Channel Myanmar

Uncategorized

The Fox Lover (မြန်မာစာတန်းထိုး)
The Fox Lover (မြန်မာစာတန်းထိုး)  ဟိုးအရင်တုန်းကတည်းက မြေခွေး နဲ့ လူသား ပေါင်းဖက်မရခဲ့ပါဘူး မြေခွေးနတ် တွေဟာ လူသားတွေထက်တောင် ပိုချောပါသေးတယ်... ဒီဇတ်လမ်းလေးကတော့ မြို့စားကြီးတစ်ဦးဟာ တစ်ချိန်က မြေခွေးမလေး တစ်ကောင်ကို ကယ်တင်ခဲ့လို့ နှစ်ပေါင်းများစွာကြာတဲ့ အခါ မြို့စားကြီးကို ကျေးဇူးပြန်ဆပ်ဖို့ သူမရဲ့ သမီးအချောအလှ ကိုးယောက် ထဲက တစ်ယောက်ကို မြို့စားကြီးရဲ့ သားနဲ့ ပေးစားဖို့ ပြန်လည်ခေါ်ယူပြီး ပြောပါတယ်... ဖြစ်ချင်တော့ မြို့စားကြီးရဲ့ သားဟာလဲ ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင် လူတစ်ယောက်ဖြစ်ပြီး မရွေးတက်တော့ မြေခွေးနတ်သမီးမကြီးဟာ စွန်တစ်ခုကို လေပေါ်ဝဲပြီး ရွေးခိုင်းတဲ့ အခါ သမီးတွေ တစ်ဦးစီက မသိပဲ လိုက်လုကြပြီး နောက်ဆုံး အချောဆုံးသမီးဖြစ်သူ မြေခွေးဖြူမလေးက ရရှိသွားပါတော့တယ်.. ကျပ်မပြည့်တဲ့ ...

The Fox Lover (မြန်မာစာတန်းထိုး)

Birdman or (The Unexpected Virtue of Ignorance) (2014) 7.7
Birdman or (The Unexpected Virtue of Ignorance) (2014)   ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက ...
movie

Birdman or (The Unexpected Virtue of Ignorance) (2014)

The Prince (2014) မြန်မာစာတန်းထိုး
The Prince (2014) မြန်မာစာတန်းထိုး (ရုပ်ရှင်အညွှန်းကို mmmovieguide မှ ပြန်လည်ဖေါ်ပြပါသည် )ကျောင်းစတက်တဲ့နေ့မှာ လိုက်မပို့နိုင်လို့ သမီးလေးကို ပွေ့ဖက်နှုတ်ဆက်ရင်း နှစ်သိမ့်နေတဲ့ယောကျာ်းကြီးတစ်ယောက် ၊ ကားမောင်းလိုက်ပို့မယ့် အမေရှိရာကို ပြေးလွှားသွားနေတဲ့သမီးလေးနဲ့မိန်းမကို ခဏလေးဆိုပြီး ဓါတ်ပုံလှမ်းရိုက်တော့ သူ့မိန်းမကပြောတယ် ရှင့်ကားကိုယူသွားမယ်နော်တဲ့။ အေးပါကွာ ဆိုပြီး သမီးကိုလက်အပြ ကားကစက်နှိုးပြီးအထွက်။ ၀ုန်းခနဲ ပေါက်ကွဲသံနဲ့အတူ ကားတစ်စီးလုံး မီးလောင်သွား။ ကား ပေါက်ကွဲတဲ့အရှိန်နဲ့ လဲကျသွားပေမယ့် ယူကြုံးမရ ကြေကွဲမျက်ရည်တွေနဲ့ အတင်းကုန်းထနေတဲ့လူ။  သူ့နံမည်က အိုမာ (Omar)လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က နယူးအော်ရီလန်မြို့ရဲ့ ဒုစရိုက်လောကမှာ The Prince လို့နံမည်ကြီးတဲ့ ကြေးစား လူသတ်သမားတစ်ယောက်က အခုအချိန်မှာ ကားပြင်ဆရာ တစ်ယောက်အဖြစ် ဘ၀ကိုဇာတ်မြှုပ်ကာ အေးအေးဆေးဆေးနေနေတဲ့ ပေါလ် (Paul)တက္ကသိုလ်တက်ရင်း အပေါင်းအသင်းမှားကာ ဆေးစွဲနေတဲ့ ပေါလ်ရဲ့ သမီး ဘတ်(သ်)ဘတ်(သ်) ရဲ့ သူငယ်ချင်း အိန်ဂျလာ (Angela)The Prince ဘ၀တုန်းကလက်တွဲဖော် ...

