကျောင်းသား နှစ်ယောက်ကို သူတစ်ပါး ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ‌ပုံတွေကို ရိုက်ကူးတဲ့အတွက် ပြစ်ဒဏ်ပေးတာနဲ့ စတင်ထားပါတယ်။အပြစ်ပေးခံရတဲ့ထဲက တစ်ယောက်က ရိုးသားကြိုးစားဖိုးသခွားလေး ... ဆိုလ်းတက္ကသိုလ်ကို သွားမယ့်သူဆိုပြီးတော့ ဆရာတွေ နှုတ်ဖျားမှာ နာမည်ကြီးနေတဲ့ အန်ဂျီဟို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောက်ဖဖြစ်လာမဲ့ အင်ဆောင်းမင်းတို့ဖြစ်တယ်။ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို စိတ်ကူးယဉ်နေသူပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ‌ကောင်းမှုကြောင့် လက်မထပ်ရသေးခင်မှာ ကလပ်မှာသွား ကောင်မလေး နှစ်ယောက်နဲ့ သာယာပြီး မမေ့နိုင်စရာကောင်းတဲ့ ညလေး တစ်ညဖြစ်ခဲ့တယ်။ပျောက်ဆုံးသွားတဲ့ အဲ့ဒီညကမှတ်ဉာဏ်တွေနဲ့အတူ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းဝင်လာတဲ့အခါ ... သာယာတဲ့ အိမ်ထောင်ရေးဘ၀‌လေးကို စိတ်ကူးယဉ်ခဲ့တဲ့ ဒိုယူဘင်း တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။)File ...
movie

The Distributors (2022)

2022
Freeway(1996) 6.8
Freeway(1996) Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Freeway(1996)

Code Name: Tiranga (2022)
Code Name: Tiranga (2022) Code Name: Tiranga ( 2022 )အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်....သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni
movie

Code Name: Tiranga (2022)

2022
Shiri (1999) 6.5
Shiri (1999) Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality….  720p | 480p File size…2GB | ...
movie

Shiri (1999)

1999
[18+] Role Play (2012) 5.6
[18+] Role Play (2012) စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုနဲ့ သဝန်တိုတတ်တဲ့ မိန်းမအကြောင်းကို ရိုက်ကူးပြထားတဲ့ အကောင်းစား ကိုရီးယားဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့... ပါမောက္ခစာရေးဆရာကြီး ဂျောင်ဟို ဟာ စာရေးရင်းနဲ့ စာအုပ်ထဲကအကြောင်းတွေကို အိပ်မက်ဆိုးတွေအဖြစ်မက်နေခဲ့တဲ့ သူတစ်ယောက်ပါ တစ်နေ့ သူ့မိန်းမ အလုပ်လုပ်တဲ့ ကောလိပ်ကို လိုက်သွားရင်းနဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့ရင်း စွဲလန်းမိသွားပါတော့တယ် အဲဒီကျောင်းသူလေးက သူ့အိပ်မက်ထဲမှာ မက်နေတဲ့ ကောင်မလေးဖြစ်နေပြီး ကျောင်းသူလေးကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်အကြီးစားကြီးဖြစ်နေပါတယ်အဲဒီလိုနဲ့ ကျောင်းသူလေးက သူ့အိမ်ကိုလက်မှတ်ထိုးခိုင်းဖို့ ရောက်လာပါရော သူမရှိတဲ့အချိန်ဖြစ်နေလို့ သူ့မိန်းမနဲ့တွေ့သွားတာကနေ သူ့မိန်းမကလည်း မယုံသင်္ကာတွေဖြစ်လာပေါ့ အဲဒီလိုနဲ့ တစ်နေ့ သူ့မိန်းမ ကျောင်းကနေ ခွင့်ယူပြီးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဲဒီကောင်မလေးနဲ့ သူ့ယောကျာ်းရှိနေတာကိုတွေ့သွားတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရော ပါမောက္ခကြီးရဲ့ အလိုကိုလိုက်ရောမှာလား သူ့မိန်းမကရော ဘယ်လိုတွေလက်စားချေချင်နေလဲ သူမက်တဲ့အိပ်မက်ဆိုးတွေကဘာများဖြစ်မလဲ ဇာတ်လမ်းတစ်ခုလုံးက ဝတ္ထုပဲလား တကယ်ဖြစ်နေတာလားဆိုတာကိုတော့ တစ်ယောက်တည်းမကြည့်ဘဲ ၁၈ယောက် တိုင်တိုင်ပင်ပင် အဖြေရှာရင်း ကြည့်ပြီးခံစားလို့ကောင်းမဲ့ ကားကောင်းလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ ...
movie

[18+] Role Play (2012)

Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Under Siege(1992) 7.0
Under Siege(1992) Under Siege(1992)******************မင်းသားကြီး Steven Seagal ရဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ကေဆီရိုင်းဘတ်က မစ်ဆူရီဆိုတဲ့ စစ်သင်္ဘောဟောင်းပေါ်က ခေါင်းဆောင်စားဖိုမှူးဖြစ်ပါတယ်။ တစ်နေ့မှာ သင်္ဘောကပ္ပတိန်ကြီးရဲ့ စပရိုက် မွေးနေ့ပွဲအတွက်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရယ်မိန်းမချောလေးတစ်ဦးရယ် ရောက်လာကြပါတယ်။ဒါပေမဲ့ အဲဒီတီးဝိုင်းအဖွဲ့ရဲ့အကြံအစည်က သင်္ဘောသားတွေ ထင်ထားသလိုမဟုတ်တဲ့အခါသူတို့သင်္ဘောတစ်စီးလုံး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။အဲဒါကို စားဖိုမှူးလို့ပဲသိထားကြတဲ့ ရေတပ် ဆီးလ်အထူးတပ်ဖွဲ့ဝင်ဟောင်းရိုင်းဘတ်က ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာ…  File Size :(3.85GB) (1.05GB) and (504 MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:43:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Under Siege(1992)

Under Siege 2: Dark Territory(1995) 6.9
Under Siege 2: Dark Territory(1995) Under Siege 2: Dark Territory(1995)**********************************မင်းသားကြီး Steven Seagal ရဲ့ Under Siege အက်ရှင်ဇာတ်ကားတွဲရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ရေတပ်အရာရှိဘဝကနေ အနားယူထားတဲ့ကေစီရိုင်းဘတ်ဟာ တူမဖြစ်သူနဲ့အတူ ခရီးအတူထွက်ဖို့ရထားစီးလာခဲ့ကြပါတယ်။ အကြမ်းဖက်သမားအဖွဲ့တစ်ခုက ဖျက်စီးအားပြင်းတဲ့ ဂြိုလ်တုတစ်ခုကိုထိန်းချုပ်ဖို့အတွက် ရထားကိုအနုကြမ်းစီးပြီး ခရီးသည်တွေကိုဓားစာခံအဖြစ် ဖမ်းသွားတဲ့အခါမှာ ကေစီရိုင်းဘတ်အနေနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုတားဆီးသွားမလဲ ဓားစာခံအဖြစ်ဖမ်းခံရတဲ့သူတွေကိုရော ဘယ်လိုကယ်တင်သွားမလဲဆိုတာ...အပစ်အခတ် အတိုက်ခိုက်တွေနဲ့ အက်ရှင်ချစ်ပုရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size :(2.9GB)(966MB) and (340 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:44:00 Genre : Action, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

Under Siege 2: Dark Territory(1995)

Lethal Weapon (1987)
Lethal Weapon (1987) အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှု​ပါပဲ။ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ...
movie

Lethal Weapon (1987)

Lethal Weapon 4(1998) 6.6
Lethal Weapon 4(1998)    Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie

Lethal Weapon 4(1998)

Lethal Weapon 3(1992) 6.7
Lethal Weapon 3(1992) သေစေတတ်သော လက်နက် တတိယပိုင်းမှာတော့ အမြင်မတော်တာမှန်သမျှ ကိုယ့်ကိစ္စဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ပါတတ်တဲ့ ရစ်ဂ်စ်ဟာ ထုံးစံအတိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ စွန့်စားခန်းတွေဖွင့်ရင်း ပြဿနာကြားထဲ ဝင်ရှုပ်မိနေဆဲပါပဲဗျ။ ပင်စင်ယူဖို့အတွက် ၈ ရက်ပဲကျန်တော့တဲ့ ဆာဂျင်မာတော့ဖ်ဟာလည်း ထုံးစံအတိုင်း သူ့ရဲ့တွဲဖက် ရစ်ဂ်စ်ကြောင့် ပဲလှော်ကြား ဆားညှပ်ကာ ပင်စင်ယူခါနီးမှ ပြေးရ၊ လွှားရ၊ ပစ်ရ၊ ခတ်ရ ဖြစ်နေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို ဝင်တားမိရင်းကနေ လက်နက်မှောင်ခိုတွေလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်ပတ်သက်မိပြီး အရှုပ်အရှင်းတွေ ဖြစ်လာပါတော့တယ်ဗျ...။File size…(2.24GB)  / (1.18GB) / (705.29MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan NaingLethal ...
movie

Lethal Weapon 3(1992)

Yashoda(2022) 8.4
Yashoda(2022) Yashoda (2022)IMDb-8.3/10ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB ...
movie

Yashoda(2022)

2022
4K HEVC
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)