Channel Myanmar

Uncategorized

Barbie in A Mermaid Tale 2 (2011) 6.0
Barbie in A Mermaid Tale 2 (2011) Barbie in A Mermaid Tale 2 (2011) ========================= IMDb Rating - 6.0/10ကိုယ့်ရဲ့ရေသူမဘဝကို လက်ခံနိုင်သွားတဲ့ Merliah ကတော့ ကုန်းပေါ်မှာရော ရေထဲမှာပါ ဆယ်လီဖြစ်နေပါပြီ။ လူတစ်ဝက် ရေသူမတစ်ဝက်မို့လို့ ရေအောက် မှာထီးနန်းဆက်ခံဖို့လည်း မဖြစ်သလို Merliah ကလည်း နန်းတက်ဖို့စိတ်မဝင် စားဘဲ ဝါသနာပါတဲ့ Surfer အလုပ်ကိုပဲ ဆက်လုပ်နေဖြစ်တာပါ။ Surfing သက် တမ်းတစ်လျှောက် "Queen of the Waves" လို့တင်စားခံလာရတဲ့ Merliah တစ် ယောက် ... ဒီတစ်ခါ Second movie မှာတော့ ပြိုင်ဘက်တစ်ယောက် ရလာပါ တယ်။ Merliah လည်း Kylie Morgan ကို ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲကြီးမှာ မရရအောင်ချိုးဖို့ပြင်ထားတာပေါ့။ဒါပေမယ့် ရေအောက်မှာတော့ Merliah အမေက နန်းလွှဲရမယ့်လူမရှိဘဲ သူပဲနန်း ပြန်တက်ရမှာမို့ နန်းတက်ပွဲအတွက် Merliah ကို ပြိုင်ပွဲတစ်နှစ်အောက်စေချင်နေ ပါတယ်။ တစ်သက်လုံးကြိုးစားလာလို့ နေရာတစ်ခုရောက်နေတဲ့ Merliah ...
movie

Barbie in A Mermaid Tale 2 (2011)

2011
Barbie in A Mermaid Tale (2010)
Barbie in A Mermaid Tale (2010) Barbie in A Mermaid Tale (2010) ======================== IMDb Rating - 6.3/10Barbie in a mermaid tale ဆိုရင်တော့ Barbie fan မှန်ရင် အများကြီး ညွှန်းနေစရာမလိုမယ့် ကားကောင်းလေးပါနော်။ ၂၀၁၀ ထွက် Barbie Movie တွေထဲမှာမှ Fan တွေ အရူးအမူးဖြစ်ခဲ့ရတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ကြည့်ဖူးသူတော်တော်များများကို ဆံပင်အရောင်ပြောင်းချင်စေ ခဲ့တဲ့ လွှမ်းမိုးမှုအကောင်းဆုံးဇာတ်လမ်းလေးကတော့ ...Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော် ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီး တဲ့ Stunt တွေလှလွန်းလို့ "Queen of the waves" လို့တောင် တင်စားရတဲ့ ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ် ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ လှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။ ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့ စတန့်ကွက်တွေကနေ ...
movie

Barbie in A Mermaid Tale (2010)

2010
Office Race (2023) 5.2
Office Race (2023)  ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။File size…(1.7 GB)/(962 MB) Quality….Webrip 1080p ...
movie

Office Race (2023)

HER: Chapter 1 (2023) 8.8
HER: Chapter 1 (2023) Her - Chapter 1 (2023) =================== IMDb 8.8/10 တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ် Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊ အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size… 1.67GB / 879MB Quality…1080p WEB DL /720p Format…mp4 Duration…1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ ToMo~ Dee~ Zwe Yan
movie

HER: Chapter 1 (2023)

2023
Bhola Shankar (2023)
Bhola Shankar (2023) Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie

Bhola Shankar (2023)

2023
Love (2023) 5
Love (2023) Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB  / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie

Love (2023)

2023
The Young Victoria (2009) 7.2
The Young Victoria (2009) IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie

The Young Victoria (2009)

Haddi (2023) 8.5
Haddi (2023) Haddi (2023) IMDb - 8.5/10ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။ အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေ အနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်း ဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့ အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာ ဘာကြောင့်များလဲ...ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ....။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်) File size…4.8GB / 2.39GB / 1.2GB Quality…4k HEVC ZEE5 WEB DL / ...
movie

Haddi (2023)

2023
4K HEVC
Surongo (2023) 6.6
Surongo (2023) Surongo (2023) IMDb-6.6/10မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီး နှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။ တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့် အချစ်မှာကျရှုံးမိပါလေရော။ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက် ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့ လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘ လက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီး မလေးရှားတက်အလုပ်လုပ်ပါလေရော။အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…1.8GB  /  900MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~YH~Zwe~BpL~V
movie

Surongo (2023)

2023
Dark Floors (2008) 4.4
Dark Floors (2008) Dark Floors (2008) ================ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေ ဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။ ကံဆိုးချင်တော့ စက်ထဲမှာ ရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်း ပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။ သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့ လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။ သူတို့ ၃ယောက် အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့် သွားခဲ့ပါတယ်။ ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီး ခြောက်ကပ်လို့နေတာပေါ့။ သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်း မမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ.......ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loop လိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ် ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.12 GB) / (436 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Dark Floors (2008)

2008
Burned by Love (2023) 5.0
Burned by Love (2023) Burned by Love (2023) =================ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က ...
movie

Burned by Love (2023)

2023
Two Tickets to Greece (2022) 6.1
Two Tickets to Greece (2022)  ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Two Tickets to Greece (2022)

Slum Dog Husband (2023) 8.2
Slum Dog Husband (2023) Slum Dog Husband (2023) IMDb-8.2/10အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်"777 Charlie "ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး "ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ်နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ ...
movie

Slum Dog Husband (2023)

2023
Pizza 3: The Mummy (2023) 6.3
Pizza 3: The Mummy (2023) Pizza 3: The Mummy (2023) IMDb-7.0/10နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB/ 752MB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~YH~Yunni
movie

Pizza 3: The Mummy (2023)

2023
Once and for all / Odata Pentru Totdeauna (2022)
Once and for all / Odata Pentru Totdeauna (2022) "Once and for all" လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကား‌တစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်‌ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ်အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်‌ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ File size…(1.1 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Once and for all / Odata Pentru Totdeauna (2022)

Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
The Engineer (2023)
The Engineer (2023)  ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Yahya Ayyash ဆိုသူကို လုပ်ကြံတဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ...။ Yahya Ayyash ဆိုသူဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်အကြာဆုံးပဋိပက္ခတစ်ခုဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါဝင်ခဲ့သူပါ...။၁၉၄၈ခုနှစ်ကတည်းကစခဲ့တဲ့ဒီပဋိပက္ခဟာ လက်ရှိကာလအထိလည်းဆက်ဖြစ်နေတုန်းပါပဲ....။Ayyashဟာ ၁၉၉၀ ဝန်းကျင်၊ အစ္စရေးတွင် အသေခံဗုံးခွဲမှုများပြုလုပ်စေခဲ့တဲ့Hamasအစ္စလာမ်တော်လှန်ရေး စစ်သွေးကြွတပ်ဖွဲ့ရဲ့ အဓိကဗုံးပြုလုပ်သူဖြစ်ပါတယ်။ဗုံးအတတ်ကျွမ်းကျင်ခြင်း၊ လက်အောက်ငယ်သားများကို ဗုံးလုပ်နည်းသင်ပေးခြင်း၊အသေခံဗုံးခွဲမှုပြုစေချင်းတွေကြောင့် ကမ္ဘာက သူ့နာမည်ကို "The Engineer"လို့သိကြပါတယ်...။သူကိုလုပ်ကြံသွားတာက Shabak(Shin Betလို့လည်းသိကြတဲ့) အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးကပါပဲ...။အစ္စရေးသမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်ကောင်ဖမ်းပွဲတစ်ခုကိုမြင်တွေ့ရမယ် ဇာတ်ကားပဲဖြစ်ပါတယ်...။ File size…1.43GB / 512MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Engineer (2023)

Foodies (2022)
Foodies (2022) Foodiesကားရဲ့ အဓိကhighlightက Netherlandsနိုင်ငံရဲ့ မြို့တော်Amsterdamရဲ့ ရှုခင်းအလှတွေပါ။ ဇာတ်လမ်းထဲမှာဆိုရင် အစားအသောက်ချစ်တဲ့စိတ်ရင်းကြောင့် Food bloggerဖြစ်လာတဲ့ဆမ်၊ ဆမ်ရဲ့bffဂျက်ကလင်း၊ chef မာကို၊ Food bloggerလီလီယမ် တို့ ပါဝင်ပါတယ်။ ရိုမန့်နဲ့ comedyအခန်းတွေကိုတော့ heavyမဖြစ်ပဲ အနောက်တိုင်းကားတွေမှာမြင်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ သွားထားတယ်။ ဇာတ်ကားနာမည်က Foodieဆိုပေမဲ့ အစားအစာနဲ့ပက်သက်ပြီး အထူးတလည်သင်ယူရတာမျိုးတော့မပါဘူး။ ဇာတ်ကားရဲ့ပေးချင်တဲ့messageတစ်ခုတော့ရှိတယ်။ Actor/Actressတွေ သရုပ်ဆောင်တာအသက်ပါတယ်။သရုပ်ဆောင်နေတာလို့မမြင်ပဲ အပြင်မှာတကယ်ရှိတဲ့သူတွေလိုမျိုး ခံစားချက်ရစေတယ်။ ဇာတ်လမ်းက Food bloggerနှစ်ယောက်ပြိုင်ဆိုင်ကြတာကို သမာရိုးကျပဲသွားထားပေမဲ့ အဆုံးထိမပျင်းပဲကြည့်ရတယ်။ Family, Friendship, Romance, Comedyခန်းတွေပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ပေးတဲ့ကားမျိုးဖြစ်ပြီးတော့ ရှုခင်းကောင်းကောင်းနဲ့ စိတ်ပြေလက်​ပျောက်ကြည့်ကောင်းတဲ့ကားမျိုး၊ lightဖြစ်ပြီးအများကြီးတွေးစရာမလိုတဲ့ဇာတ်ကားတစ်ကားမျိုးပေါ့။File size…(1.73 GB)/(0.98 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra 
movie

Foodies (2022)

Sarrainodu (2016) 6.6
Sarrainodu (2016) Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie

Sarrainodu (2016)

2016
Raven Song (2022) 5.9
Raven Song (2022)  IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(629 MB) Quality….Webrip 1080p ...
movie

Raven Song (2022)