Channel Myanmar

Uncategorized

The Story Of The Night Watcher (2022) 6.0
The Story Of The Night Watcher (2022) ယင် နဲ့ ယန်အားပြိုင်မှု... ကောင်းခြင်းဆိုးခြင်းတွေကကျင့်စဉ်တွေအပေါ် သက်ရောက်တာမဟုတ်ဘဲနဲ့ အဲ့ဒီကျင့်စဉ်ကိုကျင့်နေတဲ့လူအပေါ်မှာပဲ မူတည်နေပါတယ်တဲ့.....အေးချမ်းလှတဲ့ ယန့်မြို့လေးမှာ လွန်ခဲ့တဲ့တစ်လအတွင်း လူသေမှုခြောက်မှု နဲ့ လူပျောက်ဆုံးမှုတွေအများကြီးဖြစ်လာခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကို ကြည့်လိုက်တော့လည်း ခြောက်ချက်အကုတ်ခံရတဲ့မြောင်လက်ရာလိုလိုမြင်ရတော့ လူတွေပြောကြတာက ကြောင်မိစ္ဆာတဲ့။ ဒါပေမဲ့အဲ့ဒီဒဏ်ရာတွေက သေစေလောက်တာမျိုးမဟုတ်တာကြောင့် မြို့ပေါ်ကရောက်လာတဲ့လင်စစ်ဆေးရေးမှူးကတော့ အယုံအကြည်မရှိခဲ့ပါဘူး။“ကျွမ်းကျင်ရာ လိမ္မာရာ” ဆိုတဲ့အတိုင်း ယန့်မြို့ကြီးရဲ့ ၆၇ ဆက်မြောက်သရဲဖမ်းသူရဲ့တစ်ဦးတည်းသောတပည့်ဖြစ်တဲ့ ဟူဖန်ကတော့ သူ့လမ်းစဉ်အတိုင်း လူသတ်သမားကိုရှာဖွေဖို့ အစီအရင်တွေလုပ်ခဲ့ပါတယ်။ကိုယ်ယောင်ဖျောက်နေတဲ့ လူသတ်သမားကိုရှာဖွေကြရင်း ယန့်မြို့ကြီးရဲ့အတိတ်ပုံပြင်တွေ၊နာကျည်းစရာတွေ နဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို တွေ့ရှိသွားတဲ့အခါမှာတော့....ဇာတ်လမ်းကပျင်းဖို့မကောင်းတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းပြီးယုတ္တိဆန်တဲ့ရိုက်ချက်တွေကြောင့် အဆင်ပြေတဲ့ကားလေးမို့ ဆက်ကြည့်လိုက်တော့နော်... ။ ။ File size…912MB / 360MB Quality…1080p  Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by JojoVa  
movie

The Story Of The Night Watcher (2022)

2022
A Shot Through the Wall (2021)
A Shot Through the Wall (2021) A Shot Through the Wall တဲ့ မြန်မာလို ပြန်ဆိုရရင်တော့ နံရံကိုဖောက်ထွက်သွားတဲ့ ကျည်ဆံတစ်ချက်ပေါ့ ဒီဇာတ်လမ်းလေးတစ်ပုဒ်လုံးက ဒီကျည်ဆန်တစ်ချက်ကနေပဲ အစပြုခဲ့တာပါ မိုက်ခ်က ဘရွတ်ကလင်းမှာ ရဲအဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ တရုတ်အမျိုးသားလူငယ်တစ်ဦး.. သူတို့တစ်မိသားစုလုံး ဘရွတ်ကလင်းမှာ အခြေချနေထိုင်လာခဲ့တာကြာပြီဖြစ်လို့ မိုက်ခ်ဟာ ကွဲပြားခြားနားနေသူ တစ်ယောက်တော့မဟုတ်ဘူး လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံနိုင်တယ် ဒါ့အပြင် မကြာခင် လက်ထပ်တော့မယ့် သူ့ဇနီးချောလေးကလည်း လူမည်းအမျိုးသမီးလေးတစ်ဦးပေါ့ ဒါပေမယ့် ကံဆိုးမှုတစ်ခုက သူ့ကို စောင့်ကြိုနေတာကိုတော့ မိုက်ခ်တစ်ယောက်မသိရရှာပါဘူး သူ့ရဲ့တွဲဖက်ဖြစ်တဲ့ ရိုင်ယန်နဲ့အတူ တရားခံတစ်ယောက်ကို လိုက်ဖမ်းနေတုန်းမှာ မိုက်ခ်ရဲ့ သေနတ်ထဲက ကျည်ဆန်ဟာ မတော်တဆထွက်သွားခဲ့ပြီး နံရံကိုဖောက်ကာ တိုက်ခန်းထဲက လူမည်း‌ကောင်လေးတစ်ယောက်ကို ထိမှန်လို့ သေဆုံးသွားခဲ့ပါတယ် မတော်တဆဖြစ်ခဲ့တာဆိုပေမယ့် လူမှုပတ်၀န်းကျင်ကြီးတစ်ခုလုံးကတော့ မိုက်ခ်ကို ဒီလိုမမြင်ခဲ့ပါဘူး သာယာနေတဲ့မိုက်ခ်ရဲ့ ဘ၀လေး တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါပြီ လူမျိုး‌ရေးခွဲခြားသူ၊ လူသတ်သမား အစရှိသဖြင့် ခေါင်းစဉ်မျိုးစုံ အတပ်ခံရသလို မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်အတင်ခံရပါတော့တယ် ကောက်ရိုးတစ်မျှင်ပဲရရ ဆွဲထားရတော့မယ့် မိုက်ခ်တစ်ယောက် ...
movie

A Shot Through the Wall (2021)

Bro Daddy (2022) 7.6
Bro Daddy (2022) Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်  File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie

Bro Daddy (2022)

2022
Son of Satyamurthy (2015) 7.1
Son of Satyamurthy (2015) Son Of Satyamurthy (2015)ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်...အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ...ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu  
movie

Son of Satyamurthy (2015)

2015
1080p Bluray 5.1CH
Luzzu (2021) 7.1
Luzzu (2021) Luzzu (2021) မြန်မာစာတန်းထိုး ဇာတ်လမ်းအညွှန်း******************************************* Luzzu ဆိုတာကတော့ မြေထဲပင်လယ်ဒေသမှာရှိတဲ့ မော်လ်တာကျွန်းလေးတွေက ငါးဖမ်းလှေလေး‌တွေကိုခေါ်တာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ ငါးဖမ်းလှေတစ်ခုအရင်းပြုပြီး ဘဝတည်ဆောက်နေရတဲ့ တံငါသည်မိသားစုလေးအကြောင်းကိုရိုက်ပြထားဝာာပါ။ ဇာတ်လမ်းအကျဉ်း ...ဂျက်စ်မာ့ဆိုတဲ့ တံငါသည်လေးဟာ ‌နို့စို့အရွယ် သားလေးတစ်ယောက်ရဲ့ ဖခင် ဖြစ်ပါတယ်။ သူ ပင်လယ်ထဲ ငါးဖမ်းထွက်နေတဲ့အချိန်မှာ ဇနီးဖြစ်သူဟာလည်း စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝင်လုပ်နေရတာကြောင့် ကလေးလေးကိုတော့ အိမ်နီးချင်းအိမ်တစ်ခုမှာ အပ်ထားခဲ့ရပါတယ်။မိဘတွေနဲ့ အတူမနေရတဲ့ နို့စို့ကလေးလေးဟာ အာဟာရလိုအပ်ချက်တွေရှိလာခဲ့ပြီး ကြီးထွားမှု နှေးကွေးတဲ့ ရောဂါတစ်ခု ခံစားလာရပါတယ်။ဒီအချိန်မှာ တံငါသည်နဲ့စားပွဲထိုးတစ်ယောက်ရဲ့ဝင်ငွေဟာ သူတို့ရဲ့ ရင်သွေးလေးကို ကယ်တင်နိုင်စွမ်း မရှိတဲ့အခါမှာ သူတို့ကိုယ်တိုင် မကောင်းတဲ့အလုပ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကိုပါ ဝင်ရောက်လုပ်ကိုင်ပြီး ခက်ခဲစွာရုန်းကန်ရပုံကို ရိုက်ကူးထားဝာာပါ။ IMDb Rating လည်းမြင့်ပြီး ဇာတ်လမ်းအသွားအလာဟာ The Pursuit of Happiness လိုမျိုး ဖခင်တစ်ယောက်ရဲ့ရုန်းကန်ရပုံကို အသားပေးရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ)  File ...
movie

Luzzu (2021)