The Prince (2014) မြန်မာစာတန်းထိုး

Mcfarland USA ( 2015) မြန်မာစာတန်းထိုး
Mcfarland USA ( 2015) မြန်မာစာတန်းထိုး ကျွန်တော့်အမြင်မှာ  အားကစားနဲ့လူမှုဘ၀ ထင်ဟပ်အောင် ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းက ကြည့်သူတွေအတွက် အချိန်ကုန်ရကြိုးနပ်မယ့် မိသားစုအပန်းဖြေရင်းကြည့်လို့လည်းသင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောချင်ပါတယ်။ နံမည်မကြီးသေးတဲ့ လူငယ်သရုပ်ဆောင်အများစု ပါဝင်ပေမယ့် လက်ရှိ IMDB rating 7.5 ရရှိထားတဲ့ ဒီဇာတ်ကားကို သေချာညွှန်းပေးလိုက်ရပါတယ်ဂျင်မ်ဝှိုက် (Jim White) က အမေရိကန်ပြည်ထောင်စု၊ အိုင်ဒဟိုပြည်နယ်ရဲ့ လူစည်ကားရာမြို့တော်ဖြစ်တဲ့ ဘွိင်ဇီ (Boise) မြို့မှာ ဘောလုံးအသင်းနည်းပြဆရာ လုပ်နေသူဖြစ်ပါတယ်။ တစ်ရက်တော့ ပြိုင်ပွဲမှာလျော့တိလျော့ရဲ ကစားသွားတဲ့ သူ့အသင်းသားတွေကိုဆူရာမှာ ဒေါသကြောင့်လက်ပါမိတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျင်မ်က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ ဆင်ခြေဖုံးမြို့လေးဖြစ်တဲ့ မက်ဂ်ဖားလန် (McFarland) ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ အချိန်ကာလကတော့ ၁၉၈၇ခုနှစ်ပဲဖြစ်ပါတယ်။နယ်မြေသစ်ကို စရောက်တဲ့ည စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးပြန်အထွက် လက်တင်လူမျိုးတွေ အုပ်စုလိုက်မောင်းနှင်လာသော ကားတန်းရှည်ကြီးနဲ့ကြုံရာ သမီး ဂျူလီကို စနောက်မယ်ကြံတဲ့အတွက် ဂျင်မ့်မှာ ကားကိုအမြန်မောင်းထွက်ကာ ရှောင်ခဲ့ရပါတယ်။အလုပ်အသစ်မှာ ...

