Channel Myanmar

The Prince (2014) မြန်မာစာတန်းထိုး

Uncategorized

IMDB: /10 votes

82016

Report error

(ရုပ်ရှင်အညွှန်းကို mmmovieguide မှ ပြန်လည်ဖေါ်ပြပါသည် )

ကျောင်းစတက်တဲ့နေ့မှာ လိုက်မပို့နိုင်လို့ သမီးလေးကို ပွေ့ဖက်နှုတ်ဆက်ရင်း နှစ်သိမ့်နေတဲ့ယောကျာ်းကြီးတစ်ယောက် ၊ ကားမောင်းလိုက်ပို့မယ့် အမေရှိရာကို ပြေးလွှားသွားနေတဲ့သမီးလေးနဲ့မိန်းမကို ခဏလေးဆိုပြီး ဓါတ်ပုံလှမ်းရိုက်တော့ သူ့မိန်းမကပြောတယ် ရှင့်ကားကိုယူသွားမယ်နော်တဲ့။ အေးပါကွာ ဆိုပြီး သမီးကိုလက်အပြ ကားကစက်နှိုးပြီးအထွက်။ ၀ုန်းခနဲ ပေါက်ကွဲသံနဲ့အတူ ကားတစ်စီးလုံး မီးလောင်သွား။ ကား ပေါက်ကွဲတဲ့အရှိန်နဲ့ လဲကျသွားပေမယ့် ယူကြုံးမရ ကြေကွဲမျက်ရည်တွေနဲ့ အတင်းကုန်းထနေတဲ့လူ။  သူ့နံမည်က အိုမာ (Omar)

လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က နယူးအော်ရီလန်မြို့ရဲ့ ဒုစရိုက်လောကမှာ The Prince လို့နံမည်ကြီးတဲ့ ကြေးစား လူသတ်သမားတစ်ယောက်က အခုအချိန်မှာ ကားပြင်ဆရာ တစ်ယောက်အဖြစ် ဘ၀ကိုဇာတ်မြှုပ်ကာ အေးအေးဆေးဆေးနေနေတဲ့ ပေါလ် (Paul)

တက္ကသိုလ်တက်ရင်း အပေါင်းအသင်းမှားကာ ဆေးစွဲနေတဲ့ ပေါလ်ရဲ့ သမီး ဘတ်(သ်)

ဘတ်(သ်) ရဲ့ သူငယ်ချင်း အိန်ဂျလာ (Angela)

The Prince ဘ၀တုန်းကလက်တွဲဖော် ဖြစ်ခဲ့ပေမယ့် မကောင်းမှုတွေပြည်ဖုံးကားချကာစီးပွားရေးလုပ်ကိုင်အောင်မြင်နေတဲ့ ပေါလ်ရဲ့သူငယ်ချင်း ဆမ် (Sam)

အိုမာက လက်သပ်မွေးထားတဲ့ လူယုံတော် မာ့(ခ်) (Mark)

မူးယစ်ဆေးဘုရင်လို့ကျော်ကြားတဲ့ တိုနီတဖြစ်လဲ (The Phermarcy)

ဇာတ်အိမ်ကတော့ မတော်တဆရရှိခဲ့တဲ့ ပျော်ရွှင်မှုလို့ သူတင်စားတဲ့ ပေါလ်ရဲ့တစ်ဦးတည်းသော သမီးလေး ဘတ်(သ်)၊ ကျောင်းတက်နေရင်း အဆက်အသွယ်မရတော့ပဲ  ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ ဘတ်(သ်) ရှိရာကိုလိုက်လံစုံစမ်းရင်းနဲ့ အိန်ဂျလာနဲ့တွေ့ပါတယ်။ အိန်ဂျလာက ဘတ်(သ်)မှာ ဆေးစွဲနေတဲ့ရည်းစားတစ်ယောက်ရှိကြောင်း ဘတ်(သ်)လဲ သူနဲ့ပေါင်းရင်း ဆေးစွဲနေကြောင်း အခုလည်း သူ့ရည်းစားရှိရာကိုလိုက်သွားတာဖြစ်နိုင်ကြောင်းပြောတာမို့ အိန်ဂျလာကို သူ့သမီးသွားနိုင်တဲ့နေရာကို ညွှန်ပြပေးဖို့ အကူအညီတောင်းပြီး ပေါလ်နဲ့အိန်ဂျလာတို့ နယူးအော်ရီလန်မြို့ကို ရောက်ခဲ့ပါတယ်။

