Channel Myanmar

Uncategorized

Mandela: Long Walk To Freedom 2013 (မြန်မာစာတန်းထိုး)
Mandela: Long Walk To Freedom 2013 (မြန်မာစာတန်းထိုး) ရုပ်ရှင်နာမည်ကိုကြည့်ရုံနဲ့ ဘာရုပ်ရှင်အကြောင်းလည်းဆိုတာ အားလုံးသိမှာပါ။Mandela ဟာ ငယ်စဉ်တုန်းက ရှေ့နေတစ်ယောက်အနေနဲ့ဖြတ်သန်းခဲ့ပြီး ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။ ကားလတ်မှတ်တွေဈေးတက်တော့ သူဟာ ဆန္ဒပြတဲ့သူတွေထဲမှာ ပါဝင်ခဲ့ပြီး ထိုမှတစ်ဆင့် တစ်ဖြည်းဖြည်းနဲ့ နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်နဲ့ မိန်းမရှိပြီး မိန်းမကတော့ ထိုကဲ့သို့သူ့လှုပ်ရှားမှုတွေကို သဘောမကျပါဘူး။ ထို့အပြင်ထိုအချိန်တုန်းက အသားအရောင်ခွဲခြားမှုတွေ ကြီးစိုးနေချိန်ဖြစ်ပြီး လူမည်းလူမျိုးတွေဟာ  ရပိုင်ခွင့်တွေအများအပြားဆုံးရှုံးနေသူပါ။ Mandela ဟာ အသားအရောင်ခွဲခြားမှုပပျောက်ဖို့အတွက် ဆန္ဒပြ ဟောပြောစည်းရုံးမှုတွေလုပ်နေပေမယ့် အာဏာပိုင်အစိုးရကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် Mandela တို့ ANC အဖွဲ့အစည်းဟာ အစိုးရရဲ့လုပ်ရပ်ကို ပြန်လည်တုန့်ပြန်ဆန္ဒပြဖို့အတွက် အစိုးရပိုင်အဆောက်အအုံ့တစ်ချို့ကို မီးရှို့ခဲ့ကြပါတယ်။ ထိုကဲ့သို့သူ လှုပ်ရှားမှုတွေလုပ်နေတဲ့ အတောအတွင်း သူ့မိန်းမဟာသူ့ကို ပစ်သွားခဲ့ပါတယ်။ များမကြာမှီ သူဟာ Winnie လို့ခေါ်တဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့ပြီး ထိုအမျိုးသမီးနဲ့ပဲ လက်ထပ်ခဲ့ပါတယ်။အာဏာပိုင်တွေဟာ Mandela တို့အဖွဲကို လိုက်လံဖမ်းဆီးနေတဲ့အတွက် Mandela ...

Mandela: Long Walk To Freedom 2013 (မြန်မာစာတန်းထိုး)

Bewakoofiyaan (2014) မြန်မာစာတန်းထိုး
Bewakoofiyaan (2014) မြန်မာစာတန်းထိုး Director: Nupur Asthana ရိုက်ကူးတင်ဆက်ထားပြီးMarch 13, 2014 တွင် ရုံတင်ပြသခဲ့တဲ့ India အချစ် ဟာသ ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်ဇတ်လမ်း ပုံစံ ကတော့..ချစ်ကြိုက်နေတာ နှစ်နဲ့ ချီနေပြီဖြစ်တဲ့ ချစ်သူ မာရီယာ ကို လက်ထပ်ယူဖို့ရာထူးတိုး စာမေးပွဲတွေဖြေ လစာအမြင့်ရအောင် ကြိုးစားရင်း အလုပ်ဖြုတ်တဲ့အထဲပါသွားတဲ့ မိုဟစ်...ချစ်သူ အတွက် အောက်ကြို့ပြီး အစိုးရအုပ်ချုပ်ရေးအဖွဲ့ဝင် အငြိမ်းစားယူထားတဲ့ယောက်ခမကြီး လိုအပ်တာ မှန်သမျှ လိုက်လုပ်ပေးနေရတဲ့ မိုဟစ်...ပိုက်ဆံ မက်တဲ့ ယောက်ခမကြီး ကြောင့် ချစ်သူနဲ့ မဝေးဖို့ အလုပ်ပြန်ရအောင်အင်တာဗျူးတွေ လိုက်ဖြေရ အလုပ်ရှိသယောင်ဆောင်ပြီး နှစ်ဖက်ခွ ပင်ပန်းနေတဲ့မိုဟစ်...ချစ်သူ က ပိုက်ဆံ မရှိပေမယ့် ချစ်လွန်းလို့ မိမိ ရတဲ့ လစာတွေနဲ့ ချစ်သူကို ပံ့ပို့ပေးနေတဲ့မိန်းမချောလေး မာရီယာ...နောက်ဆုံး ပိုက်ဆံကြောင့် စကားများပြီး တကယ်ချစ်ရဲ့သားနဲ့ လမ်းခွဲလိုက်ရတဲ့မိုဟစ် နဲ့ မာရီယာ ...

