Channel Myanmar


Blu-Ray 720p The Wolf of Wall Street (2013)
Report error

The Wolf of Wall Street (2013)

R 3h BiographyCrimeDrama

8.2
IMDB: 8.2/10 1,115,674 votes

, ,

136449

Report error

IMDb (8.2)…Rotten Tomatoes(78%)
– – – – – – – –

The Wolf of Wall Street [2013]

အရမ်းကောင်းတယ်။ ဇာတ်က မြူးတယ်။ The Great Gastby မှာ သူဋ္ဌေးကြီး တစ်ယောက်ပုံစံ သရုပ်ဆောင်ခဲ့တဲ့ လီယိုနာဒို ဟာ ဒီဇာတ်ကားမှာ လူလည်စီးပွားရေးသမား၊ ရင်းနှီးမြုပ်နှံသူ၊
Stock breaker တစ်ယောက်အဖြစ် (ပြေတီဦးပြောတဲ့ အလှုပ်ဇာတ်ရုပ် ကို) ပီပြင်အောင် သရုပ်ဖော်သွားတယ်။ ဒါ့အပြင် အော်စကာ Nominee ဟာသမင်းသား Jonah Hill ကို သူရဲ့လက်ထောက်အဖြစ် ထည့်ထားတော့ ဇာတ်က ပိုပြီး Hilarious ဖြစ်သွားတယ်။

ငွေကြေးအမြတ်အစွန်းတွေ အများကြီးရလိုက်လို့ ကုမ္ပဏီရုံးခန်းထဲမှာ ပါတီပေးပြီး
Stripper တွေ အုပ်လိုက်ကြီးခေါ်ထည့်လိုက်တဲ့ အခန်းတွေဆို မပြုံးဘဲ ဝါးလုံးကွဲရီရတယ်။

လီယိုနာဒိုက ဒီဇာတ်ကားမှာ လူလည်တစ်ယောက်၊ FBI က ဂရုတစိုက်စောင့်ကြည့်နေတဲ့ သန်းကြွယ်သူဋ္ဌေး၊ Wall Street ရဲ့ မြေခွေးလို့ သတ်မှတ်ထားတဲ့ ဂျင် ပေါ်က ထုံး၊ သူက အဆင့်မြင့် တက္ကသိုလ်ကြီး တွေက ဘွဲ့ရပညာတတ် မဟုတ်ဘူး။ စီးပွားရေးကို ဝါသနာပါ လို့ဆိုတာထက် သူဋ္ဌေးဖြစ်ချင်စိတ်နဲ့ ကြိုးစားခဲ့သူ။ အလုပ်ကို ရူးရူးသွပ်သွပ်၊ passion နဲ့အားကြိုးမာန်တတ်ကြိုးစားသူ၊ သူဋ္ဌေးတွေအိပ်ထဲက ငွေတွေကို သူ့ အိပ်ထဲရောက်
လာအောင် စကားပရိယယ်ဆင်ပြီး ရင်းနှီးမြုပ်နှံခိုင်းသူ၊ လက်အောက်ငယ်သားတွေ ကို
တပြေးညီ ဆက်ဆံတတ်သူ၊ သူလို ကြွယ်ဝချမ်းသာလာအောင် စိတ်ဓါတ်ရေးရာအရ ရိုက်သွင်းပေးသူ၊ မြာပွေသူ၊ အပျော်အပါးလိုက်စားသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊

အမေရိကန် ရဲ့ ဘဏ်/ ငွေကြေး ပေါ်လစီ၊ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ Stock exchange တွေ
အကြောင်း နားလည်တဲ့သူတွေဆို ဒီ ဇာတ်လမ်းရဲ့ ဇာတ်သဘော အရသာကို ပိုပြီးခံစားမိနိုင်တယ်။ ငွေကိုရေလိုသုံးနိုင်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ရဲ့ အကြောင်းမို့
လိင် အပျော်အပါးနဲ့၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ဇာတ်ဝင်ခန်းတော်တော် များများ မှာ ထည့်ရိုက်သွားတယ်။ (ငွေက လူကို ပျက်စီးစေသလား၊ လောကဓံရှစ်ပါးထဲ အောင်မြင်ကြွယ်၀ လွန်းခြင်းဆိုတဲ့ ဒါဏ်ကိုခံနိုင်ဖို့ဆိုတာလည်း တကယ်တမ်းတော့ မလွယ် …)

နှစ်သက်မိတဲ့ Movie Quote ….

“လူတစ်ယောက် အရမ်းအောင်မြင်လာပြီ၊ အမြင့်တတ်လာပြီဆိုရင် … သူ့ကို ဟိုး
အောက်ဆုံးထိ ပြန်ဆွဲချဖို့ ကြံနေတဲ့ လူတစ်ယောက်လည်း အမြဲတမ်း ရှိနေတတ်တယ် ….”

ကျန်တာတော့ စိတ်ဝင်စားရင် ပိတ်ကားပေါ်မှာဆက်လက် ကြည့်ရှု့ပါ။

R rated : Video contain mature contents ….

