Channel Myanmar

Uncategorized

The Killer Inside Me (2010) 6.1
The Killer Inside Me (2010) The Killer Inside Me (2010) ==================== IMDb rating - 6.1/10ပရိတ်သတ်ကြီးတို့ကိုဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Thriller ဆန်ဆန်ရိုက်ကူးထားတဲ့ crime ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ တက္ကဆက်အနောက်ပိုင်း နယ်မြို့လေးမှာတာဝန်ကျနေတဲ့ ရဲအရာရှိ လုဖော့ဒ်ဟာ သူ့ရဲ့မွေး စားအစ်ကိုဖြစ်သူ မိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းခဲ့ ရာကနေ အပျက်မကလေး ဂျိုစီနဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ပါတယ်။ ဂျိုစီဆိုတဲ့ ကောင်မလေးကို မြို့ရဲ့မျက်နှာဖုံးလို့ဆိုရမယ့် သူဋ္ဌေးကြီး ကွန်ဝေးရဲ့သားဖြစ်သူ အယ်လ်မာကွန်ဝေးက စွဲလမ်းနေခဲ့တော့ သားဖြစ်သူကို အဲဒီအပျက်မလေးနဲ့ဝေးသွားအောင်လုပ်ပေးဖို့ လုဖော့ဒ်ကို သူဋ္ဌေးကြီးက အကူအညီတောင်းခဲ့ပါတယ်။အဲဒီလိုကနေ လုဖော့ဒ်နဲ့ ဂျိုစီကြားမှာ သံယောဇဉ်တွေငြိတွယ် သွားခဲ့ပြီးတဲ့နောက်မှာတော့...ဂျိုစီနဲ့ အယ်လ်မာကို သတ်သွား ခဲ့တဲ့ တရားခံက ဘယ်သူလဲ၊ အဲဒီအမှုရဲ့ သံသယတရားခံ ဂျွန်နီ ပါပါကိုယ်တိုင်က ထောင်ထဲမှာ ကြိုးဆွဲချသေသွားခဲ့တာ ဘာ ကြောင့်လဲ၊ တကယ့် တရားခံအစစ်က အားလုံးထင်မှတ်မထားတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုတာကို သည်းထိတ်ရင်ဖို ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှုမြင်ခံစားရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.75 GB) / (607 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

The Killer Inside Me (2010)

2010
Fatafati (2023) 7.5
Fatafati (2023) Fatafati IMDb-8/10အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါအဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ်ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB ...
movie

Fatafati (2023)

2023
Snatch Up (2018) 6.3
Snatch Up (2018) IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…  1.79 GB /  890 MB Quality… WEB Rip 1080p / 720p Format… ...
movie

Snatch Up (2018)

2018
Sync (2023)
Sync (2023) Sync (2023) IMDb - 7.3/10အခုတစ်ခါမှာတော့ Rating ကောင်းပြီး ဇာတ်လမ်းတင်ဆက်ပုံ ထူးထူးခြားခြားနဲ့ကြည့်ရမဲ့ Horror/ thriller ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း အလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့ သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့ နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။ သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကို မတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ ...အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့ သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲ အရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြား သူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာ ထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V တို့ပဲဖြစ်ပါတယ်) File size…875MB / 389MB Quality…1080p WEB DL/ 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ ...
movie

Sync (2023)

2023
My Valentine Crush (2023)
My Valentine Crush (2023)  (၂၀၂၃) ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ My Valentine Crush ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခရစ်စတယ်ဟာ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုက အရောင်းဌာနရဲ့ ဌာနမှူးဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့မိန်းမသားတစ်ဦးလို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း ချစ်ရသူဆေးဗီးယားရဲ့ မရေရာမှုတွေကြောင့် စိတ်မလိုမကျစရာအချစ်ရေးတစ်ခုမှာ ပိတ်မိနေသူပါ။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်စရာချစ်သူများနေ့တစ်ခုမှာ အင်တာနက်လိုင်းပြတ်သွားရာကနေ အင်တာနက်ပိုင်းဆိုင်ရာနည်းပညာကျွမ်းကျင်သူ ဒါရယ်နဲ့စတွေ့ခဲ့ပါတယ်။ ဒါရယ်နဲ့တွေ့ပြီးတဲ့နောက်မှာမှ အသက်ဝင်လာတဲ့ခရစ်စတယ့်ဘဝဟာ ပျော်လို့မဆုံးခင်မှာပဲ တစ်ဖက်ကမပြတ်မသားအချစ်ရေးကြောင်း ဘေးကျပ်နံကျပ်အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီလိုအခြေအနေတွေကို ခရစ်စတယ်ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘယ်သူနဲ့သူ့ဘဝကို ရှေ့ဆက်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားက rom-com အမျိုးအစားဖြစ်ပြီး IMDB rating အနေနဲ့ 5 အထိရရှိထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်ချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးတစ်ကား ဖြစ်စေမှာပါခင်ဗျာ။ File size…(1.7 GB)/(848 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

My Valentine Crush (2023)

The Blackwell Ghost 7 (2023)
The Blackwell Ghost 7 (2023) The Blackwell Ghost 7 (2023)ဒါကတော့ horror series တစ်ခုဖြစ်တဲ့ The Blackwell Ghost series ထဲက IMDb 6.4 ရထားတဲ့ 7ကားမြောက် ဇာတ်လမ်းပဲဖြစ်ပါတယ်။ The Blackwell Ghost ဆိုတာ Turner Clayတစ်ယောက် ဒါရိုက်တာလည်း သူ၊ ဇာတ်လိုက်လည်း သူ၊ ရိုက်ကူးရေးလည်း သူပဲ တာဝန်ယူပြီးတော့ လက်စွမ်းပြထားတဲ့ seriesကောင်းတစ်ခုပေါ့။ paranormalအဖြစ်အပျက်တွေကို တကယ်လား၊ ရုပ်ရှင်လား အထင်မှားအောင်ရိုက်ထားတဲ့ ဇာတ်လမ်းတွေဆိုလည်း မမှားဘူး။ ရှေ့ကကားတွေက ကြောက်စရာကောင်းခဲ့ပေမယ့် ဒီကားမှာတော့ horror ထက် mysteryဘက်ကို ပိုသွားထားတာတွေ့ရတယ်။ ရှေ့ကားတွေနဲ့ ဆက်စပ်နေတဲ့အပိုင်းတွေ ရှိပေမယ့်လည်း main plotက မတူတော့တာမို့ ရှေ့ကားတွေမကြည့်ထားရင်တောင် ဒီကားကိုပဲ ဖောက်ကြည့်လို့ရပါတယ်။ကောင်မလေးတစ်ယောက် ပျောက်တဲ့အမှုကနေစလိုက်တာ psycho တစ်ကောင်ရဲ့ကစားစရာ ဖြစ်မှန်းမသိဖြစ်သွားတဲ့ Turner Clayတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ Psycho ကောင်ကိုရော ဖမ်းမိမှာလား၊ ကလေးတွေနဲ့ရော အတူတူပြန်နေခွင့်ရမှာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး~အညွှန်း ...
movie

The Blackwell Ghost 7 (2023)