Mcfarland USA ( 2015) မြန်မာစာတန်းထိုး

Charlie Chaplin : The Kid  (1921)
Charlie Chaplin : The Kid (1921) Charlie Chaplin ရဲ့ ဇတ်ကားကောင်းလေးတွေ တင်ဆက်ပေးနေရင်းနဲ့ ကျနော် အသက် ၉ နှစ်လောက်ကကြည့်ခဲ့ဖူးတဲ့ The Kid ကို ပြန်ရှာခဲ့ပါတယ် 720P ရုပ်ထွက်နဲ့ ပြန်ရလို့လဲ ပျော်ခဲ့ရတယ်ကြည်ကြည်လင်လင် ကြည့်ရတော့မှာကိုး ချာလီ ရဲ့ သရုပ်ဆောင်ချက်တွေကဘယ်တော့မှ အိုမင်းမသွားဘူး ဘယ်တော့မှ ပျက်စီးမသွားဘူးဘယ်တော့...ဘယ်တော့မှ.. ရသ မပျက်သွားပါဘူးဒီရုပ်ရှင်ကား ကတော့ အဖေ မပေါ်ပဲ မွေးခဲ့တဲ့ သားလေးကိုလူချမ်းသာတွေ ရဲ့ ကားပေါ်မှာ မွေးစားဖို့ ထားခဲ့ပြီးမှ ဖြစ်ချင်တော့ အဲ့ဒီကားကိုသူခိုး ခိုးခံရပြီး ကလေးကို တွေ့လို့ သူခိုးတွေကလဲ လမ်းဘေးမှာ ချထားခဲ့ပါတယ်သူဌေးမွေးစားမခံရပဲ ဆင်းရဲချို့တဲ့တဲ့ ချာလီ က ကောက်ယူမွေးစားလိုက်ပါတယ်သဘောအကျဆုံးက ကလေးရဲ့ သရုပ်ဆောင်ချက်တွေက Pro လို့ပြောလောက်အောင်ပီပြင်ပြီး ချစ်ဖို့လဲ ကောင်းသလို သူ့မွေးစား အဖေ ချာလီ ဆီကနေပြန်လု တဲ့ အခါ ငိုယိုတောင်းပန်တာကလဲ ...
movie

Charlie Chaplin : The Kid (1921)

My Lucky Star(2013)

My Lucky Star(2013)

Into the Storm(2014) မြန်မာစာတန်းထိုး
Into the Storm(2014) မြန်မာစာတန်းထိုး အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။ မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက် ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။ တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။ ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ ၀ပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ၀ုန်းဆို ၀င်လာပါတယ်။ ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။ အကာအကွယ်ယူပြီး ၀ပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့် နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။ မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ...

Into the Storm(2014) မြန်မာစာတန်းထိုး

The Butler (2013) မြန်မာစာတန်းထိုး
The Butler (2013) မြန်မာစာတန်းထိုး  ဒီနေ့အတွက်က နာမည်ကြီးဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၃ ကတည်းက ထွက်ရှိထားတဲ့ Butler ဆိုတဲ့ ဇာတ်ကားက 12 Years Slave လို ဇာတ်ကားမျိုး ကြည့်ဖူးတဲ့ လူတွေအကြိုက်တွေ့မယ့် နောက်ထပ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating မှာလည်း 7.1 အထိရရှိထားတာမို့ ကြည့်ဖို့စဉ်းစားလိုနေမယ်မထင်ပါဘူးRotten Tomatoes မှာလည်း 77% အထိ ရရှိထားပါတယ်..အညွှန်းပြောပြရမယ်ဆိုရင်ဒီဇာတ်ကားထဲမှာ စီစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ရဲ့ ဘ၀နဲ့စထားတယ်။ လူမည်းကျွန်ဘ၀ရောက်ကြရတဲ့ ခေတ်မှာ သူ့အဖေကသူ့မျက်စိရှေ့မှာပဲ သေနတ်နဲ့ပစ်ခံရပြီး သေသွားတယ်။ လူငယ်ဘ၀ရောက်လာချိန်မှာ မြို့ပေါ်တက်စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အောက်ခြေသိမ်းလုပ်ပြီးတော့ အလုပ်ကို ဂရုတစိုက်ကြိုးစားလွန်းတာကြောင့် သူအရွယ်ရောက်လာတဲ့အချိန်မှာ အိမ်ဖြူတော်ထိန်းအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ လူမည်းကောင်လေးတစ်ယောက် အိမ်ဖြူတော်ဝန်ထမ်းဖြစ်ခွင့်ရသွားတယ်ပေါ့။သူအိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကာလတွေမှာ သမ္မတတွေ အဆက်ဆက် ပြောင်းသွားတယ်။ ခေတ်တွေပြောင်းသွားတယ်။ မပြောင်းတာက အမေရိကန်က လူဖြူ၊ လူမည်း ခွဲခြားဖိနှိပ်မှုတွေပဲ ဖြစ်ပါတယ်။သူ့အနေနဲ့ ...