Bewakoofiyaan (2014) မြန်မာစာတန်းထိုး

Bachchan (2013) မြန်မာစာတန်းထိုး
Bachchan (2013) မြန်မာစာတန်းထိုး Director: Shashank ရိုက်ကူးတင်ဆက်ထားပြီးApril 11, 2013 တွင် ရုံတင်ပြသခဲ့သော India Action အမျိုးအစား ဇတ်ကားဖြစ်ပါတယ်...ဇတ်လမ်းပုံစံလေးကတော့ ဘချမ်း လို့ ခေါ်တဲ့ လူငယ်လေးဟာ အိမ်ခြံမြေ အကျိုးဆောင်ဖြစ်ပြီးဒေါသဖြစ်လွယ်ပြီး ရိုးသားဖြောင့်မတ်သူ မတရားဖြစ်လျင် မှန်သည့်ဘက်မှ ရပ်တည်ပေးသူဖြစ်ပါတယ်ဘချမ်းမှာ အလွန်အင်မတန် ချစ်ရတဲ့ မိန်းကလေး ရှိပြီး အကျိုးဆောင်လုပ်ငန်းမှာ ဘချမ်း ရဲ့လက်ထောက်အဖြစ်တာဝန်ယူဆောင်ရွတ်လျက်ရှိပါတယ်...တစ်ရက်မှာ ဘချမ်း ဟာ အမှုသည်တစ်ယောက်အတွက် ရဲသွားတိုင်ရာရဲမှူး မှ ဗေဒင် နှင့် ယတြာများ ရူးကြောင်ကြောင် ပြောဆိုလျက် ဘချမ်း အား စိတ်အနှောက်အယှက်များစွာပေးပြီး အလွန်လောဘ ကြီးသောကြောင့် ရာဇ၀တ်မှုများကို ပြုလုပ်မည့်သူဟုပြောဆိုလွှတ်လိုက်ပါတယ် ....ဒေါသကြောင့် ကားမှန်ခွဲပြီး လက်ရှသွားလို့ ဆေးရုံသွားပြသောအခါ ဆေးရုံအုပ်မှ ဘချမ်းအားသကြား နဲ့ အချို မစားရန် တားဖြစ်ထားပြီး စားပါက ဒုစရိုက်မှုများ ဖြစ်လာမည်ဟု ရဲက ပြောသည့်အတိုင်း ...
movie