တကယ်တော့ အဲ့ဒီမြို့က ပေါလ်ရဲ့အတိတ်က ကျက်စားခဲ့တဲ့ဒေသဖြစ်တဲ့အပြင် သူထောင်ခဲ့တဲ့ကားဗုံးကြောင့် သမီးနဲ့မိန်းမသေသွားတာကို ကမ္ဘာမကြေတဲ့ အိုမာလည်းနေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

မြို့ကိုရောက်တာနဲ့ ဘတ်(သ်)နဲ့ သူ့ကောင်လေးသွားနိုင်တဲ့ ကလပ်တွေမှာလိုက်ရှာရင်း အိုမာဆီအဲ့ဒီသတင်းရောက်သွားတဲ့အခါ သေနတ်သမားတွေကိုလွှတ်ပြီး ပေါလ်ကို ဖမ်းခိုင်းပါတယ်။ အဲ့ဒီအခါ အိန်ဂျလာကို စိတ်ချရတဲ့ သူ့ရဲ့လက်တွဲဖော် မိတ်ဆွေဟောင်း ဆမ် ဆီမှာထားခဲ့ပါတယ်။ အဲ့ဒီနောက် ဘတ်(သ်)ရဲ့ကောင်လေးရဲ့ပြောကြားချက်အရ သူ့သမီး မူးယစ်ဆေးဘုရင် တိုနီ ဆီမှာရှိကြောင်းသိရတဲ့အခါ တိုနီ့လက်ထဲကနေ သမီးကို သွားကယ်ခဲ့ပါတယ်။ ပေါလ်နဲ့ သူ့သမီးက ဆမ့်ဆီမှာ ရောက်နေကြောင်း သတင်းရတဲ့ အိုမာက သူ့လမ်းကြောင်းကို ဘယ်သူမှ ၀င်မရှုပ်ဖို့ရာဇသံပေးရင်း ဆမ်(မ်) တို့ရှိတဲ့ ဟိုတယ်ကိုလာကာ ဘတ်(သ်) ကိုဖမ်းသွားပါတယ်။

သူ့ရဲ့အချစ်ဆုံးမိသားစုကို သေစေခဲ့တဲ့ ပေါလ်ကို နာကြည်းနေတဲ့ အိုမာနဲ့  ပေါလ်တွေ့တဲ့အခါ  ဘာဆက်ဖြစ်မလဲဆိုတဲ့ ဇာတ်သိမ်းကိုတော့ စာဖတ်သူကိုယ်တိုင်ကြည့်ရှုခံစားစေချင်ပါတယ်။

အိုမာအဖြစ် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီ (Bruce Willis)

ပေါလ်အဖြစ် ဂျေဆန်ပတ်ထရစ် (Jason Patric)

ဆမ်(မ်)အဖြစ် ဂျွန်ကယူဆက်(ခ်) (John Cusack)

အိန်ဂျလာအဖြစ် အသက် ၂၆နှစ်ပြည့်သွားပြီဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်နဲ့အဆိုတော်မင်းသမီးချော ဂျက်ဆီကာလောင်း(ဒ) (Jessica Lowndes)

မာခ်အဖြစ် စစ်မှူထမ်းပြီးလို့ပြန်လာပြီဖြစ်တဲ့ ကိုရီးယားမင်းသားချော ရိမ်း (Rain)

တိုနီအဖြစ် လူမည်းရပ်(ပ်)အဆိုတော်သရုပ်ဆောင် (50 Cent )

 စတဲ့ သရုပ်ဆောင်တွေပါဝင်တဲ့ ကြည့်ရှုချိန် (၉၃) မိနစ် ကြာမြင့်တဲ့ ဒီဇာတ်ကားက  မိသားစုအတူတူကြည့်နိုင်တဲ့ အက်ရှင်ဒရမ်မာ ဇာတ်ကားအမျိုးအစား ဖြစ်ပါကြောင်း ….

Filesize : 676MB
Quality : Bluray 720
Format : mp4
During : 1:30:38
Subtitles : Myanmar Subtitles ( Hardsub )
Encoder : LK

Download And Watch With Pcloud Link 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

No links available
No downloads available

Genres



Related movies