The Butler (2013) မြန်မာစာတန်းထိုး

As Above, So Below (2014) 6.2
As Above, So Below (2014) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသချုႋင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။ As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ ...
movie

As Above, So Below (2014)

Taken(2008) မြန်မာစာတန်းထိုး
Taken(2008) မြန်မာစာတန်းထိုး Screen Shotsဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။  မင်းသားက နာမည်ကြီးမင်းသားကြီး Liam Neeson  ဖြစ်ပြီး Taken(1,2,3) ဆိုပြီး ၃ ကားထွက်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်........မင်းသားက အရင်တုန်းက CIA ကစုံထောက်၊ ၁၇နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ Liam Neeson က သူသျှို၊စုံထောက်ဆိုတော့ မိသားစုအတွက် အချိန်မပေးနိုင်လို့ မိန်းမနဲ့ကွာရှင်းပြီးနောက် သမီးလေးကိုပါ မိန်းမလက်ထဲထည့်ပေးလိုက်ရပါတယ်။ သူက သူ့သမီးလေးကိုအရမ်းချစ်တော့ CIA ကနေ အနားယူပြီး သမီးလေးနားမှာနေနိုင်အောင် ကြိုးစားနေတဲ့ အဖေနေရာက သရုပ်ဆောင်တာပါ။ Bryan (Liam Neeson ရဲ့ဇာတ်ကောင်) ရဲ့သမီး Kim (Maggie Grace ရဲ့ဇာတ်ကောင်) က တစ်နေ့မှာ သူငယ်ချင်းရယ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားလည်ဖို့ ဖခင်ကိုတောင်းဆိုပါတယ်။ (အမေရိကားမှာ ၁၈နှစ်အောက်ကလေးတွေက ပြည်ပခရီးသွားချင်ရင် မိဘခွင့်ပြု့တဲ့လက်မှတ်ပါမှ သွားလို့ရပါတယ်)။ သူ့အဖေက မသွားစေချင်ပေမယ့် ...

Taken(2008) မြန်မာစာတန်းထိုး

Unfinished Business (2015) မြန်မာစာတန်းထိုး
Unfinished Business (2015) မြန်မာစာတန်းထိုး 2015 ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံတကာမှာ Hot ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားListထဲမှာပါဝင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...ဒါရိုက်တာ Ken Scott က ရိုက်ကူးတင်ဆက်ထားပြီးတော့မင်းသား Vince Vaughn နဲ့ Dave Franco တို့က ပါဝင်ရိုက်ကူးထားပါတယ်IMDb Rating မှာတော့ 5.3 ရ ရှိထားပြီးတော့ ကြာမြင့်ချိန်က တစ်နာရီခွဲခန့်ရှိပါတယ်...ဇာတ်လမ်းအမျိုးအစားကတော့ Comedy ဖြစ်ပြီး ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့အဆင်ပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်..ကြည့်ရှုခံစားကြပါ( ဖိုင်ဆိုဒ်အသေးကို 720p ကွာလတီဖြင့်တင်ဆက်ထားပြီး ရုပ်သံကြည်လင်ပြတ်ပြတ်သားသားကြည့်ရှုနိုင်ပါတယ် )Filesize : 552 MBQuality : 720pFormat : mkvRunning Time : 1 hour 31 minSubtitle : Myanmar Subtitle ( Hardsub )Encoder : LKDownload With Pcloud Link 

Unfinished Business (2015) မြန်မာစာတန်းထိုး

Gravity(2013)
Gravity(2013) ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့ Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ (ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့ Cuban Missile ...
movie

Gravity(2013)

Frequencies (2013) မြန်မာစာတန်းထိုး
Frequencies (2013) မြန်မာစာတန်းထိုး သိပ္ပံကားကောင်းလေးတွေကြိုက်နှစ်သက်တွေအတွက် ဒီကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်Review အရင်ဆုံးကြည့်လိုက်ရအောင်ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie ...

Frequencies (2013) မြန်မာစာတန်းထိုး

Viy (2014)
Viy (2014) Screen Shots  Nikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား ဇာတ်ကားပါ...ခြောက်ခြားဖွယ်ရိုက်ကူးတင်ဆက်ထားတာအောင်မြင်သလို ဇာတ်လမ်းအသွားအလာလဲ ကောင်းမွန်ပါတယ်... လျှို့ဝှက်နက်နဲတဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်နေရသလိုခံစားရမှာဖြစ်ပြီး အဆုံးသတ်သေသပ်ပါတယ်။ ခေတ်ဟောင်းအသုံးအနှုန်းတချို့နဲ့ ခံစားရမှာဖြစ်တဲ့အတွက် ဇာတ်ကားရဲ့နောက်ဆုံးကျမှပဲ ဇာတ်ရည်လည်ပြီး ဇာတ်ကားကိုအစအဆုံးနားလည်လက်ခံသွားမှာဖြစ်ပါတယ်။ (ကျွန်တော်ကတော့ နှစ်ခါလောက်ပြန်ကြည့်လိုက်မှဇာတ်ရည်လည်သွားပါတယ်) IMDb Rating (5.6/10) ရရှိထားပြီး ထူးထူးဆန်းဆန်းဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအတွက်ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားပါ။ Connection မကောင်းသူများအတွက် Small File Size(328MB)ကိုပါတင်ဆက်ထားပါတယ်။ ကျွန်တော်တို့ဆိုဒ်က တင်သမျှ Movie Download Link ကို ပြန်တင်နေသည့် Blogger များ www.channelmyanmar.com ဟုပြည့်စုံစွာ Credit ပေးရန်ပန်ကြားအပ်ပါတယ်။File size...1GB Quality....Blu-ray Rip 480p Format...mp4 Duration....02:10:34 Subtitle....Myanmar Subtitle(Hardsub) Encoder....Nyeinsaeya Aung 
movie

Viy (2014)

JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး
JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး  တွေ့ဆုံပြီး ရက်ပိုင်းလေးအတွင် ချစ်ကြကြိုက်ကြ အတွေ့အထိ မှာ မက်မောမိတဲ့ချစ်သူနှစ်ဦး ဖြစ်တဲ့ တွမ် နှင့် ဆာရာ တို့ဟာ မကြာခင် ရက်ပိုင်းလေးမှာပဲလက်ထပ်လိုက်ကြပြီးနောက် ဟန်းနီးမွန်း ထွက်တဲ့ ခရီင်္းမှာပဲ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း စိတ်ဓါတ်ချင်း မတူညီနိုင်တာတွေကို စတင်တွေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ကလန်ကဆန်အတိုက်အခိုက်တွေ လုပ်ကြပြီး ကွာရှင်းပြတ်ဆဲလုနီးနီး ဖြစ်လာတဲ့အခါ...အချစ်နဲ့ဘ၀ တည်ဆောက်ဖို့အတွက် အချိန်နှင့် လေ့လာမှု လိုအပ်ကြောင်းသင်ကြားပေးတဲ့ အချစ်ဖန်စီ ဟာသ ရုပ်ရှင် ဇတ်ကားကောင်းဖြစ်ပါတယ်...Download Link----------------------Download HereAdmin : Thit San Khant  ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက အောက်ပါ  Follow Button အပြာရောင်လေးကို Click ပေးခဲ့ပါ   

JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး