Channel Myanmar

Boyhood

Uncategorized

IMDB: /10 votes

147422

Report error

 

အကောင်းဆုုံး ဇာတ်ကားဆုု မင်းသမီးဆုု ဒါရိုုက်တာဆုု စတဲ့ ဆုုပေါင်း ၁ဝခုုတိတိရရှိထားပြီး IMDB Rating 8.7 အဆင့်ရှိတဲ့ ဘဝသရုုပ်ဖော် ဒရမ်မာဇာတ်ကား တစ်ခုုအကြောင်း မိတ်ဆက်ပေးမလိုု့ပါ။
သရုုပ်ဆောင် ၇၅ ယောက်တိတိပါတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့ မေဆန် (Mason) လိုု့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ပုုံမှန် ဇာတ်လမ်း ကျောရိုုးတွေနဲ့ မတူတဲ့ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အသက် ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ အသက် ၁၈နှစ်အရွယ် လူပျိုအဖြစ်ကြီးပြင်းလာသည်အထိ အချိန် ၁၁နှစ်ကြာအောင် ဖြတ်သန်းကြုံတွေ့ခံစား ရတဲ့ ဘဝအတွေ့အကြုံများကိုု ပုုံပြင်သဖွယ် ဇာတ်အိမ်တည် ရိုုက်ကူးထားတဲ့ flim story ဇာတ်လမ်းအမျိုးအစား ဖြစ်လိုု့ပါပဲ။

အချိန်အားဖြင့် ၂၀၀၂ခုုနှစ်။ မေဆန် နဲ့သူ့အစ်မ စမန်သာ (Samantha) တိုု့ဟာ အိမ်ထောင်ကွဲနေတဲ့ မိခင်ဖြစ်သူ အိုုလီဗီယာ ( Olivia ) နဲ့အတူ တက္ကဆက်မြို့လေးမှာ အတူနေထိုုင်ရာက ဇာတ်လမ်းကိုု အစပြုထားပါတယ်။

အိုုလီဗီယာက သား၊ သမီး နှစ်ယောက်ကိုု ခက်ခဲပင်ပန်းစွာစောင့်ရှောက်ရပြီး လက်ရှိ သူမရဲ့ ရည်းစားကလည်း သူမကိုု နားလည်မပေးပါဖူး။ သူတိုု့အဖေအရင်းကတော့ ကလေးနှစ်ယောက်ကိုု တစ်ပတ်တစ်ခါ လာတွေ့ပါတယ်။

သူမရဲ့အနာဂတ်နဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် အိုုလီဗီယာက အိမ်ကိုု သူမတက္ကသိုုလ်ရှိရာ ဟူစတန်မြို့ကိုု ပြောင်းခဲ့ပါတယ်။ အိမ်ပြောင်းတာကိုု ကလေးတွေက လွယ်လွယ်နဲ့လက်မခံခဲ့ပါဖူး။ အထူးသဖြင့် သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ စမန်သာက သူမသူငယ်ချင်းတွေကိုု မခွဲနိုုင်တဲ့အတွက် မျက်ရည်လည်ရွှဲဖြစ်ခဲ့ပါသေးတယ်။
ကျောင်းတက်ရင်းနဲ့ အိုုလီဗီယာက ကျောင်းက ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ဘေလ် (Bill) နဲ့ ၂၀၀၄ခုုနှစ်မှာ နောက်အိမ်ထောင်ပြုလိုုက်ပါတယ်။ ဘေလ်မှာလည်း သားနဲ့သမီး နှစ်ယောက်ပါလာတဲ့အတွက် သူတိုု့ နှစ်အိမ်ထောင်ပေါင်းလိုုက်တဲ့အခါ ကလေးတွေက ကစားဖော်ရလာလိုု့ ပျော်နေကြပါတယ်။
ဒါပေမယ့် အဲ့ဒီအပျော်က ကြာကြာမခံပါဖူး။ ဘေလ်က ကြာလေအရက်သမားလုုံးလုုံးဖြစ်ကာ အိုုလီဗီယာကိုု ကိုုယ်ထိလက်ရောက် နှိပ်စက်ပါတယ်။ ကလေးတွေကိုုလည်း ရိုုက်နှက်ပါတယ်။ နောက်ဆုုံးမှာတော့ သားသမီးတွေကိုုပါ အန္တရယ်ပြုလာတဲ့အတွက် အိုုလီဗီယာက ကလေးနှစ်ယောက်ကိုုခေါ်ပြီး ဘေလ်ဆီကနေ ထွက်ပြေးခဲ့ပါတော့တယ်။

နေရာအသစ်ကိုုထပ်ပြောင်းရတဲ့ အတွက် မေဆန်ရော၊ စမန်သာရော အခက်အခဲတွေကြုံရပါတယ်။ မေဆန်က ရုုပ်ဖြောင့်တဲ့အတွက် သက်ကြီးကျောင်းသားတွေက သူ့ကိုုရန်လိုုကြပါတယ်။ သူတိုု့မိခင် အိုုလီဗီယာကတော့ တက္ကသုုိလ်မှာ စိတ်ပညာဗေဒသင်ကြားသူ ဆရာမအဖြစ် အလုုပ်မှာတဖြည်းဖြည်းအောင်မြင်လာတဲ့အတွက် သူတိုု့ မိသားစုု ချမ်းသာလာပါတယ်။
မေဆန်က တဖြည်းဖြည်းနဲ့ ကြီးကောင်ပေါက်ဝင်လာတဲ့အခါ ကျောင်းတက်ရတာလည်း စိတ်မပါတော့ပါဖူး။ အိမ်မှာလည်း ပထွေးဖြစ်တဲ့ ဂျင် (မ်) က ရန်လိုုတဲ့အတွက် အိမ်မကပ်ဖူးဖြစ်နေပါတယ်။ သူ့ရဲ့ စိတ်ထွက်ပေါက်ကတော့ သူဝါသနာပါတဲ့ ဓါတ်ပုုံရိုုက်ခြင်းနဲ့ သူရဲ့ ရည်းစား ရှီနာ (Sheena) ပဲဖြစ်ပါတယ်။
မေဆန်အထက်တန်းကျောင်းအောင်တဲ့နှစ်မှာတော့ ပြည်နယ်လုုံးဆိုုင်ရာ ဓါတ်ပုုံပြိုင်ပွဲမှာ ဆုုရတဲ့အတွက် တက္ကသိုုလ်ဆက်တက်ဖိုု့ ထောက်ပံ့ကြေးရရှိသွားပါတယ်။ တက္ကသိုုလ်တက်နေပြီး ချစ်သူလည်းရထားပြီဖြစ်တဲ့စမန်သာကလည်းအမေနဲ့အတူမနေတော့ပဲတစ်ယောက်ထဲခွဲနေပါတယ်။ မကြာမီ မေဆန်ကလည်း တက္ကသိုုလ်တက်ဖိုု့ အိမ်ကထွက်သွားတော့မှာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာတော့ အုုိလီဗီယာကလည်း ဂျင်(မ်)နဲ့ကွာရှင်းလိုုက်ပြီး သူတိုု့နေတဲ့ အိမ်အကြီးကြီးကိုုရောင်းကာ တိုုက်ခန်းသေးသေးလေးတစ်ခုုကိုု ပြောင်းလိုုက်ပါတော့တယ်။
နွေးထွေးတဲ့မိသားစုုဘဝကိုု အပြည့်အဝ မခံစားရတဲ့ ပထွေးတွေရဲ့ နှိပ်စက်မှုကိုုခံရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်၊ ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း ပတ်ဝန်းကျင် အပေါင်းအသင်းရဲ့ လှုံ့ဆော်မှုနဲ့ ကြီးကောင်ဝင်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ စူးစမ်းလေ့လာလိုုမှု၊ ကျောင်းပြီးလိုု့ တက္ကသိုုလ်ဆက်တက်ရမယ်ကြံတော့ ၀ါသနာပါတဲ့အလုုပ်နဲ့ တခြားအသက်မွေးဝမ်းကျောင်းပညာရပ်တွေအကြား ရွေးချယ်ရခက်နေတဲ့ ၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဆုုံးဖြတ်ချက် စတဲ့ ကလေးတစ်ယောက် ရင်ဆိုုင်ကြုံတွေ့ရတဲ့ ဘဝရဲ့ အချိုးအကွေ့များကိုု စိတ်ဝင်စားဖွယ် ရှုထောင့်က တင်ပြထားတဲ့ ဒီဇာတ်ကားရဲ့ အဆုုံးသတ်က ဘယ်လိုုလဲဆိုုတာတော့ ကိုုယ်တိုုင်ပဲဆက်ကြည့်လိုုက်ပါနော်။

အက်ရှင်ဇာတ်ကြမ်းကား၊ လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်ကား တွေထက်စာရင် ဒီလိုု လူမှုဘဝကိုု ပုုံဖော်ထားတဲ့ ဒရမ်မာအသားပေး ဘဝသရုုပ်ဖော် ဇာတ်ကားတွေကတဆင့် ကြည့်ရှုသူတွေအတွက် နမူနာယူစရာ၊ ကိုုယ်ချင်းစာဖွယ်ရာ အတွေးအမြင်ကိုု ပိုုပြီးပေးစွမ်းနိုုင်ပါတယ်။
ဒီဇာတ်ကားကိုု ဝေဖန်ရရင်တော့ ဇာတ်ဆောင်တွေများစွာ ပါဝင်ပေမယ့် အပိုုအလိုုမရှိ ဇာတ်အိမ်နဲ့ ကွက်တိ သရုုပ်ဆောင်နိုုင်တဲ့ အတွက် ကြည့်ရှုသူကိုု စွဲဆောင်နိုုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။

Boyhood Movie Download Link>>>>>http://adf.ly/1Ftu1k

(ဇာတ်ကားအညွန်းကို MMmovieguide မှကူးယူဖော်ပြသည်)

@joker



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies