Channel Myanmar

Identity Thief (2013) မြန်မာစာတန်းထိုး

Uncategorized

IMDB: /10 votes

84293

Report error

ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ Identity Thief ဟာ 2013 မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Seth Gordon
ကရိုက်ကူးထားပါတယ်…ဟာသကားကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက် 
ကြည့်ဖို့သင့်တော်တဲ့ကားတစ်ကားဖြစ်ပါတယ်..
ဇာတ်လမ်းစစချင်းမှာ ဆန်ဒီပက်ဒီဆင် ဆိုတဲ့သူတစ်ယောက်ဆီ ဖုန်းဝင်လာပါတယ်
သူ့ရဲ့ခရက် ဒစ်ကဒ် အခိုးခံရပြီး ပွားသုံးခံနေရတယ်ဆိုပြီး လုံခြုံရေးကုမ္မဏီတခုကနေ
လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေအတွင်းကျကျ အချက်အလက်တွေတောင်းပါတယ်..
ဆန်ဒီပက်ဒီဆင် ကလည်း ယုံယုံကြည်ကြည်နဲ့ပဲသူ့ရဲ့ အချက်အလက် မွေးနေ့ အမျိုးသားမှတ်ပုံတင်နံပါတ်
က အစ အကုန်ပေးလိုက်ပါတယ်တကယ်တော့ သူ့ဆီဖုန်းဆက်တဲ့သူကမှ ခရက်ဒစ်ကဒ်
ကို ခိုးသုံးဖို့ အချက်အလက်ကိုရုပ်တည်နဲ့ဖုန်းဆက်ပြီးတောင်းသွားတာပါ
ဆန်ဒီပက်ဒီဆန်တို့မိသားစုဟာ ပျော်ရွင်စရာကောင်းသလို..ဆန်ဒီကလည်းအလုပ်ကြိုးစားပြီးငွေစု
ထားပါတယ်..တစ်လမှ ဒေါ်လာ ၅၀ သာရတဲ့ဘ၀မို့ တစ်လ ကို ၁၄ ဒေါ်လာဝန်းကျင်သာစုနိုင်ပြီး
ငွေကိုဒီထက်ပိုပြီးများအောင်ကြိုးစားပြီးစုထားရပါတယ်..တနေ့မှာ သူအလုပ်လုပ်နေတဲ့ကုမ္ပဏီက
လူတစ်ခုက အခြားလုပ်ငန်းတစ်ခု ခွဲထောင်မယ်ဆိုပြီးသူ့ကိုစည်းရုံးပြီး တစ်လ ၂၅၀ ပေးမယ်လို့
ပြောခဲ့ပါတယ်..ဆန်ဒီကလည်း လိုက်ပါသွားခဲ့ပါတယ်..
တခြားတစ်ဖက်က ဆန်ဒီ့ရဲ့ အချက်အလက်တွေကိုခိုးပြီး အကြွေးဝယ်ကဒ်တွေပွားသုံးတဲ့အမျိုးသမီးဟာ
လည်း ပစ္စည်းတွေဝယ်..မှတ်ပုံတင်အတုတွေနဲ့ ဆန်ဒီပတ်ဒီဆန် နာမည်နဲ့ လုပ်ချင်ရာလုပ်နေပါတော့တယ်
ဒေါ်လာ သောင်းချီအကြွေးဝယ်ကဒ် နဲ့ဝယ်..မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာရော..ရာဇ၀တ်မှုတွေပါ
လုပ်ပြီးတဲ့အရှုပ်တွေကို ဆန်ဒီပတ်ဒီဆန် ဆီရောက်လာတဲ့အခါမှာတော့ ….
အကြီးအကျယ်ကိုခေါင်းကိုက်ရပါတော့တယ်…အလုပ်သစ်မှာလည်း ဒီအရှုပ်တွေကြောင့်အလုပ်ပြုတ်
လုနီးပါးအထိဖြစ်နေပြီး..ရဲတွေနဲ့လည်း ပတ်ချာလည်ရိုက်နေပါတယ်..အကြွေးလည်းပတ်လည်ဝိုင်းကာ

Service အသုံးပြုခွင့်တွေလည်းအပိတ်ခံရ…တရားခံကိုရဲတွေကလည်းဖမ်း

မပေး..ပြည်နယ်တခုမှာ ကျုးလွန်တဲ့အမှုတွေဖြစ်တဲ့အတွက် အဆင့်ဆင့်သွားရမှာဖြစ်ပြီး..အလုပ်ရှင်က
ဖြေရှင်းဖို့ ပေးထားတဲ့အချိန်တစ်ပတ်ဟာလောက်ငှနိုင်စရာအကြောင်းမရှိတဲ့အတွက် Identity Thief
ကို ကိုယ်တိုင်ဖမ်းဖို့ပဲကြိုးစားတဲ့အခါမှာတော့……………………..

( အကြည်ကို ဖိုင်ဆိုဒ်အသေးနဲ့တင်ဆက်ပေးထားပါတယ် mkv ဖိုင်ဖြစ်လို့ ကြည့်မရဘူးဆိုရင်

ဖုန်းမှာဆိုရင် Mx Player နဲ့ကြည့်လို့ရပြီး Computer မှာဆိုရင်တော့ VLC Player နဲ့ကြည့်လို့ရပါတယ်)
ကျန်တာကိုဆက်လက်ကြည့်ရှုခံစားကြပါ
Filesize : 474 MB
Quality : BrRip720p
Format : mkv
During : 2:00:30
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK

Download With Pcloud Link ( 474 MB )



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

No links available
No downloads available

Genres



Related movies