2023
Hawa (2022) 7.9
Hawa (2022) Hawa(2022) 7.9/10ယူအက်စ်ဒေါ်လာနဲ့ဆိုတစ်သန်းကျော်အထိ ရုံတင်ငွေရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အော်စကာကော်မတီကနေ ၉၅ကြိမ်မြောက်အော်စကာဆုပေးပွဲအတွက် နိုင်ငံတကာရုပ်ရှင်ဆုစကာတင်စာရင်းမှာထည့်သွင်းဖို့ ပေးပို့ခဲ့တဲ့ ဘင်္ဂါလီစကားပြော ဘင်္ဂလားဒေ့ရှ်ဇာတ်ကားပဲဖြစ်ပါတယ်။ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးမှာ စက်လှေတစ်စီးနဲ့ငါးဖမ်းထွက်ခဲ့ကြတဲ့ တံငါသည်လူတစ်စု။သူတို့ကြားက ရန်ငြိုးအဖုအထစ်တွေ။လှေသူကြီးမသိအောင်ဘတ်ပြီး ပင်လယ်ထဲမှာတင် ငါးအရောင်းအဝယ်လုပ်ဖို့ ဝေစုမတည့်ကြတာတွေ။အဲလိုပြဿနာတွေကြားထဲကနေ သူတို့ရဲ့ငါးဖမ်းပိုက်မှာ သေပြီထင်ရတဲ့မိန်းကလေးတယောက် ငြိပါလာရာကနေစ။အဲဒီမိန်းကလေးက ဘယ်ကလဲ။ ဘာကြောင့် ဒီပင်လယ်ပြင်ကြီးထဲမှာ သူတို့ငါးဖမ်းလှေကပိုက်ကွန်ကိုမှလာငြိနေရတာလဲဆိုတဲ့ ပဟေဠိတွေကိုအဖြေညှိလိုက်ကြရအောင်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Moon,Cherry,BpLတို့ပဲဖြစ်ပါတယ်) File size…2.25GB / 1.03GB Quality…1080p SONY LIV WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by V~Moon~Cherry~BpL
movie

Hawa (2022)

2022
Black Lotus (2023) 4.8
Black Lotus (2023) Black Lotus (2023) ==============ဒီတစ်ခေါက် ခပ်ကြမ်းကြမ်းလေးမှ ကြိုက်နှစ်သက်တဲ့ ပရိတ် သတ်ကြီးအတွက် Worldwide kickboxing champion ဖြစ် တဲ့ Rico Verhoeven ကအဓိကသရုပ်ဆောင်ထားပြီး Captain America:Winter Soldier မှာကတည်းက ပရိတ်သတ်ကြီးသိရှိ ပြီးသားဖြစ်လောက်မယ့် Frank Grillo ပါ။ ဒီဇာတ်ကားမှာ ဗီလိန် အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းကတော့... အထူးတပ်ဖွဲ့ဝင် Matteo တစ်ယောက် ပြဇာတ်အဖွဲ့တစ်ခုကို အ ကြမ်းဖက်သမားတွေက ဖမ်းဆီးထားလို့ ကယ်ဆယ်ပေးဖို့ စစ်ဆင် ရေးလုပ်နေခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ Matteo အတွက် သူ့ဘ ဝအတွက် စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ ရတာကြောင့် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူအတိတ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံဖို့အတွက် မိသားစုတစ်စုဆီကိုသွားတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ဆို သလို အဲဒီမိသားစုမှာလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိ နေတဲ့ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ရင် ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီတော့ Matteo တစ်ယောက် အဲဒီဂိုဏ်းနဲ့ ဘယ် လိုရင်ဆိုင်တိုက်ခိုက်သွားမှာလဲ...အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပီပီ မိသားစုဝင်ကို ဘယ်လိုကယ်တင်ပေးသွားမှာလဲဆိုတာကို Thriller ဆန်ဆန် ကြည့်ရှူရမယ့် Action ကားကောင်းလေးတစ်ခုပဲဖြစ်ပါ တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.23 ...
movie

Black Lotus (2023)

2023
Archaeology of Love(2022)
Archaeology of Love(2022) Archaeology of Love (2022)******************************ယောင်းရှီးနဲ့ အင်းရှစ်ဟာ တွေ့ဆုံပြီး ရှစ်နာရီအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပါတယ်။​အင်းရှစ်က ယောင်းရှီးကို လွတ်လပ်မှုရှိတဲ့လူလို့ တထစ်ချယုံပြီး​ ဘယ်လိုအခြေအနေမျိုးမှာမဆိုအတူရှိ​နေပေးဖို့ ကတိတစ်ခု ​တောင်းခံခဲ့တယ်။အချိန်​တွေကြာလာတာနဲ့အမျှ အင်းရှစ်ရဲ့ ​ယောင်းရှီးနဲ့ပတ်သတ်တဲ့ စွဲလမ်းမှုက ဆိုးဝါးလာခဲ့ပြီး​သူတို့ရဲ့ ၈နှစ်တာ ရှုပ်​ထွေး​နေတဲ့ ဆက်ဆံ​ရေးကြားမှာ ယောင်းရှီးတစ်ယောက်အင်းရှစ်ကို ​ပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားနိုင်မလား...။ဒါမှမဟုတ် လွတ်​မြောက်အောင်ကြိုးစားပြီး သူ့ရဲ့အချစ်သစ်ကိုပဲ စတင်မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်...။File size : 2.65GB/ 980MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 2h 48m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff
movie