Bachchan (2013) မြန်မာစာတန်းထိုး

Once Upon a Warrior (မြန်မာစာတန်းထိုး)
Once Upon a Warrior (မြန်မာစာတန်းထိုး) Director: Prakash Kovelamudi ရိုက်ကူးတင်ဆက်ထားပြီးJanuary 21, 2011 (USA) မှာ ရုံတင်ခဲ့တဲ့ India မှော် ရုပ်ရှင်ဇတ်ကားဖြစ်ပါတယ်..ဇတ်လမ်းပုံစံကတော့ စွမ်းအားအကြီးမားဆုံး မြွေစုန်းမ တစ်ကောင်ဟာ ကမ္ဘာပေါ်မှာပေါ်လာပြီးမျက်လုံးနက်ဖြင့် ပြုစားကာ သူမ ခိုင်းစေလို့ရသော လက်အောက်ငယ်သားများအဖြစ်ပြောင်းလဲခဲ့ပါတယ်...ရွာတိုင်း မြို့တိုင်းကို ဖြတ်ဆီးသတ်ဖြတ်ပြီး လူတွေကို ဖမ်းဆီးကာ ခိုင်းကောင်းတဲ့သူတွေကိုပြုစားထားပြီး ခိုင်းမရတဲ့သူတွေကိုတော့ မီးရှို့သတ်ဖြတ်ပြီးမီးမြွေကို ယစ်ပူဇော် တက်ပါတယ်...ထို့အပြင် ဘာသာရေး အားနည်းသော ရွာများတွင် မြန်မာပြည်အတွင်း ပုဂံခေတ်ကနေရာယူခဲ့သော အရည်းကြီး ကဲ့သို့ ဘုန်းကြီး အတုများက ပွဲခံ လိမ်လည်ခါမျက်ရည်စက် အဖွဲ့ဆိုပြီး အဆောင်တွေရောင်း ဆေးမန်းတွေရောင်း နှင့်ပြည်သူတွေကို အပူပေါ် အပူဆင့် ဒုက္ခပေးလျက် ရှိပါတော့တယ်...တစ်ခါမှာတော့ အဂါသာ ဆိုတဲ့ ရွာလေးကို ဘုန်းကြီးတုတွေက စောင့်ရှောက်တယ်လို့လိမ်လည်ညာစားနေသော်လဲ မြွေစုန်းမ ၏ အဆိပ်များ ရွာသို့ ပြန့်နှံ့ကာ ကလေးတွေအားလုံးအိပ်ပျော်သွားတဲ့ အခါမှာ ...

Once Upon a Warrior (မြန်မာစာတန်းထိုး)

Vampire Academy: Blood Sisters(မြန်မာစာတန်းထိုး)
Vampire Academy: Blood Sisters(မြန်မာစာတန်းထိုး)   သွေးစုပ်ပြီး အသက်ရှင်ရတဲ့ Vampire လောကမှာ Vampire အမျိုးအစား ၃ မျိုးရှိနေပါတယ်။ Moroi လို့ခေါ်တဲ့ ငြိမ်းချမ်းတဲ့ တော်ဝင် Vampire တွေဟာ သွေးလှူတဲ့သူတွေဆီကနေပဲ လက်ခံစားသောက်ပါတယ်။ Dhampire ဆိုတဲ့ လူတစ်ပိုင်း Vampire တစ်ပိုင်း မျိုးနွယ်တွေကတော့ နေရောင်ထဲလည်း ထွက်သောင်းကျန်းလို့ရပြီး သွေးမစုပ်ကြပဲ လူတွေလိုပဲ စားသောက်ကြပါတယ်။ Strigoi လို့ခေါ်တဲ့ စိတ်ရိုင်းဝင်တဲ့ အကောင်တွေကတော့ သွေးစုပ်ဖို့ ၀န်မလေးကြပါဘူး။Rose လို့ အလွယ်ခေါ်ကြတဲ့ Rosemarie Hathaway နဲ့ Lissa လို့ အလွယ်ခေါ်ကြတဲ့ Vasilisa Dragomir တို့ဟာ Vampire အကယ်ဒမီကနေ ထွက်ပြေးပြီး လူ့လောကမှာ ကျင်လည်နေကြသူတွေပါ။ Lissa ဟာ Moroi မျိုးနွယ် တစ်ဦးဖြစ်ပြီး ရဲ့ မိဘတွေနဲ့ အစ်ကိုဟာ ယာဉ်တိုက်မှုတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ ...

Vampire Academy: Blood Sisters(မြန်မာစာတန်းထိုး)

Ragini MMS 2 (မြန်မာစာတန်းထိုး) 18+
Ragini MMS 2 (မြန်မာစာတန်းထိုး) 18+ Director: Bhushan Patel ရိုက်ကူးတင်ဆက်ထားပြီးMarch 21, 2014 မှာ ရုံတင်ခဲ့တဲ့ India ထိတ်လန့်သည်းဖို သရဲရုပ်ရှင်ဖြစ်ပါတယ်...ဇတ်လမ်း ပုံစံကတော့ အိမ်အိုအိမ်ဟောင်းတစ်ခုထဲတွင် တစ်မူထူးခြားစွာလိင်ဆက်ဆံရန် အတွက် စုံတွဲ တစ်တွဲရောက်ရှိခဲ့ပြီး လိင်ဆက်ဆံနေစဉ်အတွင်းအမျိုးသားမှာ အမျိုးသမီး၏ သတ်ဖြတ်ချင်းကို ခံလိုက်ရပြီးအမျိုးသမီးကတော့ အရူးထောင်သို့ ရောက်ရှိသွားပါတယ်ထိုအဖြစ်အပျက်ကို ရုပ်ရှင်ရိုက်ကူးရန်အတွက် ဒါရိုက်တာ တစ်ဦးမှ ရွေးချယ်ခဲ့ပြီး ဇတ်ညွှန်းတစ်ခု ရေးစေကာ မူလအဖြစ်အပျက်နှင့်တူညီစေရန်ဒါရိုက်တာသည် အကောင်းဆုံး သရုပ်ဆောင်များကို ရွေးချယ်ပြီးရုပ်ရှင်အဖွဲ့အားလုံးသည် ထိုသေဆုံးမှု ဖြစ်ခဲ့သည့် အိမ်ကြီးသို့ ရောက်ရှိသွားကြရာမှတစ်ဦးပြီး တစ်ဦး သေဆုံးခဲ့သော အဖြစ်အပျက် ဖြစ်လာခဲ့ရာ....ရုပ်ရှင်တစ်ခုလုံးသည် လျို့ဝှတ်ချက်သဖွယ် တစ်ခုမှန်းဆထားရာမှတစ်ခြားတစ်ခုသို့ ဆက်လက်ဦးတည်သွားသဖြင့် ကြည့်ရှုသူအရသာ မပျက်စေရန်ချန်လှစ်ထားခဲ့ပါသည်။အထက်ပါ ရုပ်ရှင်ကားသည် လိင်ပိုင်းဆိုင်ရာ အခန်းပေါင်းမြောက်များစွာပါသဖြင့်မိသားစု နှင့် အတူကြည့်ရှုရန် မသင့်တော်သော ရုပ်ရှင်ကားအဖြစ်သတိပေးလိုပါတယ်....Download Link==============Download600 MB(Thit San Khant)==============www.facebook.com/thitsankhant2အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button ...

Ragini MMS 2 (မြန်မာစာတန်းထိုး) 18+

Hachi : A Dog's Tale (2009) မြန်မာစာတန်းထိုး
Hachi : A Dog's Tale (2009) မြန်မာစာတန်းထိုး Review မပေးခင်မေးချင်တာလေးတစ်ခုရှိပါတယ်..သင် အိမ်မွေးတိရစ္ဆာန်လေးတွေကိုချစ်တတ်ပါသလား ဒါဆိုရင် ဘယ် တိရစ္ဆာန်ကိုအချစ်ဆုံးလဲ ? ဒီဇာတ်လမ်းလေးကတော့ 2009 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Lasse Hallström ကရိုက်ကူးတင်ဆက်ထားပြီးတော့  ပြသချိန်ကတော့တစ်နာရီ နဲ့ သုံးဆယ့်သုံးမိနစ်ရှိပါတယ်တကယ့်အဖြစ်အပျက်တစ်ခုကို ပြန်လည်ဇာတ်လမ်းဆင်ရိုက်ထားတင်ဆက်ထားခြင်းဖြစ်ပြီးIMDb Rating က 8.2 အထိရရှိထားပါတယ်...ဇာတ်လမ်းကာဗာမှာပေးထားတာကတော့This Film Will Touch Your Heart တဲ့..တကယ်လည်းပြုလုပ်နိုင်ခဲ့ပါတယ်..အဆုံးသတ်မှာ လည်း တကယ့်ဖြစ်ရပ်မှန်ရဲ့ အစိတ်အပိုင်းအချို့ကို ပြသသွားခဲ့ပါတယ်များများစားစားတော့အညွှန်းမပေးတော့ပါဘူး..မပေးတော့ဘူးဆိုတာကလည်း သင်တို့ကြည့်တဲ့အခါအရသာပေါ့သွားမှာဆိုးလို့ပါ..ကျွန်တော်ကတော့ခွေးချစ်တတ်တဲ့သူမို့လားတော့မသိဘူးဒီဇာတ်ကားကို ကြည့်ပြီး မျက်ရည် 2ခါကျမိတယ်..မေတ္တာဘွဲ့ကိုလည်းပေါ်လွင်အောင်ရိုက်နိုင်တယ်...ပြီးတော့ ဒီဇာတ်ကားကြည့်ပြီး တစ်ခုထပ်သိလိုက်ရတာကတော့ ခွေးဆိုတာ အိမ်မွေးတိရစ္ဆာန်သီးသန့်မဟုတ်ပါဘူး လူတွေရဲ့အကောင်းဆုံးသစ္စာအရှိဆုံးအဖေါ်မွန်ပေါ့ :) Filesize : 628 MBQuality :720pFormat :mp4During : 1:28:46Subtitle : Myanmar Subtitles (Hardsub)Eocoder : LKDownload And Watch With Pcloud Link (Normal ...

Hachi : A Dog's Tale (2009) မြန်မာစာတန်းထိုး

Identity Thief (2013) မြန်မာစာတန်းထိုး
Identity Thief (2013) မြန်မာစာတန်းထိုး ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ Identity Thief ဟာ 2013 မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Seth Gordonကရိုက်ကူးထားပါတယ်...ဟာသကားကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက် ကြည့်ဖို့သင့်တော်တဲ့ကားတစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းစစချင်းမှာ ဆန်ဒီပက်ဒီဆင် ဆိုတဲ့သူတစ်ယောက်ဆီ ဖုန်းဝင်လာပါတယ်သူ့ရဲ့ခရက် ဒစ်ကဒ် အခိုးခံရပြီး ပွားသုံးခံနေရတယ်ဆိုပြီး လုံခြုံရေးကုမ္မဏီတခုကနေလုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေအတွင်းကျကျ အချက်အလက်တွေတောင်းပါတယ်..ဆန်ဒီပက်ဒီဆင် ကလည်း ယုံယုံကြည်ကြည်နဲ့ပဲသူ့ရဲ့ အချက်အလက် မွေးနေ့ အမျိုးသားမှတ်ပုံတင်နံပါတ်က အစ အကုန်ပေးလိုက်ပါတယ်တကယ်တော့ သူ့ဆီဖုန်းဆက်တဲ့သူကမှ ခရက်ဒစ်ကဒ်ကို ခိုးသုံးဖို့ အချက်အလက်ကိုရုပ်တည်နဲ့ဖုန်းဆက်ပြီးတောင်းသွားတာပါဆန်ဒီပက်ဒီဆန်တို့မိသားစုဟာ ပျော်ရွင်စရာကောင်းသလို..ဆန်ဒီကလည်းအလုပ်ကြိုးစားပြီးငွေစုထားပါတယ်..တစ်လမှ ဒေါ်လာ ၅၀ သာရတဲ့ဘ၀မို့ တစ်လ ကို ၁၄ ဒေါ်လာဝန်းကျင်သာစုနိုင်ပြီးငွေကိုဒီထက်ပိုပြီးများအောင်ကြိုးစားပြီးစုထားရပါတယ်..တနေ့မှာ သူအလုပ်လုပ်နေတဲ့ကုမ္ပဏီကလူတစ်ခုက အခြားလုပ်ငန်းတစ်ခု ခွဲထောင်မယ်ဆိုပြီးသူ့ကိုစည်းရုံးပြီး တစ်လ ၂၅၀ ပေးမယ်လို့ပြောခဲ့ပါတယ်..ဆန်ဒီကလည်း လိုက်ပါသွားခဲ့ပါတယ်..တခြားတစ်ဖက်က ဆန်ဒီ့ရဲ့ အချက်အလက်တွေကိုခိုးပြီး အကြွေးဝယ်ကဒ်တွေပွားသုံးတဲ့အမျိုးသမီးဟာလည်း ပစ္စည်းတွေဝယ်..မှတ်ပုံတင်အတုတွေနဲ့ ဆန်ဒီပတ်ဒီဆန် နာမည်နဲ့ လုပ်ချင်ရာလုပ်နေပါတော့တယ်ဒေါ်လာ သောင်းချီအကြွေးဝယ်ကဒ် နဲ့ဝယ်..မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာရော..ရာဇ၀တ်မှုတွေပါလုပ်ပြီးတဲ့အရှုပ်တွေကို ဆန်ဒီပတ်ဒီဆန် ဆီရောက်လာတဲ့အခါမှာတော့ ....အကြီးအကျယ်ကိုခေါင်းကိုက်ရပါတော့တယ်...အလုပ်သစ်မှာလည်း ဒီအရှုပ်တွေကြောင့်အလုပ်ပြုတ်လုနီးပါးအထိဖြစ်နေပြီး..ရဲတွေနဲ့လည်း ပတ်ချာလည်ရိုက်နေပါတယ်..အကြွေးလည်းပတ်လည်ဝိုင်းကာService အသုံးပြုခွင့်တွေလည်းအပိတ်ခံရ...တရားခံကိုရဲတွေကလည်းဖမ်းမပေး..ပြည်နယ်တခုမှာ ကျုးလွန်တဲ့အမှုတွေဖြစ်တဲ့အတွက် အဆင့်ဆင့်သွားရမှာဖြစ်ပြီး..အလုပ်ရှင်ကဖြေရှင်းဖို့ ...

Identity Thief (2013) မြန်မာစာတန်းထိုး

Dragon Blade (2015) 6.0
Dragon Blade (2015) သရုပ်ဆောင်  Jackie Chan  နဲ့  Super Junior  အဖွဲ့ဝင် Choi Siwon တို့ရဲ့ ရုပ်ရှင်ကားသစ်  “Dragon Blade,”  ကို ကိုရီးယားနိုင်ငံမှာ မတ်လ ၁၂ရက်နေ့ မှာ စတင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။အဆိုပါ နာမည်ကြီး သရုပ်ဆောင်နှစ်ယောက်ရဲ့ ပရိသတ်တွေဟာဇာတ်လမ်းသစ်ကို  စိတ်ဝင်စားမှု အရမ်း ရှိနေကြပြီး နာမည်ကြီးဝါရင့် သရုပ်ဆောင်တွေ ဖြစ်တဲ့  Li Bingbing, John Cusack, နဲ့ Adrien Brody တိုပလည်း ပါဝင်အားဖြည့် ကူညီာကမှာ မို့ တရုတ်ပြည် တစ်လွှားနဲ့ ကိုရီးယား ပရိသတ်တွေပါ မျှော်လင့်လျှက်ရှိနေကြပါတယ်။“Dragon Blade”  ကတော့ တရုတ်ပြည် ဟန်မင်းဆက်ခေတ်ကို နောက်ခံထားကာ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ရာထူးချထားခြင်း ခံရတဲ့ တရုတ်စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ တရုတ်ပြည်မြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်လာတဲ့ ရောမစစ်ဗိုလ်ချုပ်တို့ကြား ခင်မင်မှုကို ...
movie

Dragon Blade (2015)

Pearl Harbor (2001) မြန်မာစာတန်းထိုး
Pearl Harbor (2001) မြန်မာစာတန်းထိုး ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကျဲတဲ့ အကြောင်းဖြစ်ရပ်မှန်တစ်ခုကို ဇာတ်လမ်းဆင်ပြီးပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..မြန်မာပရိတ်သတ်တွေလည်း ဒီကားတွေနဲ့သိပ်စိမ်းနေမယ်မထင်ပါဘူးဒါကြောင့်မို့ ဇာတ်လမ်းအကျဉ်းကိုတော့ အထွေအထူးတော့ပြောမနေတော့ပါဘူးမကြည့်ရသေးတဲ့သူတွေ..စစ်ကားကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားကကြည့်သင့်တဲ့ကားတစ်ကားဖြစ်ကြောင်းတော့လက်တို့အသိပေးလိုက်ပါတယ်ဒီဇာတ်ကားဟာ 2001 ခုနှစ်မှာထွက်ရှိထားတာဖြစ်ပြီး ဒါရိုက်တာ Michael Bay က ရိုက်ကူးထားကာIMDb Rate ကတော့ 6 ရရှိထားပါတယ်...Filesize : 912 MBQuality : 720pFormat : mp4During : 3:03:09Subtitles : Myanmar Subtitles ( Hardsub )Encoder : LKDownload And Watch With Pcloud Link

Pearl Harbor (2001) မြန်မာစာတန်းထိုး

Project Almanac  (2014)
Project Almanac (2014) (၁၇)နှစ်အရွယ် အထက် တန်းကျောင်းသားလေး ဒေးဗစ် ရက်စ်ကင်ဟာ တီထွင်ဖန်တီးရ တာတွေကို စိတ်ဝင်စားသူဖြစ်တဲ့ အလျောက် နည်းပညာတက္ကသိုလ် ကိုဝင်ချင်ပေမယ့် ကျောင်းစရိတ် မတတ်နိုင်ခဲ့ပါဘူး။ သူ့အမေက အိမ်ကိုရောင်းပြီး သူ့ကို ကျောင်း ထားဖို့စီစဉ်တာမို့ ဒေးဗစ်ဟာ သူ့ညီမခရစ္စတီးနား၊ သူငယ်ချင်းတွေဖြစ်တဲ့ အဒမ်လီ၊ ကွင်းဂိုးလ်ဘာ့ဂ်တို့နဲ့အတူ ဒေးဗစ် (၇)နှစ်ပြည့် မွေးနေ့မှာ ကားမှောက်ပြီးသေဆုံးခဲ့တဲ့သုတေသီသူ့အဖေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ သိမ်းဆည်းကြပါ တယ်။အဲဒီမှာ သူ (၇)နှစ်ပြည့်မွေး နေ့တုန်းက ဗီဒီယိုမှတ်တမ်းတင် ထားတဲ့ ကင်မရာကိုဖွင့်ကြည့်ရင်း အဲဒီဗီဒီယိုထဲက မှန်ချပ်ထဲမှာ သူ့ ရဲ့လက်ရှိပုံရိပ်ထင်နေတာကို တွေ့ခဲ့တာကြောင့် ထူးဆန်းတဲ့ ဖြစ်ရပ်ကိုခြေရာခံရင်း သူ့အဖေ တီထွင်ထားတဲ့ Time Machine ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Time Machine ကိုသုံးပြီး အချိန်တွေ အရွှေ့အပြောင်းလုပ်ကြည့်ရင်း ဒေးဗစ်တို့အဖွဲ့တွေ ကိုယ်လုပ်ချင် တဲ့အရာတွေကို တစ်လှည့်စီလုပ် ကြည့်ကြပါတော့တယ်။Project ...
movie

Project Almanac (2014)

Better Living Through Chemistry (မြန်မာစာတန်းထိုး) 18 +
Better Living Through Chemistry (မြန်မာစာတန်းထိုး) 18 + Better Living Through Chemistry ========================= March 14, 2014 မှာ ထွက်ရှိခဲ့ပြီး Directors: Geoff Moore, David Posamentier တို့ နှစ်ဦးက ရိုက်ကူးတင်ဆက်ပေးထားတာပါ အိမ်ထောင်ရေး နှင့် အချစ် ပညာပေး ဇတ်လမ်းဖြစ်ပြီး အိမ်ထောင်ရေး ဖောက်ပြန်မှု နှင့် အိမ်ထောင်ရေးမသာယာမှုတွေအတွက် ကြိုတင်ဆင်ခြင်နိုင်ပြီး နှစ်ဦးနှစ်ဖက် ညှိယူမှသာ အိမ်ထောင်ရေးသာယာ နိုင်မည်ဖြစ်ကြောင်းကို ဇတ်လမ်းဖွဲ့ ပုံဖော်ပေးထားတာဖြစ်ပါတယ်... ဇတ်လမ်း အစမှာတော့ ဆေးဝါးပညာရှင် ဒေါက် ဟာ သူ့ရဲ့မိန်းမနှင့် တစ်အိပ်ရာထဲ အိပ်ရသော်လဲ မိန်းမက သူမ အောင်မြင်ရေးအလုပ်ကိစ္စ များကိုသာ ဦးစားပေးပြီး အိမ်မှုကိစ္စနှင့် လင်ယောင်္ကျားကို ဂရုမစိုက်တက် ...