(ရုပ်ရှင်အညွှန်းကို Than Htun Wunna Facebook မှကူးယူဖော်ပြပါသည်။)

————————————————————————————–

အရမ္းေကာင္းတယ္။ ဇာတ္က ျမဴးတယ္။ The Great Gastby မွာ သူေ႒းၾကီး တစ္ေယာက္ပံုစံ သရုပ္ေဆာင္ခဲ့တဲ့ လီယိုနာဒို ဟာ ဒီဇာတ္ကားမွာ လူလည္စီးပြားေရးသမား၊ ရင္းႏွီးျမဳပ္ႏွံသူ၊
Stock breaker တစ္ေယာက္အျဖစ္ (ေျပတီဦးေျပာတဲ့ အလႈပ္ဇာတ္ရုပ္ ကို) ပီျပင္ေအာင္ သရုပ္ေဖာ္သြားတယ္။ ဒါ့အျပင္ ေအာ္စကာ Nominee ဟာသမင္းသား Jonah Hill ကို သူရဲ႕လက္ေထာက္အျဖစ္ ထည့္ထားေတာ့ ဇာတ္က ပိုၿပီး Hilarious ျဖစ္သြားတယ္။

ေငြေၾကးအျမတ္အစြန္းေတြ အမ်ားၾကီးရလိုက္လို႔ ကုမၸဏီရုံးခန္းထဲမွာ ပါတီေပးၿပီး
Stripper ေတြ အုပ္လိုက္ၾကီးေခၚထည့္လိုက္တဲ့ အခန္းေတြဆို မျပံဳးဘဲ ၀ါးလံုးကြဲရီရတယ္။

လီယိုနာဒိုက ဒီဇာတ္ကားမွာ လူလည္တစ္ေယာက္၊ FBI က ဂရုတစိုက္ေစာင့္ၾကည့္ေနတဲ့ သန္းၾကြယ္သူေ႒း၊ Wall Street ရဲ႕ ေျမေခြးလို႔ သတ္မွတ္ထားတဲ့ ဂ်င္ ေပၚက ထံုး၊ သူက အဆင့္ျမင့္ တကၠသိုလ္ၾကီး ေတြက ဘြဲ႔ရပညာတတ္ မဟုတ္ဘူး။ စီးပြားေရးကို ၀ါသနာပါ လို႔ဆိုတာထက္ သူေ႒းျဖစ္ခ်င္စိတ္နဲ႔ ၾကိဳးစားခ့ဲသူ။ အလုပ္ကို ရူးရူးသြပ္သြပ္၊ passion နဲ႔အားၾကိဳးမာန္တတ္ၾကိဳးစားသူ၊ သူေ႒းေတြအိပ္ထဲက ေငြေတြကို သူ႔ အိပ္ထဲေရာက္
လာေအာင္ စကားပရိယယ္ဆင္ၿပီး ရင္းႏွီးျမဳပ္ႏွံခိုင္းသူ၊ လက္ေအာက္ငယ္သားေတြ ကို
တေျပးညီ ဆက္ဆံတတ္သူ၊ သူလို ၾကြယ္၀ခ်မ္းသာလာေအာင္ စိတ္ဓါတ္ေရးရာအရ ရိုက္သြင္းေပးသူ၊ ျမာေပြသူ၊ အေပ်ာ္အပါးလိုက္စားသူ၊ မူးယစ္ေဆး၀ါးသံုးစြဲသူ၊

အေမရိကန္ ရဲ႕ ဘဏ္/ ေငြေၾကး ေပၚလစီ၊ ရင္းႏွီးျမဳပ္ႏွံမႈေတြ နဲ႔ Stock exchange ေတြ
အေၾကာင္း နားလည္တဲ့သူေတြဆို ဒီ ဇာတ္လမ္းရဲ႕ ဇာတ္သေဘာ အရသာကို ပိုၿပီးခံစားမိႏိုင္တယ္။ ေငြကိုေရလိုသံုးႏိုင္တဲ့ သန္းၾကြယ္သူေ႒းတစ္ေယာက္ရဲ႕ အေၾကာင္းမို႔
လိင္ အေပ်ာ္အပါးနဲ႔၊ မူးယစ္ေဆး၀ါးသံုးစြဲတာေတြကို ဇာတ္၀င္ခန္းေတာ္ေတာ္ မ်ားမ်ား မွာ ထည့္ရိုက္သြားတယ္။ (ေငြက လူကို ပ်က္စီးေစသလား၊ ေလာကဓံရွစ္ပါးထဲ ေအာင္ျမင္ၾကြယ္၀ လြန္းျခင္းဆိုတဲ့ ဒါဏ္ကိုခံႏိုင္ဖို႔ဆိုတာလည္း တကယ္တမ္းေတာ့ မလြယ္ …)

ႏွစ္သက္မိတဲ့ Movie Quote ….

“လူတစ္ေယာက္ အရမ္းေအာင္ျမင္လာၿပီ၊ အျမင့္တတ္လာၿပီဆိုရင္ … သူ႔ကို ဟိုး
ေအာက္ဆံုးထိ ျပန္ဆြဲခ်ဖို႔ ၾကံေနတဲ့ လူတစ္ေယာက္လည္း အၿမဲတမ္း ရွိေနတတ္တယ္ ….”

က်န္တာေတာ့ စိတ္၀င္စားရင္ ပိတ္ကားေပၚမွာဆက္လက္ ၾကည့္ရႈ႔ပါ။

R rated : Video contain mature contents ….

(ရုပ္ရွင္အညႊန္းကို Than Htun Wunna Facebook မွကူးယူေဖာ္ျပပါသည္။)

 

File size…(1.2 GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….03:00:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by KoYe



No downloads available

Genres



Related movies