Archaeology of Love(2022)

[18+] Baxter, Vera Baxter (1977) 6.1
[18+] Baxter, Vera Baxter (1977) [18+] Baxter, Vera Baxter (1977) ======================= IMDb Rating - 6.1/10ဒီကားက ပြင်သစ်ကားဆိုတော့ အားလုံးကြိုက်မယ့် ကားမျိုးတော့ မဟုတ်ဘူး။ ပြင်သစ်ကားပီသစွာပဲ တင်ဆက်ပြသပုံကလည်း ထူးခြား တယ်။ ရိုက်ထားတဲ့သူကလည်း ပြင်သစ်စာရေးဆရာမ Marguerite Duras။ The Loverတို့ Hiroshima, mon Amourတို့ကို ရေးခဲ့တဲ့ စာရေးဆရာမပေါ့။ အဆိုပါကား၂ကားက တန်းဝင်ကားတွေဖြစ်တဲ့အ တွက် ဒီကားတွေကို ရေးတဲ့ စာရေးဆရာမကလည်း သူ့ဇာတ်ကောင် တွေကို သူပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်တဲ့သူမျိုးပဲ။ဒီကားမှာဆိုလည်း ဇာတ်ကောင်နည်းနည်းနဲ့တင် တစ်ခါတလေ ဇာတ် ကောင်တွေကိုတောင် သေချာမပြဘဲ စကားပြောနေတဲ့အသံနဲ့ တခြား ကို ပြရင်းတင် ပုံဖော်သွားတယ်။ ဒါပေမဲ့ တရိပ်ရိပ်ကြည့်ရင်းတော့ ဇာတ်ကောင်တွေအကြောင်းကို ကျွန်တော်တို့သိလာလိမ့်မယ်။ ပဟေ ဠိဆန်ဆန်နဲ့ ကြည့်နေရင်း ပဟေဠိကို အဖြေသိသွားသလို သိလာတဲ့ အသိမျိုးပေါ့။ ဒီကားဟာ စာရေးဆရာမရိုက်တဲ့ကားဆိုတော့ ဇာတ်ကောင် တွေကို အသက်သွင်းသွားတာ တော်တော်မိုက်ပေမဲ့ အများကြီးတော့ သွားမျှော်လင့်လို့မရဘူး။ တစ်ခုသတိချပ်ရမှာက ပြင်သစ်ရုပ်ရှင်ဆိုတာ လိင်ဆွဲဆောင်မှုမပါရင်မဖြစ်ဘူးလို့ ယူဆကြတဲ့ဒါရိုက်တာတွေတောင် ရှိတဲ့နေရာဆိုတော့ ဒီကားဟာ အများနဲ့ကြည့်လို့တော့ အပြည့်အဝ အဆင် ပြေမှာမဟုတ်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ...
movie

[18+] Baxter, Vera Baxter (1977)

1977
Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023
War of the Worlds: The Attack (2023) 4.0
War of the Worlds: The Attack (2023) War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

War of the Worlds: The Attack (2023)

2023
24: Redemption (2008) 7.4
24: Redemption (2008) 24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie

24: Redemption (2008)

2008
Salon de Seoul (2023)
Salon de Seoul (2023) Salon de Seoul (2023)**********************ဆူဂျင်းနဲ့ ဂျီယွန်းတို့ဟာဆိုရင် အရမ်းခင်ကြပြီး အိမ်တစ်အိမ်တည်းမှာ အတူငှားနေတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဆူဂျင်းက ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့သူဖြစ်ပြီး ဂျီယွန်းကတော့ တက္ကသိုလ်တက်နေဆဲ တက္ကသိုလ်ကျောင်းသူလေးပေါ့ တစ်နေ့ ဆူဂျင်းက သူ့အဖေနဲ့ သွားတွေ့ရမှာဖြစ်လို့ ဂျီယွန်းကို သူ့အစား ကာရာအိုကေဆိုင်မှာ တစ်နေ့တာ အစားထိုးလုပ်ပေးဖို့ အကူအညီတောင်းပါတော့တယ် တစ်ဖက်မှာလည်း ဂျီယွန်းက ဆူဂျင်းကို သူ့အစား နံနက်ခင်းအတန်းချိန်တွေ သွားတက်ပေးဖို့ ပြန်လည်တောင်းဆိုပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် တစ်ရက်တာ နေရာလဲပြီး နေကြည့်ကြတဲ့အခါမှာ ဘယ်လိုလေးတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော်... File Size          : 1.3GB, 420MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : ...
movie

Salon de Seoul (2023)

The Internship ( 2013 ) 6.3
The Internship ( 2013 ) Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ ...
movie

The Internship ( 2013 )

Mixed by Erry (2023) 7.1
Mixed by Erry (2023) Mixed by Erry (2023) ================ IMDb Rating - 7.1/10အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant ...
movie

Mixed by Erry (2023)

2023
The Memory of a Killer (2003) 7.2
The Memory of a Killer (2003)  အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ်တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော)ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကိုကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမားတစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့်ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့်သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆိုလက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာဖောက်ဖျက်လိုက်မလား၊၊အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လိုနှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ...
movie

The Memory of a Killer (2003)

You Do You(2023) 6.7
You Do You(2023) You Do You(2023)*****************ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။ မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။ သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်‌ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီးအင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။ မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။ မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။File Size :(1.5GB) and (680MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

You Do You(2023)

Hell on the Border (2019)
Hell on the Border (2019) ဒီဇာတ်လမ်းကတော့ အမရေိကန်ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဦးဆုံးလူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘက်စ်ရိ့ဗ်တစ်ယောက် မာရှယ်တစ်ဦးရဲ့လက်ထောက်လုပ်နေရာမှ တစ်ရက်တော့တရားသူကြီးမင်းကို လုပ်ကြံရန်ကြိုးစားနေသူတွေလက်ထဲမှ ကယ်တင်လိုက်ပြီးနောက် ရာထူးတိုးဖို့အကြောင်းဖန်လာပါတော့တယ်။ သို့သော် ထိုခေတ်အခါက လူဖြူလူမဲခွဲခြားမှုကိုတွန်းလှန်နေဆဲကာလဖြစ်သည့်အလျောက် ဘက်စ်ရိဗ့်အား ရာထူးတိုးပေးဖို့ကိုဝိုင်းကန့်ကွက်ကြပါတော့တယ်။ အကြောင်းတိုက်ဆိုင်စွာနှင့်ပဲ ထိုသို့ငြင်းခုံနေစဉ်နာမည်ကျော်လူဆိုးကြီးတစ်ဦးမှ အသိပေးချက်တစ်ခုပို့လိုက်သောအခါ ဘက်စ်ရိဗ့်တစ်ယောက် မိမိရာထူးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ အတွက်စွန့်စားခန်းစတင်ပါတော့တယ်။ ဘက်စ်ရိဗ့်နှင့်အတူ တရားစီရင်ဖို့စောင့်နေတဲ့အကျဉ်းသားတစ်ဦးကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် အပေးအယူလုပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ နာမည်ကျော်လူဆိုးကြီးကို ဖမ်းရန်လမ်းတစ်လျောက်အခက်အခဲများနဲ့စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.7 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Hell on the Border (2019)

Praise This (2023) 5.9
Praise This (2023) Praise This IMDb 5.7ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ...ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ...ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်...ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်...လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်...ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun ...
movie

Praise This (2023)