Exit print mode Print Data A+ A- Undo all

Everest (2015)

The Storm Awaits.
Everest (2015)Everest (2015)

Synopsis:

ဒီကားကတော့ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ Everest (ဧဝရတ်တောင်) တက်တဲ့ အဖွဲ့နှစ်ဖွဲ့ Adventure Consultants and Mountain Madness အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ၁၉၉၆ Everest Disaster အကြောင်းကို အကြမ်းဖျင်း အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းမှာ Rob Hall (Jason Clarke) က လမ်းပြသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး Beck Weathers (Josh Brolin), Doug Hansen (John Hawkes), Yasuko Namba (Naoko Mori), Scott Fischer (Jake Gyllenhaal) တို့ ပါဝင်တဲ့ တောင်တက်အဖွဲ့နှစ်ဖွဲ့က တောင်ခြေမှာ ဆုံကြပြီး ကမ္ဘာအမြင့်ဆုံး တောင်ကို တက်ဖို့ပြင်ဆင်ကြပါတယ်။ Rob ရဲ့ မိန်းမက ဗိုက်ကြီးနေပြီး သမီးလေး ဖြစ်တယ်လို့ အကြောင်း ကြားလာသလို သမီးလေးကို Sarah လို့နာမည်ပေးဖို့ Rob ကပြောဆိုခဲ့ပါတယ်။

အခက်အခဲပေါင်းများစွာကြုံတွေ့ခဲ့ရပြီး နောက်မှာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြပြီးနောက်မှာ၊ ရာသီဥတု ပြောင်းလဲလာခဲ့ပြီး၊ ပြန်အဆင်းမှာ စတင်ပြီး ကံကြမ္မာဆိုး ကြုံရတာဖြစ်ကြောင်း ကို ရင်သပ်ရှုမောဖွယ် ရှုစားရမှာဖြစ်ပါတယ်။ စွန့်စားခန်း၊ ရင်သက်ရှုမောဖွယ်ရာများနဲ့ ဇာတ်လမ်း အစအဆုံး မရိုးရအောင ်ကြည့်ရမှာဖြစ်ပြီး၊ ဘယ်လို အဆုံးသတ်မလည်းဆိုတာ ကြိုသိနေတာတောင် ကြည့်လို့ ဇာတ်ကားကို ကြည့်လို့ကောင်းအောင်ရိုက်ကူးထားနိုင်တာတွေ့ရပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Survival ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 3D, IMax, IMax 3-D တို့နဲ့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကြည့်လို့လည်း တန်ပါတယ်။ ရုံမှာသွားကြည့်ဖို့တန်ပါတယ်။ ဒီကားကို ကြည့်ပြီး အခက်အခဲကြားက အသက်စွန့်ပြီး ဘာလို့ တက်လည်းလို့ တွေးတဲ့သူတွေရှိကောင်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ တောင်တက်တဲ့သူတွေ၊ စွန့်စားသွားလာတဲ့သူကတွေ ဘာအကျိုးအမြတ်မှမရှိပေမယ့်၊ တောင်ထိပ်ကို ရောက်သွားတဲ့ ခံစားချက်က ဘာနဲ့မှလဲလို့မရဘူးဆိုတာ တောင်တက်ဖူးသူတွေ ပဲသိနိုင်ပါတယ်။ စိန်ခေါ်မှုတွေကို ကြိုက်ပြီး စွန့်လွှတ်စွန့်စားတတ်သူတွေ အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး အခန့်မသင့် လို့အသက်ဆုံး ရှုံးခဲ့ရင်တောင် သူတို့ရဲ့ နာမည်က သမိုင်းမှာ တွင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပါတယ်။

(ဇာတ်ကားအညွန်းကို Movie Preview For Myanmar pageမှ #Sololay ရေးသားထားတာကို ကူးယူဖော်ပြထားတာဖြစ်ပါတယ်)

———————————————————————————————–

ဒီကားကေတာ႔ ကမၻာ႔အျမင့္ဆုံး ေတာင္ျဖစ္တဲ႔ Everest (ဧ၀ရတ္ေတာင္) တက္တဲ႔ အဖြဲ႔ႏွစ္ဖြဲ႔ Adventure Consultants and Mountain Madness အေႀကာင္း ရုိက္ကူးထားတာျဖစ္ျပီး၊ ၁၉၉၆ Everest Disaster အေႀကာင္းကုိ အႀကမ္းဖ်င္း အေျခခံျပီး ရုိက္ကူးထားတာျဖစ္ပါတယ္။

ဇာတ္လမ္းမွာ Rob Hall (Jason Clarke) က လမ္းျပသုံးေယာက္ထဲက တစ္ေယာက္ျဖစ္ျပီး Beck Weathers (Josh Brolin), Doug Hansen (John Hawkes), Yasuko Namba (Naoko Mori), Scott Fischer (Jake Gyllenhaal) တို႔ ပါ၀င္တဲ႔ ေတာင္တက္အဖြဲ႔ႏွစ္ဖြဲ႔က ေတာင္ေျခမွာ ဆုံႀကျပီး ကမၻာအျမင့္ဆုံး ေတာင္ကုိ တက္ဖို႔ျပင္ဆင္ႀကပါတယ္။ Rob ရဲ႕ မိန္းမက ဗုိက္ႀကီးေနျပီး သမီးေလး ျဖစ္တယ္လို႔ အေႀကာင္း ႀကားလာသလို သမီးေလးကုိ Sarah လို႔နာမည္ေပးဖုိ႔ Rob ကေျပာဆုိခဲ႔ပါတယ္။

အခက္အခဲေပါင္းမ်ားစြာႀကံဳေတြ႔ခဲ႔ရျပီး ေနာက္မွာ ေတာင္ထိပ္ကုိ တက္ေရာက္ႏိုင္ခဲ႔ႀကျပီးေနာက္မွာ၊ ရာသီဥတု ေျပာင္းလဲလာခဲ႔ျပီး၊ ျပန္အဆင္းမွာ စတင္ျပီး ကံႀကမၼာဆုိး ႀကံဳရတာျဖစ္ေႀကာင္း ကုိ ရင္သပ္ရွဳေမာဖြယ္ ရွဳစားရမွာျဖစ္ပါတယ္။ စြန္႔စားခန္း၊ ရင္သက္ရွဳေမာဖြယ္ရာမ်ားနဲ႔ ဇာတ္လမ္း အစအဆုံး မရုိးရေအာင ္ႀကည့္ရမွာျဖစ္ျပီး၊ ဘယ္လို အဆုံးသတ္မလည္းဆုိတာ ႀကိဳသိေနတာေတာင္ ႀကည့္လို႔ ဇာတ္ကားကုိ ႀကည့္လို႔ေကာင္းေအာင္ရုိက္ကူးထားႏုိင္တာေတြ႔ရပါတယ္။

ဇာတ္ကားေကာင္းတစ္ကားျဖစ္ျပီး Survival ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ 3D, IMax, IMax 3-D တို႔နဲ႔ ႀကည့္သင့္တဲ႔ ဇာတ္ကားျဖစ္ျပီး ႀကည့္လို႔လည္း တန္ပါတယ္။ ရုံမွာသြားႀကည့္ဖို႔တန္ပါတယ္။ ဒီကားကုိ ႀကည့္ျပီး အခက္အခဲႀကားက အသက္စြန္႔ျပီး ဘာလို႔ တက္လည္းလို႔ ေတြးတဲ႔သူေတြရွိေကာင္း ရွိႏုိင္ပါတယ္။ ဒီေနရာမွာ ေတာင္တက္တဲ႔သူေတြ၊ စြန္႔စားသြားလာတဲ႔သူကေတြ ဘာအက်ိဳးအျမတ္မွမရွိေပမယ့္၊ ေတာင္ထိပ္ကုိ ေရာက္သြားတဲ႔ ခံစားခ်က္က ဘာနဲ႔မွလဲလို႔မရဘူးဆုိတာ ေတာင္တက္ဖူးသူေတြ ပဲသိႏုိင္ပါတယ္။ စိန္ေခၚမွဳေတြကုိ ႀကိဳက္ျပီး စြန္႔လႊတ္စြန္႔စားတတ္သူေတြ အေႀကာင္း ရုိက္ကူးထားတာျဖစ္ျပီး အခန္႔မသင့္ လို႔အသက္ဆုံး ရွဳံးခဲ႔ရင္ေတာင္ သူတို႔ရဲ႕ နာမည္က သမုိင္းမွာ တြင္က်န္ခဲ႔မွာ ျဖစ္ပါတယ္။ No Sex, No Nudity ျဖစ္ျပီး မိသားစုတူတူ ႀကည့္ႏုိင္ပါတယ္။

(ဇာတ္ကားအညြန္းကို Movie Preview For Myanmar pageမွ #Sololay ေရးသားထားတာကို ကူးယူေဖာ္ျပထားတာျဖစ္ပါတယ္)

File Size         : 870 MB
Quality           : Blu ray 720P
Running Time : 2hr 01 minute
Format           : Mp4
Genre             : Adventure, Biography, Drama
Encoder         : Joker.phs



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Baltasar Kormákur, Laura Miles, Zoe Morgan
Stars
Clive Standen, Emily Watson, Jake Gyllenhaal, Jason Clarke, John Hawkes, Josh Brolin, Keira Knightley, Mia Goth, Robin Wright, Sam Worthington
Release Date
25 September 2015 (USA)
Rated
PG-13
Runtime
2h 1min
Budget
USD $55 000 000,00
Revenue
USD $203 427 584,00
Popularity
18.146
Status
Released
ID IMDb.com
tt2719848
IMDB Rating
7.1
IMDB votes
190,359
ID Themoviedb.org
253412
TMDb Rating
6.8
TMDb votes
3310