2021
SBS Drama Awards (2021 )Part 2 8.0
SBS Drama Awards (2021 )Part 2 SBS Drama Awards (2021 )Part 2 အညွှန်း*****************************( Part 1/ 2 ထွက်ရှိတာမို့ Part 2 ပါဒေါင်းကြည့်ကြပါနော်...)SBS ဆုပေးပွဲကြီးပြီးမြောက်လို့သွားပါပြီ...တစ်ချို့လည်း Live ကြည့်ဖို့ အခွင့်အရေးရရှိခဲ့ပေမဲ့တစ်ချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ကြည့်ဖို့အခွင့်အရေးမရခဲ့ပါဘူး....ဆုပေးပွဲတွေကြည့်ရတာ တစ်ချို့မကြည့်ရသေးတဲ့ စီးရီးတွေကြည့်ဖို့ ပိုတွန်းဖြစ်စေခဲ့သလို့ကြည့်ပြီးသားစီးရီးထဲက ဆုတွေရလို့လည်း ရင်ခုန်စိတ်ကြည်နူးရတတ်တာမို့ကွီးယားချစ်မြန်မာပရိတ်သတ်တွေအတွက် မြန်မာစာတန်းထိုးလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်...2021 SBS Drama Awards တွင် ဆုရရှိသူများDaesang (Grand Prize): Kim So Yeon (“The Penthouse”)Director’s Award: Kim Da Mi, Choi Woo Shik (“Our Beloved Summer”)Top Excellence Award for an Actress in a Mini-Series (Fantasy): Kim Yoo Jung ...
movie

SBS Drama Awards (2021 )Part 2

SBS Drama Awards (2021 )Part 1 8.0
SBS Drama Awards (2021 )Part 1 SBS Drama Awards (2021 )Part 1 အညွှန်း*****************************( Part 1/ 2 ထွက်ရှိတာမို့ Part 2 ပါဒေါင်းကြည့်ကြပါနော်...)SBS ဆုပေးပွဲကြီးပြီးမြောက်လို့သွားပါပြီ...တစ်ချို့လည်း Live ကြည့်ဖို့ အခွင့်အရေးရရှိခဲ့ပေမဲ့တစ်ချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ကြည့်ဖို့အခွင့်အရေးမရခဲ့ပါဘူး....ဆုပေးပွဲတွေကြည့်ရတာ တစ်ချို့မကြည့်ရသေးတဲ့ စီးရီးတွေကြည့်ဖို့ ပိုတွန်းဖြစ်စေခဲ့သလို့ကြည့်ပြီးသားစီးရီးထဲက ဆုတွေရလို့လည်း ရင်ခုန်စိတ်ကြည်နူးရတတ်တာမို့ကွီးယားချစ်မြန်မာပရိတ်သတ်တွေအတွက် မြန်မာစာတန်းထိုးလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်...2021 SBS Drama Awards တွင် ဆုရရှိသူများDaesang (Grand Prize): Kim So Yeon (“The Penthouse”)Director’s Award: Kim Da Mi, Choi Woo Shik (“Our Beloved Summer”)Top Excellence Award for an Actress in a Mini-Series (Fantasy): Kim Yoo Jung ...
movie

SBS Drama Awards (2021 )Part 1

Hot Blood (2021) 4.5
Hot Blood (2021) Hot Blood (2021)လူကောင်သေးပေမဲ့ သွေးပူလွယ်ပြီး လူမိုက်လုပ်ချင်တဲ့ ဟွန်း ရယ် ..... စစ်မှုထမ်းတော့မဲ့အတွက် မွေးရပ်မြေကို ခဏပြန်လာတဲ့ ထယ်ယုံး ရယ် ..... လက်ဝှေ့သမားဘဝကနားပြီး ပစ္စည်းပို့အလုပ်လုပ်နေတဲ့ ဆောင်းဝူ ရယ်.... အရက်ဆိုင်ဖွင့်ထားတဲ့ ဆယ်ယွန်း ရယ် ....အထက်တန်းကတည်းက သူငယ်ချင်းလေးယောက် ဆုံတုန်းလေး အရင်လိုပြန်ဆော့မယ်အလုပ်မှာ တကယ့် လူမိုက်ကြီးတွေအကြား ပဲလှော်ကြားဆားညှပ်သွားပါတော့တယ်နောက်ဆုံးတော့ သူတို့တွေထွက်ပြေးမလား ထိပ်တိုက်ပဲရင်ဆိုင်မလားပဲနော်တိုက်တာခိုက်တာကြည့်ရင်းနဲ့ကို ရယ်မောစေမဲ့ ဇာတ်ကားလေးပါပဲဇာတ်လမ်းကောင်းတာမို့ အများကြီး မညွှန်းတော့ပါဘူး ညွှန်းလွန်းရင်လည်း စပွိုင်းထိသွားရင် ပေါ့သွားမှာပါ။ဖိုက်တင်ကားကောင်းကောင်းကို ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ကြည့်လိုက်ပါလို့ ပြောပါရစေ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Comedy Quality….WEB-DL 1080p and 720p File size…1.3Gb, 764MB, 255MB Format…mp4 Duration…. 1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ...
movie

Hot Blood (2021)

Over Again (2019) 5.6
Over Again (2019) Over Again (2019)ဒီတစ်ခါတော့ကျွန်တော့်အမြင်နဲ့ထပ်တူကျတဲ့ Time Travel တရုတ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အချိန်ခရီးသွားတယ်ဆိုတာ ..... အတိတ်အနာဂတ်ကို ခရီးနှင်နိုင်ပေမယ့် အတိတ်ကိုပြောင်းလဲလို့မရနိုင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ..... ငယ်ငယ်ထဲကကျောင်းအတူတူတက်ကြတဲ့ ချောမောပြီး စာတော်တဲ့ကောင်လေးရယ် အဖေကိုအရမ်းကြောက်လူတိုင်းကိုကြောက်တတ်တဲ့ ငကြောက်လေးတစ်ယောက်ရယ် ရဲရင့်ပြီးချစ်စရာကောင်းတဲ့ကောင်မလေးရယ်ဟာ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ‌နေထိုင်ကြရင်း ကျောင်းနှစ်ပတ်လည်နေ့တစ်ရက်မှာ အရာရာပြောင်းလဲသွားအခါ .....အပြောင်းအလဲတွေက ဘယ်လောက်တောင်ကြီးကျယ်မှာလဲ? အချိန်ခရီးသွားခြင်းနဲ့ သူတို့ရဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲမှာပဲခံစားကြည့်လိုက်ပါ။သူငယ်ချင်းသံယောဇဉ် ချစ်ခြင်းတရားနဲ့ အချိန်ခရီးသွားခြင်း Concept လေးတွေထည့်သွင်းပြီး ရသစုံအောင်ရိုက်ကူးထားတာမို့ ကြည့်ရတန်မယ့်ရုပ်ရှင်လေးဖြစ်ပါလိမ့်မယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်။Genre.....Drama Quality….WEB-DL 1080p and 720p File size…1.3GB and 750MB and 369MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung Encoder ..... August
movie

Over Again (2019)

2019
Malila: The Farewell Flower (2017) 6.6
Malila: The Farewell Flower (2017) Malila: The Farewell Flower(2017)IMDb - 6.6/10ဒါကတော့ BL ဆိုပေမယ့် အတွေးတွေနဲ့ ကြည့်ရမယ့် BL ဇာတ်ကားပါပဲ။ရုပ်ရှင်ဆုအနေနဲ့ ၆ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို စစဖွင့်လိုက်တယ်ဆိုရင်ပဲ ကဗျာတစ်ပုဒ်ပါတယ်။" ရနံ့ရယ်ဖြာ နံ့သာဆီဖြန်းပါလို့ လှမ်းကြစို့ ပွဲလယ်ခေါင် ဖက်မြကွမ်းတောင် ဘုရားထံ ဆုပန်မယ် နတ်များဝယ် တိုင်တည်လို့ သည်ချိန်ခါ ပွဲရယ် ပြီးပြန်တော့ ညရေးရယ် မှောင်ရီပျိုးရင်ဖြင့် စွန့်ရေးငယ် ကြုံပြန်တော့တယ် ဖက်ဘဝ ပြန်ကာလှမ်းရတယ် ကွမ်းတောင့်ဘဝလမ်း ....."ဇာတ်လမ်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဖက်စိမ်းကွမ်းတောင် အကြောင်း စပ်ဆိုထားတဲ့ ကဗျာလေးပါ။ဒီကဗျာက ဒီရုပ်ရှင်အတွက် အတော်ရေးပါတဲ့ကဗျာလို့ဆိုရမယ်။နောက်ထပ်မြင်ရမှာက မျက်စိထဲ အတော်လေး ပနံသင့်တဲ့ Cinematography ကို သုံးထာတဲ့ ဇာတ်၀င်ခန်းတစ်ခန်း။လိုက်ဖက်ညီ‌နေတဲ့ ငှက်ပျောဖက်စိမ်းစိမ်းတွေ စံပယ်ပန်းဖြူဖြူတွေနဲ့ ဖက်စိမ်းကွမ်းတောင်လုပ်နေတဲ့ ဇာတ်၀င်ခန်းပေါ့။ဒီ ဖက်စိမ်းကွမ်းတောင်၊ မြစိမ်းကွမ်းတောင်၊ ...
movie

Malila: The Farewell Flower (2017)

2017
Multiverse (2021) 4.1
Multiverse (2021) Multiverse (2021)Time traveller ဇာတ်ကား​တွေ၊ Multiverse theory​တွေဟာ Back to the Future trilogyကစလို့ ဒီဘက်​ခေတ် Interstellar၊ ဂျာမန်စီးရီး Dark၊ Tenetတို့လို ကားမျိုး​တွေက​နေ လက်ရှိ Box office ရဲ့ဆရာတစ်ပါးလို ဖြစ်​နေတဲ့ MCU franchise​ တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသလို ဒီtheory​ရဲ့ နက်ရှိုင်းမှုနဲ့ ဒါရိုက်တာအသီးသီးရဲ့ ပညာစွမ်း​​တွေကြောင့် Time travelကား​ဟေ့၊ multiverseကား​ဟေ့လို့ဆိုတာနဲ့​ ပေါက်တာ များသလို တကယ်လည်း ကြည့်​ကောင်းကြတာ များပါတယ်ဒီဇာတ်ကားဟာလည်း Budgetနိုင်နိုင်သုံးတဲ့ Amazon Primeက ရိုက်ကူးထားတဲ့ Sci-fic ,Dramaပဲဖြစ်ပါတယ်၊ ဇာတ်လမ်းနာမည် အတိုင်းပဲ Multiverse​ themeပေါ်မှာ အ​ခြေခံရိုက်ကူးထားတာပါ​Loretta, Amy, Dannyနဲ့ Jerryတို့ သူငယ်ချင်း​လေး​ယောက်က ကိုယ်လက်ရှိ​နေတဲ့ စကြဝဠာနဲ့ ထပ်တူညီတဲ့စကြဝဠာ​တွေရှိတယ်လို့ တထစ်ချယုံကြည်ထားပြီး အဲဒီကမ္ဘာ​တွေကို ရှာဖို့ဆုံးဖြတ်ထားတဲ့ စိတ်တူကိုယ်တူသူငယ်ချင်း​​​တွေပါ၊သူတို့ရဲ့သီအိုရီမှန်ကန်​ကြောင်း လမ်းစ​တွေ့တဲ့အချိန်မှာပဲ ...
movie

Multiverse (2021)

Last Night in Soho (2021) 7.5
Last Night in Soho (2021) ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time ...
movie

Last Night in Soho (2021)

WEB-DL 1080p 5.1CH
Hideout(2021)
Hideout(2021) Hideout (2021)ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါနယ်ခံအိမ်တစ်အိမ်မှာ မဖြစ်မနေတစ်ညတာတည်းခိုခွင့်တောင်းရတာလိုမျိုးအခြေအနေတွေဖြစ်လာနိုင်တယ်မလား .. အိမ်အကြောင်း၊ အိမ်သားတွေအကြောင်း၊ပတ်ဝန်းကျင်အကြောင်း ဘာမှမသိရတဲ့နေရာမျိုးမှာ တစ်ညတာဖြတ်သန်းဖို့ဆိုတာတော့ တကယ်ပဲ ကျောချမ်းစရာကောင်းတဲ့အဖြစ်မျိုးပါ။“Hideout” ဒီကားလေးမှာတော့ Sarah, Reed, Kyle နဲ့ Rick တို့လေးယောက်က အရက်ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရာကနေအပြန်အလှန်ပစ်ခတ်ကြရင်း Reed တစ်ယောက် သေနတ်ကျည်ဆန်မှန်သွားခဲ့ပါတယ်။ ဓားပြတိုက်ခဲ့တဲ့ရာဇဝတ်သားတွေမို့ဆေးရုံသွားလို့လည်းမရ ဒဏ်ရာကလည်း သွေးတွေထွက်လွန်းနေတော့ အရေးပေါ်တည်းခိုပုန်းအောင်းဖို့အိမ်ရှာရပါတော့တယ်။ဒီလိုနဲ့လမ်းခရီးကအိမ်တစ်အိမ်ကိုတစ်ညတာတည်းခိုခွင့်နဲ့ဆေးကုသခွင့်တောင်းပြီးနေဖြစ်ခဲ့ကြရာကနေ အိမ်ပိုင်ရှင်မြေးအဘွားနှစ်ယောက်ရဲ့ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေ .. အိမ်ကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံဆုံလာခဲ့ရတဲ့အခါမှာ …  File size…1.36GB / 900MB Quality…1080p  / 720p  Format…Mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Lai Laii
movie

Hideout(2021)

2021
The Spirit of Ramayana(2019) 6.4
The Spirit of Ramayana(2019)  The Spirit Of Ramayana (2019)__________________________________ဇာတ်လမ်းအစမှာတော့ ရုပ်ရှင်ကုမ္မဏီတစ်ခုဟာ ဘတ်ဂျက်မလုံလောက်သောကြောင့် ၂နှစ်ကြာ ရပ်နားလိုက်ရတဲ့ နတ်တရာဇာတ်လမ်းလို့ ခေါ်တဲ့ ဆီဒါရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို ပြင်ဆင်နေကြပါတယ်...ဒီဇာတ်လမ်းဟာ ထိုင်းနိုင်ငံရဲ့ အမွေအနှစ်တစ်ခုလည်းဖြစ်သလို လေးစားတန်ဖိုးထားသင့်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် ကုမ္မဏီတော်တော်များများဟာလည်း ဒီပရောဂျက်ကို အများသူငါထက် ပိုသာအောင်ဖန်တီးခဲ့ကြတယ်...ဆိုတော့ ဒီပရောဂျက်ကို တာဝန်ယူထားတဲ့ ခွန်နတ်က ဆီဒါအဖြစ်သရုပ်ဆောင်နိုင်တဲ့သူကို သေချာရွေးချယ်ပြီး အကောင်းဆုံး ဆီဒါဇာတ်ကောင်တစ်ခု ပေါ်ထွက်လာအောင် ကြိုးစားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်....အရွေးချယ်ခံရဖို့ ကြိုးစားနေသူတွေထဲမှာ မင် ဆိုတဲ့ ကောင်မလေး သည်လည်း အရည်အချင်းရှိသူတစ်ယောက်ပါ....ဆီဒါ ဇာတ်ကောင်ကို လုံးဝသရုပ်ဆောင်ခွင့်ရအောင်လို့ အပြင်းအထန်ကြိုးစားနေသူတစ်ယောက်လည်း ဟုတ်ပါတယ်...ဒါပေမယ့်လည်း ပြိုင်ဘက်တွေများတာကြောင့်ရယ် ယုံကြည်မှု အပြည့်အဝ မရှိတာရယ်ကြောင့် သူ အရွေးအချယ်မခံရပါဘူး...ဒါသူ့အတွက် မျှော်လင့်ချက်ကြီး ရိုက်ချိုးခံရသလိုဖြစ်စေခဲ့ပြီး သူ့အစား ဂျီနားဆိုတဲ့ကောင်မလေးက အရွေးချယ်ခံရတာကြောင့်းစိတ်ထဲမှာမနာလိုမှုတွေ အနည်းအများ ရောက်ရှိခဲ့လာခဲ့ပါတော့တယ်....ဒါပေမယ့် ဒီနတ်တရာဇာတ်လမ်းဟာ အားလုံးထင်တဲ့အတိုင်း သာမန်ဇာတ်လမ်းတစ်ခုမဟုတ်နေခဲ့ပါဘူး....နောက်ကွယ်မှာ အားလုံး မထင်မှတ်ထားတဲ့ ကြောက်မက်ဖွက်ရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သေးတယ်လို ဆိုရမှာပေါ့ဒီနတ်တရာဇာတ်လမ်းကို ...
movie

The Spirit of Ramayana(2019)

Fighting For The Motherland 1162 ( 2021 ) 7.1
Fighting For The Motherland 1162 ( 2021 ) အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက်ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကိုလက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါဇာတ်လမ်းအကြောင်းအရာလေးကတော့.... ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာတကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီးနယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြားပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ်တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ်စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာအများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာတကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့်ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော် Quality : WEB-DL 720pFormat : mp4During : 1h 50minGenres : Action , HistorySubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

Fighting For The Motherland 1162 ( 2021 )

Home (2021) 4.8
Home (2021) Home(2021)အိန္ဒိယ Family movie မျှော်နေတဲ့သူတွေအတွက် Sreenath Bhasi ပါဝင်သရုပ်ဆောင်ထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကို ညွှန်းရမယ်ဆိုရင်တော့ 2013 တုန်းက ထွက်ရှိထားတဲ့ Philips and the Monkey Pen ဇာတ်ကား ရဲ့ ဒါရိုက်တာ Rojin Thomas ရဲ့ နောက်ထပ်လက်ရာမွန်တစ်ခုပါကျွန်တော်ကတော့ ဒီကားကိုကြည့်ရင်းကနေ Kapoor and Sons ဆိုတဲ့ဇာတ်ကားနဲ့ကို သွားအမှတ်ရမိတယ်ဗျ Kapoor and Sons ဇာတ်ကားကို ကြိုက်တဲ့သူတွေအဖို့တော့ ဒီကားကိုလည်းနှစ်ခြိုက်မယ်လို့ အာမခံနိုင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီဆိုတဲ့လူက မြို့မှာအလုပ်လုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဗျာ တစ်ရက်တော့ ရုပ်ရှင်အတွက်အေးဆေးအညွှန်းရေးချင်တာနဲ့ နယ်မြို့ကအိမ်လေးဆီပြန်သွားတယ်ခုခေတ်လူငယ်ဆိုတော့ အင်တာနက်ပေါ်မှာပဲ အချိန်ဖြုန်းနေတော့ အိမ်ကမိသားစုဝင်တွေက သဟဇာတမဖြစ်ကြဘူး ဒီလိုနဲ့ပဲ မိသားစုထဲဖြစ်တဲ့အလွဲတွေ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အလွဲတွေနဲ့ကြောင့် အန်တိုနီရဲ့မိသားစုတွေရော သူရော သဟဇာတဖြစ်အောင်ညှိရင်းကနေ နောက်ဆုံးဘယ်လိုတွေဆက်ဖြစ်သွားကြမှာလဲဆိုတာ ရသအစုံနဲ့ ကြည့်ရှူရမှာပါနောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Family ကားဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကြည့်ရှူနိုင်ပါတယ်ခင်ဗျာအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ F&R Gurls ပဲ ဖြစ်ပါတယ်။File size…..2.8GB and 1.7GB and 558MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

Home (2021)

2021
PAW Patrol: The Movie (2021) 6.4
PAW Patrol: The Movie (2021)  Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီ​နေ့ထွက် animation ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, drama​တွေပဲ ဖြစ်​​နေလို့ ငြီး​ငွေ့​နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူး​ပျော်ရွှင်​စေနိုင်မယ့် animation​လေးဖြစ်မှာ ​အ​သေအချာပါပဲ ဇာတ်လမ်းအကျဥ်းက​တော့ Paw Patrol​လေးတို့ရဲ့ ရန်သူ​​​တော်ကြီး Humdingerတစ်​​​ယောက် Adventure Cityဆိုတဲ့မြို့​လေးမှာ မြို့​တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျ​ရောက်​စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူ​တော်ကြီးရဲ့အဖျက်လုပ်ငန်းကို ​အဖွဲ့ခေါင်း​ဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီ​လေးတို့တသိုက် ဘယ်လို​ခေတ်မှီနည်းပညာ​တွေ၊ စက်ပစ္စည်း​တွေနဲ့ ရ​အောင်တားကြမလဲ?အဖွဲ့ဝင်ပါပီ​လေးတစ်​ကောင်ရဲ့ အတိတ်​ဇာတ်ကြောင်းက​နေ ..... အဖွဲ့အ​ပေါ် ဘယ်​လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်​လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာ​ကောင်းတဲ့ ကာတွန်းဇာတ်​ကောင်လေး​တွေနဲ့ ရယ်စရာ၊​ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်​ကား​လေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်​ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ​ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကား​လေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie

PAW Patrol: The Movie (2021)

2021
Stillwater (2021) 6.9
Stillwater (2021) Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie

Stillwater (2021)

2021
1080p 5.1 CH
Master Ji Gong ( 2021 )
Master Ji Gong ( 2021 ) ၂၀၂၁ ရုံတင် animation ဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့ inspiration ရမယ်လို့လည်းထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရော ဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားလိမ့်မယ် Quality : HDRip 720pFormat: ...
movie

Master Ji Gong ( 2021 )