Better Living Through Chemistry (မြန်မာစာတန်းထိုး) 18 +

Mud(မြန်မာစာတန်းထိုး)
Mud(မြန်မာစာတန်းထိုး) တကယ်က ဒီကားက စလယ်ဆုံး အကုန်ကောင်းပါတယ်။ 
ဒါပေမဲ့ ခံစားမှုနဲ့ ရင်ဘတ်ကိုတိုက်ရိုက်ထိမှန်သွားတာ တစ်ခန်းရှိတယ်။Matthew McConaughey ဟာတကယ်ကို တော်တဲ့အနုပညာရှင်တစ်ယောက်ပါ။ သူဟာ ပါဝင်တဲ့ဇာတ်ကွက်တိုင်းမှာ သူ့အတွက်ဘယ်နေရာမှာပါပါ သူ့လုပ်ကွက် ကို အကောင်းဆုံးလုပ်ဆောင်သွားခဲ့တဲ့ ဆေးစက်ကျရာ အရုပ်ပေါ်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ဒီကားမှာ သူဟာ ငယ်ချစ်ဦး Juniper အတွက် ကာကွယ်ယပေးရင်း ပြစ်မှုကျူးလွန်ရာမှ နေထွက်ပြေးနေရတဲ့ တရားခံတစ်ဦးပါ။ သူဟာ ဂျူနီပါ နဲ့တွေ့ဆုံချိန်းဆိုပြီး ဘယ်သူမှမတွေ့တဲ့နေရာတစ်ခုကို ထွက်ပြေးဖို့တိုင်ပင်ထားပြီး အဲဒီနေရာကိုရောက်ဖို့ ကြိုးစားနေတဲ့ ၀ရမ်းပြေးတစ်ယောက်နေရာက သရုပ်ဆောင်ခဲ့တာပါ။သူအရမ်းချစ်တဲ့ချစ်သူအတွက် သူ့ဘ၀ကြီးတစ်ခုလုံးကို လောင်းကြေးထပ်ပြီး ပေးဆပ်ခဲ့ပြီး ဒီ့အတွက် ဆုလာဒ် အနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ သူ့ချစ်သူနဲ့ တွေ့ဆုံပြီး ထွက်ပြေးဖို့ အမျော်လင့်ကြီး မျှော်လင့်ပြီး သူ့ချစ်သူနဲ့ တွေ့ဖို့ တစ်ကားလုံး ကြိုးစားခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ ဂျူနီကရော အချစ်တစ်ခုတည်းသာကြည့်ပြီး ၀ရမ်းပြေးဘ၀နဲ့ နေချင်မှာလား၊ သူ့ချစ်သူဆီကို အသွား ...

Mud(မြန်မာစာတန်းထိုး)

Snow Girl and the Dark Crystal (2015) / ZHONGKUI
Snow Girl and the Dark Crystal (2015) / ZHONGKUI Screenshots  တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင်  သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို  အေးခဲသွားအောင်  လုပ်ဖို့  ...
movie

Snow Girl and the Dark Crystal (2015) / ZHONGKUI

Ted (I) [2015]
Ted (I) [2015] ကျွန်တော်တို့တွေတော်တော်များများဟာ ငယ်ငယ်တည်းက ကလေးဘဝကပေါ့ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား တိတ်တစ်ခိုးဆုတောင်းလေးတွေတော့ ပြုခဲ့ဖူးကြပေတယ်။အဲလိုနဲ့ တစ်ယောက်တည်းအထီ:ကျန်နေတဲ့ John Bennett ဆိုတဲ့သူဟာ ကလေးဘဝမှာ သူရဲ့ ဝက်ဝံရုပ်လေးကို စကားပြောတတ်စေဖို့ ဆုတောင်းခဲ့ပါတယ်။ မမျှော်လင့်ပဲ အဲဆုတောင်းပြည့်သွားသောအခါ ဝက်ဝံရုပ်ကလေးက သူ့အတွက် အကောင်းဆုံး အဖော်ဖြစ်လာခဲ့ပါတယ်။ပြသနာကတော့John Bennett လူပျိုပေါက်ဖြစ်လာတဲ့အခါမှာ လူရည်လည်တဲ့ဝက်ဝံကလေးက Johnလုပ်သမျ မကောင်းတာ တွေလုပ်လိုက်ပါတော့တယ်။  John ကရည်းစားရသွားတဲ့အခါမှာ ဝက်ဝံရုပ်ကလေးကို အနှောင့်အယှက်တစ်ခုလိုမြင်လာပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အေးစက်စေခဲ့တယ်။ အဲဒီနဲ့ ဝက်ဝံရုပ်ကလေးက တစ်ယောက်တည်းသီးသန့်ခွဲနေတဲ့အချိန်မှာပဲ စိတ္တဇဖြစ်နေတဲ့ သားအဖရဲ့ အဖမ်းကို ခံလိုက်ရပါတယ်။ Johnကရော ဝက်ဝံရုပ်ကလေးကို ကယ်တယ်နိူင်မှာလား၊သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဟာသဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားထွက်ပြီးတဲ့နောက်မှာ Tedဝက်ဝံရုပ်တွေ ပိုရောင်းအားကောင်းလာသလို အခုထိလဲ ကလေးတွေရဲ့ အချစ်တော် အရုပ်အဖြစ်ရှိနေဆဲပါ။ 
movie

Ted (I) [2015]